မိန်းမကိုယ်ယားယံတာတွေဟာ ဘာကြောင့်ဖြစ်နိုင်လဲ?

 

♀‍ မိန်းမကိုယ်ယားယံတာဟာ မိန်းကလေးတွေအတွက်တော့ အတော့်ကိုနေရခက်ပြီး သက်တောင့်သက်သာမဖြစ်စေတဲ့အရာတစ်ခုပါ။ ဒီလိုယားယံမှုတွေဟာ ဘာတွေကြောင့်ဖြစ်နိုင်လဲဆိုရင်….

 

1) ဓာတ်မတည့်တာကြောင့်

 

တခါတလေကျ မိန်းမကိုယ်ယားယံတာဟာ
ဆပ်ပြာတွေ၊ မိန်းမကိုယ်သန့်ရှင်းရေးလုပ်တဲ့ဟာတွေ၊ အနံ့ပါတဲ့ toilet paper တွေ၊ cream တွေနဲ့ဓာတ်မတည့်လို့ allergic ဖြစ်ပြီးယားယံတာမျိုးဖြစ်တတ်ပါတယ်။

 

2)ဆီးချိုဖြစ်နေတာကြောင့်

 

မိန်းမကိုယ်ယားယံတယ်ဆိုရင် ဆီးချိုရောဂါကိုလည်း မေ့ထားလို့မရနိုင်ပါဘူး။ သွေးတွင်းအချိုဓာတ်တွေတက်ပြီး ဆီးချိုရောဂါရှိလာတဲ့အခါ မိန်းမကိုယ်ယားယံတာမျိုးဖြစ်တတ်ပါတယ်။ ဆီးချိုရဲ့ တခြားလက္ခဏာတွေကိုတော့ ကြည့်ဖို့လိုပါလိမ့်မယ်။

 

3)မှိုပိုးဝင်တာကြောင့်၊ ဘက်တီးရီးယားပိုးဝင်တာကြောင့်

 

ဒီမိန်းမကိုယ်ကို တစေးပိုး(မှိုပိုး)ဝင်တာဟာ မိန်းကလေးတော်တော်များများကြားမှာ အဖြစ်များတတ်ကြပါတယ်။ အများအားဖြင့် ပိုးသတ်ဆေးတွေသောက်သုံးပြီးတဲ့အခါ ကောင်းတဲ့ ဘက်တီးရီးယားတွေသေပြီး ဒီမှိုပိုး
တွေဟာ ဝင်ရောက်လာတတ်ပါတယ်။ ဘက်တီးရီးယားပိုးဝင်လို့ဖြစ်တဲ့ယားယံတာကလည်း ထိုနည်း၎င်းပါပဲ။ ဘက်တီးရီးယားပိုးဝင်လို့ဖြစ်တာမှာတော့ ငါးညှီနံ့လို အနံ့ဆိုးဆိုးအဖြူရည်တွေဆင်းတတ်ပါသေးတယ်။

 

4)လိင်ကတစ်ဆင့်ကူးစက်ရောဂါတွေကြောင့်

 

လိင်ကတစ်ဆင့်ကူးစက်နိုင်တဲ့ ဆီးပူညောင်းကျရောဂါ၊ လိင်မှာဖြစ်တဲ့ ကြွက်နို့၊
ရေယုန် စတဲ့ရောဂါတွေမှာလည်း မိန်းမကိုယ်ယားယံတာဖြစ်နိုင်ပါတယ်။

 

5)စိတ်ဖိစီးမှုနဲ့ သွေးဆုံးတာကြောင့်

 

စိတ်ဖိစီးတဲ့အခါ ကိုယ်ခံအားကျပြီး ရောဂါပိုးတွေအလွယ်တကူဝင်ရောက်နိုင်လို့ ယားယံတာဖြစ်နိုင်ပါတယ်။ ထို့ပြင် အမျိုးသမီးတွေသွေးဆုံးတဲ့အခါ မ ဟော်မုန်းကျဆင်းသွားတာကြောင့် မိန်းမကိုယ်ခြောက်သွေ့ပြီး ယားယံတာလည်းဖြစ်နိုင်ပါတယ်။

 

6)မိန်းမကိုယ်အဝမှာကင်ဆာဖြစ်တာကြောင့်

 

မိန်းမကိုယ်အဝမှာ ကင်ဆာဖြစ်တာဟာ ရှားပါးပြီး ရောဂါလက္ခဏာသိပ်မပြတတ်ပေမယ့် ရောဂါလက္ခဏာပြပြီဆိုရင်လည်း မိန်းမကိုယ်ယားယံတာ၊ နာကျင်တာ၊ ပုံမှန်မဟုတ်ပဲသွေးဆင်းတာတွေနဲ့လာတတ်ပါတယ်။

 

ဒေါက်တာကြယ်စင်သစ်

 

 

[Zawgyi]

 

မိန္းမကိုယ္ယားယံတာေတြဟာ ဘာေၾကာင့္ျဖစ္ႏိုင္လဲ…

 

♀‍ မိန္းမကိုယ္ယားယံတာဟာ မိန္းကေလးေတြအတြက္ေတာ့ အေတာ့္ကိုေနရခက္ၿပီး သက္ေတာင့္သက္သာမျဖစ္ေစတဲ့အရာတစ္ခုပါ။ ဒီလိုယားယံမႈေတြဟာ ဘာေတြေၾကာင့္ျဖစ္ႏိုင္လဲဆိုရင္….

 

1) ဓာတ္မတည့္တာေၾကာင့္

 

တခါတေလက် မိန္းမကိုယ္ယားယံတာဟာ
ဆပ္ျပာေတြ၊ မိန္းမကိုယ္သန္႔ရွင္းေရးလုပ္တဲ့ဟာေတြ၊ အနံ႔ပါတဲ့ toilet paper ေတြ၊ cream ေတြနဲ႔ဓာတ္မတည့္လို႔ allergic ျဖစ္ၿပီးယားယံတာမ်ိဳးျဖစ္တတ္ပါတယ္။

 

2)ဆီးခ်ိဳျဖစ္ေနတာေၾကာင့္

 

မိန္းမကိုယ္ယားယံတယ္ဆိုရင္ ဆီးခ်ိဳေရာဂါကိုလည္း ေမ့ထားလို႔မရႏိုင္ပါဘူး။ ေသြးတြင္းအခ်ိဳဓာတ္ေတြတက္ၿပီး ဆီးခ်ိဳေရာဂါရွိလာတဲ့အခါ မိန္းမကိုယ္ယားယံတာမ်ိဳးျဖစ္တတ္ပါတယ္။ ဆီးခ်ိဳရဲ႕ တျခားလကၡဏာေတြကိုေတာ့ ၾကည့္ဖို႔လိုပါလိမ့္မယ္။

 

3)မႈိပိုးဝင္တာေၾကာင့္၊ ဘက္တီးရီးယားပိုးဝင္တာေၾကာင့္

 

ဒီမိန္းမကိုယ္ကို တေစးပိုး(မႈိပိုး)ဝင္တာဟာ မိန္းကေလးေတာ္ေတာ္မ်ားမ်ားၾကားမွာ အျဖစ္မ်ားတတ္ၾကပါတယ္။ အမ်ားအားျဖင့္ ပိုးသတ္ေဆးေတြေသာက္သုံးၿပီးတဲ့အခါ ေကာင္းတဲ့ ဘက္တီးရီးယားေတြေသၿပီး ဒီမႈိပိုး
ေတြဟာ ဝင္ေရာက္လာတတ္ပါတယ္။ ဘက္တီးရီးယားပိုးဝင္လို႔ျဖစ္တဲ့ယားယံတာကလည္း ထိုနည္း၎ပါပဲ။ ဘက္တီးရီးယားပိုးဝင္လို႔ျဖစ္တာမွာေတာ့ ငါးညႇီနံ႔လို အနံ႔ဆိုးဆိုးအျဖဴရည္ေတြဆင္းတတ္ပါေသးတယ္။

 

4)လိင္ကတစ္ဆင့္ကူးစက္ေရာဂါေတြေၾကာင့္

 

လိင္ကတစ္ဆင့္ကူးစက္ႏိုင္တဲ့ ဆီးပူေညာင္းက်ေရာဂါ၊ လိင္မွာျဖစ္တဲ့ ႂကြက္ႏို႔၊
ေရယုန္ စတဲ့ေရာဂါေတြမွာလည္း မိန္းမကိုယ္ယားယံတာျဖစ္ႏိုင္ပါတယ္။

 

5)စိတ္ဖိစီးမႈနဲ႔ ေသြးဆုံးတာေၾကာင့္

 

စိတ္ဖိစီးတဲ့အခါ ကိုယ္ခံအားက်ၿပီး ေရာဂါပိုးေတြအလြယ္တကူဝင္ေရာက္ႏိုင္လို႔ ယားယံတာျဖစ္ႏိုင္ပါတယ္။ ထို႔ျပင္ အမ်ိဳးသမီးေတြေသြးဆုံးတဲ့အခါ မ ေဟာ္မုန္းက်ဆင္းသြားတာေၾကာင့္ မိန္းမကိုယ္ေျခာက္ေသြ႕ၿပီး ယားယံတာလည္းျဖစ္ႏိုင္ပါတယ္။

 

6)မိန္းမကိုယ္အဝမွာကင္ဆာျဖစ္တာေၾကာင့္

 

မိန္းမကိုယ္အဝမွာ ကင္ဆာျဖစ္တာဟာ ရွားပါးၿပီး ေရာဂါလကၡဏာသိပ္မျပတတ္ေပမယ့္ ေရာဂါလကၡဏာျပၿပီဆိုရင္လည္း မိန္းမကိုယ္ယားယံတာ၊ နာက်င္တာ၊ ပုံမွန္မဟုတ္ပဲေသြးဆင္းတာေတြနဲ႔လာတတ္ပါတယ္။

 

ေဒါက္တာၾကယ္စင္သစ္

 

Leave a Reply

Your email address will not be published. Required fields are marked *