နှုတ်ခမ်းခြောက်တာ၊ အက်ကွဲတာတွေကသင့်ကို ဘာတွေပြောပေးနိုင်လဲ… ❗

 

♂‍ နှုတ်ခမ်းခြောက်တာ၊ အက်ကွဲတာတွေဟာ
လူတော်တော်များများဖြစ်တတ်ကြတာမျိုးပါ။
ဒါပေမယ့် တချို့လူတွေမှာတော့ နှုတ်ခမ်းရောင်တာမျိုးထိဖြစ်သွားတတ်ကြပါတယ်။
နှုတ်ခမ်းခြောက်ပြီး အက်ကွဲတဲ့အခါ…

 

♒ နှုတ်ခမ်းအဖတ်တွေကွာမယ်

 

♒ နှုတ်ခမ်းအနာဖြစ်မယ်၊ ရောင်မယ်

 

♒ နှုတ်ခမ်းသွေးထွက်တာထိလည်းဖြစ်တတ်ပါတယ်။

 

နှုတ်ခမ်းခြောက်တာ၊ အက်ကွဲတာတွေကို ဘာတွေကဖြစ်စေနိုင်လဲဆိုရင်…..

 

♒ လေထုစိုထိုင်းဆနည်းတာ၊ နှုတ်ခမ်းမှာလုံလောက်တဲ့အစိုဓာတ်မရှိတာကလည်း ဖြစ်စေနိုင်ပါတယ်။ နှုတ်ခမ်းမှာက တခြားခန္တာကိုယ်အစိတ်အပိုင်းတွေလိုမျိုး အဆီဂလင်းမရှိပါဘူး။
အဲ့တာကြောင့် ခြောက်တာ၊ အက်ကွဲတာတွေပိုဖြစ်လွယ်ပါတယ်။

 

♒ နှုတ်ခမ်းကိုခဏခဏလျှာနဲ့လျက်တဲ့အခါ
နှုတ်ခမ်းမှာရှိတဲ့အစိုဓာတ်ကိုတောင်ဖယ်ရှားလိုက်သလိုမျိုးဖြစ်လို့ နှုတ်ခမ်းခြောက်တာ၊အက်ကွဲတာတွေပိုဖြစ်စေပါတယ်။

 

♒ ရေဓာတ်ဆုံးရှုံးတဲ့အခါမှာလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ရေဓာတ်ဆုံးရှုံးရင်တော့ နှုတ်ခမ်းခြောက်တာ၊ အက်ကွဲတာအပြင် တခြား
သွေးပေါင်ကျတာ၊ နှလုံးခုန်မြန်လာတာ၊ မောလာတာနဲ့ပါ တွဲနေတတ်ပါတယ်။

 

♒ Vitamin B2 ချို့တဲ့တဲ့အခါမျိုးမှာလည်း ဖြစ်တတ်ပါတယ်။ နှုတ်ခမ်းထောင့်မှာ ကျီးကန်းပါးစပ်ဖြစ်တာနဲ့ပါ တွဲတတ်ပါတယ်။

 

 နှုတ်ခမ်းအက်ကွဲတာဆိုးလာတဲ့အခါ ပိုးဝင်ပြီး နှုတ်ခမ်းရောင်တာမျိုးဖြစ်လာမှာပါစိုးရိမ်ရပါတယ်။ အများအားဖြင့် အံကပ်တပ်တဲ့သူတွေ၊
သွားမှာ brace တပ်ထားတဲ့သူတွေမှာ ဖြစ်တာ
တွေ့ရတတ်ပါတယ်။

 

♒ Vitamin A/ Retinoid/Lithium/ Chemo
ဆေးတွေသောက်သုံးနေတဲ့သူတွေမှာလည်း နှုတ်ခမ်းခြောက်တာ၊ အက်ကွဲတာတွေဖြစ်လေ့ရှိတတ်ကြပါတယ်။

 

ဒေါက်တာသံစဉ်

 

 

[Zawgyi]

 

ႏႈတ္ခမ္းေျခာက္တာ၊ အက္ကြဲတာေတြကသင့္ကို ဘာေတြေျပာေပးႏိုင္လဲ…

 

♂‍ ႏႈတ္ခမ္းေျခာက္တာ၊ အက္ကြဲတာေတြဟာ
လူေတာ္ေတာ္မ်ားမ်ားျဖစ္တတ္ၾကတာမ်ိဳးပါ။
ဒါေပမယ့္ တခ်ိဳ႕လူေတြမွာေတာ့ ႏႈတ္ခမ္းေရာင္တာမ်ိဳးထိျဖစ္သြားတတ္ၾကပါတယ္။

 

ႏႈတ္ခမ္းေျခာက္ၿပီး အက္ကြဲတဲ့အခါ…

 

♒ ႏႈတ္ခမ္းအဖတ္ေတြကြာမယ္

 

♒ ႏႈတ္ခမ္းအနာျဖစ္မယ္၊ ေရာင္မယ္

 

♒ ႏႈတ္ခမ္းေသြးထြက္တာထိလည္းျဖစ္တတ္ပါတယ္။

 

ႏႈတ္ခမ္းေျခာက္တာ၊ အက္ကြဲတာေတြကို ဘာေတြကျဖစ္ေစႏိုင္လဲဆိုရင္…..

 

♒ ေလထုစိုထိုင္းဆနည္းတာ၊ ႏႈတ္ခမ္းမွာလုံေလာက္တဲ့အစိုဓာတ္မရွိတာကလည္း ျဖစ္ေစႏိုင္ပါတယ္။ ႏႈတ္ခမ္းမွာက တျခားခႏၲာကိုယ္အစိတ္အပိုင္းေတြလိုမ်ိဳး အဆီဂလင္းမရွိပါဘူး။
အဲ့တာေၾကာင့္ ေျခာက္တာ၊ အက္ကြဲတာေတြပိုျဖစ္လြယ္ပါတယ္။

 

♒ ႏႈတ္ခမ္းကိုခဏခဏလွ်ာနဲ႔လ်က္တဲ့အခါ
ႏႈတ္ခမ္းမွာရွိတဲ့အစိုဓာတ္ကိုေတာင္ဖယ္ရွားလိုက္သလိုမ်ိဳးျဖစ္လို႔ ႏႈတ္ခမ္းေျခာက္တာ၊အက္ကြဲတာေတြပိုျဖစ္ေစပါတယ္။

 

♒ ေရဓာတ္ဆုံးရႈံးတဲ့အခါမွာလည္း ျဖစ္တတ္ပါတယ္။ ဒါေပမယ့္ ေရဓာတ္ဆုံးရႈံးရင္ေတာ့ ႏႈတ္ခမ္းေျခာက္တာ၊ အက္ကြဲတာအျပင္ တျခား
ေသြးေပါင္က်တာ၊ ႏွလုံးခုန္ျမန္လာတာ၊ ေမာလာတာနဲ႔ပါ တြဲေနတတ္ပါတယ္။

 

♒ Vitamin B2 ခ်ိဳ႕တဲ့တဲ့အခါမ်ိဳးမွာလည္း ျဖစ္တတ္ပါတယ္။ ႏႈတ္ခမ္းေထာင့္မွာ က်ီးကန္းပါးစပ္ျဖစ္တာနဲ႔ပါ တြဲတတ္ပါတယ္။

 

♒ ႏႈတ္ခမ္းအက္ကြဲတာဆိုးလာတဲ့အခါ ပိုးဝင္ၿပီး ႏႈတ္ခမ္းေရာင္တာမ်ိဳးျဖစ္လာမွာပါစိုးရိမ္ရပါတယ္။ အမ်ားအားျဖင့္ အံကပ္တပ္တဲ့သူေတြ၊
သြားမွာ brace တပ္ထားတဲ့သူေတြမွာ ျဖစ္တာ
ေတြ႕ရတတ္ပါတယ္။

 

♒ Vitamin A/ Retinoid/Lithium/ Chemo
ေဆးေတြေသာက္သုံးေနတဲ့သူေတြမွာလည္း ႏႈတ္ခမ္းေျခာက္တာ၊ အက္ကြဲတာေတြျဖစ္ေလ့ရွိတတ္ၾကပါတယ္။

 

ေဒါက္တာသံစဥ္

 

Leave a Reply

Your email address will not be published. Required fields are marked *