မိမိကလေး သွားပေါက်နောက်ကျလို့ စိုးရိမ်နေလား…‍‍

‍ကလေးမွေးဖွားပြီးတဲ့အခါမှာ ကလေးကိုအရိပ်တကြည့်ကြည့်နဲ့နေတဲ့ မိခင်တစ်ယောက်အနေနဲ့ မိမိကလေးသွားပေါက်နောက်ကျတာတွေ့ရင် စိုးရိမ်ပူပန်တတ်တာသဘာဝပါပဲ။ ပုံမှန်ဆိုရင် ကလေး ၆ လအရွယ်လောက်ရောက်ရင် အောက်ရှေ့သွား ၂ ချောင်းစထွက်ပါတယ်။ ပြီးရင် အစဥ်လိုက်အပေါ်ရှေ့သွား ၄ ချောင်းထွက်မယ်၊ အောက်ရှေ့သွား ၂ ချောင်းထွက်မယ်၊ ကျန်တဲ့သွားတွေကလည်း ၂ ချောင်းစီ အစဥ်လိုက်ထွက်လာပါတယ်။ ကလေး အသက် ၃ နှစ်ပြည့်တဲ့အချိန်မှာ သွားအချောင်း ၂၀ လောက်ရှိနေပါပြီ။ အသက် ၆ နှစ်လောက်ဆိုရင် ပုံသေသွားတွေစပေါက်လာပါပြီ။

‍‍‍ ကလေးအသက် ၆ လမှာ သွားစပေါက်တယ်ဆိုပေမယ့် အသက် ၄ လကနေ ၁၅ လအတွင်းမှာ ပထမဆုံးသွားစပေါက်တယ်ဆိုရင် ဒါပုံမှန်လို့ယူဆလို့ရပါတယ်။ ဒါပေမယ့် ၁၈ လကျော်တဲ့ထိ
သွားမပေါက်သေးဘူးဆိုရင်တော့ သွားဆရာဝန်နဲ့အမြန်ဆုံးတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဘာတွေကြောင့် သွားပေါက်နောက်ကျတတ်လဲဆိုရင်….
1) မျိုးရိုးလိုက်တာ
2) လည်ပင်းကြီးဟော်မုန်းနဲ့ ဦးနှောက်ထွက်ဟော်မုန်းတစ်ခုချို့တဲ့တာ
3) Down’s Syndrome ရောဂါ
4) ကလေးနေ့မစိလမစိမွေးတာ
5) အာဟာရချို့တဲ့တာ၊ Vitamin D ချို့တဲ့တာ စတာတွေကြောင့် ဖြစ်တတ်တယ်။

‍⚕️ သွားပေါက်နောက်ကျတာဟာ အရမ်းကြီးစိုးရိမ်ရတဲ့ကိစ္စမဟုတ်ပေမယ့် ကလေးကြီးလာတဲ့အခါ သွားပြဿနာတွေကိုဖြစ်စေနိုင်တဲ့အတွက် သွားဆရာဝန်နဲ့ပြသပေးဖို့တော့လိုပါတယ်….။

ဒေါက်တာမိုးစက်ပွင့်

Leave a Reply

Your email address will not be published. Required fields are marked *