အသက်လတ်ပိုင်းအမျိုးသမီးတွေမှာ ပိုအဖြစ်များတတ်တဲ့ သားအိမ်အလုံးတည်ခြင်းအကြောင်း….

‍♀️ သားအိမ်အလုံးတည်တယ်ပြောရင် အမျိုးသမီးအများစုက ကင်ဆာဖြစ်တော့မှာလားဆိုပြီး ကြောက်စိတ်တွေဖြစ်တတ်ကြတယ်။
ဒီ သားအိမ်အလုံးတည်တာကတော့ ကင်ဆာဖြစ်စေမယ့် အလုံးမဟုတ်ပဲ ဟော်မုန်းအပြောင်း
အလဲတွေ၊ မျိုးရိုးလိုက်တာတွေ၊ ပုံမှန်မဟုတ်သောဆဲလ်များ ကြီးထွားစေတဲ့အရာတွေကြောင့် ကလေးမွေးဖွားလို့ရနိုင်တဲ့အရွယ်အမျိုးသမီးတွေမှာ ဖြစ်ပေါ်လာတာပါ။
နောက်ပြီး အပျိုဖော်ဝင်တဲ့အချိန်စောတာ၊ အဝလွန်တာ၊ Vitamin D ချို့တဲ့တာတွေဆိုရင်လည်း
သားအိမ်အလုံးတည်တာကိုပိုပြီးဖြစ်စေတတ်ပါတယ်။

‍ အများအားဖြင့်တော့ ရောဂါလက္ခဏာမပြတတ်ပေမယ့် ရောဂါလက္ခဏာတွေပြပြီဆိုရင်တော့….
ရာသီလာတဲ့ပမာဏအရမ်းများတာ
ရာသီလာတဲ့အချိန်ကြာတာ( တစ်ပတ်ထက်ကြာနေတာ)
ဆီးလမ်းကြောင်းနဲ့ဝမ်းလမ်းကြောင်းကို အလုံးကဖိတဲ့အတွက် ဆီးခဏခဏသွားပေမယ့်
ဆီးကျန်သလိုဖြစ်နေတာ၊ ဝမ်းချုပ်တာ
ဆီးခုံတင်းတာ၊နာတာ
နောက်ကျောနာတာ၊ ခြေထောက်နာတာ
စတာတွေဖြစ်တတ်ပါတယ်။

‍ သားအိမ်အလုံးမှန်းသေချာအောင် သားဖွားမီးယပ်ဆရာဝန်နဲ့သေချာပြသပြီး မိန်းမကိုယ်ကနေတစ်ဆင့်၊ ဗိုက်ပေါ်ကနေတစ်ဆင့် စမ်းသပ်ပြီးတဲ့အခါ Ultrasound ရိုက်တာ၊ MRI ရိုက်တာ၊ သားအိမ်ထဲ မှန်ပြောင်းကြည့်တာ၊ သွေးစစ်တာတွေအပြင် တခြားသောစစ်ဆေးမှုတွေလည်း လိုအပ်ရင် ပြုလုပ်ရတတ်ပါတယ်။

‍ ကုသမှုအနေနဲ့ကတော့
ရောဂါလက္ခဏာမပြတဲ့သူတွေဆိုရင်
စောင့်ကြည့်တာ
နာကျင်ကိုက်ခဲမှုတွေသက်သာအောင် Dolfenal  (ဒေါ်လ်ဖီနယ်) ကဲ့သို့ NSAIDs အုပ်စုဝင်ဆေးတွေပေးတာ (အစာနဲ့တွဲသောက်ရပါတယ်)
သားအိမ်အလုံးကျုံ့သွားအောင် ဟော်မုန်းဆေးတွေပေးတာ
ရာသီလာတာများတာအတွက်ဆေးပေးတာ
ရောဂါလက္ခဏာတွေသက်သာအောင် ဟော်မုန်းလွှတ်တဲ့ပစ္စည်းတစ်ခု သားအိမ်ထဲ
ထည့်တာ စတဲ့ကုသမှုတွေရှိပါတယ်။

နောက်ပြီးတခြားနည်းတွေဖြစ်တဲ့
MRI စက်ကိုအသုံးပြုပြီး Ultrasound စွမ်းအင်အသွင်ပြောင်းတဲ့ကိရိယာကနေ sound wave တွေထုတ်လိုက်တဲ့အခါ အပူအဖြစ်ပြောင်းပြီးသားအိမ်အလုံးက တစ်ရှူးတွေကို ဖျက်ဆီးပစ်တဲ့နည်းသုံးတာ
သားအိမ်အလုံးကို သွေးလုံလုံလောက်လောက်မရဘဲ ကျုံ့သွားအောင် သွေးကြောထဲကိုဆေးထိုးတာ
Radiofrequency စွမ်းအင်ကိုသုံးပြီး သွေးကြောတွေကိုကျုံ့အောင်လုပ်ပြီး သားအိမ်အလုံးကိုဖျက်ဆီးပစ်တာ
သားအိမ်အလုံးကိုဖယ်ပစ်တာ
မိန်းမကိုယ်ထဲ ပစ္စည်းတစ်ခုထည့်ပြီး အပူ၊လျှပ်စစ် စတဲ့အရာတွေနဲ့ သားအိမ်နံရံကိုဖျက်စီးပစ်တာ
သားအိမ်ပါထုတ်လိုက်ရတာ စတာမျိုးတွေထိရှိနိုင်ပါတယ်။

ဒေါက်တာလရိပ်

Leave a Reply

Your email address will not be published. Required fields are marked *