မီးယပ်သွေးဆုံးပြီး နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်သလဲ ?

 

မီးယပ်သွေးဆုံးပြီးနောက် အမျိုးသမီးတွေတွေဟာ အောက်ပါ ကျန်းမာရေးအခြေအနေတွေ ကြုံတွေ့ရနိုင်ပါတယ်။
အဲ့ဒါကဘာတွေလဲဆိုတော့…

 

နှလုံးနှင့်သွေးကြောများဆိုင်ရာရောဂါ

သွေးဆုံးသွားတဲ့အမျိုးသမီးတွေဟာ ခန္ဓာကိုယ်ထဲမှာ အီစတိုဂျင်(estrogen)ဟော်မုန်းကျဆင်းလာကျတဲ့အတွက် နှလုံးရောဂါဖြစ်လာနိုင်ချေမြင့်တက်လာပါတယ်။ ကမ္ဘာတဝှန်း အမျိုးသမီး၊အမျိုးသား သေဆုံးရသည့်အကြောင်းရင်းများကို လေ့လာရသည့်အခါ နှလုံးရောဂါကြောင့်သေဆုံးနှုန်းက ပိုများပါတယ်။ ဒါကြောင့်မို့လို့ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်စားသောက်ခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း စတာတွေကို လက်တွေ့လိုက်နာကြဖို့အရေးကြီးပါတယ်။ ပြီးတော့ မိမိနှလုံးကျန်းမာအောင်ဘယ်လိုနေရမလဲ၊ သွေးမတိုးအောင်၊ ကိုလက်စ်ထရော(cholesterol)ကျအောင် ဘယ်လိုနေရမလဲဆိုတာကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန်များနှင့် အမြဲတိုင်ပင်ဆွေးနွေးကြဖို့လိုအပ်ပါတယ်။

 

အရိုးပွရောဂါ

အရိုးပွရောဂါကြောင့် အရိုးပါးလာပြီး၊ အရိုးသည်ပိုမိုကြွပ်ဆပ်လာကာ ကျိုးပဲ့လွယ်ပြီး အသေးစားထိခိုက်မှု ဖြစ်လျှင်ပင် ကျိုးလွယ်လာပါသည်။ အမျိုးသမီးများ သွေးဆုံးသွားပြီးနောက်၊အစပိုင်းနှစ်အနည်းငယ်အတွင်းမှာ အရိုးသိပ်သည်းဆများဆက်တိုက်ဆုံးရှုံးလာပြီး၊ အရိုးပွရောဂါ ဖြစ်လာနိုင်ချေ မြင့်တက်လာကြပါတယ်။ အရိုးပွရောဂါခံစားနေရသည့် သွေးဆုံးပြီးအမျိုးသမီးများ၏ တင်ပါးဆုံရိုး၊ကျောရိုး၊လက်ကောက်ဝတ်ရိုး တွေဟာ ကျိုးလွယ်လာကြပါတယ်။

 

ဆီးမထိန်းနိုင်ခြင်း

သွေးဆုံးပြီးနောက် အမျိုးသမီးတွေဟာ ဆီးလမ်းကြောင်းနဲ့ မျိုးပွားအင်္ဂါတဝိုက်မှာရှိတဲ့ ကြွက်သားတွေ ကျုံ့နိုင်၊ဆန့်နိုင်မှုအားနည်းလာကြတဲ့အတွက် ဆီးမကြာခဏသွားချင်ခြင်း၊ဆီးအရမ်းသွားချင်လာခြင်း၊ ဆီးထိန်းမရဘဲထွက်သွားခြင်း စသည်တို့ကို တွေ့ကြုံလာရတတ်ပါတယ်။ တခါတရံ ချောင်းဆိုးခြင်း၊ ရယ်မောခြင်း၊ အလေးမလိုက်ခြင်းတို့ကြောင့်ပင် ဆီးမထိန်းနိုင်ဘဲ ထွက်သွားကြပါတယ်။ ဆီးလမ်းကြောင်းထဲလည်းပိုးတွေဝင်လာနိုင်ပါတယ်။
ဆီးခုံတဝိုက်ရှိ တင်ပါးဆုံခွက်ကြွက်သားများအား Kegel exercise လို့ခေါ်တဲ့လေ့ကျင့်ခန်းလုပ်ပေးခြင်း၊ မိန်းမကိုယ်တွင် estrogen cream လိမ်းပေးခြင်း၊ စသည်တို့ကိုလုပ်ပေးခြင်းအားဖြင့် ဆီးမထိန်းနိုင်ခြင်းကို သက်သာစေပါတယ်။ သွေးဆုံးပြီးနောက် ဆီးလမ်းကြောင်းနှင့်မိန်းမကိုယ်ပြောင်းလဲလာခြင်း၊ နောက်ဆက်တွဲ ဆီးမထိန်းနိုင်ခြင်းတို့ကို ဟော်မုန်းဆိုင်ရာကုသမှုလည်း ဖြင့်လည်း ထိရောက်စွာ ကုသနိုင်ပါတယ်။

 

လိင်ပိုင်းဆိုင်ရာလုပ်ငန်းများအပေါ်ထိခိုက်မှုရှိလာခြင်း

မိန်းမကိုယ်မှ အစိုဓာတ်ထုတ်လုပ်နိုင်စွမ်းကျဆင်းလာခြင်း ကြောင့်အမျိုးသမီးအင်္ဂါသည် ခြောက်သွေ့လာကာ၊ကြွက်သားများလည်းအားနည်းလာမှုတို့ကြောင့် လိင်ဆက်ဆံပါက မသက်မသာခံစားရသလို၊ သွေးဆင်းလာတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ လိင်မှုကိစ္စအပေါ်ခံစားမှုအာနည်းလာတာကြောင့် လိင်စိတ်ကုန်ခန်းလာတတ်ကြပါတယ်။

 

ကိုယ်အလေးချိန်တိုးလာခြင်း

အမျိုးသမီးတွေဟာ သွေးဆုံးချိန်ကာလအတွင်းနှင့် သွေးဆုံးပြီးချိန်ကာလတွေမှာ ကိုယ်တွင်းဇီဝဖြစ်စဉ်တွေ နှေးကွေးလာတာကြောင့် ကိုယ်အလေးချိန်တွေ တိုးလာပြီး ဝလာတတ်ကြပါတယ်။ အစားအစာကိုကျန်းမားရေးနှင့်ညီညွတ်စွာ သင့်တင့်ရုံစားသုံးပြီး၊ လေ့ကျင့်ခန်းမှန်မှန်လေးလုပ်သွားကာ မိမိရဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့လိုပါတယ်။

 

Reference : www.mayoclinic.org

 

ဇာနည်ထွန်း(ဆေး-၂)

 

[Zawgyi]

 

မီးယပ်သွေးဆုံးပြီး နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်သလဲ ?

 

မီးယပ္ေသြးဆံုးၿပီးေနာက္ အမ်ိဳးသမီးေတြေတြဟာ ေအာက္ပါ က်န္းမာေရးအေၿခအေနေတြ ႀကံဳေတြ႕ရႏိုင္ပါတယ္။
အဲ့ဒါကဘာေတြလဲဆိုေတာ့…

 

ႏွလံုးႏွင့္ေသြးေႀကာမ်ားဆိုင္ရာေရာဂါ

ေသြးဆံုးသြားတဲ့အမ်ိဳးသမီးေတြဟာ ခႏၶာကိုယ္ထဲမွာ အီစတိုဂ်င္(estrogen)ေဟာ္မုန္းက်ဆင္းလာက်တဲ့အတြက္ ႏွလံုးေရာဂါၿဖစ္လာႏိုင္ေခ်ၿမင့္တက္လာပါတယ္။ ကမာၻတဝွန္း အမ်ိဳးသမီး၊အမ်ိဳးသား ေသဆံုးရသည့္အေႀကာင္းရင္းမ်ားကို ေလ့လာရသည့္အခါ ႏွလံုးေရာဂါေႀကာင့္ေသဆံုးႏႈန္းက ပုိမ်ားပါတယ္။ ဒါေႀကာင့္မို႔လို႔ ပံုမွန္ေလ့က်င့္ခန္းလုပ္ေပးၿခင္း၊ က်န္းမာေရးႏွင့္ ညီညြတ္စြာေနထိုင္စားေသာက္ၿခင္း၊ ကိုယ္အေလးခ်ိန္ထိန္းသိမ္းၿခင္း စတာေတြကို လက္ေတြ႕လိုက္နာႀကဖို႕အေရးႀကီးပါတယ္။ ၿပီးေတာ့ မိမိႏွလံုးက်န္းမာေအာင္ဘယ္လိုေနရမလဲ၊ ေသြးမတိုးေအာင္၊ ကိုလက္စ္ထေရာ(cholesterol)က်ေအာင္ ဘယ္လိုေနရမလဲဆိုတာကို က်န္းမာေရးေစာင့္ေရွာက္မႈေပးေနတဲ့ ဆရာဝန္မ်ားႏွင့္ အၿမဲတိုင္ပင္ေဆြးေႏြးႀကဖို႔လိုအပ္ပါတယ္။

 

အရိုးပြေရာဂါ

အရိုးပြေရာဂါေႀကာင့္ အရိုးပါးလာၿပီး၊ အရိုးသည္ပိုမိုႀကြပ္ဆပ္လာကာ က်ိဳးပဲ့လြယ္ၿပီး အေသးစားထိခိုက္မႈ ၿဖစ္လွ်င္ပင္ က်ိဳးလြယ္လာပါသည္။ အမ်ိဳးသမီးမ်ား ေသြးဆံုးသြားၿပီးေနာက္၊အစပိုင္းႏွစ္အနည္းငယ္အတြင္းမွာ အရိုးသိပ္သည္းဆမ်ားဆက္တိုက္ဆံုးရႈံးလာၿပီး၊ အရိုးပြေရာဂါ ၿဖစ္လာႏုိင္ေခ် ၿမင့္တက္လာႀကပါတယ္။ အရိုးပြေရာဂါခံစားေနရသည့္ ေသြးဆံုးၿပီးအမ်ိဳးသမီးမ်ား၏ တင္ပါးဆံုရိုး၊ေက်ာရိုး၊လက္ေကာက္ဝတ္ရိုး ေတြဟာ က်ိဳးလြယ္လာႀကပါတယ္။

 

ဆီးမထိန္းႏိုင္ၿခင္း

ေသြးဆံုးၿပီးေနာက္ အမ်ိဳးသမီးေတြဟာ ဆီးလမ္းေႀကာင္းနဲ႔ မ်ိဳးပြားအဂၤါတဝိုက္မွာရွိတဲ့ ႀကြက္သားေတြ က်ံဳ႕ႏိုင္၊ဆန္႔ႏိုင္မႈအားနည္းလာႀကတဲ့အတြက္ ဆီးမႀကာခဏသြားခ်င္ၿခင္း၊ဆီးအရမ္းသြားခ်င္လာၿခင္း၊ ဆီးထိန္းမရဘဲထြက္သြားၿခင္း စသည္တို႔ကို ေတြ႕ႀကံဳလာရတတ္ပါတယ္။ တခါတရံ ေခ်ာင္းဆိုးၿခင္း၊ ရယ္ေမာၿခင္း၊ အေလးမလိုက္ၿခင္းတို႔ေႀကာင့္ပင္ ဆီးမထိန္းႏိုင္ဘဲ ထြက္သြားႀကပါတယ္။ ဆီးလမ္းေႀကာင္းထဲလည္းပိုးေတြဝင္လာႏိုင္ပါတယ္။
ဆီးခံုတဝိုက္ရွိ တင္ပါးဆံုခြက္ႀကြက္သားမ်ားအား Kegel exercise လို႔ေခၚတဲ့ေလ့က်င့္ခန္းလုပ္ေပးၿခင္း၊ မိန္းမကိုယ္တြင္ estrogen cream လိမ္းေပးၿခင္း၊ စသည္တို႕ကိုလုပ္ေပးၿခင္းအားၿဖင့္ ဆီးမထိန္းႏိုင္ၿခင္းကို သက္သာေစပါတယ္။ ေသြးဆံုးၿပီးေနာက္ ဆီးလမ္းေႀကာင္းႏွင့္မိန္းမကိုယ္ေၿပာင္းလဲလာၿခင္း၊ ေနာက္ဆက္တြဲ ဆီးမထိန္းႏိုင္ၿခင္းတို႔ကို ေဟာ္မုန္းဆိုင္ရာကုသမႈလည္း ၿဖင့္လည္း ထိေရာက္စြာ ကုသႏိုင္ပါတယ္။

 

လိင္ပိုင္းဆိုင္ရာလုပ္ငန္းမ်ားအေပၚထိခိုက္မႈရွိလာၿခင္း

မိန္းမကိုယ္မွ အစိုဓာတ္ထုတ္လုပ္ႏိုင္စြမ္းက်ဆင္းလာၿခင္း ေႀကာင့္အမ်ိဳးသမီးအဂၤါသည္ ေၿခာက္ေသြ႕လာကာ၊ႀကြက္သားမ်ားလည္းအားနည္းလာမႈတို႕ေႀကာင့္ လိင္ဆက္ဆံပါက မသက္မသာခံစားရသလို၊ ေသြးဆင္းလာတာမ်ိဳးေတြ ႀကံဳေတြ႔ရတတ္ပါတယ္။ လိင္မႈကိစၥအေပၚခံစားမႈအာနည္းလာတာေႀကာင့္ လိင္စိတ္ကုန္ခန္းလာတတ္ႀကပါတယ္။

 

ကို္ယ္အေလးခ်ိန္တိုးလာၿခင္း

အမ်ိဳးသမီးေတြဟာ ေသြးဆံုးခ်ိန္ကာလအတြင္းႏွင့္ ေသြးဆံုးၿပီးခ်ိန္ကာလေတြမွာ ကိုယ္တြင္းဇီဝၿဖစ္စဥ္ေတြ ေႏွးေကြးလာတာေႀကာင့္ ကိုယ္အေလးခ်ိန္ေတြ တိုးလာၿပီး ဝလာတတ္ႀကပါတယ္။ အစားအစာကိုက်န္းမားေရးႏွင့္ညီညြတ္စြာ သင့္တင့္ရံုစားသံုးၿပီး၊ ေလ့က်င့္ခန္းမွန္မွန္ေလးလုပ္သြားကာ မိမိရဲ႕ကိုယ္အေလးခ်ိန္ကို ထိန္းသိမ္းဖို႕လိုပါတယ္။

 

Reference : www.mayoclinic.org

 

ဇာနည္ထြန္း(ေဆး-၂)

Leave a Reply

Your email address will not be published. Required fields are marked *