ကိုယ်ဝန် ဘာကြောင့်ပျက်ကျတာလဲ?

 

Miscarriage (ကိုယ်ဝန်ပျက်ကျခြင်း)

ကိုယ်ဝန်သက်တမ်း ၂၀ပတ်(20 weeks) မတိုင်ခင် အကြောင်းတခုခုကြောင့် အလိုအလျောက်ကိုယ်ဝန်ဆုံရှုံးရခြင်းကို ကိုယ်ဝန်ပျက်သွားတယ်လို့ခေါ်ပါတယ်။ ကိုယ်ဝန်ရှိမှန်းသိထားသူများထဲမှ ၁၀-၂၀% ဟာအကြောင်းတခုခုကြောင့် ကိုယ်ဝန်ပျက်ကျနေရပါတယ်။ အဲ့ဒီရာခိုင်းနှုန်းထက်လည်း များနိုင်ပါတယ်။

မိမိကိုယ်တိုင် ဘဝတကွေ့မှာ ကိုယ်ဝန်ပျက်ကျဖူးခြင်းကိုကြုံတွေ့ရနိုင်ပြီး အဲ့ဒီအရာကို ရင်ဆိုင်ဖို့မလွယ်ကူလှပါဘူး။ ဘာအကြောင်းကြောင့် ကိုယ်ဝန်ပျက်ကျရတာလဲ၊ ဘယ်လိုအခြေအနေမျိုးတွေဆို ကိုယ်ဝန်ပျက်ကျနိုင်ခြေရှိလဲ၊ ဘယ်လိုကျန်းမာရေးစောင့်ရှောက်မှုတွေခံယူသင့်လဲဆိုတာတွေကို နားလည်သဘောပေါက်အောင် ကြိုးစားရင်း မတော်တဆ ကိုယ်ဝန်ပျက်ကျသွားပါက ဖြစ်ပေါ်လာမည့် စိတ်ခံစားမှုတွေကို လျော့ကျသက်သာစေနိုင်မှာပါ။

 

လက္ခဏာများ

ကိုယ်ဝန်ပျက်ကျပြီဆို ကိုယ်ဝန်သက်တမ်း ၁၂ပတ်(12 weeks) မတိုင်ခင် ပျက်တတ်ကြတယ်။
ဘယ်လိုလက္ခဏာတွေပြတတ်လဲဆိုတော့ …
မိန်းမကိုယ်မှသွေးဆင်းခြင်း၊သွေးစများတွေ့ခြင်း၊
မိန်းမကိုယ်မှ အရည်များ၊အသားစများဆင်းလာခြင်း၊
ဝမ်းဗိုက်နှင့် အောက်ကျောပြင်နေရာများတွင် နာကျင်ကိုက်ခဲခြင်း။
ဒါပေမယ့် တခုသိထားရမှာက ကိုယ်ဝန်ဆောင်ကာလ ပထမ(၃)လအတွင်း မိန်းမကိုယ်မှသွေးဆင်းခြင်း၊သွေးစများတွေ့ခြင်းတို့တွေ့ကြုံရပါကလည်း တချိူ့ကိုယ်ဝန်တွေဟာ အောင်မြင်စွာ မွေးဖွားလာနိုင်ပါသေးတယ်။

 

ကိုယ်ဝန်ပျက်ကျရသည့်အကြောင်းရင်းများ

မျိုးရိုးဗီဇဆိုင်ရာပြဿနာ
မျိုးရိုးဗီဇဆိုင်ရာ ချို့ယွင်းမှုကြောင့် သန္ဓေသားက ကောင်းစွာမဖွံ့ဖြိုးဘဲ ကိုယ်ဝန်ပျက်ကျသွားကြပါတယ်။
ကိုယ်ဝန်ပျက်ကြတာတော်တော်များများက မျိုးရိုးဗီဇဆိုင်ရာ ချို့ယွင်းမှုကြောင့်ပါ။

မိခင်၏ကျန်းမာရေးအခြေအနေ
တချို့ကိုယ်ဝန်တွေက မိခင်၏ကျန်းမာရေးအခြေအနေတွေကြောင့် ပျက်ကျသွားနိုင်ပါတယ်။
ကိုယ်ဝန်ပျက်ကျစေတဲ့ ကျန်းမာရေးအခြေအနေတွေကတော့…
သွေးတွင်းအချိုဓာတ်မထိန်းထားသော ဆီးချို၊
ရောဂါပိုးဝင်ရောက်ခြင်း၊
ဟော်မုန်းဆိုင်ရာပြဿနာများ၊
သားအိမ်ပုံမမှန်ခြင်း
စသည်တို့ ဖြစ်ပါတယ်။

 

ကိုယ်ဝန်ပျက်ကျနိုင်ခြေရှိသောအုပ်စု
အသက်အရွယ်
အသက်၃၅ နှစ်အထက်မှကိုယ်ဝန်ဆောင်သူတွေဟာ ငယ်ရွယ်သူတွေထက် ကိုယ်ဝန်ပျက်ကျနိုင်ချေ ပိုများပါတယ်။ အသက်ကြီးမှကိုယ်ဝန်ဆောင်လေ၊ ကိုယ်ဝန်ပျက်ကျနိုင်ချေမြင့်လာလေပါ။

ယခင်ကကိုယ်ဝန်ပျက်ကျဖူးခြင်း
နှစ်ကြိမ်(သို့) နှစ်ကြိမ်ထက်ပို၍ ဆက်တိုက် ကိုယ်ဝန်ပျက်ကျဖူးလျင် ထပ်မံ၍ ကိုယ်ဝန်ပျက်ကျနိုင်ချေပိုများပါတယ်။

နာတာရှည်ရောဂါ
သွေးတွင်းအချိုဓာတ်မထိန်းထားသော ဆီးချိုကဲ့သို့နာတာရှည် ရောဂါများရှိပါက ကိုယ်ဝန်ပျက်ကျနိုင်ချေပိုများပါတယ်။

သားအိမ်နှင့်သားအိမ်ခေါင်း ပြဿနာ
သားအိမ်ပုံမမှန်ခြင်း၊သားအိမ်ခေါင်းပွင့်နေတဲ့သူတွေက ကိုယ်ဝန်ပျက်ကျနိုင်ချေပိုများပါတယ်။

ဆေးလိပ်၊အရက်၊မူးယစ်ဆေးသုံးစွဲခြင်း
ဆေးလိပ်၊အရက်၊မူးယစ်ဆေးသုံးစွဲတဲ့ မိခင်တွေဟာ သာမန်မိခင်တွေထက် ကိုယ်ဝန်ပျက်ကျနိုင်ချေပိုများပါတယ်။

ကိုယ်အလေးချိန်
ဝလွန်းခြင်း၊ပိန်လွန်းခြင်းကြောင့်လည်း ကိုယ်ဝန်ပျက်ကျနိုင်ခြေပိုများပါတယ်။

 

ကိုယ်ဝန်ပျက်ကျခြင်းကိုဘယ်လိုကာကွယ်ကြမလဲ?

ကိုယ်ဝန်ပျက်ကျခြင်းကို ကာကွယ်ဖို့သင်ဘာမှမလုပ်နိုင်ပါဘူး။ ကိုယ်ဝန်ရှိလာပါက မိမိကျန်းမာရေးနှင့် ဗိုက်ထဲရှိ သန္ဓသားလေးကို ကျန်းမာရေးအတွက် ပိုမိုအလေးထားကာ

သားဖွားမီးယပ်ထံတွင် ကိုယ်ဝန်စောင့်ရှောက်မှုခံယူပါ။
ဆေးလိပ်၊အရက်၊မူးယစ်ဆေးဝါးကဲ့သို့ကိုယ်ဝန်ပျက်ကျစေနိုင်သည့် အရာများကို ရှောင်ကြဉ်ပါ။
နေ့စဉ်သောက်သုံးပေးရန်လိုအပ်သည့် Multivitamins အားဆေးများကို ပုံမှန်သောက်ပါ။
ကော်ဖီသောက်တာလျော့ပါ။ ကဖိန်းပါတဲ့အချိုရည်တွေ၊ကော်ဖီတွေ တစ်နေ့ကို နစ်ခွက်ထက် ပိုမို သာက်သုံးခြင်းက ကိုယ်ဝန်ပျက်ကျနိုင်ခြေပိုများခြင်းနဲ့ ဆက်စပ်နေတယ်လို့ မကြာသေးမီကတွေ့ရှိခဲ့တဲ့ လေ့လာမှုတစ်ခုက ဆိုထားပါတယ်။

 

ဇာနည်ထွန်း(ဆေး-၂)

 

[Zawgyi]

 

ကိုယ်ဝန် ဘာကြောင့်ပျက်ကျတာလဲ?

 

Miscarriage (ကို္ယ္ဝန္ပ်က္က်ၿခင္း)

ကို္ယ္ဝန္သက္တမ္း ၂၀ပတ္(20 weeks) မတိုင္ခင္ အေႀကာင္းတခုခုေႀကာင့္ အလိုအေလ်ာက္ကိုယ္ဝန္ဆံုရႈံးရၿခင္းကို ကိုယ္ဝန္ပ်က္သြားတယ္လို႔ေခၚပါတယ္။ ကိုယ္ဝန္ရွိမွန္းသိထားသူမ်ားထဲမွ ၁၀-၂၀% ဟာအေႀကာင္းတခုခုေႀကာင့္ ကိုယ္ဝန္ပ်က္က်ေနရပါတယ္။ အဲ့ဒီရာခုိင္းႏႈန္းထက္လည္း မ်ားႏိုင္ပါတယ္။

မိမိကိုယ္တိုင္ ဘဝတေကြ႕မွာ ကိုယ္ဝန္ပ်က္က်ဖူးၿခင္းကိုႀကံဳေတြ႔ရႏိုင္ၿပီး အဲ့ဒီအရာကို ရင္ဆိုင္ဖို႔မလြယ္ကူလွပါဘူး။ ဘာအေႀကာင္းေႀကာင့္ ကုိယ္ဝန္ပ်က္က်ရတာလဲ၊ ဘယ္္လိုအေၿခအေနမ်ိဳးေတြဆို ကိုယ္ဝန္ပ်က္က်ႏိုင္ေၿခရွိလဲ၊ ဘယ္လိုက်န္းမာေရးေစာင့္ေရွာက္မႈေတြခံယူသင့္လဲဆိုတာေတြကို နားလည္သေဘာေပါက္ေအာင္ ႀကိဳးစားရင္း မေတာ္တဆ ကိုယ္ဝန္ပ်က္က်သြားပါက ၿဖစ္ေပၚလာမည့္ စိတ္ခံစားမႈေတြကို ေလ်ာ့က်သက္သာေစႏိုင္မွာပါ။

 

လကၡဏာမ်ား

ကိုယ္ဝန္ပ်က္က်ၿပီဆို ကိုယ္ဝန္သက္တမ္း ၁၂ပတ္(12 weeks) မတိုင္ခင္ ပ်က္တတ္ႀကတယ္။
ဘယ္လိုလကၡဏာေတြၿပတတ္လဲဆိုေတာ့ …
မိန္းမကိုယ္မွေသြးဆင္းၿခင္း၊ေသြးစမ်ားေတြ႔ၿခင္း၊
မိန္းမကိုယ္မွ အရည္မ်ား၊အသားစမ်ားဆင္းလာၿခင္း၊
ဝမ္းဗိုက္ႏွင့္ ေအာက္ေက်ာၿပင္ေနရာမ်ားတြင္ နာက်င္ကိုက္ခဲၿခင္း။
ဒါေပမယ့္ တခုသိထားရမွာက ကိုယ္ဝန္ေဆာင္ကာလ ပထမ(၃)လအတြင္း မိန္းမကိုယ္မွေသြးဆင္းၿခင္း၊ေသြးစမ်ားေတြ႔ၿခင္းတို႔ေတြ႔ႀကံဳရပါကလည္း တခ်ိဴ႕ကိုယ္ဝန္ေတြဟာ ေအာင္ၿမင္စြာ ေမြးဖြားလာႏိုင္ပါေသးတယ္။

 

ကိုယ္ဝန္ပ်က္က်ရသည့္အေႀကာင္းရင္းမ်ား

မ်ိဳးရိုးဗီဇဆိုင္ရာၿပႆနာ
မ်ိဳးရိုးဗီဇဆိုင္ရာ ခ်ိဳ႕ယြင္းမႈေႀကာင့္ သေႏၶသားက ေကာင္းစြာမဖြံ႕ၿဖိဳးဘဲ ကိုယ္ဝန္ပ်က္က်သြားႀကပါတယ္။
ကိုယ္ဝန္ပ်က္ႀကတာေတာ္ေတာ္မ်ားမ်ားက မ်ိဳးရိုးဗီဇဆိုင္ရာ ခ်ိဳ႕ယြင္းမႈေႀကာင့္ပါ။

မိခင္၏က်န္းမာေရးအေၿခအေန
တခ်ိဳ႕ကိုယ္ဝန္ေတြက မိခင္၏က်န္းမာေရးအေၿခအေနေတြေႀကာင့္ ပ်က္က်သြားႏိုင္ပါတယ္။
ကိုယ္ဝန္ပ်က္က်ေစတဲ့ က်န္းမာေရးအေၿခအေနေတြကေတာ့…
ေသြးတြင္းအခ်ိဳဓာတ္မထိန္းထားေသာ ဆီးခ်ိဳ၊
ေရာဂါပိုးဝင္ေရာက္ၿခင္း၊
ေဟာ္မုန္းဆိုင္ရာၿပႆနာမ်ား၊
သားအိမ္ပံုမမွန္ၿခင္း
စသည္တို႔ ၿဖစ္ပါတယ္။

 

ကိုယ္ဝန္ပ်က္က်ႏိုင္ေၿခရွိေသာအုပ္စု
အသက္အရြယ္
အသက္၃၅ ႏွစ္အထက္မွကုိယ္ဝန္ေဆာင္သူေတြဟာ ငယ္ရြယ္သူေတြထက္ ကိုယ္ဝန္ပ်က္က်ႏိုင္ေခ် ပိုမ်ားပါတယ္။ အသက္ႀကီးမွကိုယ္ဝန္ေဆာင္ေလ၊ ကိုယ္ဝန္ပ်က္က်ႏိုင္ေခ်ၿမင့္လာေလပါ။

ယခင္ကကိုယ္ဝန္ပ်က္က်ဖူးၿခင္း
ႏွစ္ႀကိမ္(သို႔) ႏွစ္ႀကိမ္ထက္ပို၍ ဆက္တုိက္ ကိုယ္ဝန္ပ်က္က်ဖူးလ်င္ ထပ္မံ၍ ကိုယ္ဝန္ပ်က္က်ႏိုင္ေခ်ပိုမ်ားပါတယ္။

နာတာရွည္ေရာဂါ
ေသြးတြင္းအခ်ိဳဓာတ္မထိန္းထားေသာ ဆီးခ်ိဳကဲ့သို႔နာတာရွည္ ေရာဂါမ်ားရွိပါက ကိုယ္ဝန္ပ်က္က်ႏုိင္ေခ်ပိုမ်ားပါတယ္။

သားအိမ္ႏွင့္သားအိမ္ေခါင္း ၿပႆနာ
သားအိမ္ပံုမမွန္ၿခင္း၊သားအိိမ္ေခါင္းပြင့္ေနတဲ့သူေတြက ကိုယ္ဝန္ပ်က္က်ႏိုင္ေခ်ပိုမ်ားပါတယ္။

ေဆးလိပ္၊အရက္၊မူးယစ္ေဆးသံုးစြဲၿခင္း
ေဆးလိပ္၊အရက္၊မူးယစ္ေဆးသံုးစြဲတဲ့ မိခင္ေတြဟာ သာမန္မိခင္ေတြထက္ ကိုယ္ဝန္ပ်က္က်ႏိုင္ေခ်ပိုမ်ားပါတယ္။

ကိုယ္အေလးခ်ိန္
ဝလြန္းၿခင္း၊ပိန္လြန္းၿခင္းေႀကာင့္လည္း ကိုယ္ဝန္ပ်က္က်ႏို္င္ေၿခပိုမ်ားပါတယ္။

 

ကိုယ္ဝန္ပ်က္က်ၿခင္းကိုဘယ္လိုကာကြယ္ႀကမလဲ?

ကုိယ္ဝန္ပ်က္က်ၿခင္းကို ကာကြယ္ဖို႕သင္ဘာမွမလုပ္ႏိုင္ပါဘူး။ ကိုယ္ဝန္ရွိလာပါက မိမိက်န္းမာေရးႏွင့္ ဗို္က္ထဲရွိ သႏၶသားေလးကို က်န္းမာေရးအတြက္ ပိုမိုအေလးထားကာ

သားဖြားမီးယပ္ထံတြင္ ကိုယ္ဝန္ေစာင့္ေရွာက္မႈခံယူပါ။
ေဆးလိပ္၊အရက္၊မူးယစ္ေဆးဝါးကဲ့သို႔ကိုယ္ဝန္ပ်က္က်ေစႏုိင္သည့္ အရာမ်ားကို ေရွာင္ႀကဥ္ပါ။
ေန႔စဥ္ေသာက္သံုးေပးရန္လိုအပ္သည့္ Multivitamins အားေဆးမ်ားကို ပံုမွန္ေသာက္ပါ။
ေကာ္ဖီေသာက္တာေလ်ာ့ပါ။ ကဖိန္းပါတဲ့အခ်ိဳရည္ေတြ၊ေကာ္ဖီေတြ တစ္ေန႕ကို နစ္ခြက္ထက္ ပိုမို သာက္သံုးၿခင္းက ကို္ယ္ဝန္ပ်က္က်ႏုိင္ေၿခပိုမ်ားၿခင္းနဲ႔ ဆက္စပ္ေနတယ္လို႔ မႀကာေသးမီကေတြ႔ရွိခဲ့တဲ့ ေလ့လာမႈတစ္ခုက ဆိုထားပါတယ္။

 

ဇာနည္ထြန္း(ေဆး-၂)

Leave a Reply

Your email address will not be published. Required fields are marked *