စိတ်ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းရန်အတွက် အကြုံပြုချက်များ

 

လူကြီးတွေ၊ဆယ်ကျော်သက်အရွယ်လူငယ်လေးတွေ နဲ့ ကလေးငယ်လေးများပင်၊ လူတိုင်း ဘဝတစ်ကွေ့မှာ စိတ်ဖိစီးမှုကို တွေ့ကြုံခံစားရနိုင်ပါတယ်။ စိတ်ဖိစီးမှုဆိုတာ လူတစ်ယောက်ခြိမ်းခြောက်ခြင်းခံရတဲ့အခါ (ဒါမှမဟုတ်) စိုးရိမ်ပူပန်လာရတဲ့အခါ ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှုတစ်မျိုးဖြစ်ပါတယ်။ အပေါင်းလက္ခဏာဆောင်တဲ့ စိတ်ဖိစီးမှုမျိုး(ဥပမာ – လက်ထပ်ပွဲအတွက် ပြင်ဆင်ခြင်း) ရှိသလို၊ အနုတ်လက္ခဏာဆောင်တဲ့ စိတ်ဖိစီးမှု(ဥပမာ – သဘာဝဘေးအန္တရာယ်တစ်ခုကို ရင်ဆိုင်ကြုံတွေ့ရခြင်း) တွေလည်းရှိပါတယ်။ ကောင်းမွန်သော နည်းလမ်းတွေကို လေ့လာမှတ်သားပြီး၊ မှန်ကန်တဲ့အစောင့်အရှောက်တွေ၊ အားပေးမှုတွေပေးခဲ့ရင် စိတ်ခံစားမှုတွေ၊ စိတ်ဒဏ်ရာရောဂါလက္ခဏာတွေကို လျော့ကျသက်သာစေမှာပါ။

 

စိတ်ထိခိုက်စရာအဖြစ်အပျက်တစ်ခုကြုံတွေ့ပြီးတဲ့အခါ အဲ့ဒီလူမှာ ပြင်းထန်သောစိတ်ရဲ့တုံ့ပြန်မှုတွေ အချိန်အကြာကြီး ရှိတတ်ပါတယ်။အဲ့ဒီအဖြစ်အပျက်တွေထဲမှာ ကိုယ်ရေးကိုယ်တာကစ္စတွေ(ဒါမှမဟုတ်) သဘာဘေးအန္တရာယ်တွေ(ဒါမှမဟုတ်)၊ ခြိမ်းခြောက်တိုက်ခိုက်ခံရမှုများ ပါဝင်နိုင်ပါတယ်။ ဖြစ်ပေါ်လာမယ့်ရောဂါလက္ခဏာကတော့ ရုပ်ပိုင်းဆိုင်ရာ (သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပဲဖြစ်ပါတယ်။

စိတ်ဖိစီးမှုဖြစ်ရပ်တစ်ခုကို တုံပြန်ရာတွင် အတွေ့များသည့်တုံပြန်မှုတွေကတော့…

 

မယုံခြင်း၊ထိတ်လန့်အံ့အားသင့်ခြင်း၊ထုံသွားခြင်း။
ဝမ်းနည်းခြင်း၊စိတ်ပျက်ခြင်း၊အကူအညီမဲ့သွားသည်ဟုခံစားရခြင်း။
အာရုံစူးစိုက်ဖို့ခက်ခဲလာခြင်း၊ဆုံးဖြတ်ချက်ချဖို့ခက်ခဲလာခြင်း။
ခေါင်းကိုက်ခြင်း၊ခါးနာခြင်း၊အစာအိမ်ဝေဒနာများခံစားရခြင်း။
ဆေးလိပ်၊အရက်(သို့) မူးယစ်ဆေးဝါများသုံးစွဲလာခြင်း တို့ဖြစ်ပါတယ်။

 

စိတ်ဖိစီးမှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ကျန်းမာရေးရှုထောင့်မှ နည်းလမ်းများ

 

စိတ်ခံစားမှုတွေ၊စိတ်ထိခိုက်ဒဏ်ရာရတာတွေနဲ့ စိတ်ရှုပ်တာတွေ(ဒါမှမဟုတ်) အိပ်မပျော်၊စားမဝင်ဖြစ်တာတွေက စိတ်ဖိစီးမှုကို ကြုံတွေ့ရတဲ့အခါ ဖြစ်ပေါ်လာတတ်တဲ့ ပုံမှန် တုံ့ပြန်မှုလေးတွေ ပဲဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေကို ကျန်းမာရေးရှုထောင့်မှ ဘယ်လို ရင်ဆိုင်ဖြေရှင်းရမလဲဆိုတော့…

 

မိမိကိုယ်ကို ဂရုစိုက်ပါ။

 

ကျန်းမာစွာစားပါ၊ အာဟာရမျှတစွာ စားသောက်ပါ။
လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။
အိပ်ရေးဝဝအိပ်ပါ။
စိတ်ဖိစီးလာပြီဟု ခံစားလာရလျှင် ခဏအနားယူပါ။

 

အခြားသူကို ပြောပြပါ။

 

ကိုယ်ခံစားနေရတာတွေ၊ ကိုယ့်ရဲ့ပြဿနာတွေကို မိဘ၊သူငယ်ချင်း၊နှစ်သိမ့်ဆွေးနွေးပေးသူ၊ဆရာဝန် တွေကို မျှဝေပြောပြပြီး အတူတူဖြေရှင်းလို့ရပါတယ်။

 

ဆေးလိပ်၊အရက်၊မူးယစ်ဆေးဝါးသုံးစွဲခြင်း ရှောင်ကြဉ်ပါ။

 

ဆေးလိပ်၊အရက်၊မူးယစ်ဆေးဝါးတွေက သင့်ရဲ့စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ်လို့ထင်ရင် မှားပါလိမ့်မယ်။ အဲ့ဒါတွေက သင့်ကို နောက်ထပ်ပြဿနာတွေကြုံတွေရစေနိုင်ပြီး သင့်ကိုပိုပြီး စိတ်ဖိစီးမှုများစေမှာပါ။

 

ခဏအနားယူလိုက်ပါ။

 

အကယ်၍ သတင်းအဖြစ်အပျက်တွေက သင့်ကို စိတ်ဖိစီးမှုများစေတယ်ဆိုရင်၊ အဲ့ဒီသတင်းတွေကို နားထောင်တာ၊ကြည့်တာတွေ ခဏရပ်ထားလိုက်ပါ။

 

မိမိ အကူအညီပိုမိုလိုအပ်လာတဲ့အခါ သတိပြုပါ။

 

ပြဿနာများ ဆက်ရှိနေပါက (ဒါမှမဟုတ်) မိမိကိုယ်ကို သတ်သေဖို့အထိ တွေးနေမိပါက စိတ်ရောဂါကုဆရာဝန်တွေ၊ တတ်ကျွမ်းနားလည်တဲ့ နှစ်သိမ့်ဆွေးနွေးပေးသူတွေ နှင့် တိုင်ပင်ကြည့်ပါ။

 

အားလုံးပဲ စိတ်ရောကိုယ်ပါ ကျန်းမာကြပါစေ။ ။

 

Reference : Coping with stress (https://www.cdc.gov/violenceprevention/suicide/copingwith-stresstips.html)

 

ဇာနည်ထွန်း (ဆေး-၂)

 

[Zawgyi]

 

စိတ္ဖိစီးမႈကို ရင္ဆိုင္ေၿဖရွင္းရန္အတြက္ အႀကံဳၿပဳခ်က္မ်ား

 

လူႀကီးေတြ၊ဆယ္ေက်ာ္သက္အရြယ္လူငယ္ေလးေတြ နဲ႔ ကေလးငယ္ေလးမ်ားပင္၊ လူတိုင္း ဘဝတစ္ေကြ႔မွာ စိတ္ဖိစီးမႈကို ေတြ႔ႀကံဳခံစားရႏိုင္ပါတယ္။ စိတ္ဖိစီးမႈဆိုတာ လူတစ္ေယာက္ၿခိမ္းေၿခာက္ၿခင္းခံရတဲ့အခါ (ဒါမွမဟုတ္) စိုးရိမ္ပူပန္လာရတဲ့အခါ ၿဖစ္ေပၚလာတဲ့ တံု႔ၿပန္မႈတစ္မ်ိဳးၿဖစ္ပါတယ္။ အေပါင္းလကၡဏာေဆာင္တဲ့ စိတ္ဖိစီးမႈမ်ိဳး(ဥပမာ – လက္ထပ္ပြဲအတြက္ ၿပင္ဆင္ၿခင္း) ရွိသလို၊ အႏုတ္လကၡဏာေဆာင္တဲ့ စိတ္ဖိစီးမႈ(ဥပမာ – သဘာဝေဘးအႏၱရာယ္တစ္ခုကို ရင္ဆိုင္ႀကံဳေတြ႔ရၿခင္း) ေတြလည္းရွိပါတယ္။ ေကာင္းမြန္ေသာ နည္းလမ္းေတြကို ေလ့လာမွတ္သားၿပီး၊ မွန္ကန္တဲ့အေစာင့္အေရွာက္ေတြ၊ အားေပးမႈေတြေပးခဲ့ရင္ စိတ္ခံစားမႈေတြ၊ စိတ္ဒဏ္ရာေရာဂါလကၡဏာေတြကို ေလ်ာ့က်သက္သာေစမွာပါ။

 

စိတ္ထိခိုက္စရာအၿဖစ္အပ်က္တစ္ခုႀကံဳေတြ႔ၿပီးတဲ့အခါ အဲ့ဒီလူမွာ ၿပင္းထန္ေသာစိတ္ရဲ႕တံု႔ၿပန္မႈေတြ အခ်ိန္အႀကာႀကီး ရွိတတ္ပါတယ္။အဲ့ဒီအၿဖစ္အပ်က္ေတြထဲမွာ ကိုယ္ေရးကိုယ္တာကစၥေတြ(ဒါမွမဟုတ္) သဘာေဘးအႏၱရာယ္ေတြ(ဒါမွမဟုတ္)၊ ၿခိမ္းေၿခာက္တိုက္ခိုက္ခံရမႈမ်ား ပါဝင္ႏုိင္ပါတယ္။ ၿဖစ္ေပၚလာမယ့္ေရာဂါလကၡဏာကေတာ့ ရုပ္ပိုင္းဆိုင္ရာ (သို႔မဟုတ္) စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈေတြပဲၿဖစ္ပါတယ္။

စိတ္ဖိစီးမႈၿဖစ္ရပ္တစ္ခုကို တံုၿပန္ရာတြင္ အေတြ႔မ်ားသည့္တံုၿပန္မႈေတြကေတာ့…

 

မယံုၿခင္း၊ထိတ္လန္႔အံ့အားသင့္ၿခင္း၊ထံုသြားၿခင္း။
ဝမ္းနည္းၿခင္း၊စိတ္ပ်က္ၿခင္း၊အကူအညီမဲ့သြားသည္ဟုခံစားရၿခင္း။
အာရံုစူးစိုက္ဖို႔ခက္ခဲလာၿခင္း၊ဆံုးၿဖတ္ခ်က္ခ်ဖို႔ခက္ခဲလာၿခင္း။
ေခါင္းကိုက္ၿခင္း၊ခါးနာၿခင္း၊အစာအိမ္ေဝဒနာမ်ားခံစားရၿခင္း။
ေဆးလိပ္၊အရက္(သို႔) မူးယစ္ေဆးဝါမ်ားသံုးစြဲလာၿခင္း တို႔ၿဖစ္ပါတယ္။

 

စိတ္ဖိစီးမႈေတြကို ရင္ဆိုင္ေၿဖရွင္းဖို႔ က်န္းမာေရးရႈေထာင့္မွ နည္းလမ္းမ်ား

 

စိတ္ခံစားမႈေတြ၊စိတ္ထိခိုက္ဒဏ္ရာရတာေတြနဲ႔ စိတ္ရႈပ္တာေတြ(ဒါမွမဟုတ္) အိပ္မေပ်ာ္၊စားမဝင္ၿဖစ္တာေတြက စိတ္ဖိစီးမႈကို ႀကံဳေတြ႔ရတဲ့အခါ ၿဖစ္ေပၚလာတတ္တဲ့ ပံုမွန္ တံု႔ၿပန္မႈေလးေတြ ပဲၿဖစ္ပါတယ္။ စိတ္ဖိစီးမႈေတြကို က်န္းမာေရးရႈေထာင့္မွ ဘယ္လို ရင္ဆိုင္ေၿဖရွင္းရမလဲဆိုေတာ့…

 

မိမိကုိယ္ကုိ ဂရုစုိက္ပါ။

 

က်န္းမာစြာစားပါ၊ အာဟာရမွ်တစြာ စားေသာက္ပါ။
ေလ့က်င့္ခန္းပံုမွန္လုပ္ေပးပါ။
အိပ္ေရးဝဝအိပ္ပါ။
စိတ္ဖိစီးလာၿပီဟု ခံစားလာရလွ်င္ ခဏအနားယူပါ။

 

အၿခားသူကို ေၿပာၿပပါ။

 

ကိုယ္ခံစားေနရတာေတြ၊ ကိုယ့္ရဲ႕ၿပႆနာေတြကို မိဘ၊သူငယ္ခ်င္း၊ႏွစ္သိမ့္ေဆြးေႏြးေပးသူ၊ဆရာဝန္ ေတြကို မွ်ေဝေၿပာၿပၿပီး အတူတူေၿဖရွင္းလို႔ရပါတယ္။

 

ေဆးလိပ္၊အရက္၊မူးယစ္ေဆးဝါးသံုးစြဲၿခင္း ေရွာင္ႀကဥ္ပါ။

 

ေဆးလိပ္၊အရက္၊မူးယစ္ေဆးဝါးေတြက သင့္ရဲ႕စိတ္ဖိစီးမႈေတြကို ေလ်ာ့က်ေစတယ္လို႔ထင္ရင္ မွားပါလိမ့္မယ္။ အဲ့ဒါေတြက သင့္ကို ေနာက္ထပ္ၿပႆနာေတြႀကံဳေတြရေစႏုိင္ၿပီး သင့္ကိုပိုၿပီး စိတ္ဖိစီးမႈမ်ားေစမွာပါ။

 

ခဏအနားယူလိုက္ပါ။

 

အကယ္၍ သတင္းအၿဖစ္အပ်က္ေတြက သင့္ကို စိတ္ဖိစီးမႈမ်ားေစတယ္ဆိုရင္၊ အဲ့ဒီသတင္းေတြကို နားေထာင္တာ၊ႀကည့္တာေတြ ခဏရပ္ထားလိုက္ပါ။

 

မိမိ အကူအညီပိုမိုလိုအပ္လာတဲ့အခါ သတိၿပဳပါ။

 

ၿပႆနာမ်ား ဆက္ရွိေနပါက (ဒါမွမဟုတ္) မိမိကိုယ္ကုိ သတ္ေသဖို႔အထိ ေတြးေနမိပါက စိတ္ေရာဂါကုဆရာဝန္ေတြ၊ တတ္ကြ်မ္းနားလည္တဲ့ ႏွစ္သိမ့္ေဆြးေႏြးေပးသူေတြ ႏွင့္ တိုင္ပင္ႀကည့္ပါ။

 

အားလံုးပဲ စိတ္ေရာကုိယ္ပါ က်န္းမာႀကပါေစ။ ။

 

Reference : Coping with stress (https://www.cdc.gov/violenceprevention/suicide/copingwith-stresstips.html)

 

ဇာနည္ထြန္း (ေဆး-၂)

Leave a Reply

Your email address will not be published. Required fields are marked *