သွေးပေါင်ကျခြင်းနှင့် သိထားသင့်သည့်လက္ခဏာများ

အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့ကတော့ “မကြာခဏသွေးပေါင်ကျနေတာစိုးရိမ်ရလား” ဆိုတဲ့ အကြောင်းကို ဆွေးနွေးပေးမှာြဖစ်ပါတယ်။ခေါင်းစဉ်ကိုမြင်ပြီး မိမိကိုယ်တိုင်ခံစားနေရတဲ့ ရောဂါလက္ခဏာနဲ့ ဆင်တူနေရင်ဖြစ်စေ ဗဟုသုတအနေနဲ့သိချင်ရင်ဖြစ်စေ အောက်မှာဖော်ပြမဲ့ အကြောင်းအရာတွေကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

 

လူတစ်ယောက်ရဲ့ ပုံမှန်သွေးပေါင်ချိန်ဟာ ပျမ်းမျှအားဖြင့် အပေါ်သွေး ၁၂၀/ အောက်သွေး ၈၀ ရှိတတ်ပါတယ်။ အပေါ်သွေး ၉၀/ အောက်သွေး ၆၀ အောက်ရောက်ရင် တော့ သွေးပေါင်ကျခြင်း(low blood pressure)ရယ်လို့ သတ်မှတ်လေ့ရှိပါတယ်။ သွေးတိုးခြင်း(hypertension)ကိုတော့ လူတွေက အန္တရာယ်ရှိတဲ့ ရောဂါတခု အဖြစ် သိထားကြသားဖြစ်မှာပါ။ဒီလိုဆို သွေးပေါင်ကျ ခြင်း(hypotension) ကရော အန္တရာယ်ရှိလား။ဘယ်အချက်တွေက သွေးပေါင်ကျ ခြင်းကို ဖြစ်စေလဲ။ဘယ်လို အချိန်မျိုးမှာ အန္တရာယ်ရှိတယ်လို့ သတ်မှတ်မလဲ။သွေးပေါင်ကျခြင်း ရဲ့ ရောဂါလက္ခဏာနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကရော ဘာတွေလဲ အစရှိသဖြင့် ဆက်လက် ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။

 

ပထမဦးဆုံး အနေနဲ့ သွေးပေါင်ရဲ့ အဓိပ္ပာယ်ကို ရှင်းပြပါ့မယ်။နှလုံးရဲ့ လုပ်ငန်းဆောင်တာဖြစ်တဲ့ ကိုယ်ခန္ဓာတခုလုံးကို လုံလောက်စွာသွေးပို့ဖို့ ညှစ်ထုတ်လိုက်တဲ့ အချိန်နဲ့ နှလုံးထဲသွေးပြန်ဖြည့်ဖို့ခဏ နားတဲ့အချိန် သွေးလွှတ်ကြောထဲမှာ ဖြစ်ပေါ်လာတဲ့ သွေးဖိအားကို တိုင်းတာပြီးသွေးပေါင်(arterial blood pressure)လို့ခေါ်ပါတယ်။ ဒါဆို သွေးပေါင်မကြာခဏကျ ခြင်းဟာစိုးရိမ်ရလား ဆိုတာကို ဆက်လက်ဆွေးနွေးကြရအောင်။

 

ပုံမှန်ကျန်းမာနေတဲ့လူတစ်ယောက်လည်း မကြာခဏသွေးပေါင်ကျခြင်းကိုခံစားရတတ်ပါတယ်။

ဘယ်လို အခြေအနေတွေမှာ လူတစ်ယောက်ဟာသွေးပေါင်ကျတတ်လဲ ဆိုတော့….

 

၁) ထိုင်ရာကရုတ်တရက်ထခြင်း(သို့မဟုတ်)လှဲအိပ်နေရာမှ ရုတ်တရက် ထခြင်း ( postural hypotension)
၂) အားကစားလုပ်ပြီးချိန်
၃)နာရီပေါင်းများစွာ မတ်တပ်ရပ်နေရခြင်း
၄)အစာစားပြီးချိန် ( post prandial hypotension)
၅))ကိုယ်ဝန် ပထမ ၂၄ ပတ်တွင် သွေးပေါင်ကျခြင်း စသည်တို့ ပဲ ဖြစ်ပါတယ်။

 

အသက်အန္တရာယ် စိုးရိမ်ရတဲ့ ရုတ်တရက်သွေးပေါင်ကျခြင်း(hypotension)အခြေအနေတွေကတော့

 

၁) သွေးထွက်လွန်ခြင်း
၂)နှလုံးရောဂါ အခံရှိသူများ
၃) ဟော်မုန်းနဲ့ပတ်သတ်တဲ့ရောဂါရှိသူများ
၄) သွေးချိုရောဂါရှိသူများ(diabetes mellitus)
၅)ရုတ်တရက် အချိုဓာတ်ကျခြင်း (hypoglycaemia)
၆)ဖျားခြင်း,အလွန်အမင်းအန်ခြင်း(excessive vomiting) ,ဝမ်းလျှောခြင်း,ပြင်းထန်အားကစားလုပ်ခြင်း(strenous exercise)
၇)တချို့သောဆေးဝါးများ( ဆီးဆေးများကို ဆရာဝန်ညွှန်ကြားထားသည်ထက်ပိုသောက်နေခြင်း, စိတ်ငြိမ်ဆေးများ,အစရှိသည်..)
၈)အပူရှပ်ခြင်း (heat exhaustion))
၉) အပူချိန်ကျခြင်း(hypothermia)
၁၀)ဆေးဝါးများ, အဆိပ်ရှိအကောင်ကိုက်ခြင်း နှင့်,မတည့်သော အစားအစားများကို စားမိခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်ဓာတ်မတည့်ခြင်း(severe allergic reactions)
၁၁)သွေးတွင်းပိုးဆိပ်တက်ခြင်း(septicaemia) အစရှိသည်တို့ကြောင့်ပဲဖြစ်ပါတယ်။

 

သွေးပေါင်ကျခြင်း(hypotension)ရဲ့ အဖြစ်များတဲ့ရောဂါလက္ခဏာတွေကတော့

 

၁)မူးမောြခင်း
၂)မိုက်ခနဲဖြစ်သွားခြင်း
၃)သတိလစ်သွားခြင်း
၄)အမြင်မှုန်ဝါးလာခြင်း
၅)ပျို့အန်ခြင်း
၆)နုံးချိနေခြင်း
၇)ချွေးသီးများပြန်လာခြင်း
၈)ကယောင်ကတမ်းများပြောြခင်း
၉)ခြေဖျားလက်ဖျား များအေးစက်လာြခင်း
၁၀)အသားရေဖြူဖျော့လာခြင်း
၁၁)အသက်ရူနှုန်းမြန်လာခြင်း အစရှိသည်တို့ပဲဖြစ်ပါတယ်။

 

အထူးသတိပြုရမှာက နံပါတ်စဉ်၈ မှ ၁၁ ထိ ရောဂါလက္ခဏာများခံစားရပါက အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်သဖြင့် ဆေးရုံသို့ အမြန်ဆုံးသွားပြီး ကုသမှုခံယူရမှာ ဖြစ်ပါတယ်။

 

ရုတ်တရက်သွေးပေါင်ကျခြင်းရဲ့နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ မူးမော၊သတိလစ်ပြီး လဲကျတဲ့အခါ ခန္ဓာကိုယ်နေရာအနှံ့ ထိခိုက်ဒဏ်ရာရရှိနိုင်ပါတယ်။အထူးသဖြင့် ခေါင်းထိခိုက်မိတဲ့ အခါ ဦးနှောက်တွင်း သွေးယိုစီးမှု ဖြစ်တတ်ပြီး အသက်အန္တရာယ် ရှိနိုင်ပါတယ်။ထို့ပြင် သွေးပေါင် တအားကျတဲ့အခါ အရေးကြီးကိုယ်အင်္ဂါများဖြစ်တဲ့ဦးနှောက်နဲ့ နှလုံးဆီ သွေးမရောက်တော့သည့်အတွက် အသက်သေဆုံးသည်အထိဖြစ်နိုင်သည်ကို သတိပြုရမှာဖြစ်ပါတယ်။
အနှစ်ချုပ်အနေနဲ့ပြန်ပြောရမယ်ဆိုရင် လူတစ်ယောက်ဟာ သွေးပေါင်ကျခြင်းလက္ခဏာခံစားရခြင်းမရှိဘဲ သွေးပေါင်ချိန်လိုက်တိုင်း ပုံမှန်ထက် ကျနေမယ်ဆိုရင်တောင် အသက်အန္တရာယ် စိုးရိမ်စရာမရှိတဲ့အတွက် စိတ်ပူပန် စရာမလိုအပ်ပါဘူး။သို့သော် မိမိမှာ ရောဂါအခံ တခုခုရှိနေပြီး မူးမောလက္ခဏာများ မကြာခဏဆိုသလို ခံစားနေရပါက တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

 

Dr ThazinHtet

 

[Zawgyi]

 

ေသြးေပါင္က်ျခင္းႏွင့္ သိထားသင့္သည့္လကၡဏာမ်ား

 

အားလုံးပဲ မဂၤလာပါ။ ဒီေန႔ကေတာ့ “မၾကာခဏေသြးေပါင္က်ေနတာစိုးရိမ္ရလား” ဆိုတဲ့ အေၾကာင္းကို ေဆြးေႏြးေပးမွာျဖစ္ပါတယ္။ေခါင္းစဥ္ကိုျမင္ၿပီး မိမိကိုယ္တိုင္ခံစားေနရတဲ့ ေရာဂါလကၡဏာနဲ႔ ဆင္တူေနရင္ျဖစ္ေစ ဗဟုသုတအေနနဲ႔သိခ်င္ရင္ျဖစ္ေစ ေအာက္မွာေဖာ္ျပမဲ့ အေၾကာင္းအရာေတြကို ဆက္လက္ဖတ္ရႈႏိုင္ပါတယ္။

 

လူတစ္ေယာက္ရဲ႕ ပုံမွန္ေသြးေပါင္ခ်ိန္ဟာ ပ်မ္းမွ်အားျဖင့္ အေပၚေသြး ၁၂၀/ ေအာက္ေသြး ၈၀ ရွိတတ္ပါတယ္။ အေပၚေသြး ၉၀/ ေအာက္ေသြး ၆၀ ေအာက္ေရာက္ရင္ ေတာ့ ေသြးေပါင္က်ျခင္း(low blood pressure)ရယ္လို႔ သတ္မွတ္ေလ့ရွိပါတယ္။ ေသြးတိုးျခင္း(hypertension)ကိုေတာ့ လူေတြက အႏၲရာယ္ရွိတဲ့ ေရာဂါတခု အျဖစ္ သိထားၾကသားျဖစ္မွာပါ။ဒီလိုဆို ေသြးေပါင္က် ျခင္း(hypotension) ကေရာ အႏၲရာယ္ရွိလား။ဘယ္အခ်က္ေတြက ေသြးေပါင္က် ျခင္းကို ျဖစ္ေစလဲ။ဘယ္လို အခ်ိန္မ်ိဳးမွာ အႏၲရာယ္ရွိတယ္လို႔ သတ္မွတ္မလဲ။ေသြးေပါင္က်ျခင္း ရဲ႕ ေရာဂါလကၡဏာနဲ႔ ေနာက္ဆက္တြဲဆိုးက်ိဳးေတြကေရာ ဘာေတြလဲ အစရွိသျဖင့္ ဆက္လက္ ေဆြးေႏြးသြားမွာပဲျဖစ္ပါတယ္။

 

ပထမဦးဆုံး အေနနဲ႔ ေသြးေပါင္ရဲ႕ အဓိပၸာယ္ကို ရွင္းျပပါ့မယ္။ႏွလုံးရဲ႕ လုပ္ငန္းေဆာင္တာျဖစ္တဲ့ ကိုယ္ခႏၶာတခုလုံးကို လုံေလာက္စြာေသြးပို႔ဖို႔ ညႇစ္ထုတ္လိုက္တဲ့ အခ်ိန္နဲ႔ ႏွလုံးထဲေသြးျပန္ျဖည့္ဖို႔ခဏ နားတဲ့အခ်ိန္ ေသြးလႊတ္ေၾကာထဲမွာ ျဖစ္ေပၚလာတဲ့ ေသြးဖိအားကို တိုင္းတာၿပီးေသြးေပါင္(arterial blood pressure)လို႔ေခၚပါတယ္။ ဒါဆို ေသြးေပါင္မၾကာခဏက် ျခင္းဟာစိုးရိမ္ရလား ဆိုတာကို ဆက္လက္ေဆြးေႏြးၾကရေအာင္။

 

ပုံမွန္က်န္းမာေနတဲ့လူတစ္ေယာက္လည္း မၾကာခဏေသြးေပါင္က်ျခင္းကိုခံစားရတတ္ပါတယ္။

ဘယ္လို အေျခအေနေတြမွာ လူတစ္ေယာက္ဟာေသြးေပါင္က်တတ္လဲ ဆိုေတာ့….

 

၁) ထိုင္ရာက႐ုတ္တရက္ထျခင္း(သို႔မဟုတ္)လွဲအိပ္ေနရာမွ ႐ုတ္တရက္ ထျခင္း ( postural hypotension)
၂) အားကစားလုပ္ၿပီးခ်ိန္
၃)နာရီေပါင္းမ်ားစြာ မတ္တပ္ရပ္ေနရျခင္း
၄)အစာစားၿပီးခ်ိန္ ( post prandial hypotension)
၅))ကိုယ္ဝန္ ပထမ ၂၄ ပတ္တြင္ ေသြးေပါင္က်ျခင္း စသည္တို႔ ပဲ ျဖစ္ပါတယ္။

 

အသက္အႏၲရာယ္ စိုးရိမ္ရတဲ့ ႐ုတ္တရက္ေသြးေပါင္က်ျခင္း(hypotension)အေျခအေနေတြကေတာ့

 

၁) ေသြးထြက္လြန္ျခင္း
၂)ႏွလုံးေရာဂါ အခံရွိသူမ်ား
၃) ေဟာ္မုန္းနဲ႔ပတ္သတ္တဲ့ေရာဂါရွိသူမ်ား
၄) ေသြးခ်ိဳေရာဂါရွိသူမ်ား(diabetes mellitus)
၅)႐ုတ္တရက္ အခ်ိဳဓာတ္က်ျခင္း (hypoglycaemia)
၆)ဖ်ားျခင္း,အလြန္အမင္းအန္ျခင္း(excessive vomiting) ,ဝမ္းေလွ်ာျခင္း,ျပင္းထန္အားကစားလုပ္ျခင္း(strenous exercise)
၇)တခ်ိဳ႕ေသာေဆးဝါးမ်ား( ဆီးေဆးမ်ားကို ဆရာဝန္ၫႊန္ၾကားထားသည္ထက္ပိုေသာက္ေနျခင္း, စိတ္ၿငိမ္ေဆးမ်ား,အစရွိသည္..)
၈)အပူရွပ္ျခင္း (heat exhaustion))
၉) အပူခ်ိန္က်ျခင္း(hypothermia)
၁၀)ေဆးဝါးမ်ား, အဆိပ္ရွိအေကာင္ကိုက္ျခင္း ႏွင့္,မတည့္ေသာ အစားအစားမ်ားကို စားမိျခင္းတို႔ေၾကာင့္ ျဖစ္ေပၚလာေသာ ျပင္းထန္ဓာတ္မတည့္ျခင္း(severe allergic reactions)
၁၁)ေသြးတြင္းပိုးဆိပ္တက္ျခင္း(septicaemia) အစရွိသည္တို႔ေၾကာင့္ပဲျဖစ္ပါတယ္။

 

ေသြးေပါင္က်ျခင္း(hypotension)ရဲ႕ အျဖစ္မ်ားတဲ့ေရာဂါလကၡဏာေတြကေတာ့

 

၁)မူးေမာျခင္း
၂)မိုက္ခနဲျဖစ္သြားျခင္း
၃)သတိလစ္သြားျခင္း
၄)အျမင္မႈန္ဝါးလာျခင္း
၅)ပ်ိဳ႕အန္ျခင္း
၆)ႏုံးခ်ိေနျခင္း
၇)ေခြၽးသီးမ်ားျပန္လာျခင္း
၈)ကေယာင္ကတမ္းမ်ားေျပာျခင္း
၉)ေျခဖ်ားလက္ဖ်ား မ်ားေအးစက္လာျခင္း
၁၀)အသားေရျဖဴေဖ်ာ့လာျခင္း
၁၁)အသက္႐ူႏႈန္းျမန္လာျခင္း အစရွိသည္တို႔ပဲျဖစ္ပါတယ္။

 

အထူးသတိျပဳရမွာက နံပါတ္စဥ္၈ မွ ၁၁ ထိ ေရာဂါလကၡဏာမ်ားခံစားရပါက အသက္အႏၲရာယ္ စိုးရိမ္ရတဲ့ အေျခအေန ျဖစ္သျဖင့္ ေဆး႐ုံသို႔ အျမန္ဆုံးသြားၿပီး ကုသမႈခံယူရမွာ ျဖစ္ပါတယ္။

 

႐ုတ္တရက္ေသြးေပါင္က်ျခင္းရဲ႕ေနာက္ဆက္တြဲ ဆိုးက်ိဳးအေနနဲ႔ မူးေမာ၊သတိလစ္ၿပီး လဲက်တဲ့အခါ ခႏၶာကိုယ္ေနရာအႏွံ႔ ထိခိုက္ဒဏ္ရာရရွိႏိုင္ပါတယ္။အထူးသျဖင့္ ေခါင္းထိခိုက္မိတဲ့ အခါ ဦးေႏွာက္တြင္း ေသြးယိုစီးမႈ ျဖစ္တတ္ၿပီး အသက္အႏၲရာယ္ ရွိႏိုင္ပါတယ္။ထို႔ျပင္ ေသြးေပါင္ တအားက်တဲ့အခါ အေရးႀကီးကိုယ္အဂၤါမ်ားျဖစ္တဲ့ဦးေႏွာက္နဲ႔ ႏွလုံးဆီ ေသြးမေရာက္ေတာ့သည့္အတြက္ အသက္ေသဆုံးသည္အထိျဖစ္ႏိုင္သည္ကို သတိျပဳရမွာျဖစ္ပါတယ္။
အႏွစ္ခ်ဳပ္အေနနဲ႔ျပန္ေျပာရမယ္ဆိုရင္ လူတစ္ေယာက္ဟာ ေသြးေပါင္က်ျခင္းလကၡဏာခံစားရျခင္းမရွိဘဲ ေသြးေပါင္ခ်ိန္လိုက္တိုင္း ပုံမွန္ထက္ က်ေနမယ္ဆိုရင္ေတာင္ အသက္အႏၲရာယ္ စိုးရိမ္စရာမရွိတဲ့အတြက္ စိတ္ပူပန္ စရာမလိုအပ္ပါဘူး။သို႔ေသာ္ မိမိမွာ ေရာဂါအခံ တခုခုရွိေနၿပီး မူးေမာလကၡဏာမ်ား မၾကာခဏဆိုသလို ခံစားေနရပါက တတ္ကြၽမ္းတဲ့ ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးဖို႔ လိုအပ္ပါတယ္။

 

Dr ThazinHtet

Leave a Reply

Your email address will not be published. Required fields are marked *