ကလေးငယ်များကိုအိမ်မှာ ဘယ်လိုပျော်ရွှင်အောင်ထားကြမလဲ

 

ကလေးဆိုတာ အဆော့်မက်တယ်ဗျ။ ကလေးက ကစားနေရရင် အစာစားဖို့တောင်သတိမရကြတော့ဘူး။
ကစားတယ်ဆိုတာကလည်း တယောက်တည်းကစားနေလို့မရဘူး။
ကစားဖော်လိုတယ်။ သူငယ်ချင်းလိုတယ်။ ကစားရမယ့်နေရာလိုတယ်။

 

တချို့ကလေးတွေက အိမ်မှာဆော့ကြတာပေါ့။
အိမ်မှာဆို သူတို့ရဲ့ကစားဖော်သူငယ်ချင်းတွေကလည်းမရှိကြတော့
အိမ်ထဲမှာပဲ ပြေးလွှားဆော့်ကစားနေလိုက်ကြတာ…
ကြာလာတော့ ဘေးပတ်ဝန်းကျင်နေအိမ်တွေကတောင် အနှောင့်အယှက်ဖြစ်လာနေကြရတယ်။
ဖေဖေမေမေကလည်း အလုပ်တွေနဲ့တဖက် ကလေးဘက်ကို မကြည့်အားနိုင်တဲ့အခါ
ကလေးက ဆော့်မြဲအတိုင်းဆော့်တာပေါ့။
အဲ့လိုမျိုး ကလေးကို လျစ်လျူရှုထားတာ ကြာလာရင်
ဘေးပတ်ဝန်းကျင်နဲ့ ကတောက်ကဆတွေ ဖြစ်လာနိုင်ပါတယ်။
အထူးသဖြင့် တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ နေထိုင်ကြတဲ့သူတွေပါ။

 

ဖေဖေမေမေတို့ကို ပြောပြပေးချင်တာက
ဘေးပတ်ဝန်းကျင်လည်းအနှောင့်အယှက်မဖြစ်အောင်၊ အိမ်ထဲမှာလည်းကစားလို့ရမယ့်
ကစားနည်းလေးတွေပါ။
ဖေဖေမေမေတို့လည်း ကလေးတွေနဲ့အတူပါဝင်ကစားပေးရမယ်နော်။
ဖေဖေမေမေတို့က အိမ်ထဲမှာ အထီးကျန်နေတဲ့ကလေးတွေကို အဖော်ပြုပေးပြီး
ဘေးပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်အောင် ဆူညံပြေးလွှားဆော့်မကစားသင့်ကြောင်းရှင်းပြပေးပါ။
ကလေးနှင့်အတူအချိန်ပေးပြီး
1. မဆူညံသည့်ကစားနည်းများကစားပေးခြင်း(ဥပမာ – မိုနိုပိုလီဆော့ကစားခြင်း၊UNO ကစားခြင်း၊စာလုံးဆက်ကစားခြင်း)
2. ပုံပြင်ဖတ်ပြခြင်း၊
3. ကလေးနှင့်အတူရုပ်ရှင်ကြည့်ပေးခြင်း၊
4. သူငယ်ချင်းများဖြင့် Video Call ပြောစေခြင်း၊
5. ကလေးငယ်၏စကားများအား နားထောင်ပေးခြင်း၊
6. စာသင်ပေးခြင်း၊
7. သီချင်းသင်ပေးခြင်း၊
စသည်ဖြင့် မိဘမေတ္တာများ မျှဝေပေးနိုင်ပါသည်။

 

ဒီလိုနဲ့တဖက်က ဘေးပတ်ဝန်းကျင်အနှောင့်အယှက်ဖြစ်စေမယ့်ကိစ္စတခုကိုလည်း
ဖြေရှင်းပြီးသားဖြစ်သွားတာပေါ့။
အားလုံးပဲကလေးငယ်များအပေါ် ချစ်ခြင်းမေတ္တာ မျှဝေကြနိုင်ပါစေ
ဆန္ဒပြုရင်း…

 

ဇာနည်ထွန်း(ဆေး-၂)
Ref – World Health Organization

 

[Zawgyi]

 

 

ကလေးငယ်များကိုအိမ်မှာ ဘယ်လိုပျော်ရွှင်အောင်ထားကြမလဲ

 

ကေလးဆိုတာ အေဆာ့္မက္တယ္ဗ်။ ကေလးက ကစားေနရရင္ အစာစားဖို႔ေတာင္သတိမရၾကေတာ့ဘူး။
ကစားတယ္ဆိုတာကလည္း တေယာက္တည္းကစားေနလို႔မရဘူး။
ကစားေဖာ္လိုတယ္။ သူငယ္ခ်င္းလိုတယ္။ ကစားရမယ့္ေနရာလိုတယ္။

 

တခ်ိဳ႕ကေလးေတြက အိမ္မွာေဆာ့ၾကတာေပါ့။
အိမ္မွာဆို သူတို႔ရဲ႕ကစားေဖာ္သူငယ္ခ်င္းေတြကလည္းမရွိၾကေတာ့
အိမ္ထဲမွာပဲ ေျပးလႊားေဆာ့္ကစားေနလိုက္ၾကတာ…
ၾကာလာေတာ့ ေဘးပတ္ဝန္းက်င္ေနအိမ္ေတြကေတာင္ အေႏွာင့္အယွက္ျဖစ္လာေနၾကရတယ္။
ေဖေဖေမေမကလည္း အလုပ္ေတြနဲ႔တဖက္ ကေလးဘက္ကို မၾကည့္အားႏိုင္တဲ့အခါ
ကေလးက ေဆာ့္ၿမဲအတိုင္းေဆာ့္တာေပါ့။
အဲ့လိုမ်ိဳး ကေလးကို လ်စ္လ်ဴရႈထားတာ ၾကာလာရင္
ေဘးပတ္ဝန္းက်င္နဲ႔ ကေတာက္ကဆေတြ ျဖစ္လာႏိုင္ပါတယ္။
အထူးသျဖင့္ တိုက္ခန္းက်ဥ္းက်ဥ္းေလးထဲမွာ ေနထိုင္ၾကတဲ့သူေတြပါ။

 

ေဖေဖေမေမတို႔ကို ေျပာျပေပးခ်င္တာက
ေဘးပတ္ဝန္းက်င္လည္းအေႏွာင့္အယွက္မျဖစ္ေအာင္၊ အိမ္ထဲမွာလည္းကစားလို႔ရမယ့္
ကစားနည္းေလးေတြပါ။
ေဖေဖေမေမတို႔လည္း ကေလးေတြနဲ႔အတူပါဝင္ကစားေပးရမယ္ေနာ္။
ေဖေဖေမေမတို႔က အိမ္ထဲမွာ အထီးက်န္ေနတဲ့ကေလးေတြကို အေဖာ္ျပဳေပးၿပီး
ေဘးပတ္ဝန္းက်င္ အေႏွာင့္အယွက္ျဖစ္ေအာင္ ဆူညံေျပးလႊားေဆာ့္မကစားသင့္ေၾကာင္းရွင္းျပေပးပါ။
ကေလးႏွင့္အတူအခ်ိန္ေပးၿပီး
1. မဆူညံသည့္ကစားနည္းမ်ားကစားေပးျခင္း(ဥပမာ – မိုႏိုပိုလီေဆာ့ကစားျခင္း၊UNO ကစားျခင္း၊စာလုံးဆက္ကစားျခင္း)
2. ပုံျပင္ဖတ္ျပျခင္း၊
3. ကေလးႏွင့္အတူ႐ုပ္ရွင္ၾကည့္ေပးျခင္း၊
4. သူငယ္ခ်င္းမ်ားျဖင့္ Video Call ေျပာေစျခင္း၊
5. ကေလးငယ္၏စကားမ်ားအား နားေထာင္ေပးျခင္း၊
6. စာသင္ေပးျခင္း၊
7. သီခ်င္းသင္ေပးျခင္း၊
စသည္ျဖင့္ မိဘေမတၱာမ်ား မွ်ေဝေပးႏိုင္ပါသည္။

 

ဒီလိုနဲ႔တဖက္က ေဘးပတ္ဝန္းက်င္အေႏွာင့္အယွက္ျဖစ္ေစမယ့္ကိစၥတခုကိုလည္း
ေျဖရွင္းၿပီးသားျဖစ္သြားတာေပါ့။
အားလုံးပဲကေလးငယ္မ်ားအေပၚ ခ်စ္ျခင္းေမတၱာ မွ်ေဝၾကႏိုင္ပါေစ
ဆႏၵျပဳရင္း…

 

 

ဇာနည္ထြန္း(ေဆး-၂)
Ref – World Health Organization

Leave a Reply

Your email address will not be published. Required fields are marked *