သွေးဆုံးတယ်ဆိုတာဘာလဲ?

မီးယပ်သွေးဆုံးတယ်ဆိုတာ  အမျိုးသမီးတယောက် ဓမ္မတာရာသီသွေးမပေါ်တော့တဲ့ဖြစ်စဉ်ကိုခေါ်တာဖြစ်ပါတယ်။

မီးယပ်သွေးဆုံးသွားပြီဆို ပဋိသန္ဓေ ကလေးမရနိုင်တော့ပါဘူး။

အမျိုးသမီးတဦးဟာ ၁၂လ ကြာသည်အထိ ဓမ္မတာသွေးမပေါ်ခဲ့ဘူးဆိုလျှင် သွေးဆုံးပြီဟုဆိုနိုင်ပါတယ်။

ပုံမှန်အားဖြင့်အမျိုးသမီးတွေဟာ အသက် (၄၀)၊(၅၀)ဝန်းကျင် အရွယ်တွေမှာ သွေးဆုံးကြပါတယ်။

အမေရိကန်နိုင်ငံမှာတော့ ပျမ်းမျှအသက် (၅၁) အရွယ်လောက်မှာ မီးယပ်သွေးဆုံးသွားကြပါတယ်။

 

သွေးဆုံးတယ်ဆိုတာ သဘာဝ ဖြစ်စဉ်တခုပါ။

ဒါပေမယ့် အမျိုးသမီးတွေဟာ သွေးဆုံးချိန်ရောက်ပြီဆို ခန္ဓာကိုယ်မှာပူလောင်နေခြင်းစတဲ့ ရုပ်ပိုင်းဆိုင်ရာခံစားမှုတွေ၊

အိမ်မပျော်ခြင်း၊အားနည်းခြင်း စတဲ့စိတ်ပိုင်းဆိုင်ရာ ခံစားရမှုတွေ ကြုံတွေ့ကြရပါတယ်။

သွေးဆုံးချိန်မှာ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေကို ဟော်မုန်းဆိုင်ရာကုသမှုတွေ၊နေထိုင်မှုပုံစံပြုပြင်ပြောင်းလဲမှုတွေ နဲ့

ထိရောက်စွာ ကုသနိုင်ပါတယ်။

 

သွေးဆုံးချိန်မှာ ခံစားရတဲ့ရောဂါလက္ခဏာကဘာတွေလဲ?

သွေးဆုံးချိန်နှင့် သွေးဆုံးပြီးကာလအတွင်း အမျိုးသမီးတွေမှာ

အောက်ပါရောဂါလက္ခဏာတွေကိုတွေ့ရတတ်ပါတယ်။

ဓမ္မတာလာချိန်မမှန်တော့ခြင်း၊

မွေးလမ်းကြောင်းခြောက်သွေ့ခြင်း၊

ခန္ဓာကိုယ်တွင်းပူလောင်မှုကိုခံစားရခြင်း၊

ချမ်းတုန်ခြင်း၊

ညဘက်ချွေးပြန်ခြင်း၊

အာရုံပျံ့လွင့်လွယ်ခြင်း၊

အိပ်မပျော်နိုင်ခြင်း၊

ကိုယ်အလေးချိန်တက်လာခြင်း၊

ဆံပင်ပါးပြီး ဆံပင်ကျွတ်ခြင်း၊

အရေပြားခြောက်သွေ့ခြင်း၊

ရင်သားလျော့ရဲလာခြင်း၊

 

အမျိုးသမီးများသွေးဆုံးချိန်ခံစားရတဲ့ရောဂါလက္ခဏာတွေအတွေ့အကြုံတွေဟာ တဦးနှင့်တဦး မတူညီကြပါဘူး။

Perimenopause လို့ခေါ်တဲ့ သွေးဆုံးချိန်အကူးအပြောင်းကာလမှာ အမျိုးသမီးတွေဟာ ဓမ္မတာလာချိန်ပုံမှန်မဟုတ်ခြင်း၊ဓမ္မတာချိန်နောက်ကျခြင်း၊ဓမ္မတာစက်ဝန်းကျော်သွားခြင်းမျိုးတွေဖြစ်လာနိုင်ပါတယ်။ ရာသီစက်ဝန်းက တစ်လလောက်ကျော်သွားပြီး ပြန်လာတတ်တယ်၊ တချို့ကြတော့လည်း လတော်တော်များများလောက် ကျော်သွားပြီးပြန်ပေါ်လာတတ်ကြတယ်။ပြီးတော့ လအနည်းငယ်လောက်ရာသီပြန်မှန်သွားတတ်ကြတယ်။

သွေးဆုံးချိန်အကူးအပြောင်းကာလမှာ ရာသီစက်ဝန်းမမှန်ပေမယ့်လည်း အမျိုးသမီးများ ကိုယ်ဝန်ရနိုင်ချေရှိပါတယ်။ တကယ်လို့ မိမိကရာသီမလာတော့ဘူး၊ အဲ့ဒါသွေးဆုံးလို့များလား? ကိုယ်ဝန်ရှိနေလို့များလားသိချင်ရင် ကိုယ်ဝန်ရှိ၊ မရှိစစ်ကြည့်လိုက်ပါ။

 

Reference – www.mayoclinic.org

 

ဇာနည်ထွန်း(ဆေး-၂)

 

[Zawgyi]

 

ေသြးဆံုးတယ္ဆိုတာဘာလဲ?

 

မီးယပ္ေသြးဆံုးတယ္ဆိုတာ အမ်ိဳးသမီးတေယာက္ ဓမၼတာရာသီေသြးမေပၚေတာ့တဲ့ၿဖစ္စဥ္ကိုေခၚတာၿဖစ္ပါတယ္။
မီးယပ္ေသြးဆံုးသြားၿပီဆို ပဋိသေႏၶ ကေလးမရႏုိင္ေတာ့ပါဘူး။
အမ်ိဳးသမီးတဦးဟာ ၁၂လ ႀကာသည္အထိ ဓမၼတာေသြးမေပၚခဲ့ဘူးဆုိလွ်င္ ေသြးဆံုးၿပီဟုဆိုႏိုင္ပါတယ္။
ပံုမွန္အားၿဖင့္အမ်ိဳးသမီးေတြဟာ အသက္ (၄၀)၊(၅၀)ဝန္းက်င္ အရြယ္ေတြမွာ ေသြးဆံုးႀကပါတယ္။
အေမရိကန္ႏိုင္ငံမွာေတာ့ ပ်မ္းမွ်အသက္ (၅၁) အရြယ္ေလာက္မွာ မီးယပ္ေသြးဆံုးသြားႀကပါတယ္။

 

ေသြးဆံုးတယ္ဆိုတာ သဘာဝ ၿဖစ္စဥ္တခုပါ။
ဒါေပမယ့္ အမ်ိဳးသမီးေတြဟာ ေသြးဆံုးခ်ိန္ေရာက္ၿပီဆို ခႏၶာကိုယ္မွာပူေလာင္ေနၿခင္းစတဲ့ ရုပ္ပိုင္းဆိုင္ရာခံစားမႈေတြ၊
အိမ္မေပ်ာ္ၿခင္း၊အားနည္းၿခင္း စတဲ့စိတ္ပိုင္းဆိုင္ရာ ခံစားရမႈေတြ ႀကံဳေတြ႕ႀကရပါတယ္။
ေသြးဆံုးခ်ိန္မွာ ၿဖစ္တတ္တဲ့ ေရာဂါလကၡဏာေတြကို ေဟာ္မုန္းဆိုင္ရာကုသမႈေတြ၊ေနထိုင္မႈပံုစံၿပဳၿပင္ေၿပာင္းလဲမႈေတြ နဲ႕
ထိေရာက္စြာ ကုသႏိုင္ပါတယ္။

 

ေသြးဆံုးခ်ိန္မွာ ခံစားရတဲ့ေရာဂါလကၡဏာကဘာေတြလဲ?
ေသြးဆံုးခ်ိန္ႏွင့္ ေသြးဆံုးၿပီးကာလအတြင္း အမ်ိဳးသမီးေတြမွာ
ေအာက္ပါေရာဂါလကၡဏာေတြကိုေတြ႕ရတတ္ပါတယ္။

ဓမၼတာလာခ်ိန္မမွန္ေတာ့ၿခင္း၊
ေမြးလမ္းေႀကာင္းေၿခာက္ေသြ႕ၿခင္း၊
ခႏၶာကို္ယ္တြင္းပူေလာင္မႈကိုခံစားရၿခင္း၊
ခ်မ္းတုန္ၿခင္း၊
ညဘက္ေခြ်းၿပန္ၿခင္း၊
အာရံုပ်ံ႕လြင့္လြယ္ၿခင္း၊
အိပ္မေပ်ာ္ႏိုင္ၿခင္း၊
ကို္ယ္အေလးခ်ိန္တက္လာၿခင္း၊
ဆံပင္ပါးၿပီး ဆံပင္ကြ်တ္ၿခင္း၊
အေရၿပားေၿခာက္ေသြ႔ၿခင္း၊
ရင္သားေလ်ာ့ရဲလာၿခင္း၊

 

အမ်ိဳးသမီးမ်ားေသြးဆံုးခ်ိန္ခံစားရတဲ့ေရာဂါလကၡဏာေတြအေတြ႔အႀကံဳေတြဟာ တဦးႏွင့္တဦး မတူညီႀကပါဘူး။

Perimenopause လို႔ေခၚတဲ့ ေသြးဆံုးခ်ိန္အကူးအေၿပာင္းကာလမွာ အမ်ိဳးသမီးေတြဟာ ဓမၼတာလာခ်ိန္ပံုမွန္မဟုတ္ၿခင္း၊ဓမၼတာခ်ိန္ေနာက္က်ၿခင္း၊ဓမၼတာစက္ဝန္းေက်ာ္သြားၿခင္းမ်ိဳးေတြၿဖစ္လာႏိုင္ပါတယ္။ ရာသီစက္ဝန္းက တစ္လေလာက္ေက်ာ္သြားၿပီး ၿပန္လာတတ္တယ္၊ တခ်ိဳ႕ႀကေတာ့လည္း လေတာ္ေတာ္မ်ားမ်ားေလာက္ ေက်ာ္သြားၿပီးၿပန္ေပၚလာတတ္ႀကတယ္။ၿပီးေတာ့ လအနည္းငယ္ေလာက္ရာသီၿပန္မွန္သြားတတ္ႀကတယ္။
ေသြးဆံုးခ်ိန္အကူးအေၿပာင္းကာလမွာ ရာသီစက္ဝန္းမမွန္ေပမယ့္လည္း အမ်ိဳးသမီးမ်ား ကိုယ္ဝန္ရႏိုင္ေခ်ရွိပါတယ္။ တကယ္လို႔ မိမိကရာသီမလာေတာ့ဘူး၊ အဲ့ဒါေသြးဆံုးလို႔မ်ားလား? ကိုယ္ဝန္ရွိေနလို႔မ်ားလားသိခ်င္ရင္ ကိုယ္ဝန္ရွိ၊ မရွိစစ္ႀကည့္လိုက္ပါ။

 

Reference – www.mayoclinic.org

 

ဇာနည္ထြန္း(ေဆး-၂)

#menopause #womenhealth
#We_R_z_waka

Leave a Reply

Your email address will not be published. Required fields are marked *