အိမ်ထောင်မကျခင်ဘာကြောင့်ဆေးစစ်သင့်တာလဲ

 

Covid ကာလ အလွန် လက်ထပ်ကြမယ့် ချစ်သူစုံတွဲလေးတွေကို ရည်ရွယ်ပြီး အိမ်ထောင် မကျခင် ဘာကြောင့်ဆေးစစ်ရတာလဲ၊ စစ်ဆေးခြင်း အားဖြင့်ဘာအကျိုးကျေးဇူးများရမယ်ဆိုတာကို တင်ပြသွားမှာ ဖြစ်ပါတယ်။

မိသားစုဘဝလေးကို ပျော်ရွှင်စွာတည်ထောင်မယ့်သူတွေအတွက် အဓိကစစ်ဆေးရမယ့်အပိုင်းတွေက မျိုးရိုးလိုက်ရောဂါရှိမရှိ၊ကူးစက်ရောဂါရှိမရှိစစ်ဆေးဖို့လိုအပ်ပါတယ်။

အချင်းချင်းကူးစက်မှုနှင့် ကိုယ်ဝန်ဆောင်လျှင် ကလေးအားကူးစက်မှုကို လျှော့ချရန်ရည်ရွယ်၍စစ်ဆေးသင့်ခြင်းဖြစ်ပါတယ်။

တချို့နိုင်ငံကြီးများတွင်မူ လက်ထပ်ခွင့်လိုင်စင် တရားရုံးတွင်လျှောက်တင်တဲ့အချိန်မှာ အဆိုပါ ဆေးစစ်ထားပြီးကြောင်း စာရွက်စာတမ်းနှင့်တကွ တင်ပြရပါတယ်။

ကြိုတင်ကာကွယ်ခြင်းကကုသခြင်းထက်ပိုပြီး အကျိုးရှိပါတယ် ။ အချင်းချင်းကူးစက်ပြီး မိသားစုဝင်အားလုံးဆေးကုသမှုခံယူရလျှင် စိတ်ပိုင်းဆိုင်ရာ၊ ငွေကြေးပိုင်းဆိုင်ရာမှာ ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်ပါတယ်။ ပျော်ရွှင်သောမိသားစုကို ပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။

ထိုကြောင့် မကူးစက်အောင် ပူးပေါင်း ကြိုတင်ကာကွယ်ခြင်းဖြင့် မိမိချစ်ရသော လက်တွဲဖော်နဲ့ အနာဂတ်ရင်သွေးကို ကာကွယ်ရာရောက်ပါတယ်။

 

ယေဘုယျပါဝင်တတ်သော test များက

 

ABO Group for Haematology (သွေးအုပ်စုခွဲခြင်း)

 

မိခင်သွေးအုပ်စုအမျိုးအစားနဲ့ ကလေးရဲ့သွေးအုပ်စုမတူ၍ နောက်ဆက်တွဲပြသနာများဖြစ်တတ်သလို

Rh group မတူညီရင်လဲဖြစ်တတ်ပါတယ်။

ဥပမာ မိခင်သွေးအုပ်စုကRh (-) ကလေးငယ် က ကိုယ်ဝန်ဆောငိစဉ်တွင် Rh (+) ဖြစ်နေလျှင်ကလေးကိုတိုက်ထုတ်သော ခန္ဓာကိုယ်အလိုအလျောက် ခုခံအား (autoimmune) ပေါ်ပေါက်လာတတ်ပါတယ်။ ကလေးမွေးဖွားလာရင်အသားဝါရောဂါဖြစ်ပေါ်နိုင်ပြီး ရောဂါပြင်းထန်လာပါက ဦးနှောက်ထိခိုက်သည်အထိဖြစ်တတ်ပါတယ်။သွေးအုပ်စုကြိုစစ်ထားပြီးမိခင်က မိမိ Rh (-) ဆိုတာကြိုသိထားရင် ကိုယ်ဝန်ဆောင်ချိန်မှာ ကုသမှု Rh immune globulin ကို ကြိုယူထားလို့ရနိုင်မှာဖြစ်ပါတယိ။

ဒီအချက်တွေက သွေးအုပ်စု စစ်ခြင်းအားဖြင့် သိရှိနိုင်မှာ ဖြစ်ပါတယ်။

 

ကူးစက်ရောဂါ (အသည်းရောင်အသားဝါရောဂါ (B ပိုး C ပိုး) , HIV ရောဂါ စစ်ဆေးခြင်း

 

အဆိုပါရောဂါတွေကူးစက်ခံထားရလား ကြိုသိအောင်စစ်ဆေးခြင်းဖြင့် မိမိချစ်ခင်ရသော လက်တွဲဖော်ကိုလဲမည်သို့မည်ပုံ မကူးစက်အောင် အကာအကွယ်နဲ့နေထိုင်မလဲ ဆိုတဲ့အကြံပြုချက်တွေကို ကြိုတင်ရယူနိုင်ပါတယ်။

မိမိချစ်တဲ့သူကို ကာကွယ်ရာလည်းရောက်သလို မိမိရင်သွေးကိုလဲ ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ပါတယ်။

မိမိ လက်တွဲဖော်တွင် အသည်းရောင်အသားဝါ B ပိုးရှိလျှင် မိမိသည် B ပိုးကာကွယ်ဆေးကြိုထိုးရပါမယ်။

အသည်းရောင်အသားဝါ C ပိုးရှိရင် ရှိတဲ့သူက ရောဂါပျံ့ပွားနှုန်းကျဆင်းရန် ကုသမှုခံယူထားသင့်ပါတယ်။

HIV ရှိလျှင် ART ဆေးကြိုသောက်ရန်၊ရောဂါပျံ့ပွားနှုန်းကို ချရန်၊ အကာအကွယ်(condom) နဲ့ သာ လိင်ဆက်ဆံရန်၊ သားသမီးယူချင်ပါက ကျွမ်းကျင်ဆရာဝန်နှင့်သေချာတိုင်ပင်ပြီး safe ဖြစ်လျှင်ကိုယ်ဝန်ဆောင်နိုင်ပါတယ်။

 

CBC Full Blood Count (သွေးဖြူဥ သွေးနီဥ အပြည့်စစ်ခြင်း)

 

သွေးစစ်ဆေးခြင်းဖြင့် မျိုးရိုးလိုက်သွေးရောဂါများရှိမရှိကို ကြိုတင်သိနိုင်ပါတယ်။ Thalassemia ဆိုတဲ့ ပုံမှန်မဟုတ်သော ဟေမိုဂလိုဘင် ထုတ်သောကြောင့် ဖြစ်ပေါ်လာသော သွေးရောဂါအမျိုးအစားကို CBC Full Blood Count သွေးစစ်ခြင်းဖြင့်သိနိုင်ပါတယ်။

သွေးနီဥတွေအမြဲပေါက်ပြီး ခန္ဓာကိုယ်ထဲတွင် သံဓာတ်များပြီးကလီစာများပျက်စီး တတ်သော Thalassemia ရောဂါသည်လက်တွဲဖော်တဦးတွင် ရောဂါရှိပါက ရင်သွေးတွင်ရောဂါဖြစ်ပွားနိုင်မှု ၂၅% ရှိပါတယ်။

ထို့ကြောင့် ရင်သွေးမယူတာအကောင်းဆုံးဖြစ်ပါတယ်။ မိမိက ရောဂါသည် မဟုတ်သော်လည်း ရင်သွေးအတွက်carrier ဖြစ်နိုင်မဖြစ်နိုင်သိလိုပါက CBC Full Blood Count ဖြင့်မလုံလောက်ပဲ DNA test ပါပြုလုပ်ရမှာ ဖြစ်ပါတယ်။

 

VDRL test (ကာလသားရောဂါ)

 

ကာလသားရောဂါရှိမရှိလည်း သွေးစစ်ဆေးဖို့လိုအပ်ပါတယ်။ ရောဂါလက္ခဏာမပြပေမယ့်လည်း ရှိနေတတ်တာဖြစ်လို့ စစ်ဆေးသင့်ပါတယ်။

လက်တွဲဖော်တဦးဦးမှာရှိနေခဲ့လျှင် ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားဆီသို့ကူးတတ်ကာ ကိုယ်ဝန်ပျက်ကျခြင်းမှအစ မွေးရာပါချို့ယွင်းချက်များနဲ့မွေးဖွားလာနိုင်ခြင်းများစွာတွေ့ရတတ်ပါတယ်။

ကြိုတင်စစ်ဆေးကုသလျှင်ပျောက်ကင်းနိုင်သော ရောဂါဖြစ်လို့ ဆရာဝန်နဲ့သေချာ ဆွေးနွေးသင့်ပါတယ်။

 

အထက်ဖော်ပြပါ test များအပြင် ရင်သွေးယူဖို့ plan ရှိသော သူများအနေ ဖြင့် အမျိုးသမီးများအတွက်Ultrasound ရိုက်ခြင်း၊ Pap smear ယူခြင်း (သားအိမ်ခေါင်းကင်ဆာရှိမရှိစစ်ဆေးခြင်း) ၊သားဖွားမီးယပ်ဆရာဝန်နှင့်ဆွေးနွေးပြီးအမျိုးသမီးတွင် ကျန်းမာသော သားအိမ်ရှိမရှိ ၊အလုံးအကျိတ်ရှိမရှိများ စစ်ဆေးနိုင်ပါတယ်။အလုံးအကျိတ်ရှိလျှင် ရင်သွေးယူတဲ့အချိန် အခက်အခဲရှိနိုင်သဖြင့် ကြိုတင်ကုသမှုခံယူနိုင်ပါတယ်။

 

အမျိုးသားများအတွက်လည်း Semen Analysis /sperm test(သုတ်ပိုးအရေအတွက်နှင့် အရည်အသွေး) စစ်ဆေးခြင်းများလည်း ပြုလုပ်နိုင်ပါတယ်။

 

မိမိရွေးချယ်သော ဆေးရုံမှာ စစ်လိုသော၊စစ်သင့်သော test များပါမပါ သေချာဆန်းစစ်ပြီး အကောင်းမွန်ဆုံးpackage များကို ရွေးချယ်နိုင်ဖို့ရည်ရွယ်ပြီး တင်ပြလိုက်ပါတယ်။

 

ဆေးစစ်ထားပြီး ဆေးစစ်ချက်ကို တယောက်နှင့်တယောက် အသိပေးထားခြင်းက မိမိတို့ ၂ဦး လျှောက်လှမ်းမယ့်ဘဝခရီးလမ်းမှာ ပေါ်ပေါက်လာနိုင်တဲ့ အခြေအနေများကို အတူတကွ သိရှိနိုင်ပြီး ညှိညှိနှိုင်းနှိုင်း ကြိုတင်ပြင်ဆင်ကာ ပျော်ရွှင်စရာကောင်းသော ချစ်ခရီးလမ်းကို လျှောက်လှမ်းနိုင်ကြပါစေ ဟုဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

 

D r . M a y (မြို့ပြကျန်းမာရေး)

 

[Zawgyi]

 

အိမ္ေထာင္မက်ခင္ဘာေၾကာင့္ေဆးစစ္သင့္တာလဲ

 

Covid ကာလ အလြန္ လက္ထပ္ၾကမယ့္ ခ်စ္သူစုံတြဲေလးေတြကို ရည္႐ြယ္ၿပီး အိမ္ေထာင္ မက်ခင္ ဘာေၾကာင့္ေဆးစစ္ရတာလဲ၊ စစ္ေဆးျခင္း အားျဖင့္ဘာအက်ိဳးေက်းဇူးမ်ားရမယ္ဆိုတာကို တင္ျပသြားမွာ ျဖစ္ပါတယ္။

မိသားစုဘဝေလးကို ေပ်ာ္႐ႊင္စြာတည္ေထာင္မယ့္သူေတြအတြက္ အဓိကစစ္ေဆးရမယ့္အပိုင္းေတြက မ်ိဳး႐ိုးလိုက္ေရာဂါရွိမရွိ၊ကူးစက္ေရာဂါရွိမရွိစစ္ေဆးဖို႔လိုအပ္ပါတယ္။

အခ်င္းခ်င္းကူးစက္မႈႏွင့္ ကိုယ္ဝန္ေဆာင္လွ်င္ ကေလးအားကူးစက္မႈကို ေလွ်ာ့ခ်ရန္ရည္႐ြယ္၍စစ္ေဆးသင့္ျခင္းျဖစ္ပါတယ္။

တခ်ိဳ႕ႏိုင္ငံႀကီးမ်ားတြင္မူ လက္ထပ္ခြင့္လိုင္စင္ တရား႐ုံးတြင္ေလွ်ာက္တင္တဲ့အခ်ိန္မွာ အဆိုပါ ေဆးစစ္ထားၿပီးေၾကာင္း စာ႐ြက္စာတမ္းႏွင့္တကြ တင္ျပရပါတယ္။

ႀကိဳတင္ကာကြယ္ျခင္းကကုသျခင္းထက္ပိုၿပီး အက်ိဳးရွိပါတယ္ ။ အခ်င္းခ်င္းကူးစက္ၿပီး မိသားစုဝင္အားလုံးေဆးကုသမႈခံယူရလွ်င္ စိတ္ပိုင္းဆိုင္ရာ၊ ေငြေၾကးပိုင္းဆိုင္ရာမွာ ဝန္ထုပ္ဝန္ပိုးျဖစ္ေစႏိုင္ပါတယ္။ ေပ်ာ္႐ႊင္ေသာမိသားစုကို ပိုင္ဆိုင္ႏိုင္မွာမဟုတ္ပါဘူး။

ထိုေၾကာင့္ မကူးစက္ေအာင္ ပူးေပါင္း ႀကိဳတင္ကာကြယ္ျခင္းျဖင့္ မိမိခ်စ္ရေသာ လက္တြဲေဖာ္နဲ႔ အနာဂတ္ရင္ေသြးကို ကာကြယ္ရာေရာက္ပါတယ္။

 

ေယဘုယ်ပါဝင္တတ္ေသာ test မ်ားက

 

ABO Group for Haematology (ေသြးအုပ္စုခြဲျခင္း)

 

မိခင္ေသြးအုပ္စုအမ်ိဳးအစားနဲ႔ ကေလးရဲ႕ေသြးအုပ္စုမတူ၍ ေနာက္ဆက္တြဲျပသနာမ်ားျဖစ္တတ္သလို

Rh group မတူညီရင္လဲျဖစ္တတ္ပါတယ္။

ဥပမာ မိခင္ေသြးအုပ္စုကRh (-) ကေလးငယ္ က ကိုယ္ဝန္ေဆာငိစဥ္တြင္ Rh (+) ျဖစ္ေနလွ်င္ကေလးကိုတိုက္ထုတ္ေသာ ခႏၶာကိုယ္အလိုအေလ်ာက္ ခုခံအား (autoimmune) ေပၚေပါက္လာတတ္ပါတယ္။ ကေလးေမြးဖြားလာရင္အသားဝါေရာဂါျဖစ္ေပၚႏိုင္ၿပီး ေရာဂါျပင္းထန္လာပါက ဦးေႏွာက္ထိခိုက္သည္အထိျဖစ္တတ္ပါတယ္။ေသြးအုပ္စုႀကိဳစစ္ထားၿပီးမိခင္က မိမိ Rh (-) ဆိုတာႀကိဳသိထားရင္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ကုသမႈ Rh immune globulin ကို ႀကိဳယူထားလို႔ရႏိုင္မွာျဖစ္ပါတယိ။

ဒီအခ်က္ေတြက ေသြးအုပ္စု စစ္ျခင္းအားျဖင့္ သိရွိႏိုင္မွာ ျဖစ္ပါတယ္။

 

ကူးစက္ေရာဂါ (အသည္းေရာင္အသားဝါေရာဂါ (B ပိုး C ပိုး) , HIV ေရာဂါ စစ္ေဆးျခင္း

 

အဆိုပါေရာဂါေတြကူးစက္ခံထားရလား ႀကိဳသိေအာင္စစ္ေဆးျခင္းျဖင့္ မိမိခ်စ္ခင္ရေသာ လက္တြဲေဖာ္ကိုလဲမည္သို႔မည္ပုံ မကူးစက္ေအာင္ အကာအကြယ္နဲ႔ေနထိုင္မလဲ ဆိုတဲ့အႀကံျပဳခ်က္ေတြကို ႀကိဳတင္ရယူႏိုင္ပါတယ္။

မိမိခ်စ္တဲ့သူကို ကာကြယ္ရာလည္းေရာက္သလို မိမိရင္ေသြးကိုလဲ ေရာဂါျဖစ္ပြားမႈမွ ႀကိဳတင္ကာကြယ္ႏိုင္ပါတယ္။

မိမိ လက္တြဲေဖာ္တြင္ အသည္းေရာင္အသားဝါ B ပိုးရွိလွ်င္ မိမိသည္ B ပိုးကာကြယ္ေဆးႀကိဳထိုးရပါမယ္။

အသည္းေရာင္အသားဝါ C ပိုးရွိရင္ ရွိတဲ့သူက ေရာဂါပ်ံ႕ပြားႏႈန္းက်ဆင္းရန္ ကုသမႈခံယူထားသင့္ပါတယ္။

HIV ရွိလွ်င္ ART ေဆးႀကိဳေသာက္ရန္၊ေရာဂါပ်ံ႕ပြားႏႈန္းကို ခ်ရန္၊ အကာအကြယ္(condom) နဲ႔ သာ လိင္ဆက္ဆံရန္၊ သားသမီးယူခ်င္ပါက ကြၽမ္းက်င္ဆရာဝန္ႏွင့္ေသခ်ာတိုင္ပင္ၿပီး safe ျဖစ္လွ်င္ကိုယ္ဝန္ေဆာင္ႏိုင္ပါတယ္။

 

CBC Full Blood Count (ေသြးျဖဴဥ ေသြးနီဥ အျပည့္စစ္ျခင္း)

 

ေသြးစစ္ေဆးျခင္းျဖင့္ မ်ိဳး႐ိုးလိုက္ေသြးေရာဂါမ်ားရွိမရွိကို ႀကိဳတင္သိႏိုင္ပါတယ္။ Thalassemia ဆိုတဲ့ ပုံမွန္မဟုတ္ေသာ ေဟမိုဂလိုဘင္ ထုတ္ေသာေၾကာင့္ ျဖစ္ေပၚလာေသာ ေသြး​ေရာဂါအမ်ိဳးအစားကို CBC Full Blood Count ေသြးစစ္ျခင္းျဖင့္သိႏိုင္ပါတယ္။

ေသြးနီဥေတြအၿမဲေပါက္ၿပီး ခႏၶာကိုယ္ထဲတြင္ သံဓာတ္မ်ားၿပီးကလီစာမ်ားပ်က္စီး တတ္ေသာ Thalassemia ေရာဂါသည္လက္တြဲေဖာ္တဦးတြင္ ေရာဂါရွိပါက ရင္ေသြးတြင္ေရာဂါျဖစ္ပြားႏိုင္မႈ ၂၅% ရွိပါတယ္။

ထို႔ေၾကာင့္ ရင္ေသြးမယူတာအေကာင္းဆုံးျဖစ္ပါတယ္။ မိမိက ေရာဂါသည္ မဟုတ္ေသာ္လည္း ရင္ေသြးအတြက္carrier ျဖစ္ႏိုင္မျဖစ္ႏိုင္သိလိုပါက CBC Full Blood Count ျဖင့္မလုံေလာက္ပဲ DNA test ပါျပဳလုပ္ရမွာ ျဖစ္ပါတယ္။

 

VDRL test (ကာလသားေရာဂါ)

 

ကာလသားေရာဂါရွိမရွိလည္း ေသြးစစ္ေဆးဖို႔လိုအပ္ပါတယ္။ ေရာဂါလကၡဏာမျပေပမယ့္လည္း ရွိေနတတ္တာျဖစ္လို႔ စစ္ေဆးသင့္ပါတယ္။

လက္တြဲေဖာ္တဦးဦးမွာရွိေနခဲ့လွ်င္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ သေႏၶသားဆီသို႔ကူးတတ္ကာ ကိုယ္ဝန္ပ်က္က်ျခင္းမွအစ ေမြးရာပါခ်ိဳ႕ယြင္းခ်က္မ်ားနဲ႔ေမြးဖြားလာႏိုင္ျခင္းမ်ားစြာေတြ႕ရတတ္ပါတယ္။

ႀကိဳတင္စစ္ေဆးကုသလွ်င္ေပ်ာက္ကင္းႏိုင္ေသာ ေရာဂါျဖစ္လို႔ ဆရာဝန္နဲ႔ေသခ်ာ ေဆြးေႏြးသင့္ပါတယ္။

 

အထက္ေဖာ္ျပပါ test မ်ားအျပင္ ရင္ေသြးယူဖို႔ plan ရွိေသာ သူမ်ားအေန ျဖင့္ အမ်ိဳးသမီးမ်ားအတြက္Ultrasound ႐ိုက္ျခင္း၊ Pap smear ယူျခင္း (သားအိမ္ေခါင္းကင္ဆာရွိမရွိစစ္ေဆးျခင္း) ၊သားဖြားမီးယပ္ဆရာဝန္ႏွင့္ေဆြးေႏြးၿပီးအမ်ိဳးသမီးတြင္ က်န္းမာေသာ သားအိမ္ရွိမရွိ ၊အလုံးအက်ိတ္ရွိမရွိမ်ား စစ္ေဆးႏိုင္ပါတယ္။အလုံးအက်ိတ္ရွိလွ်င္ ရင္ေသြးယူတဲ့အခ်ိန္ အခက္အခဲရွိႏိုင္သျဖင့္ ႀကိဳတင္ကုသမႈခံယူႏိုင္ပါတယ္။

 

အမ်ိဳးသားမ်ားအတြက္လည္း Semen Analysis /sperm test(သုတ္ပိုးအေရအတြက္ႏွင့္ အရည္အေသြး) စစ္ေဆးျခင္းမ်ားလည္း ျပဳလုပ္ႏိုင္ပါတယ္။

 

မိမိေ႐ြးခ်ယ္ေသာ ေဆး႐ုံမွာ စစ္လိုေသာ၊စစ္သင့္ေသာ test မ်ားပါမပါ ေသခ်ာဆန္းစစ္ၿပီး အေကာင္းမြန္ဆုံးpackage မ်ားကို ေ႐ြးခ်ယ္ႏိုင္ဖို႔ရည္႐ြယ္ၿပီး တင္ျပလိုက္ပါတယ္။

 

ေဆးစစ္ထားၿပီး ေဆးစစ္ခ်က္ကို တေယာက္ႏွင့္တေယာက္ အသိေပးထားျခင္းက မိမိတို႔ ၂ဦး ေလွ်ာက္လွမ္းမယ့္ဘဝခရီးလမ္းမွာ ေပၚေပါက္လာႏိုင္တဲ့ အေျခအေနမ်ားကို အတူတကြ သိရွိႏိုင္ၿပီး ညႇိညႇိႏႈိင္းႏႈိင္း ႀကိဳတင္ျပင္ဆင္ကာ ေပ်ာ္႐ႊင္စရာေကာင္းေသာ ခ်စ္ခရီးလမ္းကို ေလွ်ာက္လွမ္းႏိုင္ၾကပါေစ ဟုဆုမြန္ေကာင္းေတာင္းလိုက္ပါတယ္။

 

D r . M a y (ၿမိဳ႕ျပက်န္းမာေရး)

Leave a Reply

Your email address will not be published. Required fields are marked *