အဖျားကြီး၍တက်ခြင်း

 

တချို့သောခလေးတွေဟာ အဖျားကြီးတဲ့ အချိန်မှာ တက်လေ့ရှိပါတယ်။ အဖျားကြီး၍ တက်ခြင်း လို့ သတ်မှတ်ချင်ပါက အောက်ပါအချက်အလက်များနဲ့ ပြည့်စုံဖို့လိုပါတယ်။

 

၁) အဖျားစရှိတဲ့ ၂၄နာရီအတွင်း ကိုယ် အပူချိန်အမြင့်ဆုံးအချိန်တွင်တက်ခြင်း
၂)တက်တာ ၅မိနစ်ထက် ပိုမကြာခြင်း
၃) ခြေလက်များတောင့်တင်းနေခြင်း
၄) မျက်ဖြူလှန်ခြင်း
၅) ဆီးထွက်ကျခြင်း
၆) လျှာကိုက်မိခြင်း
၇)တက်ပြီးနောက်ခလေးက သတိလစ်ခြင်း မရှိဘဲ ပုံမှန်အတိုင်း ပြန်ဖြစ်ခြင်း တို့ရှိရပါမယ်။ ဒါ့ကြောင့် အဖျားကြီး၍ တက်ခြင်းသည် ဦးနှောက်နှင့်အာရုံကြောချို့ယွင်းခြင်း မရှိပါ။ ယေဘူယျအားဖြင့် အဖျားကြီး၍တက်ခြင်းမှာ အသက်အန္တရာယ်စိုးရိမ်စရာမရှိပါ။ အဖျားကြီး၍တက်ခြင်းကို ခလေး အသက် ၆လမှ၅နှစ်အရွယ်အတွင်းဖြစ်လေ့ရှိပြီး ယောကျာ်းလေးများတွင် ပို ဖြစ်တတ်ပါတယ်။

 

အဖျားကြီး၍တက်ခြင်းဖြစ်စေသော အကြောင်းအရာများမှာ

 

၁) ဗိုင်းရပ်စ်ပိုးဝင်ခြင်း
၂) ခလေးများ ကာကွယ်ဆေးထိုးပြီး နောက် အဖျားတက်ခြင်း
၃) မျိုးရိုးလိုက်ခြင်း အစရှိသည်တို့ကြောင့် ဖြစ်ပါတယ်။

 

အဖျားကြီ၍တက်ခြင်း ၏ နောက်ဆက်တွဲဆိုးကျိုးများ

 

အဓိက နောက်ဆွဲတွဲပြဿနာကတော့ နောက်တစ်ကြိမ် အဖျားကြီးလျှင် လည်း ခဏခဏတက်နိုင် တတ်ပါတယ်။ သို့သော် အဖျားကြီး၍ တက်ပြီးနောက် အာရုံကြောချို့ယွင်းခြင်း၊ဉာဏ်ရည်မမှီခြင်း၊စာသင်နိုင်စွမ်းချို့ယွင်းခြင်းတို့မဖြစ်ပါ။ အဖျားကြီ၍တက်သောကြောင့် အတက်ရောဂါမဖြစ်စေပါ။

 

အဖျားကြီးပြီးတက်ခြင်းမဖြစ်အောင် ကာကွယ်လို့ရပါသလား။

 

အဖြေကတော့ ရပါတယ်။ မိမိခလေး ကိုယ်ပူလာပြီထင်ပါက အဖျားတိုင်းပါ။ အဖျားရှိပြီထင်ပါက
သောက်နိုင်လျှင် ပါရာစီတမောကို ခလေး ကိုယ်အလေးချိန် နဲ့ ချိန်ဆပြီး တိုက်ပေးပါ။ မသောက်နိုင်ပါက ဒုံးကျည် ထည့်ပေးလို့ရပါတယ်။ ရေဝတ်စိုစိုကို ပေါင်ခြံ၊ဂျိုင်းကြား၊လည်ပင်းကြားထဲ ရွဲစိုနေအောင်ရေပတ်တိုက်ပေးပါ။ အကယ်၍ သတိထားနေတဲ့ကြားက တက်လာလျှင်လဲ အရမ်းမစိုးရိမ်ပါနဲ့။ခလေးကို ဘယ်ဘက်ဘေးစောင်းပါ။ ပြီးလျှင်နီးစပ်ရာ ဆေးရုံဆေးခန်းသွားပေးပါ။

 

Dr Htet

 

[Zawgyi]

 

အဖ်ားႀကီး၍တက္ျခင္း

 

တခ်ိဳ႕ေသာခေလးေတြဟာ အဖ်ားႀကီးတဲ့ အခ်ိန္မွာ တက္ေလ့ရွိပါတယ္။ အဖ်ားႀကီး၍ တက္ျခင္း လို႔ သတ္မွတ္ခ်င္ပါက ေအာက္ပါအခ်က္အလက္မ်ားနဲ႔ ျပည့္စုံဖို႔လိုပါတယ္။

 

၁) အဖ်ားစရွိတဲ့ ၂၄နာရီအတြင္း ကိုယ္ အပူခ်ိန္အျမင့္ဆုံးအခ်ိန္တြင္တက္ျခင္း
၂)တက္တာ ၅မိနစ္ထက္ ပိုမၾကာျခင္း
၃) ေျခလက္မ်ားေတာင့္တင္းေနျခင္း
၄) မ်က္ျဖဴလွန္ျခင္း
၅) ဆီးထြက္က်ျခင္း
၆) လွ်ာကိုက္မိျခင္း
၇)တက္ၿပီးေနာက္ခေလးက သတိလစ္ျခင္း မရွိဘဲ ပုံမွန္အတိုင္း ျပန္ျဖစ္ျခင္း တို႔ရွိရပါမယ္။ ဒါ့ေၾကာင့္ အဖ်ားႀကီး၍ တက္ျခင္းသည္ ဦးေႏွာက္ႏွင့္အာ႐ုံေၾကာခ်ိဳ႕ယြင္းျခင္း မရွိပါ။ ေယဘူယ်အားျဖင့္ အဖ်ားႀကီး၍တက္ျခင္းမွာ အသက္အႏၲရာယ္စိုးရိမ္စရာမရွိပါ။ အဖ်ားႀကီး၍တက္ျခင္းကို ခေလး အသက္ ၆လမွ၅ႏွစ္အ႐ြယ္အတြင္းျဖစ္ေလ့ရွိၿပီး ေယာက်ာ္းေလးမ်ားတြင္ ပို ျဖစ္တတ္ပါတယ္။

 

အဖ်ားႀကီး၍တက္ျခင္းျဖစ္ေစေသာ အေၾကာင္းအရာမ်ားမွာ

 

၁) ဗိုင္းရပ္စ္ပိုးဝင္ျခင္း
၂) ခေလးမ်ား ကာကြယ္ေဆးထိုးၿပီး ေနာက္ အဖ်ားတက္ျခင္း
၃) မ်ိဳး႐ိုးလိုက္ျခင္း အစရွိသည္တို႔ေၾကာင့္ ျဖစ္ပါတယ္။

 

အဖ်ားႀကီ၍တက္ျခင္း ၏ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား

 

အဓိက ေနာက္ဆြဲတြဲျပႆနာကေတာ့ ေနာက္တစ္ႀကိမ္ အဖ်ားႀကီးလွ်င္ လည္း ခဏခဏတက္ႏိုင္ တတ္ပါတယ္။ သို႔ေသာ္ အဖ်ားႀကီး၍ တက္ၿပီးေနာက္ အာ႐ုံေၾကာခ်ိဳ႕ယြင္းျခင္း၊ဉာဏ္ရည္မမွီျခင္း၊စာသင္ႏိုင္စြမ္းခ်ိဳ႕ယြင္းျခင္းတို႔မျဖစ္ပါ။ အဖ်ားႀကီ၍တက္ေသာေၾကာင့္ အတက္ေရာဂါမျဖစ္ေစပါ။

 

အဖ်ားႀကီးၿပီးတက္ျခင္းမျဖစ္ေအာင္ ကာကြယ္လို႔ရပါသလား။

 

အေျဖကေတာ့ ရပါတယ္။ မိမိခေလး ကိုယ္ပူလာၿပီထင္ပါက အဖ်ားတိုင္းပါ။ အဖ်ားရွိၿပီထင္ပါက
ေသာက္ႏိုင္လွ်င္ ပါရာစီတေမာကို ခေလး ကိုယ္အေလးခ်ိန္ နဲ႔ ခ်ိန္ဆၿပီး တိုက္ေပးပါ။ မေသာက္ႏိုင္ပါက ဒုံးက်ည္ ထည့္ေပးလို႔ရပါတယ္။ ေရဝတ္စိုစိုကို ေပါင္ၿခံ၊ဂ်ိဳင္းၾကား၊လည္ပင္းၾကားထဲ ႐ြဲစိုေနေအာင္ေရပတ္တိုက္ေပးပါ။ အကယ္၍ သတိထားေနတဲ့ၾကားက တက္လာလွ်င္လဲ အရမ္းမစိုးရိမ္ပါနဲ႔။ခေလးကို ဘယ္ဘက္ေဘးေစာင္းပါ။ ၿပီးလွ်င္နီးစပ္ရာ ေဆး႐ုံေဆးခန္းသြားေပးပါ။

 

Dr Htet

Leave a Reply

Your email address will not be published. Required fields are marked *