ကျားလိင်အင်္ဂါ (Penis) ကို မလုပ်သင့်သော အချက် (၁၁)ချက်

[Unicode]

လိင်တံဆိုတာ အရမ်းကို sensitive ဖြစ်တဲ့အင်္ဂါတခုပါ။

ဒါပေမယ့်လူတွေက သူတို့ရဲ့လိင်တံကို ဆွဲဆန့်တာတို့၊အပ်နဲ့ထိုးတာတို့၊မကြာခဏသန့်ရှင်းရေးလုပ်ပေးတာတို့စတဲ့

ထူးထူးဆန်းဆန်းတွေကိုလုပ်နေကြပါတယ်။

သင့်လိင်တံကို မလုပ်သင့်တဲ့အချက် (၁၁) ချက်ကိုဖော်ပြပေးလိုက်ပါတယ်။

နောက်ဆုံးတချက်ကတော့ တော်တော်လေး ကမောက်ကမနိုင်တယ်!

၁။လိင်တံကိုတိုင်းတာခြင်း

သင့်ရဲ့လိင်တံဟာ ထောင်မတ်နေတဲ့အချိန် ၃လက်မအောက်ရောက်မနေဘူးဆိုရင် ကိုယ့်မှာရှိတဲ့ အရှည်နဲ့ကျေနပ်ကြပါ။

လိင်တံရှည်ခြင်းဟာ သင့်ရဲ့  partner စိတ်ကျေနပ်စေခြင်းနဲ့မဆိုင်တဲ့အတွက် လိင်တံအရွယ်အစားနဲ့ပတ်သတ်ပြီး စိုးရိမ်ပူပန်နေစရာမလိုပါဘူး။

၂။လိင်တံကိုဆွဲပြီး ရှည်လာအောင်လုပ်တာ

သင့်လိင်တံကို ဆွဲလိုက်ရင် ရှည်လာမယ်ပြီးတွေးနေတယ်ဆိုရင် သင့်အတွေးဟာ မှားနေပါတယ်။

ဒါတွေကိုဘယ်သူမှ သက်သေမပြထားပါဘူး။

သင်ဟာ လိင်တံကို ဆွဲဆန့်တာတို့၊လုပ်နေဦးမယ်ဆိုရင် သင့်ရဲ့အင်္ဂါနားတဝိုက်မှာရှိတဲ့

ကြွက်သားနဲ့တစ်သျှူးတွေကို ထိခိုက်ဒဏ်ရာရစေမှာပဲဖြစ်ပါတယ်။

၃။လိင်တံကြီးထွားစေသောဆေးများ

လိင်တံကိုဆွဲဆန့်လို့ဘာမှမထူးခြားလာကြ​​ ​ဘူးဆိုရင် နောက်တဆင့်အနေနဲ့ လူတွေကလိင်တံကြီးထွားစေသောဆေးတွေကိုလက်တည့်စမ်းချင်လာကြတယ်။

ဒါပေမယ့်လူတွေက အဲ့ဒီလိင်တံကြီးဆေးတွေမှာ ဟော်မုန်းတွေ၊ဗိုက်တာမင်တွေ၊သတ္တုဓာတ်တွေပါတာကိုမသိကြဘူး။ဆေးကုမ္ပဏီတွေကလည်းသင့်ကို

ဘယ်ဟော်မုန်းကြောင့်ဘယ်ဟာကဘယ်လိုကြီးလာတာဆိုပြီး ဂဃနဏ ပြောနိုင်မှာမဟုတ်ဘူး။

သင်ဆက်ပြီးဝယ်ချင်နေဦးမှာလား?

၄။လိင်ဆက်ဆံပြီးတိုင်းသင့်လိင်အင်္ဂါကိုသန့်ရှင်းဖို့မမေ့ပါနဲ့။

တကိုယ်ရည်အာသာဖြေပြီးတိုင်း၊လိင်ဆက်ဆံပြီးတိုင်း လိင်အင်္ဂါကိုဆေးကြောတတ်တဲ့အကျင့်ကိုမွေးမြူ

ကိစ္စပြီးမြောက်တဲ့အခါထွက်လာတဲ့အရည်တွေက ဘက်တီးရီးယားပိုးမွှား တွေကို ပေါက်ဖွားစေဖို့ အခြေအနေပေးနိုင်ပါတယ်။

တစ်သျှူးနဲ့သုတ်မယ့်အစား၊

ရေနဲ့ဆေးပေးပါ။

၅။ ဆပ်ပြာအပြင်းစားတွေနဲ့ လိင်တံဆေးခြင်းမှ ရှောင်ကြဥ်ပါ။

သင့်လိင်တံကိုဆေးကြောဖို့ စျေးကြီးပေးဝယ်ရတဲ့သန့်ရှင်းရေးပစ္စည်းတွေသုံးစရာမလိုပါဘူး။

ဆပ်ပြာပျော့ပျော့လေးနဲ့ ဆေးကြောပေးရင်လုံလောက်ပါပြီ။

ဓာတုပစ္စည်းများပါဝင်တဲ့ ဆပ်ပြာတွေကိုတော့မသုံးမိစေနဲ့။

အဲ့ဒါတွေက သင့်လိင်အင်္ဂါကို ယားယံစေပြီး ဓာတ်မတည့်မှုတွေဖြစ်လာနိုင်စေတယ်။

၆။ လိင်တံကို လိုတာထက်ပိုဆေးခြင်း။

လိင်တံကိုသန့်ရှင်းအောင်ထားတာက ကောင်းပါတယ်။

ဒါပေမယ့် လိုတာထက်ပိုပြီး အားထည့်ဆေးတာတွေ၊ပွတ်တိုက်တာတွေ မလုပ်သင့်ပါဘူး။

အဲ့လိုဆေးလိုက်လို့ ပွန်းပဲ့၊ပေါက်ပြဲသွားရင်၊

အဲ့ဒီကနေတဆင့် HIV တို့လို လိင်မှတဆင့်ကူးစက်သောရောဂါတွေက ဝင်ရောက်လာနိုင်ပါတယ်။

၇။ အတွင်းခံကြပ်ကြပ်ဝတ်ခြင်း။

အတွင်းခံကြပ်ကြပ်ဝတ်ခြင်းက သင့်လိင်အင်္ဂါဆီကို သွေးလည်ပတ်စေမှုနည်းစေပြီး

သုတ်ရည်ထုတ်မှုကိုနည်းစေပါတယ်။သင့်ကို မျိုးမအောင်တဲ့သူဖြစ်သွားစေနိုင်ပါတယ်။

ပြီးတော့ ဆီးခုံတဝိုက်မှာ ချွေးတွေဖြင့်အမြဲစိုနေပါက ရောဂါပိုးမွှားတွေကလည်းရှင်သန်ပေါက်ဖွားနိုင်ပါတယ်။

၈။ လိင်တံကိုဖောက်ခြင်း။

တက်တူးထိုးတာတွေ၊နားကွင်းလိုလိင်တံမှာအပေါက်ဖောက်တာတွေက သင့်လိင်တံကို ပျက်စီးစေပြီး၊

အသုံးပြုခဲ့တဲ့ပစ္စည်းတွေက မသန့်ရှင်းဘူးးဆိုရင်လည်း သင်ဟာ လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေကို ခံစားရနိုင်ပါတယ်။

၉။လိင် နှင့်ဆက်စပ်သော ကစားစရာများ

လိင်နှင့်ဆက်စပ်သောကစားစရာတွေကိုဘယ်လိုအသုံးပြုရမလဲသိရင်တော့ ပျော်ဖို့ကောင်းပါတယ်။

လူတယောက်က လိင်ကစားစရာနဲ့ကစားနေရင်း သူ့လိင်တံက ထုတ်မရတော့လို့ တန်းလန်းရင်းနဲ့ အသက်ပါဆုံးရှုံးသွားခဲ့ရတယ်လို့ သတင်းပေးပို့မှုတွေအများကြီးရှိပါတယ်။

၁၀။ဆရာဝန်ခွင့်ပြုချက်မရှိဘဲသောက်တဲ့ဆေးတွေ

တကယ်လို့သင်ဟာစိတ်ကျရောဂါအတွက် ဆေးတွေသောက်နေရတဲ့သူဆိုရင် အဲ့ဒီဆေးတွေမသောက်ခင် ဆရာဝန်နှင့်တိုင်ပင်ပါ။အဲ့လိုဆေးတွေက သင့်ကိုမြုံစေပြီး၊ဆန္ဓပြီးမြောက်စေဖို့ခက်ခဲစေပါလိမ့်မယ်။

ဆေးသောက်မယ်ဆိုသေချာစဥ်းစားပါ။မိမိဘာသာဆေးတွေမသောက်ကြပါနဲ့။

၁၁။လိင်တံကိုပုလင်းထဲထည့်ခြင်း။

မရယ်လိုက်ပါနဲ့။

အိန္ဒိယအစိုးရဆေးရုံတခုမှာ လိင်တံတွေပုလင်းထဲကထုတ်မရလို့ ကယ်ကြပါဦးဆိုပြီး ရောက်လာတဲ့သူတွေအများကြီးပါပဲတဲ့။

ဇာနည်ထွန်း(ဆေး-၂)

Source – https://www.thehealthsite.com/photo-gallery/sexual-health-things-you-should-never-do-to-your-penis-b1215-352156/

#Men’sHealth

#We_R_z_waka

[Zawgyi]

လိင္တံဆိုတာ အရမ္းကို sensitive ျဖစ္တဲ့အဂၤါတခုပါ။
ဒါေပမယ့္လူေတြက သူတို႔ရဲ႕လိင္တံကို ဆြဲဆန႔္တာတို႔၊အပ္နဲ႔ထိုးတာတို႔၊မၾကာခဏသန႔္ရွင္းေရးလုပ္ေပးတာတို႔စတဲ့
ထူးထူးဆန္းဆန္းေတြကိုလုပ္ေနၾကပါတယ္။
သင့္လိင္တံကို မလုပ္သင့္တဲ့အခ်က္ (၁၁) ခ်က္ကိုေဖာ္ျပေပးလိုက္ပါတယ္။
ေနာက္ဆုံးတခ်က္ကေတာ့ ေတာ္ေတာ္ေလး ကေမာက္ကမႏိုင္တယ္!

၁။လိင္တံကိုတိုင္းတာျခင္း
သင့္ရဲ႕လိင္တံဟာ ေထာင္မတ္ေနတဲ့အခ်ိန္ ၃လက္မေအာက္ေရာက္မေနဘူးဆိုရင္ ကိုယ့္မွာရွိတဲ့ အရွည္နဲ႔ေက်နပ္ၾကပါ။
လိင္တံရွည္ျခင္းဟာ သင့္ရဲ႕ partner စိတ္ေက်နပ္ေစျခင္းနဲ႔မဆိုင္တဲ့အတြက္ လိင္တံအ႐ြယ္အစားနဲ႔ပတ္သတ္ၿပီး စိုးရိမ္ပူပန္ေနစရာမလိုပါဘူး။

၂။လိင္တံကိုဆြဲၿပီး ရွည္လာေအာင္လုပ္တာ
သင့္လိင္တံကို ဆြဲလိုက္ရင္ ရွည္လာမယ္ၿပီးေတြးေနတယ္ဆိုရင္ သင့္အေတြးဟာ မွားေနပါတယ္။
ဒါေတြကိုဘယ္သူမွ သက္ေသမျပထားပါဘူး။
သင္ဟာ လိင္တံကို ဆြဲဆန႔္တာတို႔၊လုပ္ေနဦးမယ္ဆိုရင္ သင့္ရဲ႕အဂၤါနားတဝိုက္မွာရွိတဲ့
ႂကြက္သားနဲ႔တစ္သွ်ဴးေတြကို ထိခိုက္ဒဏ္ရာရေစမွာပဲျဖစ္ပါတယ္။

၃။လိင္တံႀကီးထြားေစေသာေဆးမ်ား
လိင္တံကိုဆြဲဆန္႔လို႔ဘာမွမထူးျခားလာၾက ဘူးဆိုရင္ ေနာက္တဆင့္အေနနဲ႔ လူေတြကလိင္တံႀကီးထြားေစေသာေဆးေတြကိုလက္တည့္စမ္းခ်င္လာၾကတယ္။
ဒါေပမယ့္လူေတြက အဲ့ဒီလိင္တံႀကီးေဆးေတြမွာ ေဟာ္မုန္းေတြ၊ဗိုက္တာမင္ေတြ၊သတၱဳဓာတ္ေတြပါတာကိုမသိၾကဘူး။ေဆးကုမၸဏီေတြကလည္းသင့္ကို
ဘယ္ေဟာ္မုန္းေၾကာင့္ဘယ္ဟာကဘယ္လိုႀကီးလာတာဆိုၿပီး ဂဃနဏ ေျပာႏိုင္မွာမဟုတ္ဘူး။
သင္ဆက္ၿပီးဝယ္ခ်င္ေနဦးမွာလား?

၄။လိင္ဆက္ဆံၿပီးတိုင္းသင့္လိင္အဂၤါကိုသန္႔ရွင္းဖို႔မေမ့ပါနဲ႔။
တကိုယ္ရည္အာသာေျဖၿပီးတိုင္း၊လိင္ဆက္ဆံၿပီးတိုင္း လိင္အဂၤါကိုေဆးေၾကာတတ္တဲ့အက်င့္ကိုေမြးျမဴ
ကိစၥၿပီးေျမာက္တဲ့အခါထြက္လာတဲ့အရည္ေတြက ဘက္တီးရီးယားပိုးမႊား ေတြကို ေပါက္ဖြားေစဖို႔ အေျခအေနေပးႏိုင္ပါတယ္။
တစ္သွ်ဴးနဲ႔သုတ္မယ့္အစား၊
ေရနဲ႔ေဆးေပးပါ။

၅။ ဆပ္ျပာအျပင္းစားေတြနဲ႔ လိင္တံေဆးျခင္းမွ ေရွာင္ၾကဥ္ပါ။
သင့္လိင္တံကိုေဆးေၾကာဖို႔ ေစ်းႀကီးေပးဝယ္ရတဲ့သန္႔ရွင္းေရးပစၥည္းေတြသုံးစရာမလိုပါဘူး။
ဆပ္ျပာေပ်ာ့ေပ်ာ့ေလးနဲ႔ ေဆးေၾကာေပးရင္လုံေလာက္ပါၿပီ။
ဓာတုပစၥည္းမ်ားပါဝင္တဲ့ ဆပ္ျပာေတြကိုေတာ့မသုံးမိေစနဲ႔။
အဲ့ဒါေတြက သင့္လိင္အဂၤါကို ယားယံေစၿပီး ဓာတ္မတည့္မႈေတြျဖစ္လာႏိုင္ေစတယ္။

၆။ လိင္တံကို လိုတာထက္ပိုေဆးျခင္း။
လိင္တံကိုသန္႔ရွင္းေအာင္ထားတာက ေကာင္းပါတယ္။
ဒါေပမယ့္ လိုတာထက္ပိုၿပီး အားထည့္ေဆးတာေတြ၊ပြတ္တိုက္တာေတြ မလုပ္သင့္ပါဘူး။
အဲ့လိုေဆးလိုက္လို႔ ပြန္းပဲ့၊ေပါက္ၿပဲသြားရင္၊
အဲ့ဒီကေနတဆင့္ HIV တို႔လို လိင္မွတဆင့္ကူးစက္ေသာေရာဂါေတြက ဝင္ေရာက္လာႏိုင္ပါတယ္။

၇။ အတြင္းခံၾကပ္ၾကပ္ဝတ္ျခင္း။
အတြင္းခံၾကပ္ၾကပ္ဝတ္ျခင္းက သင့္လိင္အဂၤါဆီကို ေသြးလည္ပတ္ေစမႈနည္းေစၿပီး
သုတ္ရည္ထုတ္မႈကိုနည္းေစပါတယ္။သင့္ကို မ်ိဳးမေအာင္တဲ့သူျဖစ္သြားေစႏိုင္ပါတယ္။
ၿပီးေတာ့ ဆီးခုံတဝိုက္မွာ ေခြၽးေတြျဖင့္အၿမဲစိုေနပါက ေရာဂါပိုးမႊားေတြကလည္းရွင္သန္ေပါက္ဖြားႏိုင္ပါတယ္။

၈။ လိင္တံကိုေဖာက္ျခင္း။
တက္တူးထိုးတာေတြ၊နားကြင္းလိုလိင္တံမွာအေပါက္ေဖာက္တာေတြက သင့္လိင္တံကို ပ်က္စီးေစၿပီး၊
အသုံးျပဳခဲ့တဲ့ပစၥည္းေတြက မသန္႔ရွင္းဘူးးဆိုရင္လည္း သင္ဟာ လိင္မွတဆင့္ကူးစက္တတ္တဲ့ေရာဂါေတြကို ခံစားရႏိုင္ပါတယ္။

၉။လိင္ ႏွင့္ဆက္စပ္ေသာ ကစားစရာမ်ား
လိင္ႏွင့္ဆက္စပ္ေသာကစားစရာေတြကိုဘယ္လိုအသုံးျပဳရမလဲသိရင္ေတာ့ ေပ်ာ္ဖို႔ေကာင္းပါတယ္။
လူတေယာက္က လိင္ကစားစရာနဲ႔ကစားေနရင္း သူ႔လိင္တံက ထုတ္မရေတာ့လို႔ တန္းလန္းရင္းနဲ႔ အသက္ပါဆုံးရႈံးသြားခဲ့ရတယ္လို႔ သတင္းေပးပို႔မႈေတြအမ်ားႀကီးရွိပါတယ္။

၁၀။ဆရာဝန္ခြင့္ျပဳခ်က္မရွိဘဲေသာက္တဲ့ေဆးေတြ
တကယ္လို႔သင္ဟာစိတ္က်ေရာဂါအတြက္ ေဆးေတြေသာက္ေနရတဲ့သူဆိုရင္ အဲ့ဒီေဆးေတြမေသာက္ခင္ ဆရာဝန္ႏွင့္တိုင္ပင္ပါ။အဲ့လိုေဆးေတြက သင့္ကိုၿမဳံေစၿပီး၊ဆႏၶၿပီးေျမာက္ေစဖို႔ခက္ခဲေစပါလိမ့္မယ္။
ေဆးေသာက္မယ္ဆိုေသခ်ာစဥ္းစားပါ။မိမိဘာသာေဆးေတြမေသာက္ၾကပါနဲ႔။

၁၁။လိင္တံကိုပုလင္းထဲထည့္ျခင္း။
မရယ္လိုက္ပါနဲ႔။
အိႏၵိယအစိုးရေဆး႐ုံတခုမွာ လိင္တံေတြပုလင္းထဲကထုတ္မရလို႔ ကယ္ၾကပါဦးဆိုၿပီး ေရာက္လာတဲ့သူေတြအမ်ားႀကီးပါပဲတဲ့။

ဇာနည္ထြန္း(ေဆး-၂)
Source – https://www.thehealthsite.com/photo-gallery/sexual-health-things-you-should-never-do-to-your-penis-b1215-352156/
#Men’sHealth
#We_R_z_waka

Leave a Reply

Your email address will not be published. Required fields are marked *