ကျန်းမာရေးအရ လျစ်လျူမရှုသင့်သော အချက် (၇)ချက်

 

  • (၁) အကြောင်းအရင်းမရှိ ဝိတ်ကျသွားခြင်း

 

ကျန်းမာတဲ့လူတစ်ယောက်ဟာ အကြောင်းအရင်းမရှိ ဝိတ်ကျသွားတယ်ဆိုတာ အိမ်မက်ထဲမှာပဲ ရှိပါလိမ့်မယ်။ သင်ဟာ ဝိတ်ချနေတာလဲ မဟုတ်ပဲ ဝိတ်ကျသွားတယ်ဆိုရင်တော့ အဲ့ဒါဟာ သင့်ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ကိုယ်ခန္ဒာကပြောတဲ့ ဘာသာစကားတစ်ခုပဲဖြစ်ပါတယ်။ ၆ လကနေ ၁ နှစ်အတွင်း သင့်ကိုယ်အလေးချိန်ရဲ့ ၅% (သို့) ၁၀ ပေါင်အထက် ကျသွားတယ်ဆိုရင်တော့ သင်ဟာ ဆရာဝန်နဲ့တိုင်ပင်ဖို့ လိုနေပါပြီ။ အကြောင်းအရင်းမရှိဝိတ်ကျခြင်း (unexplained weight loss) ကို ဖြစ်စေတဲ့ ရောဂါများစွာရှိပေမယ့် အဖြစ်များတာကတော့ ဟိုက်ပါသိုင်းရွိုက်ရောဂါ၊ ဆီးချိုရောဂါ၊ စိတ်ကျရောဂါ၊ အသည်းရောဂါ၊ ကင်ဆာအမျိုးမျိုး တို့ကြောင့် ဝိတ်ကျသွားနိုင်ပါတယ်။

 

  • (၂) ကြာရှည်နေသော အဖျား

 

ဖျားတယ်ဆိုတာက အရမ်းစိုးရိမ်စရာ ကိစ္စမဟုတ်ပေမယ့် အဖျားရက်ကြာနေတာကတော့ သင့်မှာ ပုန်းကွယ်နေတဲ့ ရောဂါ တစ်ခုခု ရှိနေပြီဆိုတာကို ပြနေတာဖြစ်နိုင်ပါတယ်။ ဥပမာ ဆီးပိုးဝင်ခြင်း၊ တီဘီရောဂါများ၊ တိုက်ဖွိုက်ရောဂါများ၊ ငှက်ဖျား စတဲ့ ရောဂါတွေမှာ အဖျားရက်ကြာနေတတ်ပြီး အချို့သော ကင်ဆာများ (eg; lymphoma) မှာလဲ အဖျားရက်ကြာတတ်ပါတယ်။

 

  • (၃) အသက်ရှူတိုခြင်း၊ မြန်ခြင်း

 

လေ့ကျင့်ခန်း ပြင်းထန်စွာလုပ်ခြင်း၊ အဝလွန်ခြင်း၊ အပူကြီးခြင်း စတဲ့ အခြေအနေတွေကလွဲ ကျန်တဲ့ အခြေအနေမှာ အသက်ရှူတိုခြင်း၊ မြန်ခြင်းဟာ ကောင်းတဲ့ လက္ခဏာတစ်ခု မဟုတ်ပါဘူး။ အကယ်၍သင် (သို့) သင့်ပတ်ဝန်းကျင်မှာ လူတစ်ယောက်ဟာ အသက်ရှူမြန်နေတယ်ဆိုရင် မဆိုင်းမတွပဲ ဆေးရုံပို့သင့်ပါတယ်။ နာတာရှည် အဆုတ်ရောဂါ (Chronic obstructive pulmonary disease)၊ ရင်ကြပ်ရောဂါ ( Asthma)၊ နမိုနီးယား (pneumonia)၊ အဆုတ်ထဲတွင်သွေးလုံးပိတ်ခြင်း (pulmonary embolism) စတဲ့ နှလုံးနဲ့ ဆက်စပ်တဲ့ ရောဂါများစွာကလည်း အသက်ရှုမြန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

 

  • (၄) ဝမ်းသွားခြင်းပုံစံ ပြောင်းလဲသွားခြင်း

 

သင့်ရဲ့ ဝမ်းသွားတာဟာ အရင်ကနဲ့မတူဘူး၊ ပြောင်းလဲသွားမယ်ဆိုရင်တော့ သင်သတိထားသင့်ပါပြီ။ သွေးအရောင် (သို့) ဝမ်းမဲမဲသွားခြင်း၊ ကာလကြာရှည်ဝမ်းသွားနေခြင်း၊ ဝမ်းချုပ်နေခြင်း၊ ဝမ်းမထွက်သော်လည်း ဝမ်းခဏခဏသွားချင်သော်လည်း ဝမ်းမထွက်ခြင်း စတာတွေရှိလာရင်တော့ သတိပြုသင့်ပါတယ်။ အစာအိမ် လမ်းကြောင်းသွေးယိုခြင်း၊ အူမကြီးကင်ဆာတို့ဟာ ဝမ်းသွားခြင်းပုံစံကို ပြောင်းလဲစေနိုငပါတယ်။

 

  • (၅) လူမှုဆက်ဆံရေးပြောင်းလဲခြင်း

 

ရုတ်တရက် တွေးခေါ်မှုပိုင်းဆိုင်ရာ ကျဆင်းလာမယ်၊ အာရုံစိုက်ဖို့ ခက်ခဲလာမယ်၊ ပတ်ဝန်းကျင်က လူတွေက ပြောယူရလောက်အောင် အပြုအမူတွေ ပြောင်းလာမယ်ဆိုရင်တော့ သင်ဟာ စိတ်ကျရောဂါ (သို့) စိတ်ကစဉ့်ကလျားရောဂါ စတဲ့ အခြေအနေတွေ ခံစားနေရနိုင်ပါတယ်။

 

  • (၆) အစာနည်းနည်းလေးစားပြီး ပြည့်အင့်နေခြင်း

 

သင်ဟာ သာမန်စားနေကျပမာဏရဲ့ တစ်ဝက်လောက်တောင်မရှိသေးခင် ဗိုက်တအားပြည့်အင့် နေမယ်ဆိုရင်တော့ သင့်မှာ အစာအိမ်လမ်းကြောင်းဆိုင်ရာ ပြဿနာတစ်ခုခုရှိနေနိုင်ပါတယ်။ ဗိုက်ပြည့်အင့်ခြင်း နဲ့ အတူတူ ပျို့ခြင်း၊အန်ခြင်းတွေပါ ရှိလာနိုင်ပြီး ဒီလိုအခြေအနေကို အစာအိမ်အနာရှိသူများ၊ အစာအိမ်အက်စစ် ပျို့အန်တတ်သူများ စတဲ့ သူတွေမှာတွေရပါတယ်။

 

  • (၇) မျက်လုံးထဲမှာ မီးရောင်များ တစ်ခါတရံလက်သွားခြင်း

 

ဘာအကြောင်းပြချက်မှမရှိပဲ တစ်ခါတစ်ရံ သင့်မျက်လုံးထဲမှာ မီးရောင် ဖျတ်ခနဲ့ လက်သွားခြင်းက နာတာရှည်ခေါင်းတစ်ခြမ်း ကိုက်ခြင်း (migraine) ရောဂါဖြစ်နိုင်လို့ ဖော်ပြနေပါတယ်။ အခြားအခြေအနေများ ကြောင့်လဲ ဖြစ်ပေါ်နိုင်ပြီး ရုတ်တရက် အမြင်အာရုံဆုံးရှုံးနိုင်ပါတယ်။

 

https://www.mayoclinic.org/healthy-lifestyle/adult-health/in-depth/symptoms-not-to-ignore/art-20045276

 

by

Stevem

 

[Zawgyi]

 

ကျန်းမာရေးအရ လျစ်လျူမရှုသင့်သော အချက် (၇)ချက်

 

  • (၁) အေၾကာင္းအရင္းမရွိ ဝိတ္က်သြားျခင္း

 

က်န္းမာတဲ့လူတစ္ေယာက္ဟာ အေၾကာင္းအရင္းမရွိ ဝိတ္က်သြားတယ္ဆိုတာ အိမ္မက္ထဲမွာပဲ ရွိပါလိမ့္မယ္။ သင္ဟာ ဝိတ္ခ်ေနတာလဲ မဟုတ္ပဲ ဝိတ္က်သြားတယ္ဆိုရင္ေတာ့ အဲ့ဒါဟာ သင့္က်န္းမာေရးနဲ႔ ပတ္သတ္ၿပီး ကိုယ္ခႏၵာကေျပာတဲ့ ဘာသာစကားတစ္ခုပဲျဖစ္ပါတယ္။ ၆ လကေန ၁ ႏွစ္အတြင္း သင့္ကိုယ္အေလးခ်ိန္ရဲ႕ ၅% (သို႔) ၁၀ ေပါင္အထက္ က်သြားတယ္ဆိုရင္ေတာ့ သင္ဟာ ဆရာဝန္နဲ႔တိုင္ပင္ဖို႔ လိုေနပါၿပီ။ အေၾကာင္းအရင္းမရွိဝိတ္က်ျခင္း (unexplained weight loss) ကို ျဖစ္ေစတဲ့ ေရာဂါမ်ားစြာရွိေပမယ့္ အျဖစ္မ်ားတာကေတာ့ ဟိုက္ပါသိုင္း႐ြိဳက္ေရာဂါ၊ ဆီးခ်ိဳေရာဂါ၊ စိတ္က်ေရာဂါ၊ အသည္းေရာဂါ၊ ကင္ဆာအမ်ိဳးမ်ိဳး တို႔ေၾကာင့္ ဝိတ္က်သြားႏိုင္ပါတယ္။

 

  • (၂) ၾကာရွည္ေနေသာ အဖ်ား

 

ဖ်ားတယ္ဆိုတာက အရမ္းစိုးရိမ္စရာ ကိစၥမဟုတ္ေပမယ့္ အဖ်ားရက္ၾကာေနတာကေတာ့ သင့္မွာ ပုန္းကြယ္ေနတဲ့ ေရာဂါ တစ္ခုခု ရွိေနၿပီဆိုတာကို ျပေနတာျဖစ္ႏိုင္ပါတယ္။ ဥပမာ ဆီးပိုးဝင္ျခင္း၊ တီဘီေရာဂါမ်ား၊ တိုက္ဖြိဳက္ေရာဂါမ်ား၊ ငွက္ဖ်ား စတဲ့ ေရာဂါေတြမွာ အဖ်ားရက္ၾကာေနတတ္ၿပီး အခ်ိဳ႕ေသာ ကင္ဆာမ်ား (eg; lymphoma) မွာလဲ အဖ်ားရက္ၾကာတတ္ပါတယ္။

 

  • (၃) အသက္ရႉတိုျခင္း၊ ျမန္ျခင္း

 

ေလ့က်င့္ခန္း ျပင္းထန္စြာလုပ္ျခင္း၊ အဝလြန္ျခင္း၊ အပူႀကီးျခင္း စတဲ့ အေျခအေနေတြကလြဲ က်န္တဲ့ အေျခအေနမွာ အသက္ရႉတိုျခင္း၊ ျမန္ျခင္းဟာ ေကာင္းတဲ့ လကၡဏာတစ္ခု မဟုတ္ပါဘူး။ အကယ္၍သင္ (သို႔) သင့္ပတ္ဝန္းက်င္မွာ လူတစ္ေယာက္ဟာ အသက္ရႉျမန္ေနတယ္ဆိုရင္ မဆိုင္းမတြပဲ ေဆး႐ုံပို႔သင့္ပါတယ္။ နာတာရွည္ အဆုတ္ေရာဂါ (Chronic obstructive pulmonary disease)၊ ရင္ၾကပ္ေရာဂါ ( Asthma)၊ နမိုနီးယား (pneumonia)၊ အဆုတ္ထဲတြင္ေသြးလုံးပိတ္ျခင္း (pulmonary embolism) စတဲ့ ႏွလုံးနဲ႔ ဆက္စပ္တဲ့ ေရာဂါမ်ားစြာကလည္း အသက္ရႈျမန္ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။

 

  • (၄) ဝမ္းသြားျခင္းပုံစံ ေျပာင္းလဲသြားျခင္း

 

သင့္ရဲ႕ ဝမ္းသြားတာဟာ အရင္ကနဲ႔မတူဘူး၊ ေျပာင္းလဲသြားမယ္ဆိုရင္ေတာ့ သင္သတိထားသင့္ပါၿပီ။ ေသြးအေရာင္ (သို႔) ဝမ္းမဲမဲသြားျခင္း၊ ကာလၾကာရွည္ဝမ္းသြားေနျခင္း၊ ဝမ္းခ်ဳပ္ေနျခင္း၊ ဝမ္းမထြက္ေသာ္လည္း ဝမ္းခဏခဏသြားခ်င္ေသာ္လည္း ဝမ္းမထြက္ျခင္း စတာေတြရွိလာရင္ေတာ့ သတိျပဳသင့္ပါတယ္။ အစာအိမ္ လမ္းေၾကာင္းေသြးယိုျခင္း၊ အူမႀကီးကင္ဆာတို႔ဟာ ဝမ္းသြားျခင္းပုံစံကို ေျပာင္းလဲေစႏိုငပါတယ္။

 

  • (၅) လူမႈဆက္ဆံေရးေျပာင္းလဲျခင္း

 

႐ုတ္တရက္ ေတြးေခၚမႈပိုင္းဆိုင္ရာ က်ဆင္းလာမယ္၊ အာ႐ုံစိုက္ဖို႔ ခက္ခဲလာမယ္၊ ပတ္ဝန္းက်င္က လူေတြက ေျပာယူရေလာက္ေအာင္ အျပဳအမူေတြ ေျပာင္းလာမယ္ဆိုရင္ေတာ့ သင္ဟာ စိတ္က်ေရာဂါ (သို႔) စိတ္ကစဥ့္ကလ်ားေရာဂါ စတဲ့ အေျခအေနေတြ ခံစားေနရႏိုင္ပါတယ္။

 

  • (၆) အစာနည္းနည္းေလးစားၿပီး ျပည့္အင့္ေနျခင္း

 

သင္ဟာ သာမန္စားေနက်ပမာဏရဲ႕ တစ္ဝက္ေလာက္ေတာင္မရွိေသးခင္ ဗိုက္တအားျပည့္အင့္ ေနမယ္ဆိုရင္ေတာ့ သင့္မွာ အစာအိမ္လမ္းေၾကာင္းဆိုင္ရာ ျပႆနာတစ္ခုခုရွိေနႏိုင္ပါတယ္။ ဗိုက္ျပည့္အင့္ျခင္း နဲ႔ အတူတူ ပ်ိဳ႕ျခင္း၊အန္ျခင္းေတြပါ ရွိလာႏိုင္ၿပီး ဒီလိုအေျခအေနကို အစာအိမ္အနာရွိသူမ်ား၊ အစာအိမ္အက္စစ္ ပ်ိဳ႕အန္တတ္သူမ်ား စတဲ့ သူေတြမွာေတြရပါတယ္။

 

  • (၇) မ်က္လုံးထဲမွာ မီးေရာင္မ်ား တစ္ခါတရံလက္သြားျခင္း

 

ဘာအေၾကာင္းျပခ်က္မွမရွိပဲ တစ္ခါတစ္ရံ သင့္မ်က္လုံးထဲမွာ မီးေရာင္ ဖ်တ္ခနဲ႔ လက္သြားျခင္းက နာတာရွည္ေခါင္းတစ္ျခမ္း ကိုက္ျခင္း (migraine) ေရာဂါျဖစ္ႏိုင္လို႔ ေဖာ္ျပေနပါတယ္။ အျခားအေျခအေနမ်ား ေၾကာင့္လဲ ျဖစ္ေပၚႏိုင္ၿပီး ႐ုတ္တရက္ အျမင္အာ႐ုံဆုံးရႈံးႏိုင္ပါတယ္။

 

https://www.mayoclinic.org/healthy-lifestyle/adult-health/in-depth/symptoms-not-to-ignore/art-20045276

 

by

Stevem

Leave a Reply

Your email address will not be published. Required fields are marked *