နေ့စဉ်ခရမ်းချဉ်သီးဖျော်ရေ သောက်သုံးခြင်းက သွေးပေါင်ချိန်ကို ကျဆင်းစေနိုင်

 

Food Science and Nutrition မှ ထုတ်ပြန်သော သတင်းတစ်ခုအရ လူတစ်ယောက်ဟာ ဆားမပါသော ခရမ်းချဉ်သီးဖျော်ရည်ကို နေ့စဉ် ဖန်ခွက်တစ်ခွက်ခန့် သောက်သုံးမယ်ဆိုရင် ၁၂ လအကြာမှာ သွေးပေါင်ချိန် သိသိသာသာ ကျဆင်းနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် နှလုံးသွေးကြောကျဉ်းရောဂါနှင့် အခြားသော သွေးကြောကျဉ်းရောဂါတွေ အများကြီးကို ဖြစ်စေနိုင်တယ့် LDL cholesterol ကိုလဲ ကျဆင်းစေနိုင် တယ်လို့ ဆိုပါတယ်။

 

နှစ်စဉ်နှစ်တိုင်းမှာ လူပေါင်း 610,000 ခန့်ဟာ နှလုံးရောဂါနဲ့ သေဆုံးနေကြပြီး နှလုံးသွေးကြောရောဂါ ခံစားရသူ ၄ ယောက်မှာ တစ်ယောက်နှုန်း သေဆုံးနေကြပါတယ်။ ဒါ့ကြောင့် ပညာရှင်များဟာ ခရမ်းချဉ်သီး ဖျော်ရည်ကဲ့သို့သော လွယ်ကူသော ဓာတ်စာများကို လိုက်လံရှာဖွေနေကြတာ ဖြစ်ပါတယ်။

 

ယခုလေ့လာစမ်းသပ်မှုမှာ အမျိုးသား 184 ဦးနဲ့ အမျိုးသမီး 297 ဦးတို့ ပါဝင်ခဲ့ကြပြီး သူတို့ကို ခရမ်းချဉ်သီး ဖျော်ရည် သောက်သုံးစေကာ သောက်သုံးသည့် ပမာဏနှင့် အခြေအနေတွေကို သုံးလတစ်ကြိမ် စစ်ဆေးခဲ့ပါတယ်။ လေ့လာစမ်းသပ်မှု အဆုံးမှာ 94 ဦးသော စမ်းသပ်ခံလူသားများဟာ ယခင်က သွေးတိုးရောဂါ ရှိသူများဖြစ်ပြီး လေ့လာစမ်းသပ်မှု အဆုံးမှာတော့ သွေးပေါင်ချိန်သိသိသာသာ ကျဆင်းသွားတာကို တွေ့ရပါတယ်။ ခရမ်းချဉ်သီးဖျော်ရည် မသောက်သုံးခင်က အပေါ်သွေး (Systolic blood pressure) 141.2 မှ သောက်သုံးပြီးအချိန်မှာ 137 mmHg အထိ ကျဆင်းသွားပြီ အောက်သွေး (Diastolic blood pressure) 83.3 မှ သောက်သုံးပြီးချိန်မှာ 80.9mmHg အထိ ကျဆင်းသွားကြောင်းတွေ့ရပါတယ်။ ပုံမှန်ကြည့်လိုက်ရင်တော့ အများကြီး မကျသွားပေမယ့် Stage II သွေးတိုးဖြစ်တော့မယ့်သူ တစ်ယောက်ကို Stage I သွေးတိုးပဲ ဖြစ်အောင် ထိန်းပေးထားပါတယ်။ အခြားလေ့လာမှု အုပ်စုတစ်ခုမှာတော့ သူတို့ရဲ့ cholesterol အဆင့်ဟာ 155 မှ 149 အထိကျဆင်းသွားကြောင်းတွေ့ရပါတယ်။

 

ဒါ့အပြင် ဘာဂါ၊ ဆော့စ်၊ ပီဇာ စတဲ့ အဓိက အစားအစာတွေမှာ အတော်လေးပါတဲ့ အရသာရှိတဲ့ ခရမ်းချဉ်သီးဟာ ကျန်းမာရေးအတွက် များစွာ အကျိုးရှိပါတယ်။ သူဟာ သွေးပေါင်ချိန်ကို ကျစေရုံသာမက vitamin C နဲ့ B နဲ့ပါ အလွန်ကြွယ်ဝတယ်လို့ ဆိုပါတယ်။ Carotenod အမျိုးအနွယ်ဝင်ဖြစ်တဲ့ Lycopene ဟာ အလွန်ပဲ အစွမ်းထက်တဲ့ သက်စောင့်ဓာတ်တစ်မျိုးဖြစ်ပြီး ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။

 

ခရမ်းချဉ်သီးရဲ့ နောက်ထပ် ထူးခြားတဲ့ အာနိသင်တစ်ခုကတော့ မျိုးအောင်နှုန်းကို မြင့်တက်စေပါတယ် လို့ မျိုးပွားပညာဆိုင်ရာ ကျွမ်းကျင်သူ Lauren Manaker ကဆိုပါတယ်။ ခရမ်းချဉ်သီးဖျော်ရည်ကို တစ်နေ့တစ်ခွက် နေ့စဉ်သောက်သုံးသူအမျိုးသားများရဲ့ သုတ်ပိုးဟာ သာမန်အမျိုးသားများထက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ပြီး မျိုးအောင်ဖို့ အလွန်အလားအလာကောင်းတယ်လို့ ဆိုပါတယ်။ ခရမ်းချဉ်သီးဖျော်ရည်ကို ဒီအတိုင်းမသောက်ပဲ သံလွင်ဆီ စစ်စစ်နဲ့သာ ရောသောက်မယ်ဆိုရင် အလွန်ပဲ တန်ဖိုးရှိတဲ့ ဓာတ်စာတစ်ခွက်ဖြစ်ပါလိမ့်မယ်လို့ Stella Metsovas က ဖော်ပြထားပါတယ်။

 

https://www.healthline.com/health-news/want-to-lower-your-blood-pressure-drink-unsalted-tomato-juice#The-bottom-line

 

By
Steven

 

 

[Zawgyi]

 

နေ့စဉ်ခရမ်းချဉ်သီးဖျော်ရေ သောက်သုံးခြင်းက သွေးပေါင်ချိန်ကို ကျဆင်းစေနိုင်

 

Food Science and Nutrition မွ ထုတ္ျပန္ေသာ သတင္းတစ္ခုအရ လူတစ္ေယာက္ဟာ ဆားမပါေသာ ခရမ္းခ်ဥ္သီးေဖ်ာ္ရည္ကို ေန႔စဥ္ ဖန္ခြက္တစ္ခြက္ခန႔္ ေသာက္သုံးမယ္ဆိုရင္ ၁၂ လအၾကာမွာ ေသြးေပါင္ခ်ိန္ သိသိသာသာ က်ဆင္းႏိုင္တယ္လို႔ ဆိုထားပါတယ္။ ဒါ့အျပင္ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါႏွင့္ အျခားေသာ ေသြးေၾကာက်ဥ္းေရာဂါေတြ အမ်ားႀကီးကို ျဖစ္ေစႏိုင္တယ့္ LDL cholesterol ကိုလဲ က်ဆင္းေစႏိုင္ တယ္လို႔ ဆိုပါတယ္။

 

ႏွစ္စဥ္ႏွစ္တိုင္းမွာ လူေပါင္း 610,000 ခန႔္ဟာ ႏွလုံးေရာဂါနဲ႔ ေသဆုံးေနၾကၿပီး ႏွလုံးေသြးေၾကာေရာဂါ ခံစားရသူ ၄ ေယာက္မွာ တစ္ေယာက္ႏႈန္း ေသဆုံးေနၾကပါတယ္။ ဒါ့ေၾကာင့္ ပညာရွင္မ်ားဟာ ခရမ္းခ်ဥ္သီး ေဖ်ာ္ရည္ကဲ့သို႔ေသာ လြယ္ကူေသာ ဓာတ္စာမ်ားကို လိုက္လံရွာေဖြေနၾကတာ ျဖစ္ပါတယ္။

 

ယခုေလ့လာစမ္းသပ္မႈမွာ အမ်ိဳးသား 184 ဦးနဲ႔ အမ်ိဳးသမီး 297 ဦးတို႔ ပါဝင္ခဲ့ၾကၿပီး သူတို႔ကို ခရမ္းခ်ဥ္သီး ေဖ်ာ္ရည္ ေသာက္သုံးေစကာ ေသာက္သုံးသည့္ ပမာဏႏွင့္ အေျခအေနေတြကို သုံးလတစ္ႀကိမ္ စစ္ေဆးခဲ့ပါတယ္။ ေလ့လာစမ္းသပ္မႈ အဆုံးမွာ 94 ဦးေသာ စမ္းသပ္ခံလူသားမ်ားဟာ ယခင္က ေသြးတိုးေရာဂါ ရွိသူမ်ားျဖစ္ၿပီး ေလ့လာစမ္းသပ္မႈ အဆုံးမွာေတာ့ ေသြးေပါင္ခ်ိန္သိသိသာသာ က်ဆင္းသြားတာကို ေတြ႕ရပါတယ္။ ခရမ္းခ်ဥ္သီးေဖ်ာ္ရည္ မေသာက္သုံးခင္က အေပၚေသြး (Systolic blood pressure) 141.2 မွ ေသာက္သုံးၿပီးအခ်ိန္မွာ 137 mmHg အထိ က်ဆင္းသြားၿပီ ေအာက္ေသြး (Diastolic blood pressure) 83.3 မွ ေသာက္သုံးၿပီးခ်ိန္မွာ 80.9mmHg အထိ က်ဆင္းသြားေၾကာင္းေတြ႕ရပါတယ္။ ပုံမွန္ၾကည့္လိုက္ရင္ေတာ့ အမ်ားႀကီး မက်သြားေပမယ့္ Stage II ေသြးတိုးျဖစ္ေတာ့မယ့္သူ တစ္ေယာက္ကို Stage I ေသြးတိုးပဲ ျဖစ္ေအာင္ ထိန္းေပးထားပါတယ္။ အျခားေလ့လာမႈ အုပ္စုတစ္ခုမွာေတာ့ သူတို႔ရဲ႕ cholesterol အဆင့္ဟာ 155 မွ 149 အထိက်ဆင္းသြားေၾကာင္းေတြ႕ရပါတယ္။

 

ဒါ့အျပင္ ဘာဂါ၊ ေဆာ့စ္၊ ပီဇာ စတဲ့ အဓိက အစားအစာေတြမွာ အေတာ္ေလးပါတဲ့ အရသာရွိတဲ့ ခရမ္းခ်ဥ္သီးဟာ က်န္းမာေရးအတြက္ မ်ားစြာ အက်ိဳးရွိပါတယ္။ သူဟာ ေသြးေပါင္ခ်ိန္ကို က်ေစ႐ုံသာမက vitamin C နဲ႔ B နဲ႔ပါ အလြန္ႂကြယ္ဝတယ္လို႔ ဆိုပါတယ္။ Carotenod အမ်ိဳးအႏြယ္ဝင္ျဖစ္တဲ့ Lycopene ဟာ အလြန္ပဲ အစြမ္းထက္တဲ့ သက္ေစာင့္ဓာတ္တစ္မ်ိဳးျဖစ္ၿပီး ကင္ဆာေရာဂါကို ကာကြယ္ေပးပါတယ္။

 

ခရမ္းခ်ဥ္သီးရဲ႕ ေနာက္ထပ္ ထူးျခားတဲ့ အာနိသင္တစ္ခုကေတာ့ မ်ိဳးေအာင္ႏႈန္းကို ျမင့္တက္ေစပါတယ္ လို႔ မ်ိဳးပြားပညာဆိုင္ရာ ကြၽမ္းက်င္သူ Lauren Manaker ကဆိုပါတယ္။ ခရမ္းခ်ဥ္သီးေဖ်ာ္ရည္ကို တစ္ေန႔တစ္ခြက္ ေန႔စဥ္ေသာက္သုံးသူအမ်ိဳးသားမ်ားရဲ႕ သုတ္ပိုးဟာ သာမန္အမ်ိဳးသားမ်ားထက္ စြမ္းေဆာင္ရည္ ပိုမိုေကာင္းမြန္ၿပီး မ်ိဳးေအာင္ဖို႔ အလြန္အလားအလာေကာင္းတယ္လို႔ ဆိုပါတယ္။ ခရမ္းခ်ဥ္သီးေဖ်ာ္ရည္ကို ဒီအတိုင္းမေသာက္ပဲ သံလြင္ဆီ စစ္စစ္နဲ႔သာ ေရာေသာက္မယ္ဆိုရင္ အလြန္ပဲ တန္ဖိုးရွိတဲ့ ဓာတ္စာတစ္ခြက္ျဖစ္ပါလိမ့္မယ္လို႔ Stella Metsovas က ေဖာ္ျပထားပါတယ္။

 

https://www.healthline.com/health-news/want-to-lower-your-blood-pressure-drink-unsalted-tomato-juice#The-bottom-line

 

By
Steven

 

 

Leave a Reply

Your email address will not be published. Required fields are marked *