ရာသီသွေးဆင်းများခြင်းကိုဖြစ်စေသော အကြောင်းအရင်းများ

 

  • (၁) ဟော်မုန်းဓာတ်မညီမျှခြင်း (hormone imbalance)

ပုံမှန်အားဖြင့် အမျိုးသမီးများမှာ တစ်လတခါရာသီလာတဲ့အခါမှာ သားအိမ်နံရံများ ကွာကျ ပျက်စီးပေးရပြီး ပျက်စီးသွားတဲ့ သားအိမ် နံရံတွေကို နောက်တစ်လ အတွက်ပြန်လည်တည်ဆောက်ကြပါတယ်။ ဒီလိုပြန်လည်တည်ဆောက် ရာမှာ အဓိက တာဝန်ယူရတဲ့ ဟော်မုန်းတွေကတော့ estrogen နဲ့ progesterone တို့ပဲဖြစ်ပါတယ်။ ဒီ ဟော်မုန်းတွေ မညီမျှတော့တဲ့အခါမှာ သားအိမ်နံရံကိုတည်ဆောက်ခြင်းဟာ သာမန်ထပ်ပိုထူသွားပြီး ရာသီလာတဲ့အခါမှာတော့ အများကြီးကွာကျတာမျိုးကြောင့် သွေးအဆင်းများ တတ်ပါတယ်။ ဒီလို ဟော်မုန်းဓာတ်မညီမျှခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာများစွာရှိပါတယ်။ (ဥပမာ polycystic ovarian syndrome (PCOS)(သားဥအိမ်တွင်ရေအိပ်တည်ခြင်း), dysfunction of ovaries (မျိုးဥများအလုပ်မလုပ်ခြင်း))

 

  • (၂) သားအိမ်တွင်း အလုံးများရှိနေခြင်း ( Uterine fibroid and polyps)

ပုံမှန်အားဖြင့် သားအိမ်ဆိုတာ အခေါင်းပေါက်ပုံသဏ္ဍာန် ( hollow) ဖြစ်ပြီး ဘာမှရှိမနေတတ်ပါဘူး။ (ကိုယ်ဝန်ရှိမနေရင်ပေါ့လေ)။ ပုံမှန်မဟုတ်ပဲ သားအိမ်ထဲမှာ ကင်ဆာမဟုတ်သော အလုံးများ၊ အကျိတ်များ ရှိနေရင်လဲ ရာသီသွေးအဆင်းများတတ်ပါတယ်။

 

  • (၃) Adenomyosis

သားအိမ်၏ အတွင်းနံရံကို endometrium ဟုခေါ်သော tissue များဖြင့်ပြုလုပ်ထားပြီး သားအိမ်ကြွက်သား နံရံများကိုတော့ myometrium ဟုခေါ်သော tissue များနဲပြုလုပ်ထားပါတယ်။ Adenomyosis ဆိုတဲ့ ရောဂါမှာတော့ သားအိမ်အတွင်းနံရံတွင် ရှိရမည့် endometrial tissue များဟာ သားအိမ်ကြွက်သားနံရံများ ကြား myometrial tissue တွေထဲနေရာမှားပြီးရောက်နေတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒီလိုရောဂါမျိုးမှာ ဆိုရင်လဲ အမျိုးသမီးများဟာ ရာသီမလာခင် ကိုက်ခဲခြင်း၊ ရာသီသွေးအဆင်းများခြင်းများ ဖြစ်နိုင်ပါတယ်။

 

  • (၄) ကိုယ်ဝန်ဆောင်စဉ်ပြသနာများ

ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ (menorrhagia) သွေးအဆင်းများခဲ့မယ်ဆိုရင်တော့ အရေးပေါ်အခြေအနေ ဖြစ်ပါတယ်။ ကိုယ်ဝန်ပျက်ကျခြင်း (miscarriage) ဖြစ်နိုင်သလို၊ အချင်းအနေအထားမမှန်ခြင်း (placenta previa) တွေကလဲ သွေးအဆင်းများခြင်းကို ဖြစ်စေပါတယ်။ ( စာကြွင်း။ ။ ကိုယ်ဝန်စဆောင်စဉ်ကာလ များတွင် အချို့သော အမျိုးသမီးများတွင် ဆင်းသော သွေးအနည်းငယ်ကို မဆိုလိုပါ)။

 

  • (၅) သားအိမ်တွင်းကင်ဆာများ

သားအိမ်ကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာများတွင် သွေးအဆင်းများခြင်း ( menorrhagia) ဖြစ်ပေါ်တတ် ပါတယ်။ အကယ်၍ ရာသီသွေးဆုံးပြီးအချိန်မှ သွေးအဆင်းများမယ်ဆိုရင်တော့ ပိုမိုသတိထားရမယ့် အခြေ အနေဖြစ်ပါတယ်။

 

  • (၆) အချို့သောဆေးဝါးများ

အချို့သော ဆေးဝါးများ ( ဟော်မုန်းဆေးများ၊ သွေးကြဲများ (warfarin) ) စတဲ့ဆေးဝါးတွေကလဲ ရာသီသွေး အဆင်းများခြင်းကို ဖြစ်ပေါ်စေပါတယ်။

 

  • (၇) သားအိမ်တွင်းသုံး သန္ဒေတား ပစ္စည်း (IUD) ကြောင့်လဲ တစ်ခါတရံ ရာသီသွေးအဆင်းများခြင်းဖြစ်ပေါ် စေတတ်ပါတယ်။

အထက်ပါအခြေအနေများကတော့ အမျိုးသမီးများမှာ ရာသီသွေးအဆင်းများခြင်းကို ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းအရင်းများဖြစ်ပါတယ်။ ရာသီသွေးအဆင်းများခြင်းဟာ အန္တရာယ်ရှိနိုင်ပြီး တစ်ခါတရံ အသက်အန္တရာယ်ပါ စိုးရိမ်ရတာကြောင့် သက်ဆိုင်ရာ ဆရာဝန်နှင့်အမြန်ဆုံး တိုင်ပင်ကုသသင့်ပါတယ်။

 

https://www.mayoclinic.org/diseases-conditions/menorrhagia/symptoms-causes/syc-20352829

https://www.webmd.com/women/heavy-period-causes-treatments#1

 

By

Steven

[Zawgyi]

 

ရာသီသွေးဆင်းများခြင်းကိုဖြစ်စေသော အကြောင်းအရင်းများ

 

  • (၁) ေဟာ္မုန္းဓာတ္မညီမွ်ျခင္း (hormone imbalance)

ပုံမွန္အားျဖင့္ အမ်ိဳးသမီးမ်ားမွာ တစ္လတခါရာသီလာတဲ့အခါမွာ သားအိမ္နံရံမ်ား ကြာက် ပ်က္စီးေပးရၿပီး ပ်က္စီးသြားတဲ့ သားအိမ္ နံရံေတြကို ေနာက္တစ္လ အတြက္ျပန္လည္တည္ေဆာက္ၾကပါတယ္။ ဒီလိုျပန္လည္တည္ေဆာက္ ရာမွာ အဓိက တာဝန္ယူရတဲ့ ေဟာ္မုန္းေတြကေတာ့ estrogen နဲ႔ progesterone တို႔ပဲျဖစ္ပါတယ္။ ဒီ ေဟာ္မုန္းေတြ မညီမွ်ေတာ့တဲ့အခါမွာ သားအိမ္နံရံကိုတည္ေဆာက္ျခင္းဟာ သာမန္ထပ္ပိုထူသြားၿပီး ရာသီလာတဲ့အခါမွာေတာ့ အမ်ားႀကီးကြာက်တာမ်ိဳးေၾကာင့္ ေသြးအဆင္းမ်ား တတ္ပါတယ္။ ဒီလို ေဟာ္မုန္းဓာတ္မညီမွ်ျခင္းကို ျဖစ္ေစတဲ့ အေၾကာင္းအရာမ်ားစြာရွိပါတယ္။ (ဥပမာ polycystic ovarian syndrome (PCOS)(သားဥအိမ္တြင္ေရအိပ္တည္ျခင္း), dysfunction of ovaries (မ်ိဳးဥမ်ားအလုပ္မလုပ္ျခင္း))

 

  • (၂) သားအိမ္တြင္း အလုံးမ်ားရွိေနျခင္း ( Uterine fibroid and polyps)

ပုံမွန္အားျဖင့္ သားအိမ္ဆိုတာ အေခါင္းေပါက္ပုံသ႑ာန္ ( hollow) ျဖစ္ၿပီး ဘာမွရွိမေနတတ္ပါဘူး။ (ကိုယ္ဝန္ရွိမေနရင္ေပါ့ေလ)။ ပုံမွန္မဟုတ္ပဲ သားအိမ္ထဲမွာ ကင္ဆာမဟုတ္ေသာ အလုံးမ်ား၊ အက်ိတ္မ်ား ရွိေနရင္လဲ ရာသီေသြးအဆင္းမ်ားတတ္ပါတယ္။

 

  • (၃) Adenomyosis

သားအိမ္၏ အတြင္းနံရံကို endometrium ဟုေခၚေသာ tissue မ်ားျဖင့္ျပဳလုပ္ထားၿပီး သားအိမ္ႂကြက္သား နံရံမ်ားကိုေတာ့ myometrium ဟုေခၚေသာ tissue မ်ားနဲျပဳလုပ္ထားပါတယ္။ Adenomyosis ဆိုတဲ့ ေရာဂါမွာေတာ့ သားအိမ္အတြင္းနံရံတြင္ ရွိရမည့္ endometrial tissue မ်ားဟာ သားအိမ္ႂကြက္သားနံရံမ်ား ၾကား myometrial tissue ေတြထဲေနရာမွားၿပီးေရာက္ေနတဲ့ အေျခအေနတစ္ခုျဖစ္ပါတယ္။ ဒီလိုေရာဂါမ်ိဳးမွာ ဆိုရင္လဲ အမ်ိဳးသမီးမ်ားဟာ ရာသီမလာခင္ ကိုက္ခဲျခင္း၊ ရာသီေသြးအဆင္းမ်ားျခင္းမ်ား ျဖစ္ႏိုင္ပါတယ္။

 

  • (၄) ကိုယ္ဝန္ေဆာင္စဥ္ျပသနာမ်ား

ကိုယ္ဝန္ေဆာင္စဥ္အတြင္းမွာ (menorrhagia) ေသြးအဆင္းမ်ားခဲ့မယ္ဆိုရင္ေတာ့ အေရးေပၚအေျခအေန ျဖစ္ပါတယ္။ ကိုယ္ဝန္ပ်က္က်ျခင္း (miscarriage) ျဖစ္ႏိုင္သလို၊ အခ်င္းအေနအထားမမွန္ျခင္း (placenta previa) ေတြကလဲ ေသြးအဆင္းမ်ားျခင္းကို ျဖစ္ေစပါတယ္။ ( စာႂကြင္း။ ။ ကိုယ္ဝန္စေဆာင္စဥ္ကာလ မ်ားတြင္ အခ်ိဳ႕ေသာ အမ်ိဳးသမီးမ်ားတြင္ ဆင္းေသာ ေသြးအနည္းငယ္ကို မဆိုလိုပါ)။

 

  • (၅) သားအိမ္တြင္းကင္ဆာမ်ား

သားအိမ္ကင္ဆာႏွင့္ သားအိမ္ေခါင္းကင္ဆာမ်ားတြင္ ေသြးအဆင္းမ်ားျခင္း ( menorrhagia) ျဖစ္ေပၚတတ္ ပါတယ္။ အကယ္၍ ရာသီေသြးဆုံးၿပီးအခ်ိန္မွ ေသြးအဆင္းမ်ားမယ္ဆိုရင္ေတာ့ ပိုမိုသတိထားရမယ့္ အေျခ အေနျဖစ္ပါတယ္။

 

  • (၆) အခ်ိဳ႕ေသာေဆးဝါးမ်ား

အခ်ိဳ႕ေသာ ေဆးဝါးမ်ား ( ေဟာ္မုန္းေဆးမ်ား၊ ေသြးႀကဲမ်ား (warfarin) ) စတဲ့ေဆးဝါးေတြကလဲ ရာသီေသြး အဆင္းမ်ားျခင္းကို ျဖစ္ေပၚေစပါတယ္။

 

  • (၇) သားအိမ္တြင္းသုံး သေႏၵတား ပစၥည္း (IUD) ေၾကာင့္လဲ တစ္ခါတရံ ရာသီေသြးအဆင္းမ်ားျခင္းျဖစ္ေပၚ ေစတတ္ပါတယ္။

အထက္ပါအေျခအေနမ်ားကေတာ့ အမ်ိဳးသမီးမ်ားမွာ ရာသီေသြးအဆင္းမ်ားျခင္းကို ျဖစ္ေပၚေစတဲ့ အဓိက အေၾကာင္းအရင္းမ်ားျဖစ္ပါတယ္။ ရာသီေသြးအဆင္းမ်ားျခင္းဟာ အႏၲရာယ္ရွိႏိုင္ၿပီး တစ္ခါတရံ အသက္အႏၲရာယ္ပါ စိုးရိမ္ရတာေၾကာင့္ သက္ဆိုင္ရာ ဆရာဝန္ႏွင့္အျမန္ဆုံး တိုင္ပင္ကုသသင့္ပါတယ္။

 

https://www.mayoclinic.org/diseases-conditions/menorrhagia/symptoms-causes/syc-20352829

https://www.webmd.com/women/heavy-period-causes-treatments#1

 

By

Steven

Leave a Reply

Your email address will not be published. Required fields are marked *