ကာလသားရောဂါဆိုတာ ဘယ်လိုမျိုးလဲ?

 

Syphilis (ကာလသားရောဂါ) ဆိုတာ လိင်မှတဆင့်ကူးစက်သော ဘက်တီးရီးယားရောဂါ တမျိုးဖြစ်ပြီး၊ လိင်အင်္ဂါ၊နှလုံးနှင့် အာရုံကြောစနစ်တို့ကို ထိခိုက်စေနိုင်ပါတယ်။ ရောဂါဖြစ်ကာစမှာ နာကျင်မှုမရှိတဲ့ အနာဖုတွေ(မာ၊မနာ Chancre) ဟာပါးစပ်၊စအိုနှင့် လိင်အင်္ဂါတွေမှာ ပေါ်လာပါတယ်။ အဲ့ဒီအနာနှင့်ထိတွေ့မှုမှတဆင့် Syphilis ရောဂါဟာ တဦးမှတဦးဆီသို့ ကူးစက်ပါတော့တယ်။

 

ရောဂါဖြစ်ကာစမှာ စောစောကုသမှုခံယူလိုက်ရင် Syphilis( ကာလသားရောဂါ) ဟာကုရလွယ်ပြီး၊ ဆေးကုသမှုမခံယူခဲ့လျှင် ရောဂါဆိုးရွားလာပြီး၊ နှလုံး၊ဦးနှောက်နှင့် အခြားအင်္ဂါအစိတ်အပိုင်းတွေကို ပြင်းထန်စွာ ပျက်စီးစေပါတယ်။ Syphilis ရောဂါဟာ မိခင်မှ သန္ဓေသားလောင်းသို့ ကူးစက်နိုင်ပါတယ်။

 

ရောဂါလက္ခဏာများ

 

Syphilis ရောဂါမှာ အဆင့်(၃)ဆင့်ရှိပါတယ်။ အဆင့်တဆင့်နှင့် တဆင့်ရောဂါလက္ခဏာတွေက မတူညီကြပါဘူး။ တခါတရံ ရောဂါကူးစက်ခံထားရပေမယ့်လည်း ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်ပါတယ်။

 

အဆင့်(၁)

 

ပထမဆုံးစပြတဲ့ရောဂါလက္ခဏာက “ချန်ကာ(Chancre)” လို့ခေါ်တဲ့အနာဖုလေးပါ။ အဲ့ဒီအနာဖုလေးက ရောဂါပိုးကူးစက်ခံထားရပြီး ၃ပတ်ခန့်ဆို ပေါ်လာတတ်ပါတယ်။ အဲ့ဒီအနာဖုတွေဟာ နာတာကျဉ်တာမရှိပါဘူး၊အနာက မိန်းမအင်္ဂါနှင့်စအို မှာပေါက်နေတယ်ဆို တချို့ကသတိမထားမိကြပါဘူး။ အဲ့ဒီ အနာဖုလေးဟာ ဘာဆေးမှ မသောက်ဘဲ သူ့ဘာသာ ပြန်ကောင်းသွားနိုင်ပါတယ်။

 

အဆင့်(၂)

 

အနာဖုလေးပြန်ကောင်းသွားပြီး ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အခါမှာ ခန္ဓာကိုယ်အနှံ့ အစက်အပျောက်တွေပေါ်လာတတ်ပါတယ်။ တချို့လူတွေဆို ဆံပင်တွေကျွတ်လာပြီး၊ ကြွက်သားနာခြင်း၊ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ အရည်အိတ်များရောင်ခြင်း(swollen lymph) စသည့်ရောဂါလက္ခဏာများ တွေ့ကြုံခံစားရပါတယ်။ အဲ့ဒီရောဂါလက္ခဏာတွေဟာ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ပြန်ကောင်းသွားနိုင်ပြီး၊ မကြာခင်ပြန်ပေါ်လာနိုင်ကာ နှစ်ပေါင်းများစွာ ပေါ်လိုက်၊ပျောက်လိုက် ဖြင့်ရှိနေတတ်ပါတယ်။

 

ရောဂါလက္ခဏာမပြသောအဆင့်

 

Syphilis ရောဂါဖြစ်ပြီး ဆေးကုသမှုမခံယူခဲ့လျှင် ရောဂါဟာ ပထမအဆင့်ဒုတိယအဆင့် တို့ဖြစ်ပွားပြီးနောက် ရောဂါလက္ခဏာမပြသောအဆင့်သို့ ကူးပြောင်းသွားပါတယ်။ ဒီအဆင့်က နှစ်နဲ့ချီပြီးကြာနိုင်ပါတယ်။ တချို့တွေက ရောဂါလက္ခဏာတွေ လုံးဝမပြတော့ဘဲရှိနေပေမယ့် တချို့ကတော့ တတိယအဆင့်သို့ကူးပြောင်းသွားပြီး ပိုဆိုးတဲ့ရောဂါလက္ခဏာတွေပြလာပါတော့တယ်။

 

အဆင့်(၃)

 

ဆေးကုသမှုမခံယူထားတဲ့ syphilis ရောဂါခံစားနေရသူတွေ ၁၅%-၃၀% ဟာ နောက်ဆုံးအဆင့်သို့ရောဂါကူးပြောင်းသွားကြပါတယ်။ နောက်ဆုံးအဆင့် မှာ ဦးနှောက်၊အကြော၊မျက်လုံး၊နှလုံး၊သွေးကြော၊အသည်း၊အရိုးနှင့်အဆစ်အမြစ်တို့ ထိခိုက်ပျက်စီးလာရပါတယ်။ အဲ့ဒီရောဂါလက္ခဏာတွေကတော့ syphilis ရောဂါစစဖြစ်ခြင်းဆေးကုသမှုမခံယူဘဲ နေခဲ့ပြီး နောင် နှစ်ပေါင်းများစွာကြာမှ ပေါ်လာတတ်တာပါ။

 

မွေးရာပါ syphilis

 

Syphilis ရောဂါဟာ မိခင်မှ ဗိုက်ထဲရှိ သန္ဓသားလောင်းဆီသို့ကူးစက်စေပါတယ်။ တချို့ကလေးတွေက မွေးဖွားနေတုန်း မွေးလမ်းကြောင်းမှတဆင့် ကူးစက်နိုင်တာပါ။ ဒါကြောင့်မို့လို့ ကိုယ်ဝန်ဆောင်မိခင်တွေကို syphilis ရှိမရှိစစ်ဆေးကြတာပေါ့။ ဒါမှ ရောဂါရှိမရှိသိနိုင်ပြီး၊ အကယ်၍ ရောဂါရှိခဲ့ပါက မိခင်အားကုသမှုပေးကာ သန္ဓေသားလောင်းအား syphilis ကူးစက်ခံရစေခြင်းမှ ကြိုတင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။

 

Reference : mayoclinic.org

 

ဇာနည်ထွန်း(ဆေး-၂)

 

[Zawgyi]

 

ကာလသားေရာဂါက ဘယ္လိုမ်ိဳးလဲ?

 

Syphilis (ကာလသားေရာဂါ) ဆိုတာ လိင္မွတဆင့္ကူးစက္ေသာ ဘက္တီးရီးယားေရာဂါ တမ်ိဳးၿဖစ္ၿပီး၊ လိင္အဂၤါ၊ႏွလံုးႏွင့္ အာရံုေႀကာစနစ္တို႔ကို ထိခိုက္ေစႏိုင္ပါတယ္။ ေရာဂါၿဖစ္ကာစမွာ နာက်င္မႈမရွိတဲ့ အနာဖုေတြ(မာ၊မနာ Chancre) ဟာပါးစပ္၊စအိုႏွင့္ လိင္အဂၤါေတြမွာ ေပၚလာပါတယ္။ အဲ့ဒီအနာႏွင့္ထိေတြ႔မႈမွတဆင့္ Syphilis ေရာဂါဟာ တဦးမွတဦးဆီသို႔ ကူးစက္ပါေတာ့တယ္။

 

ေရာဂါၿဖစ္ကာစမွာ ေစာေစာကုသမႈခံယူလိုက္ရင္ Syphilis( ကာလသားေရာဂါ) ဟာကုရလြယ္ၿပီး၊ ေဆးကုသမႈမခံယူခဲ့လွ်င္ ေရာဂါဆိုးရြားလာၿပီး၊ ႏွလံုး၊ဦးေႏွာက္ႏွင့္ အၿခားအဂၤါအစိတ္အပိုင္းေတြကို ၿပင္းထန္စြာ ပ်က္စီးေစပါတယ္။ Syphilis ေရာဂါဟာ မိခင္မွ သေႏၶသားေလာင္းသို႔ ကူးစက္ႏိုင္ပါတယ္။

 

ေရာဂါလကၡဏာမ်ား

 

Syphilis ေရာဂါမွာ အဆင့္(၃)ဆင့္ရွိပါတယ္။ အဆင့္တဆင့္ႏွင့္ တဆင့္ေရာဂါလကၡဏာေတြက မတူညီႀကပါဘူး။ တခါတရံ ေရာဂါကူးစက္ခံထားရေပမယ့္လည္း ေရာဂါလကၡဏာမၿပဘဲ ရွိေနတတ္ပါတယ္။

 

အဆင့္(၁)

 

ပထမဆံုးစၿပတဲ့ေရာဂါလကၡဏာက “ခ်န္ကာ(Chancre)” လို႔ေခၚတဲ့အနာဖုေလးပါ။ အဲ့ဒီအနာဖုေလးက ေရာဂါပိုးကူးစက္ခံထားရၿပီး ၃ပတ္ခန္႔ဆို ေပၚလာတတ္ပါတယ္။ အဲ့ဒီအနာဖုေတြဟာ နာတာက်ဥ္တာမရွိပါဘူး၊အနာက မိန္းမအဂၤါႏွင့္စအို မွာေပါက္ေနတယ္ဆို တခ်ိဳ႕ကသတိမထားမိႀကပါဘူး။ အဲ့ဒီ အနာဖုေလးဟာ ဘာေဆးမွ မေသာက္ဘဲ သူ႔ဘာသာ ၿပန္ေကာင္းသြားႏိုင္ပါတယ္။

 

အဆင့္(၂)

 

အနာဖုေလးၿပန္ေကာင္းသြားၿပီး ရက္သတၱပတ္အနည္းငယ္ႀကာတဲ့အခါမွာ ခႏၶာကိုယ္အႏွံ႔ အစက္အေပ်ာက္ေတြေပၚလာတတ္ပါတယ္။ တခ်ိဳ႕လူေတြဆို ဆံပင္ေတြကြ်တ္လာၿပီး၊ ႀကြက္သားနာၿခင္း၊ ဖ်ားၿခင္း၊ လည္ေခ်ာင္းနာၿခင္း၊ အရည္အိတ္မ်ားေရာင္ၿခင္း(swollen lymph) စသည့္ေရာဂါလကၡဏာမ်ား ေတြ႔ႀကံဳခံစားရပါတယ္။ အဲ့ဒီေရာဂါလကၡဏာေတြဟာ ရက္သတၱပတ္အနည္းငယ္အတြင္းမွာ ၿပန္ေကာင္းသြားႏိုင္ၿပီး၊ မႀကာခင္ၿပန္ေပၚလာႏိုင္ကာ ႏွစ္ေပါင္းမ်ားစြာ ေပၚလိုက္၊ေပ်ာက္လိုက္ ၿဖင့္ရွိေနတတ္ပါတယ္။

 

ေရာဂါလကၡဏာမၿပေသာအဆင့္

 

Syphilis ေရာဂါၿဖစ္ၿပီး ေဆးကုသမႈမခံယူခဲ့လွ်င္ ေရာဂါဟာ ပထမအဆင့္ဒုတိယအဆင့္ တို႔ၿဖစ္ပြားၿပီးေနာက္ ေရာဂါလကၡဏာမၿပေသာအဆင့္သို႔ ကူးေၿပာင္းသြားပါတယ္။ ဒီအဆင့္က ႏွစ္နဲ႔ခ်ီၿပီးႀကာႏိုင္ပါတယ္။ တခ်ိဳ႕ေတြက ေရာဂါလကၡဏာေတြ လံုးဝမၿပေတာ့ဘဲရွိေနေပမယ့္ တခ်ိဳ႕ကေတာ့ တတိယအဆင့္သို႔ကူးေၿပာင္းသြားၿပီး ပိုဆိုးတဲ့ေရာဂါလကၡဏာေတြၿပလာပါေတာ့တယ္။

 

အဆင့္(၃)

 

ေဆးကုသမႈမခံယူထားတဲ့ syphilis ေရာဂါခံစားေနရသူေတြ ၁၅%-၃၀% ဟာ ေနာက္ဆံုးအဆင့္သို႔ေရာဂါကူးေၿပာင္းသြားႀကပါတယ္။ ေနာက္ဆံုးအဆင့္ မွာ ဦးေႏွာက္၊အေႀကာ၊မ်က္လံုး၊ႏွလံုး၊ေသြးေႀကာ၊အသည္း၊အရိုးႏွင့္အဆစ္အၿမစ္တို႔ ထိခိုက္ပ်က္စီးလာရပါတယ္။ အဲ့ဒီေရာဂါလကၡဏာေတြကေတာ့ syphilis ေရာဂါစစၿဖစ္ၿခင္းေဆးကုသမႈမခံယူဘဲ ေနခဲ့ၿပီး ေနာင္ ႏွစ္ေပါင္းမ်ားစြာႀကာမွ ေပၚလာတတ္တာပါ။

 

ေမြးရာပါ syphilis

 

Syphilis ေရာဂါဟာ မိခင္မွ ဗိုက္ထဲရွိ သႏၶသားေလာင္းဆီသို႔ကူးစက္ေစပါတယ္။ တခ်ိဳ႕ကေလးေတြက ေမြးဖြားေနတုန္း ေမြးလမ္းေႀကာင္းမွတဆင့္ ကူးစက္ႏိုင္တာပါ။ ဒါေႀကာင့္မို႔လို႔ ကိုယ္ဝန္ေဆာင္မိခင္ေတြကို syphilis ရွိမရွိစစ္ေဆးႀကတာေပါ့။ ဒါမွ ေရာဂါရွိမရွိသိႏိုင္ၿပီး၊ အကယ္၍ ေရာဂါရွိခဲ့ပါက မိခင္အားကုသမႈေပးကာ သေႏၶသားေလာင္းအား syphilis ကူးစက္ခံရေစၿခင္းမွ ႀကိဳတင္ကာကြယ္ႏိုင္မွာၿဖစ္ပါတယ္။

 

Reference : mayoclinic.org

 

ဇာနည္ထြန္း(ေဆး-၂)

Leave a Reply

Your email address will not be published. Required fields are marked *