နားအူအူနေရခြင်းရဲ့ တရားခံများ

 

♀‍ နားအူတာဟာ ရောဂါတစ်မျိုးမဟုတ်ပဲ ရောဂါအခံတစ်ခုခုကြောင့်၊ အခြေအနေတစ်ခုခု
ကြောင့်ဖြစ်တာများပါတယ်။ အဖြစ်အများဆုံးအရာကတော့ ကျွန်မတို့နားရဲ့ အတွင်းထဲမှာ အသံလှိုင်းနဲ့အတူရွေ့လျားတဲ့ အမွှေးဆဲလ်လေးတွေတည်ရှိနေပါတယ်။ ဒီဆဲလ်တွေပျက်စီးသွားတဲ့အခါမှာ နားအူတာဖြစ်ပေါ်လာတာပါ။
ဘာတွေကြောင့်နားအူတာကိုဖြစ်စေနိုင်လဲဆိုရင်…

 

♍ အသက်ကြီးလာလို့ဖြစ်တဲ့ age-related hearing loss ကြောင့် (အများအားဖြင့် အသက် ၆၀ ကျော်တဲ့အခါဖြစ်တာတွေ့ရတတ်ပါတယ်)

 

♍ စပီကာတွေ၊ Sound box တွေကနေလာတဲ့
ကျယ်လွန်းတဲ့ အသံတွေကြောင့်(ဒါကိုတော့ Noise-related hearing loss လို့ခေါ်ဝေါ်ကြပါတယ်) နားဖာဂျီးပိတ်နေတာကြောင့်လည်း တခါတလေဖြစ်တတ်ပါတယ်။

 

♍ နားအတွင်းအလယ်မှာရှိတဲ့ အရိုးလေးတွေ
တောင့်တင်းသွားမှုကြောင့်

 

♍ နားအတွင်းမှာရှိတဲ့အရည်ဖိအားပုံမမှန်တဲ့ရောဂါကြောင့်

 

♍ မေးရိုးနဲ့ နားအရှေ့နားကဦးခေါင်းရိုးဆက်တဲ့အဆစ်နေရာမှာပြဿနာဖြစ်တာကြောင့်

 

♍ ဦးနှောက်လုပ်ဆောင်မှု၊ အတွင်းနား၊အကြားအာရုံကိုထိခိုက်နိုင်တဲ့ ဦးနှောက်(သို့)လည်ပင်း
ထိခိုက်ဒဏ်ရာရမှုကြောင့်

 

♍ အကြားအာရုံကိုထိခိုက်စေတဲ့ တချို့သော tumor တွေကြောင့်

 

♍ တချို့သွေးကြောပြဿနာတွေကြောင့်

 

♍ Aspirin ကဲ့သို့သွေးကျဲဆေးတွေ၊ တချို့
ပိုးသတ်ဆေး၊ ကင်ဆာဆေး၊ ဆီးဆေးနဲ့ ဌက်ဖျားဆေးတွေကြောင့် များစွာဖြစ်နိုင်ပါတယ်။

 

 

ဒေါက်တာသံစဉ်

 

 

[Zawgyi]

 

 


 

 


 


 


 


 


 


 


 


 


 


 


 

ဒေါက်တာသံစဉ်

 

Leave a Reply

Your email address will not be published. Required fields are marked *