ဝမ်းဗိုက်အဆီကျအောင် ဘယ်လိုစားသောက်နေထိုင်သင့်လဲ?

 

လူတစ်ယောက်ဟာ စပြီးဝလာပြီဆိုရင်
ဗိုက်မှာအဆီစုလာတတ်ကြတာများပါတယ်။
Fitting ဖြစ်တဲ့အင်္ကျီတွေဝတ်တဲ့အခါ ဗိုက်မှာ
အရှေ့ကိုစူထွက်နေတာမျိုးက အတော့်ကိုကြည့်ရဆိုးစေပါတယ်။ ဝမ်းဗိုက်အဆီစုနေပြီဆိုတာ
ခါးပတ်ပတ်လည်ကိုတိုင်းတာကြည့်ရင်သိနိုင်ပါ
တယ်။ တိုင်းကြည့်လို့ ယောကျာ်းလေးဆိုရင်
40 လက်မကျော်ရင်၊ မိန်းကလေးဆိုရင် 35 လက်မကျော်ရင် ဝမ်းဗိုက်အဆီစုနေပြီလို့သိနိုင်ပါတယ်။ ဒါဆိုဒီဝမ်းဗိုက်အဆီကျအောင် ဘယ်လိုလုပ်ရမလဲဆိုရင် နေထိုင်စားသောက်ပုံ
ပြောင်းလဲမှပဲရမှာပါ။

 

1) သကြားရှောင်ပါ

 

သကြားဓာတ်များတဲ့အစားအစာတွေဟာ
ခန္တာကိုယ်အလေးချိန်ကိုတက်စေတဲ့အပြင်
ဝမ်းဗိုက်နဲ့အသည်းမှာပါ အဆီတွေစုပုံစေပြီး ဇီဝကမ္မဖြစ်စဉ်တွေမှာ ပြဿနာတွေဖြစ်ပေါ်စေပါတယ်။ သကြားဓာတ်ပါတဲ့အချိုရည်တွေဟာ
ကယ်လိုရီပါဝင်တာပိုများတတ်ပါတယ်။ အဲ့တာကြောင့် ချိုတဲ့အစားအစာ၊ အချိုရည်အကုန်ရှောင်ဖို့လိုပါတယ်။

 

2)ပရိုတင်းဓာတ်များများစားပါ

 

ပရိုတင်းဓာတ်စားသုံးတာဟာ အစားစားချင်စိတ်ကို 60% လောက်ထိလျှော့ချပေးပြီး ကယ်လိုရီလောင်ကျွမ်းမှုကိုအားပေးလို့ ဝမ်းဗိုက်အဆီကျတာကိုဖြစ်စေပါတယ်။ အဲ့တာကြောင့် ပရိုတင်းဓာတ်ပါတဲ့ ကြက်ဥ၊ အသားတွေစားသုံးပေးပါ။

 

3)ကာဗိုဟိုက်ဒရိတ်ဓာတ်ကိုလျှော့စားပါ

 

မြန်မာတွေအနေနဲ့ ထမင်းမစားရရင် မတင်း
တိမ်နိုင်တာသိပါတယ်။ ဒါပေမယ့်လည်း ဆန်၊ ပြောင်းစတဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်တွေဟာ
ကိုယ်အလေးချိန်တက်စေတဲ့အရာတွေထဲကတစ်ခုပါပဲ။ လုံးဝဖြတ်ခိုင်းတာမျိုးမဟုတ်ပဲ ဝမ်းဗိုက်နဲ့ ကိုယ်တွင်းအင်္ဂါတွေမှာ အဆီတွေမစုအောင်
သင့်တင့်သလောက်ပဲစားပေးပါ။

 

4)အမျှင်ဓာတ်ပါတဲ့အစားအစာတွေစားပေးပါ

 

အမျှင်ဓာတ်ပါတဲ့ အစားအစာတွေဟာ ရေဓာတ်ကိုပေါင်းပြီး အူထဲမှာ Gel တစ်မျိုးကိုဖြစ်ပေါ်စေပါတယ်။ ဒီ Gel ဟာ အစာချေဖျက်တာနဲ့ အာဟာရတွေစုပ်ယူမှုကိုနှေးစေပြီး တော်တော်နဲ့
ဗိုက်မဆာတာမျိုး၊ ဗိုက်ပြည့်နေတာမျိုးကိုခံစားရစေပါတယ်။ ဝမ်းဗိုက်အဆီစုတာကိုလည်း ကျစေပါတယ်။

 

5) လေ့ကျင့်ခန်းလုပ်ပါ

 

ဝမ်းဗိုက်အဆီမစုအောင်လုပ်ဖို့ဆိုတာ အစားအသောက်တစ်ခုတည်းထိန်းနေလို့မရပါဘူး။ စားသုံးထားတဲ့ ပိုလျှံနေတဲ့ကယ်လိုရီတွေလောင်ကျွမ်းအောင် လေ့ကျင့်ခန်းတစ်ခုခုပြုကိုပြုလုပ်ပေးရပါတယ်။ ပြေးတာ၊ လမ်းလျှောက်တာ၊ အိပ်ထမတင်လုပ်တာ စတဲ့လေ့ကျင့်ခန်းတစ်ခုခုပြုလုပ်ပေးရင်တောင် သင့်ဝမ်းဗိုက်အဆီ
ကျအောင် တစ်ဖက်တစ်လမ်းကနေ ပြုလုပ်ပေးနိုင်မှာပါ။

 

ဒေါက်တာသက်လွှာ

 

[Zawgyi]

 

ဝမ္းဗိုက္အဆီက်ေအာင္ ဘယ္လိုစားေသာက္ေနထိုင္သင့္လဲ…

 

လူတစ္ေယာက္ဟာ စၿပီးဝလာၿပီဆိုရင္
ဗိုက္မွာအဆီစုလာတတ္ၾကတာမ်ားပါတယ္။
Fitting ျဖစ္တဲ့အက်ႌေတြဝတ္တဲ့အခါ ဗိုက္မွာ
အေရွ႕ကိုစူထြက္ေနတာမ်ိဳးက အေတာ့္ကိုၾကည့္ရဆိုးေစပါတယ္။ ဝမ္းဗိုက္အဆီစုေနၿပီဆိုတာ
ခါးပတ္ပတ္လည္ကိုတိုင္းတာၾကည့္ရင္သိႏိုင္ပါ
တယ္။ တိုင္းၾကည့္လို႔ ေယာက်ာ္းေလးဆိုရင္
40 လက္မေက်ာ္ရင္၊ မိန္းကေလးဆိုရင္ 35 လက္မေက်ာ္ရင္ ဝမ္းဗိုက္အဆီစုေနၿပီလို႔သိႏိုင္ပါတယ္။ ဒါဆိုဒီဝမ္းဗိုက္အဆီက်ေအာင္ ဘယ္လိုလုပ္ရမလဲဆိုရင္ ေနထိုင္စားေသာက္ပုံ
ေျပာင္းလဲမွပဲရမွာပါ။

 

1) သၾကားေရွာင္ပါ

 

သၾကားဓာတ္မ်ားတဲ့အစားအစာေတြဟာ
ခႏၲာကိုယ္အေလးခ်ိန္ကိုတက္ေစတဲ့အျပင္
ဝမ္းဗိုက္နဲ႔အသည္းမွာပါ အဆီေတြစုပုံေစၿပီး ဇီဝကမၼျဖစ္စဥ္ေတြမွာ ျပႆနာေတြျဖစ္ေပၚေစပါတယ္။ သၾကားဓာတ္ပါတဲ့အခ်ိဳရည္ေတြဟာ
ကယ္လိုရီပါဝင္တာပိုမ်ားတတ္ပါတယ္။ အဲ့တာေၾကာင့္ ခ်ိဳတဲ့အစားအစာ၊ အခ်ိဳရည္အကုန္ေရွာင္ဖို႔လိုပါတယ္။

 

2)ပ႐ိုတင္းဓာတ္မ်ားမ်ားစားပါ

 

ပ႐ိုတင္းဓာတ္စားသုံးတာဟာ အစားစားခ်င္စိတ္ကို 60% ေလာက္ထိေလွ်ာ့ခ်ေပးၿပီး ကယ္လိုရီေလာင္ကြၽမ္းမႈကိုအားေပးလို႔ ဝမ္းဗိုက္အဆီက်တာကိုျဖစ္ေစပါတယ္။ အဲ့တာေၾကာင့္ ပ႐ိုတင္းဓာတ္ပါတဲ့ ၾကက္ဥ၊ အသားေတြစားသုံးေပးပါ။

 

3)ကာဗိုဟိုက္ဒရိတ္ဓာတ္ကိုေလွ်ာ့စားပါ

 

ျမန္မာေတြအေနနဲ႔ ထမင္းမစားရရင္ မတင္း
တိမ္ႏိုင္တာသိပါတယ္။ ဒါေပမယ့္လည္း ဆန္၊ ေျပာင္းစတဲ့ ကာဗိုဟိုက္ဒရိတ္ဓာတ္ေတြဟာ
ကိုယ္အေလးခ်ိန္တက္ေစတဲ့အရာေတြထဲကတစ္ခုပါပဲ။ လုံးဝျဖတ္ခိုင္းတာမ်ိဳးမဟုတ္ပဲ ဝမ္းဗိုက္နဲ႔ ကိုယ္တြင္းအဂၤါေတြမွာ အဆီေတြမစုေအာင္
သင့္တင့္သေလာက္ပဲစားေပးပါ။

 

4)အမွ်င္ဓာတ္ပါတဲ့အစားအစာေတြစားေပးပါ

 

အမွ်င္ဓာတ္ပါတဲ့ အစားအစာေတြဟာ ေရဓာတ္ကိုေပါင္းၿပီး အူထဲမွာ Gel တစ္မ်ိဳးကိုျဖစ္ေပၚေစပါတယ္။ ဒီ Gel ဟာ အစာေခ်ဖ်က္တာနဲ႔ အာဟာရေတြစုပ္ယူမႈကိုေႏွးေစၿပီး ေတာ္ေတာ္နဲ႔
ဗိုက္မဆာတာမ်ိဳး၊ ဗိုက္ျပည့္ေနတာမ်ိဳးကိုခံစားရေစပါတယ္။ ဝမ္းဗိုက္အဆီစုတာကိုလည္း က်ေစပါတယ္။

 

5) ေလ့က်င့္ခန္းလုပ္ပါ

 

ဝမ္းဗိုက္အဆီမစုေအာင္လုပ္ဖို႔ဆိုတာ အစားအေသာက္တစ္ခုတည္းထိန္းေနလို႔မရပါဘူး။ စားသုံးထားတဲ့ ပိုလွ်ံေနတဲ့ကယ္လိုရီေတြေလာင္ကြၽမ္းေအာင္ ေလ့က်င့္ခန္းတစ္ခုခုျပဳကိုျပဳလုပ္ေပးရပါတယ္။ ေျပးတာ၊ လမ္းေလွ်ာက္တာ၊ အိပ္ထမတင္လုပ္တာ စတဲ့ေလ့က်င့္ခန္းတစ္ခုခုျပဳလုပ္ေပးရင္ေတာင္ သင့္ဝမ္းဗိုက္အဆီ
က်ေအာင္ တစ္ဖက္တစ္လမ္းကေန ျပဳလုပ္ေပးႏိုင္မွာပါ။

 

ေဒါက္တာသက္လႊာ

Leave a Reply

Your email address will not be published. Required fields are marked *