စိတ်ဖိစီးမှုမရှိလည်း ဝက်ခြံတွေထွက်ထွက်နေတာ ဘာ့ကြောင့်လဲ… ♀‍❗

 

♀‍ ကျွန်မတို့ မျက်နှာအလှကိုဖျက်နေတဲ့ဝက်ခြံတွေဟာ စိတ်ဖိစီးမှုတစ်ခုခုရှိနေတဲ့အခါ ပိုကြီး
ထွက်လာတတ်ကြပါတယ်။ ဒါပေမယ့် ဝက်ခြံကို
ထွက်စေတာက စိတ်ဖိစီးမှုတစ်ခုတည်းရှိတာတော့မဟုတ်ပါဘူး။ တခြားသောအကြောင်း
အရာတွေအများကြီးကြောင့်ဖြစ်နိုင်ပါသေးတယ်။ ကျွန်မတို့ အရေပြားမွှေးညှင်းပေါက်လေး
တွေဟာ ဆဲလ်အသေတွေ၊ အဆီတွေနဲ့ပိတ်သွားတဲ့အခါ ဝက်ခြံဆိုတာဖြစ်ပေါ်လာစေပါတယ်။
ဘက်တီးရီးယားပိုးတွေနဲ့ထိတွေ့မိတဲ့အခါ ရောင်ရမ်းတာတွေပါဖြစ်လာပါတယ်။ ထို့ပြင်
Androgen လို့ခေါ်တဲ့ကျားဟော်မုန်းများနေတဲ့
အခါမှာလည်း အဆီဂလင်းကနေ အဆီထုတ်
လုပ်မှုပိုများလာလို့ မျက်နှာအဆီပြန်ပြီး ဝက်ခြံထွက်တာပိုဖြစ်စေပါတယ်။

 

️♀‍ ကျားဟော်မုန်းများနေရင်တောင် ဝက်ခြံပိုဖြစ်နိုင်တာ ကျားဟော်မုန်းကိုအပြင်ကနေ ထပ် အသုံးပြုနေမယ်ဆိုရင်ပိုလို့တောင်ဖြစ်နိုင်ပါသေးတယ်။ ထို့ပြင် Steroids ဆေးတွေကလည်း ဝက်ခြံပိုဖြစ်စေတတ်ပါတယ်။ Cosmetic တွေ
Skincare ပစ္စည်းတွေဆိုရင်လည်း အဆီပါတဲ့
ထုတ်ကုန်တွေကိုအသုံးပြုရင်ဖြစ်တတ်ပါတယ်။
ဝက်ခြံရှိတဲ့သူ၊အဆီပြန်တဲ့သူတွေက Oil-free
ပစ္စည်းတွေကိုပဲရွေးချယ်သင့်တာပါ။ ညအိပ်ခါနီး မိတ်ကပ်မဖျက်ပဲ အိပ်ယာဝင်တာတွေ၊ Make up remover အသုံးမပြုတာတွေက ဝက်ခြံကိုပိုဖြစ်စေနိုင်ပါတယ်။ တခါတလေကျ ညဘက်အိပ်ရေးပျက်တာတွေ၊ အသင့်စားအစားအစာတွေဖြစ်တဲ့ ပေါင်မုန့်၊အာလူးကြော်စတာတွေ
အစားများတာ၊ အဆီအစိမ့်တွေအစားများတာ
ဆိုရင်လည်း ဝက်ခြံကိုပိုထွက်စေနိုင်ပါတယ်။

 

ဒေါက်တာသံစဉ်

 

 

[Zawgyi]

 

စိတ္ဖိစီးမႈမရွိလည္း ဝက္ၿခံေတြထြက္ထြက္ေနတာ ဘာ့ေၾကာင့္လဲ…

 

♀‍ ကြၽန္မတို႔ မ်က္ႏွာအလွကိုဖ်က္ေနတဲ့ဝက္ၿခံေတြဟာ စိတ္ဖိစီးမႈတစ္ခုခုရွိေနတဲ့အခါ ပိုႀကီး
ထြက္လာတတ္ၾကပါတယ္။ ဒါေပမယ့္ ဝက္ၿခံကို
ထြက္ေစတာက စိတ္ဖိစီးမႈတစ္ခုတည္းရွိတာေတာ့မဟုတ္ပါဘူး။ တျခားေသာအေၾကာင္း
အရာေတြအမ်ားႀကီးေၾကာင့္ျဖစ္ႏိုင္ပါေသးတယ္။ ကြၽန္မတို႔ အေရျပားေမႊးညႇင္းေပါက္ေလး
ေတြဟာ ဆဲလ္အေသေတြ၊ အဆီေတြနဲ႔ပိတ္သြားတဲ့အခါ ဝက္ၿခံဆိုတာျဖစ္ေပၚလာေစပါတယ္။
ဘက္တီးရီးယားပိုးေတြနဲ႔ထိေတြ႕မိတဲ့အခါ ေရာင္ရမ္းတာေတြပါျဖစ္လာပါတယ္။ ထို႔ျပင္
Androgen လို႔ေခၚတဲ့က်ားေဟာ္မုန္းမ်ားေနတဲ့
အခါမွာလည္း အဆီဂလင္းကေန အဆီထုတ္
လုပ္မႈပိုမ်ားလာလို႔ မ်က္ႏွာအဆီျပန္ၿပီး ဝက္ၿခံထြက္တာပိုျဖစ္ေစပါတယ္။

 

️♀‍ က်ားေဟာ္မုန္းမ်ားေနရင္ေတာင္ ဝက္ၿခံပိုျဖစ္ႏိုင္တာ က်ားေဟာ္မုန္းကိုအျပင္ကေန ထပ္ အသုံးျပဳေနမယ္ဆိုရင္ပိုလို႔ေတာင္ျဖစ္ႏိုင္ပါေသးတယ္။ ထို႔ျပင္ Steroids ေဆးေတြကလည္း ဝက္ၿခံပိုျဖစ္ေစတတ္ပါတယ္။ Cosmetic ေတြ
Skincare ပစၥည္းေတြဆိုရင္လည္း အဆီပါတဲ့
ထုတ္ကုန္ေတြကိုအသုံးျပဳရင္ျဖစ္တတ္ပါတယ္။
ဝက္ၿခံရွိတဲ့သူ၊အဆီျပန္တဲ့သူေတြက Oil-free
ပစၥည္းေတြကိုပဲေ႐ြးခ်ယ္သင့္တာပါ။ ညအိပ္ခါနီး မိတ္ကပ္မဖ်က္ပဲ အိပ္ယာဝင္တာေတြ၊ Make up remover အသုံးမျပဳတာေတြက ဝက္ၿခံကိုပိုျဖစ္ေစႏိုင္ပါတယ္။ တခါတေလက် ညဘက္အိပ္ေရးပ်က္တာေတြ၊ အသင့္စားအစားအစာေတြျဖစ္တဲ့ ေပါင္မုန္႔၊အာလူးေၾကာ္စတာေတြ
အစားမ်ားတာ၊ အဆီအစိမ့္ေတြအစားမ်ားတာ
ဆိုရင္လည္း ဝက္ၿခံကိုပိုထြက္ေစႏိုင္ပါတယ္။

 

ေဒါက္တာသံစဥ္

 

Leave a Reply

Your email address will not be published. Required fields are marked *