ခန္တာကိုယ်မှာ နည်းနည်းလေးထိမိတာနဲ့ သွေးခြေဥ၊ ညိုမည်းစွဲလာရင် ဘာတွေသတိထားသင့်လဲ..

 

♉ တစ်ခါတလေကျ ဖိအားတစ်ခုခုနဲ့ ပြုတ်ကျတဲ့အခါ၊ ထိခိုက်မိတဲ့အခါသွေးခြေဥတာ၊ ညိုမည်းစွဲလာတာမျိုးတွေဖြစ်တာကြုံဖူးကြမှာပါ။ ဒါဟာ သွေးကြောလေးတွေကို သွားထိခိုက်မိပြီး အရေပြားအောက်မှာ သွေးတွေစုတာကိုဖြစ်စေလို့ပါပဲ။ သွေးခြေဥတာ ညိုမည်းစွဲတာတွေဖြစ်တာဟာ အမြဲတမ်းအဆိုးချည်းပဲလို့တော့ မဆိုနိုင်ပါဘူး။ ဒါတွေဟာ အမျိုးသမီးတွေမှာပိုဖြစ်တတ်လေ့ရှိပြီး အသက်ကြီးလာတဲ့အခါ
အရေပြားပါးလာတာကြောင့်၊ အပေါ်ကနေကာကွယ်ပေးထားတဲ့ အဆီလွှာကိုဆုံးရှုံးတာကြောင့်၊
သွေးကြောနံရံတွေအားနည်းလာတာကြောင့်လည်းဖြစ်လေ့ရှိတတ်ပါတယ်။

 

🤷‍♀‍ ဒီလိုအသက်ကြီးလို့ဖြစ်လာတဲ့ သွေးခြေဥတာညိုမည်းစွဲတာတွေရှိသလို တခြားအကြောင်း
အရာတွေကြောင့်လည်းဖြစ်နေနိုင်ပါသေးတယ်။

 

♉ သွေးကျဲဆေး(Warfarin/ Heparin/Aspirin) စတာတွေ အသုံးပြုနေမှုကြောင့်၊
သွေးကြောတွေကိုအားနည်းစေပြီး ရောင်ရမ်းမှု
ပိုဆိုးစေတဲ့ Steroid ဆေးတွေ၊ တချို့သော စိတ်ကျရောဂါကုသတဲ့ဆေးတွေသောက်သုံးနေတာကြောင့်ဖြစ်နိုင်သလို….

 

♉ အရက်အလွန်အကျွံသောက်သုံးတဲ့သူတွေမှာ
အသဲခြောက်ရောဂါဖြစ်ပြီး အသည်းက သွေးခဲဖြစ်အောင်ကူညီပေးနိုင်တဲ့ ပရိုတင်းတွေမထုတ်နိုင်တဲ့အတွက် သွေးထွက်များပြီး အလွယ်တကူ
ညိုမည်းစွဲတာတွေဖြစ်နိုင်တယ်။

 

♉ တချို့သော မျိုးရိုးလိုက်တတ်တဲ့သွေးရောဂါ
တွေကြောင့်ဖြစ်နိုင်သလို….

 

♉ သွေးကြောနံရံတွေခိုင်ခံ့ဖို့လိုအပ်တဲ့ Vitamin C ဓာတ်ချို့တဲ့တာကြောင့်၊ သွေးခဲအောင်ကူညီပေးတဲ့ Vitamin K ချို့တဲ့တာကြောင့်….

 

♉ သွေးကြောတွေရောင်ရမ်းမှုကြောင့်….

 

♉ သွေးကြောတွေ၊ ရိုးတွင်ခြင်ဆီတွေကို ထိခိုက်စေတတ်တဲ့ သွေးကင်ဆာ ကဲ့သို့သော
ကင်ဆာရောဂါတွေကြောင့်လည်းများစွာဖြစ်နိုင်ပါတယ်။

 

ဒေါက်တာသက်လွှာ

 

 

[Zawgyi]

 

ခႏၲာကိုယ္မွာ နည္းနည္းေလးထိမိတာနဲ႔ ေသြးေျခဥ၊ ညိဳမည္းစြဲလာရင္ ဘာေတြသတိထားသင့္လဲ..

 

♉ တစ္ခါတေလက် ဖိအားတစ္ခုခုနဲ႔ ျပဳတ္က်တဲ့အခါ၊ ထိခိုက္မိတဲ့အခါေသြးေျခဥတာ၊ ညိဳမည္းစြဲလာတာမ်ိဳးေတြျဖစ္တာႀကဳံဖူးၾကမွာပါ။ ဒါဟာ ေသြးေၾကာေလးေတြကို သြားထိခိုက္မိၿပီး အေရျပားေအာက္မွာ ေသြးေတြစုတာကိုျဖစ္ေစလို႔ပါပဲ။ ေသြးေျခဥတာ ညိဳမည္းစြဲတာေတြျဖစ္တာဟာ အၿမဲတမ္းအဆိုးခ်ည္းပဲလို႔ေတာ့ မဆိုႏိုင္ပါဘူး။ ဒါေတြဟာ အမ်ိဳးသမီးေတြမွာပိုျဖစ္တတ္ေလ့ရွိၿပီး အသက္ႀကီးလာတဲ့အခါ
အေရျပားပါးလာတာေၾကာင့္၊ အေပၚကေနကာကြယ္ေပးထားတဲ့ အဆီလႊာကိုဆုံးရႈံးတာေၾကာင့္၊
ေသြးေၾကာနံရံေတြအားနည္းလာတာေၾကာင့္လည္းျဖစ္ေလ့ရွိတတ္ပါတယ္။

 

🤷‍♀‍ ဒီလိုအသက္ႀကီးလို႔ျဖစ္လာတဲ့ ေသြးေျခဥတာညိဳမည္းစြဲတာေတြရွိသလို တျခားအေၾကာင္း
အရာေတြေၾကာင့္လည္းျဖစ္ေနႏိုင္ပါေသးတယ္။

 

♉ ေသြးက်ဲေဆး(Warfarin/ Heparin/Aspirin) စတာေတြ အသုံးျပဳေနမႈေၾကာင့္၊
ေသြးေၾကာေတြကိုအားနည္းေစၿပီး ေရာင္ရမ္းမႈ
ပိုဆိုးေစတဲ့ Steroid ေဆးေတြ၊ တခ်ိဳ႕ေသာ စိတ္က်ေရာဂါကုသတဲ့ေဆးေတြေသာက္သုံးေနတာေၾကာင့္ျဖစ္ႏိုင္သလို….

 

♉ အရက္အလြန္အကြၽံေသာက္သုံးတဲ့သူေတြမွာ
အသဲေျခာက္ေရာဂါျဖစ္ၿပီး အသည္းက ေသြးခဲျဖစ္ေအာင္ကူညီေပးႏိုင္တဲ့ ပ႐ိုတင္းေတြမထုတ္ႏိုင္တဲ့အတြက္ ေသြးထြက္မ်ားၿပီး အလြယ္တကူ
ညိဳမည္းစြဲတာေတြျဖစ္ႏိုင္တယ္။

 

♉ တခ်ိဳ႕ေသာ မ်ိဳး႐ိုးလိုက္တတ္တဲ့ေသြးေရာဂါ
ေတြေၾကာင့္ျဖစ္ႏိုင္သလို….

 

♉ ေသြးေၾကာနံရံေတြခိုင္ခံ့ဖို႔လိုအပ္တဲ့ Vitamin C ဓာတ္ခ်ိဳ႕တဲ့တာေၾကာင့္၊ ေသြးခဲေအာင္ကူညီေပးတဲ့ Vitamin K ခ်ိဳ႕တဲ့တာေၾကာင့္….

 

♉ ေသြးေၾကာေတြေရာင္ရမ္းမႈေၾကာင့္….

 

♉ ေသြးေၾကာေတြ၊ ႐ိုးတြင္ျခင္ဆီေတြကို ထိခိုက္ေစတတ္တဲ့ ေသြးကင္ဆာ ကဲ့သို႔ေသာ
ကင္ဆာေရာဂါေတြေၾကာင့္လည္းမ်ားစြာျဖစ္ႏိုင္ပါတယ္။

 

ေဒါက္တာသက္လႊာ

 

Leave a Reply

Your email address will not be published. Required fields are marked *