ပန်းသီးတစ်နေ့တစ်လုံးစားခြင်းက ကိုလက်စ်ထရောကို ကျစေနိုင်

လေ့လာတွေ့ရှိချက်အသစ်များအရာ တစ်နေ့ကို ပန်းသီးတစ်လုံး ပုံမှန်စားသုံးသူ အမျိုးသမီးများဟာ ကိုလက်စ်ထရော ဓာတ်ကို သိသိသာသာ ကျဆင်းလာတဲ့ အပြင် ရောင်ရမ်းမှုကိုလဲ လျော့နည်းစေတယ်လို့ ဆိုပါတယ်။ ဖလော်ရီဒါပြည်နယ် တက္ကသိုလ်မှ အမျိုးသမီး အယောက် ၁၆၀ ကို တစ်နေ့ကို 2.7 အောင်စ (75 g) ရှိသော ပန်းသီးခြောက် (သို့) မက်မွန်သီးအခြောက်ကို ၁၂ လကြာအောင် စားသုံးစေခဲ့ပါတယ်။ စားသုံးနေသော အမျိုးသမီးများကို ၃ လမြောက်၊ ၆ လမြောက်နဲ့ ၁၂ လမြောက်တို့မှာ သွေးဖောက်စစ်ဆေးခဲ့ ကြပါတယ်။

 

တစ်နှစ်ကြာတဲ့ အခါ ယင်းအမျိုးသမီးများမှာ စုစုပေါင်းကိုလက်စထရော (total cholesterol) ဟာ ၁၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ကိုယ်ခန္ဒာအတွက် မကောင်းသော ကိုလက်စ်ထရောဖြစ်တဲ့ LDL cholesterol ဟာ ၂၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။ ဒါ့ပြင် ကိုယ်ခန္ဒာတွင်း ပိုလျံနေသော အဆီများကို လိုက်လံသိမ်းဆည်းပြီး အသည်းမှတစ်ဆင့် စွန့်ပစ်သော ကိုယ်ခန္ဒာအတွက် ကောင်းတဲ့ ကိုလက်စ်ထရောဖြစ်တဲ့ HDL cholesterol များဟာလဲ ၄ ရာခိုင်နှုန်းခန့် မြင့်တက်လာတာ တွေ့ရပါတယ်။ အခြားကောင်းကျိုးများအနေနဲ့ ခန္ဒာကိုယ်အတွင်း ရောင်ရမ်းခြင်းသင်္ကေတ တစ်ခုဖြစ်တဲ့ C-reactive protein (CRP) ကို ကျဆင်းစေကာ နှလုံးကျန်းမာရေး အတွက် အထူးတိုးတက်ကောင်းမွန်စေကြောင်းတွေ့ရပါတယ်။

 

မက်မွန်သီးအခြောက်ကို တစ်နှစ်ကြာအောင် စားသုံးသော အမျိုးသမီးများမှာလဲ ပန်းသီးအခြောက် စားသုံးသူများကဲ့သို့ အလားတူ အကျိုးအာနိသင်များ ခံစားရသော်လည်း ပန်းသီးစားသုံးသူများမှာ ကိုလက်စထရော ပိုမို ကျဆင်းစေတာကို တွေ့ရပါတယ်လို့ အစားအသောက်နှင့် အာဟာရ အထူးကု Prof. Bahram H.Arjmandi ကဆိုပါတယ်။ ဒါ့အပြင် ပန်းသီး 75g နေ့စဉ်စားသုံးခြင်းဟာ တစ်နေ့တာ ကယ်လိုရီ စုစုပေါင်းထက် 240 ကယ်လိုရီခန့် ပိုသွားပေမယ့် ပန်းသီးကို စားသုံးသူများ အုပ်စုတွင် ပါဝင်သော အမျိုးသမီးများမှာ ကိုယ်အလေးချိန် ပျမ်းမျှ 3.3 lb ခန့် ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

 

အကြောင်းအရင်းကတော့ ပန်းသီးမှာ pectin ဆိုသော အမျှင်ဓာတ်တစ်မျိုးပါဝင်ပြီး အူများမှ ကိုလက်စထရောကို စုပ်ယူမှုကို တားဆီးပေးပါတယ်။ ဒါ့အပြင် ကိုယ်ခန္ဒာမှ ကိုလက်စထရောအား ဟော်မုန်းများ၊ သည်းခြေအရည်များ၊ ဗီတာမင် D ထုတ်လုပ်ခြင်းလုပ်ငန်းများ စသည်တို့တွင် အသုံးပြုမှုကို ပိုမို အားပေးပါတယ်။ ပန်းသီးတွင်ပါဝင်သော polyphenol ဓာတ်မှာလည်း သက်စောင့်ဓာတ် ( antioxidant) တစ်မျိုးဖြစ်ပြီး သက်ရှိဆဲလ်များ အချိန်မတိုင်ခင် ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

 

Steven

 

[Zawgyi]

 

ပန္းသီးတစ္ေန႔တစ္လုံးစားျခင္းက ကိုလက္စ္ထေရာကို က်ေစႏိုင္

 

ေလ့လာေတြ႕ရွိခ်က္အသစ္မ်ားအရာ တစ္ေန႔ကို ပန္းသီးတစ္လုံး ပုံမွန္စားသုံးသူ အမ်ိဳးသမီးမ်ားဟာ ကိုလက္စ္ထေရာ ဓာတ္ကို သိသိသာသာ က်ဆင္းလာတဲ့ အျပင္ ေရာင္ရမ္းမႈကိုလဲ ေလ်ာ့နည္းေစတယ္လို႔ ဆိုပါတယ္။ ဖေလာ္ရီဒါျပည္နယ္ တကၠသိုလ္မွ အမ်ိဳးသမီး အေယာက္ ၁၆၀ ကို တစ္ေန႔ကို 2.7 ေအာင္စ (75 g) ရွိေသာ ပန္းသီးေျခာက္ (သို႔) မက္မြန္သီးအေျခာက္ကို ၁၂ လၾကာေအာင္ စားသုံးေစခဲ့ပါတယ္။ စားသုံးေနေသာ အမ်ိဳးသမီးမ်ားကို ၃ လေျမာက္၊ ၆ လေျမာက္နဲ႔ ၁၂ လေျမာက္တို႔မွာ ေသြးေဖာက္စစ္ေဆးခဲ့ ၾကပါတယ္။

 

တစ္ႏွစ္ၾကာတဲ့ အခါ ယင္းအမ်ိဳးသမီးမ်ားမွာ စုစုေပါင္းကိုလက္စထေရာ (total cholesterol) ဟာ ၁၄ ရာခိုင္ႏႈန္းက်ဆင္းခဲ့ၿပီး ကိုယ္ခႏၵာအတြက္ မေကာင္းေသာ ကိုလက္စ္ထေရာျဖစ္တဲ့ LDL cholesterol ဟာ ၂၃ ရာခိုင္ႏႈန္းအထိ က်ဆင္းခဲ့ပါတယ္။ ဒါ့ျပင္ ကိုယ္ခႏၵာတြင္း ပိုလ်ံေနေသာ အဆီမ်ားကို လိုက္လံသိမ္းဆည္းၿပီး အသည္းမွတစ္ဆင့္ စြန႔္ပစ္ေသာ ကိုယ္ခႏၵာအတြက္ ေကာင္းတဲ့ ကိုလက္စ္ထေရာျဖစ္တဲ့ HDL cholesterol မ်ားဟာလဲ ၄ ရာခိုင္ႏႈန္းခန႔္ ျမင့္တက္လာတာ ေတြ႕ရပါတယ္။ အျခားေကာင္းက်ိဳးမ်ားအေနနဲ႔ ခႏၵာကိုယ္အတြင္း ေရာင္ရမ္းျခင္းသေကၤတ တစ္ခုျဖစ္တဲ့ C-reactive protein (CRP) ကို က်ဆင္းေစကာ ႏွလုံးက်န္းမာေရး အတြက္ အထူးတိုးတက္ေကာင္းမြန္ေစေၾကာင္းေတြ႕ရပါတယ္။

 

မက္မြန္သီးအေျခာက္ကို တစ္ႏွစ္ၾကာေအာင္ စားသုံးေသာ အမ်ိဳးသမီးမ်ားမွာလဲ ပန္းသီးအေျခာက္ စားသုံးသူမ်ားကဲ့သို႔ အလားတူ အက်ိဳးအာနိသင္မ်ား ခံစားရေသာ္လည္း ပန္းသီးစားသုံးသူမ်ားမွာ ကိုလက္စထေရာ ပိုမို က်ဆင္းေစတာကို ေတြ႕ရပါတယ္လို႔ အစားအေသာက္ႏွင့္ အာဟာရ အထူးကု Prof. Bahram H.Arjmandi ကဆိုပါတယ္။ ဒါ့အျပင္ ပန္းသီး 75g ေန႔စဥ္စားသုံးျခင္းဟာ တစ္ေန႔တာ ကယ္လိုရီ စုစုေပါင္းထက္ 240 ကယ္လိုရီခန႔္ ပိုသြားေပမယ့္ ပန္းသီးကို စားသုံးသူမ်ား အုပ္စုတြင္ ပါဝင္ေသာ အမ်ိဳးသမီးမ်ားမွာ ကိုယ္အေလးခ်ိန္ ပ်မ္းမွ် 3.3 lb ခန႔္ က်ဆင္းသြားတယ္လို႔ ဆိုပါတယ္။

 

အေၾကာင္းအရင္းကေတာ့ ပန္းသီးမွာ pectin ဆိုေသာ အမွ်င္ဓာတ္တစ္မ်ိဳးပါဝင္ၿပီး အူမ်ားမွ ကိုလက္စထေရာကို စုပ္ယူမႈကို တားဆီးေပးပါတယ္။ ဒါ့အျပင္ ကိုယ္ခႏၵာမွ ကိုလက္စထေရာအား ေဟာ္မုန္းမ်ား၊ သည္းေျခအရည္မ်ား၊ ဗီတာမင္ D ထုတ္လုပ္ျခင္းလုပ္ငန္းမ်ား စသည္တို႔တြင္ အသုံးျပဳမႈကို ပိုမို အားေပးပါတယ္။ ပန္းသီးတြင္ပါဝင္ေသာ polyphenol ဓာတ္မွာလည္း သက္ေစာင့္ဓာတ္ ( antioxidant) တစ္မ်ိဳးျဖစ္ၿပီး သက္ရွိဆဲလ္မ်ား အခ်ိန္မတိုင္ခင္ ပ်က္စီးျခင္းမွ ကာကြယ္ေပးႏိုင္ပါတယ္။

Steven

Leave a Reply

Your email address will not be published. Required fields are marked *