အရိုးပွခြင်းကို အားပေးသော အစားအစာများ

[unicode]

 

  • (၁) ဆားများသော အစားအစာများ

တစ်ခု သတိပေးချင်တာကတော့ ဆားများများစားလေလေ သင့်အရိုးကို ဖွဲ့စည်းထားတဲ့ ကယ်လဆီယမ် ဓာတ်တွေ ဆုံးရှုံးလေလေ ဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ ဆားများများစားလေလေ ကျောက်ကပ်ကနေ ကယ်လ်ဆီယမ်ကို စွန့်ထုတ်မှု ပိုများများလေလေ ဖြစ်လို့ပါပဲ။ ပညာရှင်တွေရဲ့ အဆိုအရ အငံစားခြင်းက သွေးတိုးရောဂါကိုလည်း ဖြစ်စေတာကြောင့် သွေးတိုးလေလေ အရိုးပါးလေလေဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။

 

  • (၂) အချိုဓာတ်လွန်ကဲသော အစားစာများ

အချိုဓာတ်လွန်ကဲခြင်းက အများသိသလိုပဲ ဆီးချိုရောဂါဖြစ်ခြင်းနဲ့ အတူ နှလုံးကျန်းမာရေး၊ သွေးကြောအတွင်းကျန်းမာရေးတို့အတွက် ဆိုးကျိုးများစွာဖြစ်စေပါတယ်။ အရိုးကျန်းမာရေးနဲ့ ပတ်သတ်ပြီး သွေးထဲမှာ အချိုဓာတ်မြင့်တက်လာတဲ့အခါမှာတော့ ယင်း glucose တွေဟာ အရိုးတည်ဆောက်မှုမှာ ပါဝင်တဲ့ ဆဲလ်တွေဖြစ်တဲ့ collagen နဲ့ elastin တို့မှာ သွားရောက်ကပ်ငြိပါတယ်။ ယင်းကပ်ငြိနေတဲ့ အရာတွေဟာ ရောင်ရမ်းခြင်းကို အားပေးသလို အရိုးကို ဖွဲ့စည်းတဲ့ ကယ်လ်ဆီယမ်ကို ဆုံးရှုံးစေပါတယ်။ တစ်ဆက်ထဲမှာပဲ ကယ်လ်ဆီယမ်ဓာတ်ကို ဆီးထဲက စွန့်ထုတ်မှုကို မြင့်တက်လာစေပါတယ်။

 

  • (၃) ကိုလာနှင့် ဆိုဒါများ

သင်ဟာ ကိုလာနဲ့ ဆိုဒါကြိုသူတစ်ယောက်ဆိုရင် သင့်အရိုးအတွက် သိပ်ကောင်းတဲ့ အခြေအနေ မဟုတ်တာတော့ သတိထားစေချင်ပါတယ်။ တစ်ပတ်ကို ကိုကာကိုလာ သို့မဟုတ် ဆိုဒါကို ၇ ခွက်နဲ့ အထက် သောက်တဲ့သူတွေဟာ အရိုးပွခြင်းကို ဖြစ်စေနိုင်ပြီး အရိုးကျိုးဖို့ အခွင့်အလမ်း ပိုမိုများပြားတယ်လို့ ဆိုပါတယ်။ အကြောင်းအရင်းကိုတော့ တိတိကျကျ မသိရပေမယ့် ဆိုဒါသောက်သုံးခြင်းက ကျန်းမာရေးအတွက် သိပ်ကောင်းတဲ့ အချက်မဟုတ်ဘူးလို့ Dr.Cosman က ဆိုပါတယ်။ သွေးဆုံးသော အမျိုးသမီး ၇၃၀၀၀ ကိုလေ့လာခဲ့တဲ့ အခါမှာ ကိုကာကိုလာသောက်တဲ့ သူများဟာ ကိုကာကိုလာမသောက်သုံးတဲ့သူတွေထက် အရိုးကျိုးနှုန်းမြင့်မားတာကို တွေ့ရပါတယ်။

 

  • (၄) ကဖင်းဓာတ်များသော အစားအစာများ

ကဖင်းဓာတ်များတဲ့ အစားအစာတွေဖြစ်တဲ့ ကော်ဖီ၊ ချောကလက်တွေကို စားသုံးခြင်းဟာ သွေးဆုံးပြီး အမျိုးသမီးတွေမှာ သိသိသာသာ အရိုးပါးခြင်းကို ဖြစ်စေပါတယ်။ ပညာရှင်များရဲ့ အဆိုအရ ကဖင်း ၁၀၀ မီလီဂရမ် သောက်သုံးတိုင်း အရိုးဖွဲ့စည်းမှုမှာ အရေးပါတဲ့ ကယ်လ်ဆီယမ် ၆ မီလီဂရမ်ဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။

 

  • (၅) အရက်ဘီယာ အလွန်အကျွံသောက်သုံးခြင်း

အရက်အလွန်အကျွံသောက်သုံးခြင်းက အရိုးပါးခြင်းနဲ့ အရိုး၏ သိပ်သည်းမှု ကိုနည်းပါးစေပါတယ်။ အရိုးကျိုးလွယ်ခြင်းကို ဖြစ်စေပါတယ်။ အရိုးကျိုးခြင်းကိုကာကွယ်ဖို့ အတွက် တစ်ရက်ကို သုံးခွက်ထက် ပိုမသောက်မိဖို့ သတိထားစေချင်ပါတယ်။

 

Steven

 

[Zawgyi]

 

  • (၁) ဆားမ်ားေသာ အစားအစာမ်ား

တစ္ခု သတိေပးခ်င္တာကေတာ့ ဆားမ်ားမ်ားစားေလေလ သင့္အ႐ိုးကို ဖြဲ႕စည္းထားတဲ့ ကယ္လဆီယမ္ ဓာတ္ေတြ ဆုံးရႈံးေလေလ ျဖစ္ပါတယ္။ အေၾကာင္းအရင္းကေတာ့ ဆားမ်ားမ်ားစားေလေလ ေက်ာက္ကပ္ကေန ကယ္လ္ဆီယမ္ကို စြန႔္ထုတ္မႈ ပိုမ်ားမ်ားေလေလ ျဖစ္လို႔ပါပဲ။ ပညာရွင္ေတြရဲ႕ အဆိုအရ အငံစားျခင္းက ေသြးတိုးေရာဂါကိုလည္း ျဖစ္ေစတာေၾကာင့္ ေသြးတိုးေလေလ အ႐ိုးပါးေလေလျဖစ္ႏိုင္တယ္လို႔ ဆိုထားပါတယ္။

 

  • (၂) အခ်ိဳဓာတ္လြန္ကဲေသာ အစားစာမ်ား

အခ်ိဳဓာတ္လြန္ကဲျခင္းက အမ်ားသိသလိုပဲ ဆီးခ်ိဳေရာဂါျဖစ္ျခင္းနဲ႔ အတူ ႏွလုံးက်န္းမာေရး၊ ေသြးေၾကာအတြင္းက်န္းမာေရးတို႔အတြက္ ဆိုးက်ိဳးမ်ားစြာျဖစ္ေစပါတယ္။ အ႐ိုးက်န္းမာေရးနဲ႔ ပတ္သတ္ၿပီး ေသြးထဲမွာ အခ်ိဳဓာတ္ျမင့္တက္လာတဲ့အခါမွာေတာ့ ယင္း glucose ေတြဟာ အ႐ိုးတည္ေဆာက္မႈမွာ ပါဝင္တဲ့ ဆဲလ္ေတြျဖစ္တဲ့ collagen နဲ႔ elastin တို႔မွာ သြားေရာက္ကပ္ၿငိပါတယ္။ ယင္းကပ္ၿငိေနတဲ့ အရာေတြဟာ ေရာင္ရမ္းျခင္းကို အားေပးသလို အ႐ိုးကို ဖြဲ႕စည္းတဲ့ ကယ္လ္ဆီယမ္ကို ဆုံးရႈံးေစပါတယ္။ တစ္ဆက္ထဲမွာပဲ ကယ္လ္ဆီယမ္ဓာတ္ကို ဆီးထဲက စြန႔္ထုတ္မႈကို ျမင့္တက္လာေစပါတယ္။

 

  • (၃) ကိုလာႏွင့္ ဆိုဒါမ်ား

သင္ဟာ ကိုလာနဲ႔ ဆိုဒါႀကိဳသူတစ္ေယာက္ဆိုရင္ သင့္အ႐ိုးအတြက္ သိပ္ေကာင္းတဲ့ အေျခအေန မဟုတ္တာေတာ့ သတိထားေစခ်င္ပါတယ္။ တစ္ပတ္ကို ကိုကာကိုလာ သို႔မဟုတ္ ဆိုဒါကို ၇ ခြက္နဲ႔ အထက္ ေသာက္တဲ့သူေတြဟာ အ႐ိုးပြျခင္းကို ျဖစ္ေစႏိုင္ၿပီး အ႐ိုးက်ိဳးဖို႔ အခြင့္အလမ္း ပိုမိုမ်ားျပားတယ္လို႔ ဆိုပါတယ္။ အေၾကာင္းအရင္းကိုေတာ့ တိတိက်က် မသိရေပမယ့္ ဆိုဒါေသာက္သုံးျခင္းက က်န္းမာေရးအတြက္ သိပ္ေကာင္းတဲ့ အခ်က္မဟုတ္ဘူးလို႔ Dr.Cosman က ဆိုပါတယ္။ ေသြးဆုံးေသာ အမ်ိဳးသမီး ၇၃၀၀၀ ကိုေလ့လာခဲ့တဲ့ အခါမွာ ကိုကာကိုလာေသာက္တဲ့ သူမ်ားဟာ ကိုကာကိုလာမေသာက္သုံးတဲ့သူေတြထက္ အ႐ိုးက်ိဳးႏႈန္းျမင့္မားတာကို ေတြ႕ရပါတယ္။

 

  • (၄) ကဖင္းဓာတ္မ်ားေသာ အစားအစာမ်ား

ကဖင္းဓာတ္မ်ားတဲ့ အစားအစာေတြျဖစ္တဲ့ ေကာ္ဖီ၊ ေခ်ာကလက္ေတြကို စားသုံးျခင္းဟာ ေသြးဆုံးၿပီး အမ်ိဳးသမီးေတြမွာ သိသိသာသာ အ႐ိုးပါးျခင္းကို ျဖစ္ေစပါတယ္။ ပညာရွင္မ်ားရဲ႕ အဆိုအရ ကဖင္း ၁၀၀ မီလီဂရမ္ ေသာက္သုံးတိုင္း အ႐ိုးဖြဲ႕စည္းမႈမွာ အေရးပါတဲ့ ကယ္လ္ဆီယမ္ ၆ မီလီဂရမ္ဆုံးရႈံးေနတယ္လို႔ ဆိုပါတယ္။

 

  • (၅) အရက္ဘီယာ အလြန္အကြၽံေသာက္သုံးျခင္း

အရက္အလြန္အကြၽံေသာက္သုံးျခင္းက အ႐ိုးပါးျခင္းနဲ႔ အ႐ိုး၏ သိပ္သည္းမႈ ကိုနည္းပါးေစပါတယ္။ အ႐ိုးက်ိဳးလြယ္ျခင္းကို ျဖစ္ေစပါတယ္။ အ႐ိုးက်ိဳးျခင္းကိုကာကြယ္ဖို႔ အတြက္ တစ္ရက္ကို သုံးခြက္ထက္ ပိုမေသာက္မိဖို႔ သတိထားေစခ်င္ပါတယ္။

 

Steven

Leave a Reply

Your email address will not be published. Required fields are marked *