ဝမ်းအရောင်နှင့် ခလေးကျန်းမာရေးအခြေအနေ

 

ခလေးတွေ ဝမ်းသွားရင် အရောင်မျိုးစုံဖြစ်နေလို့ စိုးထိတ်နေကြတဲ့မေမေတွေအတွက် ဝမ်းအရောင်နဲ့ ခလေးကျန်းမာရေး အခြေအနေတွေကို သိရှိအောင် ဝေမျှပေးလိုက်ပါတယ်။

 

အမဲရောင်

 

မွေးကင်းစ ခလေးတွေမှာ ကတ္တရာစီးလို ဝမ်းမဲမဲလေးတွေ သွားတတ်ကြပါတယ်။ဒါဟာ ပုံမှန်ပါပဲ။ ၊ ဒါပေမဲ့ ရက်အနည်းငယ်ပဲ သွားသင့်ပါတယ်။ ရက်တော်တော်ကြာကြာသွားနေရင်တော့ ခလေးဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်တိုင်ပင်သင့်ပါတယ်။

 

အဝါရောင်

 

ဝမ်းအဝါရောင်ဟာ ပုံမှန်ဝမ်းအရောင်ဖြစ်ပြီး မိခင်နို့သီးသန့်သောက်သုံးတဲ့ ခလေးတွေမှာ တွေ့ရပါတယ်။

 

အဝါရင့်ရင့်အရောင်

 

အဝါရင့်ရောင် ဝမ်းဟာလည်း ပုံမှန်ဝမ်းပါပဲ ။ဒါပေမဲ့ ဝမ်းအကြိမ်ရေများတာ ၊အရည်ချည်းပဲ သွားတာ မျိုး ၊ ချွဲပါတာမျိုး ရှိရင်တောာ့ ဝမ်းလျောတဲ့ လက္ခဏာ ဖြစ်ပြီး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

 

လိမ္မော်ရောင်ဝမ်း

 

လိမ္မော်ရောင်ဝမ်းကို မိခင်နို့သောက်တဲ့ခလေးနဲ့ နို့ ဘူးစို့ ခလေး ၂မျိုးလုံးမှာ တွေ့နိုင်ပြီး ပုံမှန်ဝမ်းပါပဲ ။အစာခြေလမ်းကြောင်းက အရောင်ခြယ် ပစ္စည်းတွေ စွန့်ပစ်တဲ့ အခါမျိုးမှာ တွေ့ရတဲ့ အရောင်ဖြစ်ပါတယ်။

 

အနီရောင်ဝမ်း

 

ပုံမှန်ဝမ်းတွေမှာတော့ အနီရောင် ပါလေ့မရှိပါဘူး။ခလေးဝမ်းထဲ အနီရောင်တွေပါလာရင် အရင်ဆုံး ခလေးစားထားတဲ့ အစားအစား ၊သောက်တဲ့ဆေးဝါးတွေထဲ အနီရောင်ပါလားအရင်စဉ်းစားပါ။ရှိခဲ့လျှင် နောက်တစ်ကြိမ်ဝမ်းကိုစောင့်ကြည့်ပါ။နောက်သွားတဲ့ အကြိမ်တိုင်း အနီရောင်ဖြစ်နေမယ် အောက်ပဂျယ်လီလို အနီရောင်ဝမ်းတွေသွားတယ်ဆိုရင် အူလမ်းကြောင်း ပိုးဝင်ခြင်း၊စအိုကွဲခြင်း၊နို့နှင့်ဓာတ်မတည့်ခြင်းများကြောင့် ဖြစ်တတ်ပြီး ကလေးဆရာဝနါနှင့် အမြန်ဆုံးသွားရောက်ပြသပေးပါ။

 

ဝမ်းအစိမ်းရင့်ရောင်

ဝမ်းအစိမ်းရောင်ကို နို့ဘူးသီးသန့်တိုက်တဲ့ခလေးတွေမှာ တွေ့ရများပြီး ပုံမှန် ဝမ်းပဲဖြစ်ပါတယ်။

 

ရေညှိစိမ်းကဲ့သို့ စိမ်းသောဝမ်း

 

ရေညှိစိမ်းလို စိမ်းတဲ့ ဝမ်းတွေကို၆လပြည့် ဖြည့်စွက်စာ စကျွေးတဲ့ အချိန်မှာ တွေ့ရများပါတယ်. ။ဖြည့်စွက်စာ စကျွေးချိန် ပါတဲ့ ဟင့်နုနွယ်ရွက်၊ပဲ သီး အစရှိတဲ့ အစားအစာများကြောင့် ဝမ်းရေညှိစိမ်းလို စိမ်းတတ်ပါတယ်။

 

ဝမ်းအဖြူရောင် /ဝမ်းမီးခိုးရောင်

 

အဖြူရောင်ဝမ်း/မီးခိုးရောင်ဝမ်းသွားရင် တော့ ခလေးရံ့ ကိုယ်ခန္ဓာတံ့ အစာချေဖျက်ဖို့ အသည်းမှ bile လုံလုံလောက်လောက် မထုတ်ပေးနိုင်တဲ့ လက္ခဏာ ဖြစ်ကါတယ်။ ဒါ့ကြောင့် အဖြူရောင်ဝမ်းသွားလျှင် ဆရာဝန်နှင့် အမြန်ဆုံးပြသဖို့လိုပါတယ်။

 

ဝမ်းအရောင်တင်သာမက ဝမ်းအပျော့အမာ ကြည့်ပြီးလည်း ခလေးကျန်းမာရေးကို ခန့်မှန်းနိုင်ပါတယ်။

 

မွေးကင်းစခလေးတွေမှာ ဝမ်းပျစ်ပျစ်တွေသွားတတ်ပါတယ်။မွေးကင်းစဝမ်းကတော့ ရက်ပိုင်းအတွင်း အပြောင်းအလဲရှိတတ်လို့တိတိကျကျပြောလို့မရနိုက်ပါဘူး။မိခင်နို့သောက်တဲ့ခလေးတွေမှာ ဝမ်းပျော့ပျော့သွားတတ်ပြီး အဖြူဖတ်ဖတ် အစိစိလေးတွေပါတတ်ပါတယ်။ နို့ဘူးသောက်တဲ့ခလေးတွေမှာ ဝမ်းမာမာသွားတတ်ပါတယ်။ ဖြည့်စွက်စာစကျွေးပြီဆိုလျှင်လူကြီးဝမ်းပုံစံမျိုးတွေ သွားတတ်ပါတယ်။ဝမ်းမာမာကျစ်ကျစ် တွေသွားရင်တော့ ဝမ်းချုပ်တဲ့လက္ခဏာဖြစ်ပါတယ်။ ဝမ်းထဲ ချွဲတွေ သွေးတွေပါလာပြီး ဝမ်းအနံ့နံခြင်း ရှိပါက အူလမ်းကြောင်းဝမ်းကိုက်ပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်။

 

ခလေးတွေ ဘယ်နှစ်ရက်တစ်ကြီမ်ဝမ်းသွားလဲ။

မိခင်နို့သောက်တဲ့ခလေးတွေမှာသူတို့ ကျင့်သားမရသေးခင်အထိ ၁ပတ်တခါလောက်မှ ဝမ်းသွားတတ်ပြီး နို့ဘူးတိုက်တဲ့ မိခင်တွေမှာ တော့ ၁ရက် ၁ခါ သို့မဟုတ် ၃ရက်၁ခါ ပဲ ဝမ်းသွားတတ်ကြပြီး ဒီ့ထက်ပိုပါက ဝမ်းချုပ်တယ်လို့သတ်မှတ်လို့ရပါတယ်။

 

Dr Htet

 

[Zawgyi]

 

ဝမ္းအေရာင္ႏွင့္ ခေလးက်န္းမာေရးအေျခအေန

 

ခေလးေတြ ဝမ္းသြားရင္ အေရာင္မ်ိဳးစုံျဖစ္ေနလို႔ စိုးထိတ္ေနၾကတဲ့ေမေမေတြအတြက္ ဝမ္းအေရာင္နဲ႔ ခေလးက်န္းမာေရး အေျခအေနေတြကို သိရွိေအာင္ ေဝမွ်ေပးလိုက္ပါတယ္။

 

အမဲေရာင္

 

ေမြးကင္းစ ခေလးေတြမွာ ကတၱရာစီးလို ဝမ္းမဲမဲေလးေတြ သြားတတ္ၾကပါတယ္။ဒါဟာ ပုံမွန္ပါပဲ။ ၊ ဒါေပမဲ့ ရက္အနည္းငယ္ပဲ သြားသင့္ပါတယ္။ ရက္ေတာ္ေတာ္ၾကာၾကာသြားေနရင္ေတာ့ ခေလးဆရာဝန္နဲ႔ အျမန္ဆုံး သြားေရာက္တိုင္ပင္သင့္ပါတယ္။

 

အဝါေရာင္

 

ဝမ္းအဝါေရာင္ဟာ ပုံမွန္ဝမ္းအေရာင္ျဖစ္ၿပီး မိခင္ႏို႔သီးသန္႔ေသာက္သုံးတဲ့ ခေလးေတြမွာ ေတြ႕ရပါတယ္။

 

အဝါရင့္ရင့္အေရာင္

 

အဝါရင့္ေရာင္ ဝမ္းဟာလည္း ပုံမွန္ဝမ္းပါပဲ ။ဒါေပမဲ့ ဝမ္းအႀကိမ္ေရမ်ားတာ ၊အရည္ခ်ည္းပဲ သြားတာ မ်ိဳး ၊ ခြၽဲပါတာမ်ိဳး ရွိရင္ေတာာ့ ဝမ္းေလ်ာတဲ့ လကၡဏာ ျဖစ္ၿပီး ဂ႐ုစိုက္ေပးဖို႔ လိုအပ္ပါတယ္။

 

လိေမၼာ္ေရာင္ဝမ္း

 

လိေမၼာ္ေရာင္ဝမ္းကို မိခင္ႏို႔ေသာက္တဲ့ခေလးနဲ႔ ႏို႔ ဘူးစို႔ ခေလး ၂မ်ိဳးလုံးမွာ ေတြ႕ႏိုင္ၿပီး ပုံမွန္ဝမ္းပါပဲ ။အစာေျခလမ္းေၾကာင္းက အေရာင္ျခယ္ ပစၥည္းေတြ စြန္႔ပစ္တဲ့ အခါမ်ိဳးမွာ ေတြ႕ရတဲ့ အေရာင္ျဖစ္ပါတယ္။

 

အနီေရာင္ဝမ္း

ပုံမွန္ဝမ္းေတြမွာေတာ့ အနီေရာင္ ပါေလ့မရွိပါဘူး။ခေလးဝမ္းထဲ အနီေရာင္ေတြပါလာရင္ အရင္ဆုံး ခေလးစားထားတဲ့ အစားအစား ၊ေသာက္တဲ့ေဆးဝါးေတြထဲ အနီေရာင္ပါလားအရင္စဥ္းစားပါ။ရွိခဲ့လွ်င္ ေနာက္တစ္ႀကိမ္ဝမ္းကိုေစာင့္ၾကည့္ပါ။ေနာက္သြားတဲ့ အႀကိမ္တိုင္း အနီေရာင္ျဖစ္ေနမယ္ ေအာက္ပဂ်ယ္လီလို အနီေရာင္ဝမ္းေတြသြားတယ္ဆိုရင္ အူလမ္းေၾကာင္း ပိုးဝင္ျခင္း၊စအိုကြဲျခင္း၊ႏို႔ႏွင့္ဓာတ္မတည့္ျခင္းမ်ားေၾကာင့္ ျဖစ္တတ္ၿပီး ကေလးဆရာဝနါႏွင့္ အျမန္ဆုံးသြားေရာက္ျပသေပးပါ။

 

ဝမ္းအစိမ္းရင့္ေရာင္

 

ဝမ္းအစိမ္းေရာင္ကို ႏို႔ဘူးသီးသန္႔တိုက္တဲ့ခေလးေတြမွာ ေတြ႕ရမ်ားၿပီး ပုံမွန္ ဝမ္းပဲျဖစ္ပါတယ္။

 

ေရညိွစိမ္းကဲ့သို႔ စိမ္းေသာဝမ္း

 

ေရညႇိစိမ္းလို စိမ္းတဲ့ ဝမ္းေတြကို၆လျပည့္ ျဖည့္စြက္စာ စေကြၽးတဲ့ အခ်ိန္မွာ ေတြ႕ရမ်ားပါတယ္. ။ျဖည့္စြက္စာ စေကြၽးခ်ိန္ ပါတဲ့ ဟင့္ႏုႏြယ္႐ြက္၊ပဲ သီး အစရွိတဲ့ အစားအစာမ်ားေၾကာင့္ ဝမ္းေရညိွစိမ္းလို စိမ္းတတ္ပါတယ္။

 

ဝမ္းအျဖဴေရာင္ /ဝမ္းမီးခိုးေရာင္

 

အျဖဴေရာင္ဝမ္း/မီးခိုးေရာင္ဝမ္းသြားရင္ ေတာ့ ခေလးရံ႕ ကိုယ္ခႏၶာတံ့ အစာေခ်ဖ်က္ဖို႔ အသည္းမွ bile လုံလုံေလာက္ေလာက္ မထုတ္ေပးႏိုင္တဲ့ လကၡဏာ ျဖစ္ကါတယ္။ ဒါ့ေၾကာင့္ အျဖဴေရာင္ဝမ္းသြားလွ်င္ ဆရာဝန္ႏွင့္ အျမန္ဆုံးျပသဖို႔လိုပါတယ္။

 

ဝမ္းအေရာင္တင္သာမက ဝမ္းအေပ်ာ့အမာ ၾကည့္ၿပီးလည္း ခေလးက်န္းမာေရးကို ခန္႔မွန္းႏိုင္ပါတယ္။

 

ေမြးကင္းစခေလးေတြမွာ ဝမ္းပ်စ္ပ်စ္ေတြသြားတတ္ပါတယ္။ေမြးကင္းစဝမ္းကေတာ့ ရက္ပိုင္းအတြင္း အေျပာင္းအလဲရွိတတ္လို႔တိတိက်က်ေျပာလို႔မရႏိုက္ပါဘူး။မိခင္ႏို႔ေသာက္တဲ့ခေလးေတြမွာ ဝမ္းေပ်ာ့ေပ်ာ့သြားတတ္ၿပီး အျဖဴဖတ္ဖတ္ အစိစိေလးေတြပါတတ္ပါတယ္။ ႏို႔ဘူးေသာက္တဲ့ခေလးေတြမွာ ဝမ္းမာမာသြားတတ္ပါတယ္။ ျဖည့္စြက္စာစေကြၽးၿပီဆိုလွ်င္လူႀကီးဝမ္းပုံစံမ်ိဳးေတြ သြားတတ္ပါတယ္။ဝမ္းမာမာက်စ္က်စ္ ေတြသြားရင္ေတာ့ ဝမ္းခ်ဳပ္တဲ့လကၡဏာျဖစ္ပါတယ္။ ဝမ္းထဲ ခြၽဲေတြ ေသြးေတြပါလာၿပီး ဝမ္းအနံ႔နံျခင္း ရွိပါက အူလမ္းေၾကာင္းဝမ္းကိုက္ပိုးဝင္ျခင္း ျဖစ္ႏိုင္ပါတယ္။

 

ခေလးေတြ ဘယ္ႏွစ္ရက္တစ္ႀကီမ္ဝမ္းသြားလဲ။

 

မိခင္ႏို႔ေသာက္တဲ့ခေလးေတြမွာသူတို႔ က်င့္သားမရေသးခင္အထိ ၁ပတ္တခါေလာက္မွ ဝမ္းသြားတတ္ၿပီး ႏို႔ဘူးတိုက္တဲ့ မိခင္ေတြမွာ ေတာ့ ၁ရက္ ၁ခါ သို႔မဟုတ္ ၃ရက္၁ခါ ပဲ ဝမ္းသြားတတ္ၾကၿပီး ဒီ့ထက္ပိုပါက ဝမ္းခ်ဳပ္တယ္လို႔သတ္မွတ္လို႔ရပါတယ္။

 

Dr Htet

Leave a Reply

Your email address will not be published. Required fields are marked *