ဓမ္မတာနဲ့စိတ်ကျန်းမာရေး

 

မိန်းကလေးတွေအနေနဲ့ တချို့နေ့တွေမှာ အကောင်းမြင်စိတ်တွေနဲ့ပျော်ရွှင်နေသလောက် တချို့နေ့တွေမှာတော့ ဘာကိုမှစိတ်တိုင်းမကျဖြစ်နေတတ်တာဘာကြောင့်ပါလဲ? အဓိကအကြောင်းရင်းကတော့ ဟော်မုန်းကြောင့် ပဲဖြစ်ပါတယ်။ အီစထရိုဂျင်ဟော်မုန်းဟာ ဓမ္မတာမလာခင်ရက်သတ္တပတ်ကစလို့ စတင်ကျဆင်းလာပါတယ်။ ဒီကနေရာသီအကြိုဝေဒနာကို ခံစားရပြီး အဓိကအားဖြင့်ဓမ္မတာမပေါ်မီကာလမှာ စိတ်လှုပ်ရှားမှု၊ဝမ်းနည်းမှု၊ ဒေါသထွက်မှုတွေကို ပိုပြီးခံစားရစေပါတယ်။ အမျိုးသမီး (၁၀) ယောက်မှာ (၉) ယောက်က premenstrual syndrome (PMS) လက္ခဏာများတွေ့ရပါတယ်။

 

PMS ရဲ့ လက္ခဏာများအနေနဲ့ ဓမ္မတာရက်မတိုင်မီ ၅ရက်ခန့်မှ ၇ရက်ခန့်အလိုမှာဖြစ်တတ်ပါတယ်။ အများဆုံးရောဂါလက္ခဏာများကတော့ – စိတ်အပြောင်းအလဲများ၊ ရင်သားနာကျင်ခြင်း၊ ဝက်ခြံပေါက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းလွယ်ခြင်း၊ အစားအသောက်ပျက်ခြင်း(သို့) အလွန်စားသောက်ခြင်း၊ လိင်စိတ်လျော့ခြင်း စတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။ ဓမ္မတာလာပြီးအချိန်အနည်းငယ်အကြာမှာတော့ စိတ်နေသဘောထား၊ မျှော်မှန်းချက်၊ ယုံကြည်စိတ်ချမှုနဲ့အကောင်းမြင်မှုတို့ ကို ပြန်လည်ခံစားရနိုင်ပါတယ်။ သုတေသန တစ်ခုအရတစ်လလုံးပုံမှန်လေ့ကျင့်ခန်းလုပ်သူများကပြင်းထန်တဲ့ PMS လက္ခဏာများ မပြသဘူး လို့လည်းဆိုပါတယ်။

 

ဓမ္မတာလာတဲ့ချိန် စိုးရိမ်စိတ်ကို ထိန်းချုပ်ဖို့ ကူညီနိုင်တဲ့အရာ တွေကတော့-

 

၁။ အေရိုးဗစ်လေ့ကျင့်ခန်း။
၂။အပန်းဖြေနည်းစနစ်များ။
၃။စိတ်ဖိစီးမှုကိုလျော့ကျစေတဲ့နည်းလမ်းများ
၄။အိပ်ရေး၀၀အိပ်စက်ခြင်း
၅။အာဟာရပြည့်ဝတဲ့အစားအသောက်များစားခြင်း
၆။ရေများများသောက်ပေးခြင်း
၇။ ဗီတာမင်ဆေးသောက်သုံးခြင်း
၈။ရေနွေးနွေးနဲ့ရေချိုးပေးခြင်း
၉။အသင့်စားအစားအစာများကိုရှောင်ခြင်း
၁၀။ဆေးလိပ်၊အရက်၊ဘီယာများရှောင်ခြင်း စတာတွေပဲဖြစ်ပါတယ်

 

မိန်းကလေးတွေအနေနဲ့ ဓမ္မတာလာစဉ် လိင်ဆက်ဆံခြင်းသည်ယောက်ျားလေးရဲ့ လိင်စိတ်ဆန္ဒကို ဆိုးရွားစွာသက်ရောက်စေပြီးဓမ္မတာလာစဉ်အသုံးပြုတဲ့ ပစ္စည်းများနဲ့အနံ့ဆိုးများကြောင့် စိတ်ပျက်အားလျော့ စေနိုင်ပါတယ်။

 

ဒေါက်တာနိုင်း(ဆေး၁)

 

[Zawgyi]

 

ဓမၼတာနဲ႔စိတ္က်န္းမာေရး

 

မိန္းကေလးေတြအေနနဲ႔ တခ်ိဳ႕ေန႔ေတြမွာ အေကာင္းျမင္စိတ္ေတြနဲ႔ေပ်ာ္႐ႊင္ေနသေလာက္ တခ်ိဳ႕ေန႔ေတြမွာေတာ့ ဘာကိုမွစိတ္တိုင္းမက်ျဖစ္ေနတတ္တာဘာေၾကာင့္ပါလဲ? အဓိကအေၾကာင္းရင္းကေတာ့ ေဟာ္မုန္းေၾကာင့္ ပဲျဖစ္ပါတယ္။ အီစထ႐ိုဂ်င္ေဟာ္မုန္းဟာ ဓမၼတာမလာခင္ရက္သတၱပတ္ကစလို႔ စတင္က်ဆင္းလာပါတယ္။ ဒီကေနရာသီအႀကိဳေဝဒနာကို ခံစားရၿပီး အဓိကအားျဖင့္ဓမၼတာမေပၚမီကာလမွာ စိတ္လႈပ္ရွားမႈ၊၀မ္းနည္းမႈ၊ ေဒါသထြက္မႈေတြကို ပိုၿပီးခံစားရေစပါတယ္။ အမ်ိဳးသမီး (၁၀) ေယာက္မွာ (၉) ေယာက္က premenstrual syndrome (PMS) လကၡဏာမ်ားေတြ႕ရပါတယ္။

 

PMS ရဲ႕ လကၡဏာမ်ားအေနနဲ႔ ဓမၼတာရက္မတိုင္မီ ၅ရက္ခန္႔မွ ၇ရက္ခန္႔အလိုမွာျဖစ္တတ္ပါတယ္။ အမ်ားဆုံးေရာဂါလကၡဏာမ်ားကေတာ့ – စိတ္အေျပာင္းအလဲမ်ား၊ ရင္သားနာက်င္ျခင္း၊ ဝက္ၿခံေပါက္ျခင္း၊ ေခါင္းကိုက္ျခင္း၊ ပင္ပန္းလြယ္ျခင္း၊ အစားအေသာက္ပ်က္ျခင္း(သို႔) အလြန္စားေသာက္ျခင္း၊ လိင္စိတ္ေလ်ာ့ျခင္း စတဲ့လကၡဏာေတြပဲျဖစ္ပါတယ္။ ဓမၼတာလာၿပီးအခ်ိန္အနည္းငယ္အၾကာမွာေတာ့ စိတ္ေနသေဘာထား၊ ေမွ်ာ္မွန္းခ်က္၊ ယုံၾကည္စိတ္ခ်မႈနဲ႔အေကာင္းျမင္မႈတို႔ ကို ျပန္လည္ခံစားရႏိုင္ပါတယ္။ သုေတသန တစ္ခုအရတစ္လလုံးပုံမွန္ေလ့က်င့္ခန္းလုပ္သူမ်ားကျပင္းထန္တဲ့ PMS လကၡဏာမ်ား မျပသဘူး လို႔လည္းဆိုပါတယ္။

 

ဓမၼတာလာတဲ့ခ်ိန္ စိုးရိမ္စိတ္ကို ထိန္းခ်ဳပ္ဖို႔ ကူညီႏိုင္တဲ့အရာ ေတြကေတာ့-

 

၁။ ေအ႐ိုးဗစ္ေလ့က်င့္ခန္း။
၂။အပန္းေျဖနည္းစနစ္မ်ား။
၃။စိတ္ဖိစီးမႈကိုေလ်ာ့က်ေစတဲ့နည္းလမ္းမ်ား
၄။အိပ္ေရး၀၀အိပ္စက္ျခင္း
၅။အာဟာရျပည့္၀တဲ့အစားအေသာက္မ်ားစားျခင္း
၆။ေရမ်ားမ်ားေသာက္ေပးျခင္း
၇။ ဗီတာမင္ေဆးေသာက္သုံးျခင္း
၈။ေရေႏြးေႏြးနဲ႔ေရခ်ိဳးေပးျခင္း
၉။အသင့္စားအစားအစာမ်ားကိုေရွာင္ျခင္း
၁၀။ေဆးလိပ္၊အရက္၊ဘီယာမ်ားေရွာင္ျခင္း စတာေတြပဲျဖစ္ပါတယ္

 

မိန္းကေလးေတြအေနနဲ႔ ဓမၼတာလာစဥ္ လိင္ဆက္ဆံျခင္းသည္ေယာက္်ားေလးရဲ႕ လိင္စိတ္ဆႏၵကို ဆိုး႐ြားစြာသက္ေရာက္ေစၿပီးဓမၼတာလာစဥ္အသုံးျပဳတဲ့ ပစၥည္းမ်ားနဲ႔အနံ႔ဆိုးမ်ားေၾကာင့္ စိတ္ပ်က္အားေလ်ာ့ ေစႏိုင္ပါတယ္။

 

ေဒါက္တာႏိုင္း(ေဆး၁)

Leave a Reply

Your email address will not be published. Required fields are marked *