လေ့လာမှတ်သားစရာ ခြေထောက်သွေးကြောထုံးခြင်းပြဿနာ

 

👩‍⚕️ တခါတလေ တချို့လူတွေရဲ့ ခြေထောက်
မှာသွေးကြောကွန်ယက်တွေယှက်ဖြာနေတာမျိုးတွေကို တွေ့ဖူးတဲ့သူရှိကြမှာပါ။ ဒီလို ဖြစ်ဖူးတဲ့သူတွေလည်းရှိကြမယ်။ သွေးကြောထုံးတွေဟာ
ခြေထောက် အရေပြားမှာ ဖုတွေထသလိုဖြစ်နေတာလည်းရှိမယ်။ ဘာလို့ ဒီလိုတွေဖြစ်လာလဲဆိုရင် ခြေထောက်မှာ သွေးတွေစုပုံလာတဲ့အတွက်ကြောင့်ပါပဲ။ ကျွန်မတို့ ခန္တာကိုယ်မှာကြွက်သားတွေက သုံးစွဲပြီးသားသွေးတွေကို ကမ္ဘာမြေကြီး
ဆွဲအားကိုဆန့်ကျင်ပြီး ခြေသလုံးကြွက်သားတွေရဲ့ညှစ်အားနဲ့နှလုံးဆီကိုသွေးပြန်ကြောတွေကပြန်လည်သယ်ဆောင်ပေးရပါတယ်။ ဒီလိုသယ်ဆောင်တဲ့အခါမှာ သွေးတွေနောက်ပြန်စီးဆင်းမှုမရှိအောင် အဆို့ရှင်လေးတွေက လုပ်ဆောင်ပေးရပါတယ်။ အဆို့ရှင်အားနည်းတဲ့အခါ၊ ထိခိုက်ပျက်စီးတဲ့အခါ၊ သွေးပြန်ကြောအားနည်းတဲ့အခါမျိုးတွေမှာ သွေးတွေဟာ ခြေထောက်ထဲမှာစုပုံလာပြီး ဒီလိုသွေးကြောထုံးတာမျိုးတွေဖြစ်ပေါ်လာစေတာပါ။

 

ခြေထောက်သွေးကြောထုံးတာကို ဘယ်လိုသိရှိနိုင်မလဲဆိုရင်….

 

🌀 ခြေထောက်မှာ လိမ်ယှက်နေတဲ့ ခရမ်းရင့်ရောင်လိုလို အပြာရောင်သမ်းနေသလိုလို သွေးပြန်ကြောတွေတွေ့ရမယ်၊ သွေးကြောတွေထုံးပြီး ဖောင်းနေမယ်
🌀 အရေပြားအရောင်ပြောင်းမယ်၊ ယားယံမယ်
🌀 ခြေထောက်က လေးနေသလိုခံစားရမယ်
🌀 ခြေထောက်ရောင်ရမ်းပြီး တခုခုနဲ့ထိုးနေသလိုမျိုး၊ ကြွက်တက်သလိုမျိုး နာကျင်တာတွေရှိမယ်
🌀 ဒီလို နာကျင်ကိုက်ခဲတာဟာ အချိန်အကြာကြီးမတ်တပ်ရပ်တာတို့ ထိုင်တာတို့လုပ်ပြီးရင် ပိုဆိုးမယ်

 

ကုသမှုအနေနဲ့က….

 

လေ့ကျင့်ခန်းပြုလုပ်တာ
ကိုယ်အလေးချိန်ကိုထိန်းတာ
ခြေထောက်သွေးအိုင်တာသက်သာအောင်၊ ရောင်ရမ်းတာတွေလျော့အောင် ခြေထောက်ကို
အမြင့်တစ်နေရာမှာ မြှောက်ထားတာ
အဝတ်ကြပ်ကြပ်တွေကိုမဝတ်တာ
အချိန်ကြာကြာ မတ်တပ်ရပ်တာ၊ ထိုင်တာကိုရှောင်တာ
ခြေသလုံးကြွက်သားကိုညှစ်အောင်လုပ်ပြီး
သွေးတွေကို နှလုံးဆီကိုရောက်အောင်တွန်းပို့ဖို့
Compression stockings ဝတ်တာတွေအပြင် အရမ်းဆိုးရွားလာရင်တော့ တခြား
Procedures တွေပါလုပ်ဆောင်ရတတ်ပါတယ်။

 

သေချာသာမကုသဖူးဆိုရင်…

 

⛔ သွေးခဲဖြစ်တာ
⛔ သွေးယိုတာ
⛔ အရေပြားအနာဖြစ်တာတွေဖြစ်လာတတ်ပါတယ်။

 

ဒေါက်တာသွန်းထည်ဝါ

 

[Zawgyi]

 

ေလ့လာမွတ္သားစရာ ေျခေထာက္ေသြးေၾကာထုံးျခင္းျပႆနာ

 

👩‍⚕️ တခါတေလ တခ်ိဳ႕လူေတြရဲ႕ ေျခေထာက္
မွာေသြးေၾကာကြန္ယက္ေတြယွက္ျဖာေနတာမ်ိဳးေတြကို ေတြ႕ဖူးတဲ့သူရွိၾကမွာပါ။ ဒီလို ျဖစ္ဖူးတဲ့သူေတြလည္းရွိၾကမယ္။ ေသြးေၾကာထုံးေတြဟာ
ေျခေထာက္ အေရျပားမွာ ဖုေတြထသလိုျဖစ္ေနတာလည္းရွိမယ္။ ဘာလို႔ ဒီလိုေတြျဖစ္လာလဲဆိုရင္ ေျခေထာက္မွာ ေသြးေတြစုပုံလာတဲ့အတြက္ေၾကာင့္ပါပဲ။ ကြၽန္မတို႔ ခႏၲာကိုယ္မွာႂကြက္သားေတြက သုံးစြဲၿပီးသားေသြးေတြကို ကမာၻေျမႀကီး
ဆြဲအားကိုဆန္႔က်င္ၿပီး ေျခသလုံးႂကြက္သားေတြရဲ႕ညႇစ္အားနဲ႔ႏွလုံးဆီကိုေသြးျပန္ေၾကာေတြကျပန္လည္သယ္ေဆာင္ေပးရပါတယ္။ ဒီလိုသယ္ေဆာင္တဲ့အခါမွာ ေသြးေတြေနာက္ျပန္စီးဆင္းမႈမရွိေအာင္ အဆို႔ရွင္ေလးေတြက လုပ္ေဆာင္ေပးရပါတယ္။ အဆို႔ရွင္အားနည္းတဲ့အခါ၊ ထိခိုက္ပ်က္စီးတဲ့အခါ၊ ေသြးျပန္ေၾကာအားနည္းတဲ့အခါမ်ိဳးေတြမွာ ေသြးေတြဟာ ေျခေထာက္ထဲမွာစုပုံလာၿပီး ဒီလိုေသြးေၾကာထုံးတာမ်ိဳးေတြျဖစ္ေပၚလာေစတာပါ။

 

ေျခေထာက္ေသြးေၾကာထုံးတာကို ဘယ္လိုသိရွိႏိုင္မလဲဆိုရင္….

 

🌀 ေျခေထာက္မွာ လိမ္ယွက္ေနတဲ့ ခရမ္းရင့္ေရာင္လိုလို အျပာေရာင္သမ္းေနသလိုလို ေသြးျပန္ေၾကာေတြေတြ႕ရမယ္၊ ေသြးေၾကာေတြထုံးၿပီး ေဖာင္းေနမယ္
🌀 အေရျပားအေရာင္ေျပာင္းမယ္၊ ယားယံမယ္
🌀 ေျခေထာက္က ေလးေနသလိုခံစားရမယ္
🌀 ေျခေထာက္ေရာင္ရမ္းၿပီး တခုခုနဲ႔ထိုးေနသလိုမ်ိဳး၊ ႂကြက္တက္သလိုမ်ိဳး နာက်င္တာေတြရွိမယ္
🌀 ဒီလို နာက်င္ကိုက္ခဲတာဟာ အခ်ိန္အၾကာႀကီးမတ္တပ္ရပ္တာတို႔ ထိုင္တာတို႔လုပ္ၿပီးရင္ ပိုဆိုးမယ္

 

ကုသမႈအေနနဲ႔က….

 

ေလ့က်င့္ခန္းျပဳလုပ္တာ
ကိုယ္အေလးခ်ိန္ကိုထိန္းတာ
ေျခေထာက္ေသြးအိုင္တာသက္သာေအာင္၊ ေရာင္ရမ္းတာေတြေလ်ာ့ေအာင္ ေျခေထာက္ကို
အျမင့္တစ္ေနရာမွာ ေျမႇာက္ထားတာ
အဝတ္ၾကပ္ၾကပ္ေတြကိုမဝတ္တာ
အခ်ိန္ၾကာၾကာ မတ္တပ္ရပ္တာ၊ ထိုင္တာကိုေရွာင္တာ
ေျခသလုံးႂကြက္သားကိုညႇစ္ေအာင္လုပ္ၿပီး
ေသြးေတြကို ႏွလုံးဆီကိုေရာက္ေအာင္တြန္းပို႔ဖို႔
Compression stockings ဝတ္တာေတြအျပင္ အရမ္းဆိုး႐ြားလာရင္ေတာ့ တျခား
Procedures ေတြပါလုပ္ေဆာင္ရတတ္ပါတယ္။

 

ေသခ်ာသာမကုသဖူးဆိုရင္…

 

⛔ ေသြးခဲျဖစ္တာ
⛔ ေသြးယိုတာ
⛔ အေရျပားအနာျဖစ္တာေတြျဖစ္လာတတ္ပါတယ္။

 

ေဒါက္တာသြန္းထည္ဝါ

Leave a Reply

Your email address will not be published. Required fields are marked *