နှလုံးကျန်းမာရေးအတွက် ရှောင်ကြဉ်သင့်သော အပြုအမူ (၅) ခု

 

  • (၁)   တစ်နေရာထဲတွင် ကျောက်ချထိုင်မနေပါနဲ့

လေ့ကျင့်ခန်းလုပ်တယ်ဆိုတာကတော့ ကောင်းတဲ့ အကျင့်တစ်ခုပါ။ ဒါပေမယ့် သင်ဟာ လေ့ကျင့်ခန်းလုပ်တဲ့ အချိန်ကလွဲပြီး ကျန်တဲ့ အချိန်တော်တော်များများကို သင့်ရဲ့ ထိုင်ခုံပေါ်မှာ ကုန်ဆုံးမယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ ညီညွတ်မှာ မဟုတ်ပါဘူး။ အလုပ်တစ်နာရီလောက် ထိုင်လုပ်ပြီးတိုင်းမှာ ခဏဖြစ်ဖြစ်လမ်းထလျှောက်ပေးဖို့ သင့်ပါတယ်။ ဘောလုံးပွဲလိုမျိုး သင်အရမ်းကြိုက်တဲ့ တီဗွီအစီအစဉ်ကြည့်ရင်တောင်တောက်လျှောက်မကြည့်ပဲ လမ်းထလျှောက်ပေး သင့်ပါတယ်။

  • (၂)    အသက်ငယ်သေးတယ်ဆိုပြီး အစားမသောင်းကျန်းပါနဲ့

ကျန်းမာရေးကို ထိန်းသိမ်းဂရုစိုက်တဲ့ နေရာမှာ အသကက်ငယ်တာ ကြီးတာ မရှိပါဘူး။ သွေးတိုးစေမယ့် အစားအစာ၊ အချိုဓာတ်များတဲ့ အစားအစာတွေကို ငယ်စဉ်ကတည်းက ရှောင်ရှားသင့်ပါတယ်။

  • (၃)   အရက်အများကြီးမသောက်ပါနဲ့

မိန်းကလေးဆိုရင် အရက် တစ်ပတ်ခွဲ နှစ်ပတ်ခန့် ယောကျာ်းလေးဆိုရင် အရက် ၂ ပတ်မှ သုံးပတ်ခန့် နေ့စဉ်သောက်သုံးခြင်းဟာ ကျန်းမာရေးနဲ့တောင် ညီညွှတ်ပါသေးတယ်။ဒါပေမယ့် ဒီထက် ပိုများပြီးသောက်မယ်ဆိုရင်တော့ သွေးထဲမှာ အဆီမျာလာခြင်း၊ သွေးတိုးခြင်း၊ စတဲ့ အရာတွေကို ခံစားရနိုင်ပြိး နှလုံးကျန်းမာရေးကို ထိခိုက်စေပါတယ်။

  • (၄)   သင့်ကိုယ်ခန္ဓာတွင်းမှ ကိန်းဂဏန်းများကို သတိပြုပါ

ကျွန်တော်တို့ ကိုယ်ခန္ဓာထဲမှာ အဆီဓာတ်ဘယ်လောက်ရှိသလဲ၊ အချိုဓာတ်၊ သွေးပေါင်ချိန်၊ စတဲ့ အရာလေးတွေကို ကိန်းဂဏန်းတွေနဲ့ စောင့်ကြည့်နေရမယ်။ ဘယ်လောက် မကျော်ရဘူးဆိုတာ ဗဟုသုတရှိနေရပါမယ်။ အသက် ၂၀ ကျော်ကတည်းက ဆရာဝန်နဲ့ ပုံမှန်ပြသကာ စစ်ဆေးသင့်ပါတယ်။

  • (၅)   ဗိုက်မပူပါစေနဲ့

နြူပ်အေ လို့ခေါ်တဲ့ ဝမ်းဗိုက်အတွင်းမှာရှိတဲ့ ဝမ်းတွင်းအဆီတွေဟာ နှလုံးအတွက် မကောင်းပါဘူး။ဒါကြောင့် သင့်ခါးနဲ့ ဗိုက်ပတ်လည်ကို အမြဲ တိုင်းကြည့်ဖို့လိုပါတယ်။ မိန်းကလေးတွေမှာဆို ၃၅ လက်မနဲ့ အထက် ယောကျာ်းလေးတွေမှာဆို ၄၀ လက်မနဲ့ အထက် ဖြစ်ခဲ့ရင်တော့ အနရာယ်ရှိတဲ့ ပုံစံပဲဖြစ်ပါတယ်။

 

By Steven

[Zawgyi]

 

နှလုံးကျန်းမာရေးအတွက် ရှောင်ကြဉ်သင့်သော အပြုအမူ (၅) ခု

 

  • (၁)   တစ္ေနရာထဲတြင္ ေက်ာက္ခ်ထိုင္မေနပါနဲ႔

ေလ့က်င့္ခန္းလုပ္တယ္ဆိုတာကေတာ့ ေကာင္းတဲ့ အက်င့္တစ္ခုပါ။ ဒါေပမယ့္ သင္ဟာ ေလ့က်င့္ခန္းလုပ္တဲ့ အခ်ိန္ကလြဲၿပီး က်န္တဲ့ အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို သင့္ရဲ႕ ထိုင္ခုံေပၚမွာ ကုန္ဆုံးမယ္ဆိုရင္ေတာ့ က်န္းမာေရးနဲ႔ ညီၫြတ္မွာ မဟုတ္ပါဘူး။ အလုပ္တစ္နာရီေလာက္ ထိုင္လုပ္ၿပီးတိုင္းမွာ ခဏျဖစ္ျဖစ္လမ္းထေလွ်ာက္ေပးဖို႔ သင့္ပါတယ္။ ေဘာလုံးပြဲလိုမ်ိဳး သင္အရမ္းႀကိဳက္တဲ့ တီဗြီအစီအစဥ္ၾကည့္ရင္ေတာင္ေတာက္ေလွ်ာက္မၾကည့္ပဲ လမ္းထေလွ်ာက္ေပး သင့္ပါတယ္။

  • (၂)    အသက္ငယ္ေသးတယ္ဆိုၿပီး အစားမေသာင္းက်န္းပါနဲ႔

က်န္းမာေရးကို ထိန္းသိမ္းဂ႐ုစိုက္တဲ့ ေနရာမွာ အသကက္ငယ္တာ ႀကီးတာ မရွိပါဘူး။ ေသြးတိုးေစမယ့္ အစားအစာ၊ အခ်ိဳဓာတ္မ်ားတဲ့ အစားအစာေတြကို ငယ္စဥ္ကတည္းက ေရွာင္ရွားသင့္ပါတယ္။

  • (၃)   အရက္အမ်ားႀကီးမေသာက္ပါနဲ႔

မိန္းကေလးဆိုရင္ အရက္ တစ္ပတ္ခြဲ ႏွစ္ပတ္ခန႔္ ေယာက်ာ္းေလးဆိုရင္ အရက္ ၂ ပတ္မွ သုံးပတ္ခန႔္ ေန႔စဥ္ေသာက္သုံးျခင္းဟာ က်န္းမာေရးနဲ႔ေတာင္ ညီၫႊတ္ပါေသးတယ္။ဒါေပမယ့္ ဒီထက္ ပိုမ်ားၿပီးေသာက္မယ္ဆိုရင္ေတာ့ ေသြးထဲမွာ အဆီမ်ာလာျခင္း၊ ေသြးတိုးျခင္း၊ စတဲ့ အရာေတြကို ခံစားရႏိုင္ၿပိး ႏွလုံးက်န္းမာေရးကို ထိခိုက္ေစပါတယ္။

  • (၄)   သင့္ကိုယ္ခႏၶာတြင္းမွ ကိန္းဂဏန္းမ်ားကို သတိျပဳပါ

ကြၽန္ေတာ္တို႔ ကိုယ္ခႏၶာထဲမွာ အဆီဓာတ္ဘယ္ေလာက္ရွိသလဲ၊ အခ်ိဳဓာတ္၊ ေသြးေပါင္ခ်ိန္၊ စတဲ့ အရာေလးေတြကို ကိန္းဂဏန္းေတြနဲ႔ ေစာင့္ၾကည့္ေနရမယ္။ ဘယ္ေလာက္ မေက်ာ္ရဘူးဆိုတာ ဗဟုသုတရွိေနရပါမယ္။ အသက္ ၂၀ ေက်ာ္ကတည္းက ဆရာဝန္နဲ႔ ပုံမွန္ျပသကာ စစ္ေဆးသင့္ပါတယ္။

  • (၅)   ဗိုက္မပူပါေစနဲ႔

ျႏူပ္ေအ လို႔ေခၚတဲ့ ဝမ္းဗိုက္အတြင္းမွာရွိတဲ့ ဝမ္းတြင္းအဆီေတြဟာ ႏွလုံးအတြက္ မေကာင္းပါဘူး။ဒါေၾကာင့္ သင့္ခါးနဲ႔ ဗိုက္ပတ္လည္ကို အၿမဲ တိုင္းၾကည့္ဖို႔လိုပါတယ္။ မိန္းကေလးေတြမွာဆို ၃၅ လက္မနဲ႔ အထက္ ေယာက်ာ္းေလးေတြမွာဆို ၄၀ လက္မနဲ႔ အထက္ ျဖစ္ခဲ့ရင္ေတာ့ အနရာယ္ရွိတဲ့ ပုံစံပဲျဖစ္ပါတယ္။

 

By Steven

Leave a Reply

Your email address will not be published. Required fields are marked *