သုံးလခံတားဆေး (Depo) နှင့် အရိုးကျန်းမာရေး

 Depo ဆိုတာကတော့ အားလုံးသိကြတဲ့ အတိုင်းပဲ အလွန်ပဲ လူသုံးများပြီး အစွမ်းထက်တဲ့ သန္ဒောတားဆေး တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် သန္ဒေတားဆေးသုံးစွဲသူ အမျိုးသမီးဦးရေရဲ့ ရာခိုင်နှုန်းအများစုဟာ Depo  ကိုပဲ သုံးကြတယ်။ အားသာချက်က တစ်နှစ်မှာမှလေးကြိမ်သာထိုးရပြီး တစ်ခါထိုးရင်လည်း မြန်မာငွေ ၂၀၀၀ ပတ်ဝန်းကျင်သာ ကျသင့်တဲ့ အတွက် အတော်လေးအဆင်ပြေတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် ယခင်လေ့လာတွေ့ရှိချက်များအရ Depo ထိုးခြင်းက အရိုးများ၏ ကျစ်လစ်သိပ်သည်းမှု ကို လျော့နည်းစေတယ်ဆိုပြီး ဆိုခဲ့ပါတယ်။ ဒါပေမယ့် ပညာရှင်များက Depo သုံးနေစဉ်အတွင်း အရိုး၏ သိပ်သည်းမှု ကျဆင်းစေသည်မှန်သော်လည်း Depo အသုံးပြုမှု ရပ်လိုက်တဲ့ အချိန်မှာတော့ အရိုးကို ပြန်ပြီး ကျစ်လစ်အောင် ဖွဲ့စည်းနိုင်တယ်လို့ ဆိုပါတယ်။ နောက်တစ်ချက်ကတော့ Depo သုံးလို့ အရိုးပွတာထက် Depo မသုံးပဲ မလိုချင်တဲ့ ကိုယ်ဝန်ရသွားတာက ပိုပြီး အန္တရာယ်များတယ်လို့ ဆိုထားပါတယ်။

အမေရိကန်နိုင်ငံမှာဆိုရင် အရွယ်ရောက်ပြီးသား လူငယ်များနဲ့ လိင်ဆက်ဆံမှုရှိသူ အမျိုးသမီး ၅ ယောက်လျှင် တစ်ယောက်နှုန်းဖြင့် Depo ထိုးပြီး သန္ဒေတားဆီးကြပါတယ်။ Depo ဟာ သန္ဒေကို ထိရောက်စွာ တားဆီးနိုင်ပြီး သူရဲ့ သန္ဒေတားဆီးနိုင်သော နှုန်းက သားအိမ်တွင်းထည့် သန္ဒေတားပစ္စည်း (Intrauterine device) နဲ့ လက်မောင်းတွင်းထည့်သန္ဒေတားပစ္စည်း (implant) တို့နဲ့ တူညီပြီး တစ်လခံသောက်ဆေးထက် ပိုပြီး သန္ဒေတားဆီးနှုန်းမြင့်ပါတယ်။ ဒါ့ကြောင့် ယနေ့ခေတ်လို မရည်ရွယ်ပဲ ကိုယ်ဝန်ရသူတွေများပြားနေတဲ့ ခေတ်ကြီးမှာ Depo သုံးစွဲမှုကို အရိုးပွမှာစိုးရိမ်တဲ့ အကြောင်းပြချက်နဲ့ မကန့်သတ်သင့်ပါဘူး။ အမေရိကန်နိုင်ငံမှာဆိုရင် ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ 49% ဟာ မရည်ရွယ်ပဲ ကိုယ်ဝန်ရကြတာ ဖြစ်ပါတယ်။

Depo ထိုးဆေးဟာ ဦးနှောက်ထဲမှာရှိတဲ့ pituitary gland မှထွက်သော gonadotropin ဟော်မုန်းကို တားဆီးပေးပြီး သားဥကြွေခြင်းနဲ့ estrogen ဟော်မုန်း ထုတ်ပေးခြင်းကို တားဆီးပါတယ်။ ယင်းကဲ့သို့ estrogen ဟော်မုန်း တားဆီးမှုကြောင့် အရိုးပွနိုင်သည်ဟု ယူဆခဲ့ရာ ယင်းအချက်ကိုသာ ထုတ်ပြန်လိုက်လျှင် မလိုအပ်သော ကိုယ်ဝန်များ၊ ကိုယ်ဝန်ဖျက်ချမှုများ များလာနိုင်ပြီး တိုင်းပြည်၏ အနာဂတ်ပါထိခိုက်လာ နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ Depo ထိုးဆေးသုံးစွဲသူ အမျိုးသမီးများရဲ့ ၇၀% ခန့်ဟာ ရာသီထိန်လေ့ ရှိတာကြောင့် သူတို့ရဲ့ ရာသီစက်ဝန်းကို မေ့လျော့နေတတ်ကြပြီး ဆေးကို အချိန်မှန်ထိုးမှသာ ကောင်းမွန်စွာ ကာကွယ်နိုင်ပါလိမ့်မယ်။ Depo ဆေး တစ်လုံးနှင့် တစ်လုံးကြား ထိုးချိန်လွန်မှုကြောင့် ကိုယ်ဝန်ရှိခဲ့သူများဟာ ကိုယ်ဝန်လအတော်ရင့်မှသာ သိလေ့ရှိကြပါတယ်။ ဒါ့ကြောင့် မိမိတို့အနေနဲ့ Depo ကို တားဆေးအဖြစ်သုံး စွဲသူများအနေနဲ့ အရိုးပွမှာ စိုးရိမ်မှုကြောင့် တားဆေးကို မရပ်တန့်လိုက်စေချင်ဘူးလို့ အတိအလင်းဆိုထားပါတယ်။

Dr. Simon

[Zawgyi]

 

သုံးလခံတားဆေး (Depo) နှင့် အရိုးကျန်းမာရေး

 

Depo ဆိုတာကေတာ့ အားလုံးသိၾကတဲ့ အတိုင္းပဲ အလြန္ပဲ လူသုံးမ်ားၿပီး အစြမ္းထက္တဲ့ သေႏၵာတားေဆး တစ္ခုျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာဆိုရင္ သေႏၵတားေဆးသုံးစြဲသူ အမ်ိဳးသမီးဦးေရရဲ႕ ရာခိုင္ႏႈန္းအမ်ားစုဟာ Depo  ကိုပဲ သုံးၾကတယ္။ အားသာခ်က္က တစ္ႏွစ္မွာမွေလးႀကိမ္သာထိုးရၿပီး တစ္ခါထိုးရင္လည္း ျမန္မာေငြ ၂၀၀၀ ပတ္ဝန္းက်င္သာ က်သင့္တဲ့ အတြက္ အေတာ္ေလးအဆင္ေျပတယ္လို႔ ဆိုရမွာပါ။ ဒါေပမယ့္ ယခင္ေလ့လာေတြ႕ရွိခ်က္မ်ားအရ Depo ထိုးျခင္းက အ႐ိုးမ်ား၏ က်စ္လစ္သိပ္သည္းမႈ ကို ေလ်ာ့နည္းေစတယ္ဆိုၿပီး ဆိုခဲ့ပါတယ္။ ဒါေပမယ့္ ပညာရွင္မ်ားက Depo သုံးေနစဥ္အတြင္း အ႐ိုး၏ သိပ္သည္းမႈ က်ဆင္းေစသည္မွန္ေသာ္လည္း Depo အသုံးျပဳမႈ ရပ္လိုက္တဲ့ အခ်ိန္မွာေတာ့ အ႐ိုးကို ျပန္ၿပီး က်စ္လစ္ေအာင္ ဖြဲ႕စည္းႏိုင္တယ္လို႔ ဆိုပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ Depo သုံးလို႔ အ႐ိုးပြတာထက္ Depo မသုံးပဲ မလိုခ်င္တဲ့ ကိုယ္ဝန္ရသြားတာက ပိုၿပီး အႏၲရာယ္မ်ားတယ္လို႔ ဆိုထားပါတယ္။

အေမရိကန္ႏိုင္ငံမွာဆိုရင္ အ႐ြယ္ေရာက္ၿပီးသား လူငယ္မ်ားနဲ႔ လိင္ဆက္ဆံမႈရွိသူ အမ်ိဳးသမီး ၅ ေယာက္လွ်င္ တစ္ေယာက္ႏႈန္းျဖင့္ Depo ထိုးၿပီး သေႏၵတားဆီးၾကပါတယ္။ Depo ဟာ သေႏၵကို ထိေရာက္စြာ တားဆီးႏိုင္ၿပီး သူရဲ႕ သေႏၵတားဆီးႏိုင္ေသာ ႏႈန္းက သားအိမ္တြင္းထည့္ သေႏၵတားပစၥည္း (Intrauterine device) နဲ႔ လက္ေမာင္းတြင္းထည့္သေႏၵတားပစၥည္း (implant) တို႔နဲ႔ တူညီၿပီး တစ္လခံေသာက္ေဆးထက္ ပိုၿပီး သေႏၵတားဆီးႏႈန္းျမင့္ပါတယ္။ ဒါ့ေၾကာင့္ ယေန႔ေခတ္လို မရည္႐ြယ္ပဲ ကိုယ္ဝန္ရသူေတြမ်ားျပားေနတဲ့ ေခတ္ႀကီးမွာ Depo သုံးစြဲမႈကို အ႐ိုးပြမွာစိုးရိမ္တဲ့ အေၾကာင္းျပခ်က္နဲ႔ မကန႔္သတ္သင့္ပါဘူး။ အေမရိကန္ႏိုင္ငံမွာဆိုရင္ ကိုယ္ဝန္ေဆာင္မိခင္ေတြရဲ႕ 49% ဟာ မရည္႐ြယ္ပဲ ကိုယ္ဝန္ရၾကတာ ျဖစ္ပါတယ္။

Depo ထိုးေဆးဟာ ဦးေႏွာက္ထဲမွာရွိတဲ့ pituitary gland မွထြက္ေသာ gonadotropin ေဟာ္မုန္းကို တားဆီးေပးၿပီး သားဥေႂကြျခင္းနဲ႔ estrogen ေဟာ္မုန္း ထုတ္ေပးျခင္းကို တားဆီးပါတယ္။ ယင္းကဲ့သို႔ estrogen ေဟာ္မုန္း တားဆီးမႈေၾကာင့္ အ႐ိုးပြႏိုင္သည္ဟု ယူဆခဲ့ရာ ယင္းအခ်က္ကိုသာ ထုတ္ျပန္လိုက္လွ်င္ မလိုအပ္ေသာ ကိုယ္ဝန္မ်ား၊ ကိုယ္ဝန္ဖ်က္ခ်မႈမ်ား မ်ားလာႏိုင္ၿပီး တိုင္းျပည္၏ အနာဂတ္ပါထိခိုက္လာ ႏိုင္တယ္လို႔ ခန႔္မွန္းထားၾကပါတယ္။ Depo ထိုးေဆးသုံးစြဲသူ အမ်ိဳးသမီးမ်ားရဲ႕ ၇၀% ခန႔္ဟာ ရာသီထိန္ေလ့ ရွိတာေၾကာင့္ သူတို႔ရဲ႕ ရာသီစက္ဝန္းကို ေမ့ေလ်ာ့ေနတတ္ၾကၿပီး ေဆးကို အခ်ိန္မွန္ထိုးမွသာ ေကာင္းမြန္စြာ ကာကြယ္ႏိုင္ပါလိမ့္မယ္။ Depo ေဆး တစ္လုံးႏွင့္ တစ္လုံးၾကား ထိုးခ်ိန္လြန္မႈေၾကာင့္ ကိုယ္ဝန္ရွိခဲ့သူမ်ားဟာ ကိုယ္ဝန္လအေတာ္ရင့္မွသာ သိေလ့ရွိၾကပါတယ္။ ဒါ့ေၾကာင့္ မိမိတို႔အေနနဲ႔ Depo ကို တားေဆးအျဖစ္သုံး စြဲသူမ်ားအေနနဲ႔ အ႐ိုးပြမွာ စိုးရိမ္မႈေၾကာင့္ တားေဆးကို မရပ္တန႔္လိုက္ေစခ်င္ဘူးလို႔ အတိအလင္းဆိုထားပါတယ္။

Dr. Simon

Leave a Reply

Your email address will not be published. Required fields are marked *