ကိုယ်ဝန်ဆောင်ချိန်ကာလ (gestation period) ကို အဓိကအားဖြင့် အပိုင်း (၃) ပိုင်း ပိုင်းခြားလို့ရပါတယ်။ ကိုယ်ဝန်စရှိကာစကနေ ကိုယ်ဝန်သုံးလ (သို့) ၁၃ပတ် အထိကို ပထမပိုင်း (first trimester) ၊
ကိုယ်ဝန်လေးလကနေ ၆ လအထိ (သို့) ၂၇ ပတ်အထိကို ဒုတိယ ပိုင်း (second trimester)၊
ကိုယ်ဝန် ၇ လကနေ ၁၀ လအထိ (သို့) ၄၀ ပတ်ထိ ကို တတိယပိုင်း (third trimester) လို့
ပိုင်းခြားနိုင်ပါတယ်။
ကိုယ်ဝန်အပ်ဖို့ (ဗိုက်အပ်) ဖို့ကို တော့ နိုင်ငံတကာမှာ ကိုယ်ဝန် (၈) ပတ်ကနေစပြီး ဆရာဝန်ဆီသွားသင့်တယ် လို့ ဆိုပါတယ်။ ကျွန်တော့်အနေနဲ့ အကြံပေးရမယ်ဆိုရင် အနည်းဆုံးတော့ first trimester လို့ခေါ်တဲ့ ကိုယ်ဝန်ပထမပိုင်း အတွင်း (၁၃ ပတ်အတွင်း) မှာ သွားသင့်ပါတယ်။ သင်ဆရာဝန်ကို ပထမဆုံးသွားပြမယ်ဆိုရင်တော့ သင့်မှာလုပ် ဆောင်စရာလေးတွေ များပါလိမ့်မယ်။
ဆရာဝန်က သင့်ကိုဦးစွာ မေးခွန်းတွေမေးပါလိမ့်မယ်။ အထူးသဖြင့် နောက်ဆုံးရာသီလာခဲ့တဲ့ အခေါက်ရဲ့ ပထမရက် (first day of last menstrual period) ကိုမေးပြီး သင့်ကို due date တွက်ပေးပါလိမ့်မယ်။ ဒါ့ပြင် သင့်ရဲ့ အသက် အရွယ်၊ အရပ်အမောင်း၊ ကိုယ်အလေးချိန်၊ ယခင်က ကိုယ်ဝန်ဆောင်ဖူးခြင်း၊ ကိုယ်ဝန်ဆောင်ချိန်အတွင်း ပြဿနာများ၊ နဂိုရှိရင်းစွဲရောဂါ စတာတွေကို မေးပြီး သင့်ရဲ့ ကိုယ်ဝန်ဆောင်မှတ်တမ်းကတ်ထဲမှာ မှတ်သားထားပါလိမ့်မယ်။ နောက်ပြီး သင့်ကို အာထရာဆောင်းရိုက်ခိုင်းမယ်။
နောက်တစ်ခုကတော့ သွေးစစ်ခြင်းပါ။ မြန်မာနိုင်ငံမှာကတော့ အဓိကအားဖြင့် အသည်းရောင်အသားဝါ ဘီပိုး၊ အသည်းရောင် အသားဝါ စီပိုး၊ HIV ပိုး၊ ကာလသားရောဂါပိုး စတဲ့ မွေးဖွားရင်း သန္ဒေသားကို ကူးစက်နိုင်တဲ့ ရောဂါပိုးတွေ ရှိမရှိ အရင်ဦးစွာ စစ်ဆေးပါတယ်။ ဒီလိုစစ်ဆေးတာက အရေးကြီးသလားလို့ မေးစရာရှိပါတယ်။ အလွန်အရေးကြီးပါတယ်။ ဒီရောဂါတွေ အားလုံးဟာ ကိုယ်ဝန်ဆောင်မိခင်ကတစ်ဆင့် သန္ဒေသားကို ကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါတွေထဲက တစ်ခုခုရှိပြီဆိုတာနဲ့ ကိုယ့်ကို မွေးပေးမယ့် ဆရာဝန်က မွေးဖွားမှုပုံစံကို ကြိုတင်ပြင်ဆင်လို့ရတယ်။ အကြမ်းအား ဖြင့် နားလည်အောင်ပြောရမယ်ဆိုရင် အားလုံးသိကြတဲ့ အတိုင်း မွေးဖွားနည်း နှစ်နည်း ဖြစ်တဲ့ ခွဲမွေးတာနဲ့၊ ရိုးရိုးမွေးတာမှာ ရောဂါကူးစက်မှုနှုန်းက မတူကြပါဘူး။ ရိုးရိုးမွေးတာဟာ မိခင်စနာတဲ့အချိန်ကနေစပြီးတော့ ရေမွှာပေါက်မယ်၊ အခါ မသင့်ရင် ရေမွှာရည်တွေ ကလေးပါးစပ်ထဲ ဝင်နိုင်တယ်။ ကလေးရေမွန်းနိုင်တယ်။ ဒါ့ကြောင့် မိခင်မှာသာ ကူးစက်ရောဂါတစ်မျိုးမျိုးရှိမယ်ဆိုရင် ရိုးရိုးမွေးတာက သန္ဒေသားကို ကူးစက်ဖို့ ရာခိုင်နှုန်းပိုများတယ်။ ဒါကြောင့် မိခင်မှာ ကူးစက် ရောဂါပိုး တစ်ခုခု ရှိနေကြောင်း ဆရာဝန်သိရင်တော့ သူက စပြီး ဘယ်လိုမွေးမယ် ဆိုတာကို တာဝန်ယူစီစဉ်ပေး၊ အကြံပေးပြီး ကူးစက်နိုင်မှု အနည်းဆုံးဖြစ်အောင် ကြိုတင်စီစဉ်လို့ရပါတယ်။ ဒါ့အပြင် အချို့သော ကူးစက်ရောဂါများဟာ မိခင်မှာ ရောဂါပိုးရှိမှန်း ကြိုတင်သိခဲ့ရင် မိခင်ကို ဆေးထိုးခြင်းဖြင့် ကလေးကို ကူးစက်မှု လျော့ကျအောင် ကာကွယ်လို့ရပါတယ်။ မိခင်မှာ ကူးစက်ရောဂါတစ်ခုခု ရှိနေပြီဆို ရင် မွေးဖွားပြီးအချိန်ကျရင် ကလေးကို မိခင်နို့တိုက်သင့်၊ မတိုက်သင့် ဆရာဝန်က ကြိုတင်အကြံပြုနိုင်မှာဖြစ်ပါတယ်။
Steven
[Zawgyi]
ေမေမတို႔ဘယ္အခ်ိန္မွာ ဗိုက္အပ္ၾကမလဲ ?
ကိုယ္ဝန္ေဆာင္ခ်ိန္ကာလ (gestation period) ကို အဓိကအားျဖင့္ အပိုင္း (၃) ပိုင္း ပိုင္းျခားလို႔ရပါတယ္။ ကိုယ္ဝန္စရွိကာစကေန ကိုယ္ဝန္သံုးလ (သို႔) ၁၃ပတ္ အထိကို ပထမပိုင္း (first trimester) ၊
ကိုယ္ဝန္ေလးလကေန ၆ လအထိ (သို႔) ၂၇ ပတ္အထိကို ဒုတိယ ပိုင္း (second trimester)၊
ကိုယ္ဝန္ ၇ လကေန ၁၀ လအထိ (သို႔) ၄၀ ပတ္ထိ ကို တတိယပိုင္း (third trimester) လို႔
ပိုင္းျခားႏိုင္ပါတယ္။
ကိုယ္ဝန္အပ္ဖို႔ (ဗိုက္အပ္) ဖို႔ကုိ ေတာ့ ႏိုင္ငံတကာမွာ ကိုယ္ဝန္ (၈) ပတ္ကေနစျပီး ဆရာဝန္ဆီသြားသင့္တယ္ လို႔ ဆိုပါတယ္။ ကၽြန္ေတာ့္အေနနဲ႔ အၾကံေပးရမယ္ဆိုရင္ အနည္းဆံုးေတာ့ first trimester လို႔ေခၚတဲ႔ ကိုယ္ဝန္ပထမပိုင္း အတြင္း (၁၃ ပတ္အတြင္း) မွာ သြားသင့္ပါတယ္။ သင္ဆရာဝန္ကို ပထမဆံုးသြားျပမယ္ဆိုရင္ေတာ့ သင့္မွာလုပ္ ေဆာင္စရာေလးေတြ မ်ားပါလိမ့္မယ္။
ဆရာဝန္က သင့္ကိုဦးစြာ ေမးခြန္းေတြေမးပါလိမ့္မယ္။ အထူးသျဖင့္ ေနာက္ဆံုးရာသီလာခဲ႔တဲ႔ အေခါက္ရဲ႔ ပထမရက္ (first day of last menstrual period) ကိုေမးျပီး သင့္ကို due date တြက္ေပးပါလိမ့္မယ္။ ဒါ့ျပင္ သင့္ရဲ႔ အသက္ အရြယ္၊ အရပ္အေမာင္း၊ ကိုယ္အေလးခ်ိန္၊ ယခင္က ကိုယ္ဝန္ေဆာင္ဖူးျခင္း၊ ကိုယ္ဝန္ေဆာင္ခ်ိန္အတြင္း ျပႆနာမ်ား၊ နဂိုရွိရင္းစြဲေရာဂါ စတာေတြကို ေမးျပီး သင့္ရဲ႔ ကိုယ္ဝန္ေဆာင္မွတ္တမ္းကတ္ထဲမွာ မွတ္သားထားပါလိမ့္မယ္။ ေနာက္ျပီး သင့္ကို အာထရာေဆာင္းရိုက္ခိုင္းမယ္။
ေနာက္တစ္ခုကေတာ့ ေသြးစစ္ျခင္းပါ။ ျမန္မာႏိုင္ငံမွာကေတာ့ အဓိကအားျဖင့္ အသည္းေရာင္အသားဝါ ဘီပိုး၊ အသည္းေရာင္ အသားဝါ စီပိုး၊ HIV ပိုး၊ ကာလသားေရာဂါပိုး စတဲ႔ ေမြးဖြားရင္း သေႏၵသားကို ကူးစက္ႏိုင္တဲ႔ ေရာဂါပိုးေတြ ရွိမရွိ အရင္ဦးစြာ စစ္ေဆးပါတယ္။ ဒီလိုစစ္ေဆးတာက အေရးၾကီးသလားလို႔ ေမးစရာရွိပါတယ္။ အလြန္အေရးၾကီးပါတယ္။ ဒီေရာဂါေတြ အားလံုးဟာ ကိုယ္ဝန္ေဆာင္မိခင္ကတစ္ဆင့္ သေႏၵသားကို ကူးစက္ႏိုင္တဲ႔ ေရာဂါေတြျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီေရာဂါေတြထဲက တစ္ခုခုရွိျပီဆိုတာနဲ႔ ကိုယ့္ကို ေမြးေပးမယ့္ ဆရာဝန္က ေမြးဖြားမႈပံုစံကို ၾကိဳတင္ျပင္ဆင္လုိ႔ရတယ္။ အၾကမ္းအား ျဖင့္ နားလည္ေအာင္ေျပာရမယ္ဆိုရင္ အားလံုးသိၾကတဲ႔ အတိုင္း ေမြးဖြားနည္း ႏွစ္နည္း ျဖစ္တဲ႔ ခြဲေမြးတာနဲ႔၊ ရိုးရိုးေမြးတာမွာ ေရာဂါကူးစက္မႈႏႈန္းက မတူၾကပါဘူး။ ရိုးရိုးေမြးတာဟာ မိခင္စနာတဲ႔အခ်ိန္ကေနစျပီးေတာ့ ေရမႊာေပါက္မယ္၊ အခါ မသင့္ရင္ ေရမႊာရည္ေတြ ကေလးပါးစပ္ထဲ ဝင္ႏိုင္တယ္။ ကေလးေရမြန္းႏုိင္တယ္။ ဒါ့ေၾကာင့္ မိခင္မွာသာ ကူးစက္ေရာဂါတစ္မ်ိဳးမ်ိဳးရွိမယ္ဆိုရင္ ရုိးရုိးေမြးတာက သေႏၵသားကို ကူးစက္ဖို႔ ရာခိုင္ႏႈန္းပိုမ်ားတယ္။ ဒါေၾကာင့္ မိခင္မွာ ကူးစက္ ေရာဂါပိုး တစ္ခုခု ရွိေနေၾကာင္း ဆရာဝန္သိရင္ေတာ့ သူက စျပီး ဘယ္လိုေမြးမယ္ ဆိုတာကို တာဝန္ယူစီစဥ္ေပး၊ အၾကံေပးျပီး ကူးစက္ႏိုင္မႈ အနည္းဆံုးျဖစ္ေအာင္ ၾကိဳတင္စီစဥ္လို႔ရပါတယ္။ ဒါ့အျပင္ အခ်ိဳ႔ေသာ ကူးစက္ေရာဂါမ်ားဟာ မိခင္မွာ ေရာဂါပိုးရွိမွန္း ၾကိဳတင္သိခဲ႔ရင္ မိခင္ကို ေဆးထိုးျခင္းျဖင့္ ကေလးကို ကူးစက္မႈ ေလ်ာ့က်ေအာင္ ကာကြယ္လို႔ရပါတယ္။ မိခင္မွာ ကူးစက္ေရာဂါတစ္ခုခု ရွိေနျပီဆို ရင္ ေမြးဖြားျပီးအခ်ိန္က်ရင္ ကေလးကို မိခင္ႏို႔တိုက္သင့္၊ မတိုက္သင့္ ဆရာဝန္က ၾကိဳတင္အၾကံျပဳႏိုင္မွာျဖစ္ပါတယ္။
Steven