သိမှတ်ဖွယ်ရာဆီးကျိတ်ရောဂါ

 

ဒီနေ့ကတော့ ဆီးကျိတ်ကြီးခြင်း နှင့် ပတ်သက်ပြီး သိထားသင့်သည်များကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး ဆီးကျိတ်အကြောင်း အနည်းငယ် ပြောပြပါ့မယ်။

ဆီးကျိတ် သည်အမျိုးသားများတွင်သာရှိသော အညိုရောင် အကျိတ်တခုဖြစ်ပါတယ်။ ၎င်း ဆီးကျိတ်သည် ဆီးအိမ်ရဲ့ အောက်ဘတ် အူမပြီးရှေ့ဘက် နှင့် ကျဉ်ကြောင်း (urethra)နားတွင် တည်ရှိပါတယ်။ သူ့ရဲ့အဓိက လုပ်ငန်းဆောင်တာကတော့ လိင်ဆက်ဆံပြီးနောက် အမျိုးသားများ သုတ်ရည်ထွက်ရာတွင် အဓိကပါဝင်ပြီး ဆီးကျိတ်မှထုတ်လုပ်သော ဓာတ်ပစ္စည်းများသည် သုတ်ရည်အတွင်းရှိ သုတ်ကောင်လေးများ ရှင်သန်နေစေရေး တွင် အထောက်အကူပေးပါသည်။

 

ဆီးကျိတ်ကြီးခြင်း

 

ဆီးကျိတ်ကြီးခြင်းကို ဆေးပညာမှာ benign prostate hyperplasia (BPH) ရယ်လို့ ခေါ်ကြပါတယ်။ ဆီးကျိတ် ဘာကြောင့်ကြီးရလဲ ဆိုတဲ့ အကြောင်းရင်း ယနေ့ထိ သေချာမသိသေးပါ။အမျိုးသားတစ်ယောက် အနေနဲ့ လူပျိုဖော်ဝင်စ အချိန်မှစတင်၍ ဆီးကျိတ် တဖြည်းဖြည်း ကြီးလာပါတယ်။အသက် ၆၀အရွယ် အမျိုးသား ၃၀% ခန့်နှင့် အသက် ၈၀ဝန်းကျင် အမျိုးသား ၅၀% ခန့် သည် ဆီးကျိတ် ကြီးခြင်း ကြောင့် ဖြစ်ပေါ်သော ရောဂါလက္ခဏာ များ ခံစားရလေ့ရှိပါတယ်။အထူးသတိပြုရမှာက ဆီးကျိတ်ကြီးခြင်းသည် ဆီးကျိတ် ကင်ဆာ မဟုတ်ပါ။ ဆီးကျိတ်သည် ကြီးလာရာမှ ကင်ဆာသို့မပြောင်းတတ်ပါ။ သို့သော် ဆီးကျိတ်ကြီးခြင်းနှင့် ဆီးကျိတ် ကင်ဆာ သည် တစ်ပြိုင်ထဲ ဖြစ်တတ်ပါတယ်။

 

ဆီးကျိတ်ကြီးရောဂါ ဖြစ်နိုင်သော အခြေအနေများ

 

1) အသက်အရွယ်ကြီးလာခြင်း
2) မျိုးရိုးထဲတွင် ဆီးကျိတ်ကြီးသူများရှိခြင်း
3) နှလုံးရောဂါနှင့် ဆီူချိုရောဂါ အခံရှိခြင်း
4) ကိုယ်လက်လှုပ်ရှား မှုနည်းခြင်း
5) အဝလွန်ခြင်း

 

ဆီးကျိတ်ကြီးခြင်းကြောင့် ရောဂါလက္ခဏာများ

 

1) ဆီးမကြာခဏသွားချင် ခြင်း
2) ညဘက် ခဏခဏဆီးထသွားနေရခြင်း
3) ဆီးစပေါက်ရန် ခက်ခဲ ခြင်း
4) ဆီးလုံးသေးခြင်း
5) ဆီး အဝေးသို့မရောက်ခြင်း
6) ဆီးမဝခြင်း
7) ဆီးပိုးဝင်ခြင်း
8) ဆီးလုံးဝ မထွက်ခြင်း
9) ဆီးထဲ သွေးပါခြင်း
အမှတ်စဉ် ၇၊၈နှင့် ၉ သည် တွေ့ရခဲသော လက္ခဏာများ ဖြစ်သော်ငြားလဲ ထိုလက္ခဏာများခံစားရပါက အမြန်ဆုံး ဆရာဝန်နှင့်ပြသ သင့်ပါတယ်။

 

ဆီးကျိတ်ကြီးခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများ

 

1) ရုတ်တရက် ဆီးလုံးဝ သွားလို့ မရတော့ခြင်း
2) ဆီးအိမ်တွင် ဆီးကျန်ခြင်းကြောင့် ဆီးပိုးဝင်ခြင်း
3) ဆီးကျောက်တည်ခြင်း

4) ကျောက်ကပ်ပျက်ခြင်း တို့ဖြစ်နိုင်ပါတယ်။

 

ဆီးကျိတ်ကြီးခြင်းကို မည်သည့်နည်းဖြင့်ကုသနိုင်ပါသလဲ။

 

ယနေ့ခေတ်တွင် ဆီးကျိတ်ကြီးခြင်းကို ကုသပေးနိုင်သောဆေးဝါးများ ရှိနေပြီဖြစ်ပါတယ်။ သို့သော်ထိုဆေးများမှာ ဆီးကျိတ်ကို သေးအောင် မစွမ်းဆောင်နိုင်ပါ။ ပိုမကြီးလာအောင်သာ ထိန်းပေးနိုင်ပါတယ်။ ထို့ကြောင့်ဆီးကျိတ် အလွန်ကြီးသော အဆင့်မရောက်ခင် စောလျင်စွာ သိရှိနိုင်ရန် လိုအပ်ပါတယ်။
ဆီးကျိတ်အလွန်ကြီးလာပါက ဆီးကျိတ်ခြစ်ထုတ်ခြင်း၊ ဆီးကျိတ်ခွဲစိတ် ကုသခြင်း တို့ ပြုလုပ်ရပါမယ်။

 

ဆီးကျိတ်ရောဂါမဖြစ်အောင် ကာကွယ်လို့ရပါသလား။

 

ဆီးကျိတ်ကြီး ရောဂါ ကာကွယ်ရန် တိကျသောနည်းလမ်း မရှိပါ။။ သို့သော် ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်း၊ဝိတ်လျော့ခြင်း၊ လတ်ဆတ်သော အသီးအနှံ၊ဟင်းသီးဟင်းရွက်များစားခြင်းစသည် တို့ကို ပြုလုပ်ပေးခြင်းဖြင့် ရောဂါ မဆိုးဝါးအောင် ကာကွယ်နိုင်ပါတယ်။

 

Dr Htet

 

[Zawgyi]

 

သိမွတ္ဖြယ္ရာဆီးက်ိတ္ေရာဂါ

 

ဒီေန႔ကေတာ့ ဆီးက်ိတ္ႀကီးျခင္း ႏွင့္ ပတ္သက္ၿပီး သိထားသင့္သည္မ်ားကို ေဆြးေႏြးေပးသြားမွာ ျဖစ္ပါတယ္။

ပထမဦးဆုံး ဆီးက်ိတ္အေၾကာင္း အနည္းငယ္ ေျပာျပပါ့မယ္။

ဆီးက်ိတ္ သည္အမ်ိဳးသားမ်ားတြင္သာရွိေသာ အညိဳေရာင္ အက်ိတ္တခုျဖစ္ပါတယ္။ ၄င္း ဆီးက်ိတ္သည္ ဆီးအိမ္ရဲ႕ ေအာက္ဘတ္ အူမၿပီးေရွ႕ဘက္ ႏွင့္ က်ဥ္ေၾကာင္း (urethra)နားတြင္ တည္ရွိပါတယ္။ သူ႔ရဲ႕အဓိက လုပ္ငန္းေဆာင္တာကေတာ့ လိင္ဆက္ဆံၿပီးေနာက္ အမ်ိဳးသားမ်ား သုတ္ရည္ထြက္ရာတြင္ အဓိကပါဝင္ၿပီး ဆီးက်ိတ္မွထုတ္လုပ္ေသာ ဓာတ္ပစၥည္းမ်ားသည္ သုတ္ရည္အတြင္းရွိ သုတ္ေကာင္ေလးမ်ား ရွင္သန္ေနေစေရး တြင္ အေထာက္အကူေပးပါသည္။

 

ဆီးက်ိတ္ႀကီးျခင္း

 

ဆီးက်ိတ္ႀကီးျခင္းကို ေဆးပညာမွာ benign prostate hyperplasia (BPH) ရယ္လို႔ ေခၚၾကပါတယ္။ ဆီးက်ိတ္ ဘာေၾကာင့္ႀကီးရလဲ ဆိုတဲ့ အေၾကာင္းရင္း ယေန႔ထိ ေသခ်ာမသိေသးပါ။အမ်ိဳးသားတစ္ေယာက္ အေနနဲ႔ လူပ်ိဳေဖာ္ဝင္စ အခ်ိန္မွစတင္၍ ဆီးက်ိတ္ တျဖည္းျဖည္း ႀကီးလာပါတယ္။အသက္ ၆၀အ႐ြယ္ အမ်ိဳးသား ၃၀% ခန္႔ႏွင့္ အသက္ ၈၀ဝန္းက်င္ အမ်ိဳးသား ၅၀% ခန္႔ သည္ ဆီးက်ိတ္ ႀကီးျခင္း ေၾကာင့္ ျဖစ္ေပၚေသာ ေရာဂါလကၡဏာ မ်ား ခံစားရေလ့ရွိပါတယ္။အထူးသတိျပဳရမွာက ဆီးက်ိတ္ႀကီးျခင္းသည္ ဆီးက်ိတ္ ကင္ဆာ မဟုတ္ပါ။ ဆီးက်ိတ္သည္ ႀကီးလာရာမွ ကင္ဆာသို႔မေျပာင္းတတ္ပါ။ သို႔ေသာ္ ဆီးက်ိတ္ႀကီးျခင္းႏွင့္ ဆီးက်ိတ္ ကင္ဆာ သည္ တစ္ၿပိဳင္ထဲ ျဖစ္တတ္ပါတယ္။

 

ဆီးက်ိတ္ႀကီးေရာဂါ ျဖစ္ႏိုင္ေသာ အေျခအေနမ်ား

 

1) အသက္အ႐ြယ္ႀကီးလာျခင္း
2) မ်ိဳး႐ိုးထဲတြင္ ဆီးက်ိတ္ႀကီးသူမ်ားရွိျခင္း
3) ႏွလုံးေရာဂါႏွင့္ ဆီူခ်ိဳေရာဂါ အခံရွိျခင္း
4) ကိုယ္လက္လႈပ္ရွား မႈနည္းျခင္း
5) အဝလြန္ျခင္း

 

ဆီးက်ိတ္ႀကီးျခင္းေၾကာင့္ ေရာဂါလကၡဏာမ်ား

 

1) ဆီးမၾကာခဏသြားခ်င္ ျခင္း
2) ညဘက္ ခဏခဏဆီးထသြားေနရျခင္း
3) ဆီးစေပါက္ရန္ ခက္ခဲ ျခင္း
4) ဆီးလုံးေသးျခင္း
5) ဆီး အေဝးသို႔မေရာက္ျခင္း
6) ဆီးမဝျခင္း
7) ဆီးပိုးဝင္ျခင္း
8) ဆီးလုံးဝ မထြက္ျခင္း
9) ဆီးထဲ ေသြးပါျခင္း
အမွတ္စဥ္ ၇၊၈ႏွင့္ ၉ သည္ ေတြ႕ရခဲေသာ လကၡဏာမ်ား ျဖစ္ေသာ္ျငားလဲ ထိုလကၡဏာမ်ားခံစားရပါက အျမန္ဆုံး ဆရာဝန္ႏွင့္ျပသ သင့္ပါတယ္။

 

ဆီးက်ိတ္ႀကီးျခင္း၏ ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ား

 

1) ႐ုတ္တရက္ ဆီးလုံးဝ သြားလို႔ မရေတာ့ျခင္း
2) ဆီးအိမ္တြင္ ဆီးက်န္ျခင္းေၾကာင့္ ဆီးပိုးဝင္ျခင္း
3) ဆီးေက်ာက္တည္ျခင္း

4) ေက်ာက္ကပ္ပ်က္ျခင္း တို႔ျဖစ္ႏိုင္ပါတယ္။

 

ဆီးက်ိတ္ႀကီးျခင္းကို မည္သည့္နည္းျဖင့္ကုသႏိုင္ပါသလဲ။

 

ယေန႔ေခတ္တြင္ ဆီးက်ိတ္ႀကီးျခင္းကို ကုသေပးႏိုင္ေသာေဆးဝါးမ်ား ရွိေနၿပီျဖစ္ပါတယ္။ သို႔ေသာ္ထိုေဆးမ်ားမွာ ဆီးက်ိတ္ကို ေသးေအာင္ မစြမ္းေဆာင္ႏိုင္ပါ။ ပိုမႀကီးလာေအာင္သာ ထိန္းေပးႏိုင္ပါတယ္။ ထို႔ေၾကာင့္ဆီးက်ိတ္ အလြန္ႀကီးေသာ အဆင့္မေရာက္ခင္ ေစာလ်င္စြာ သိရွိႏိုင္ရန္ လိုအပ္ပါတယ္။
ဆီးက်ိတ္အလြန္ႀကီးလာပါက ဆီးက်ိတ္ၿခစ္ထုတ္ျခင္း၊ ဆီးက်ိတ္ခြဲစိတ္ ကုသျခင္း တို႔ ျပဳလုပ္ရပါမယ္။

 

ဆီးက်ိတ္ေရာဂါမျဖစ္ေအာင္ ကာကြယ္လို႔ရပါသလား။

 

ဆီးက်ိတ္ႀကီး ေရာဂါ ကာကြယ္ရန္ တိက်ေသာနည္းလမ္း မရွိပါ။။ သို႔ေသာ္ ကိုယ္လက္လႈပ္ရွားျပဳလုပ္ျခင္း၊ဝိတ္ေလ်ာ့ျခင္း၊ လတ္ဆတ္ေသာ အသီးအႏွံ၊ဟင္းသီးဟင္း႐ြက္မ်ားစားျခင္းစသည္ တို႔ကို ျပဳလုပ္ေပးျခင္းျဖင့္ ေရာဂါ မဆိုးဝါးေအာင္ ကာကြယ္ႏိုင္ပါတယ္။

 

Dr Htet

Leave a Reply

Your email address will not be published. Required fields are marked *