နှုတ်ခမ်းကွဲ အာခေါင်ကွဲရောဂါအကြောင်း သိကောင်းစရာ

 

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲရောဂါက မွေးရာပါ ချို့ယွင်းချက်ရောဂါမျိုးဖြစ်ပါတယ်။
မျိုးရိုးလိုက်၍ ဖြစ်ပွါးတတ်ပြီးတော့ အသက် ၃၅ နှစ်အထက် ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ကလေးတွေမှာလဲ တွေ့ရတတ်ပါတယ်။

 

ထို့အပြင် ကိုယ်ဝန် ပထမ (၃) လအတွင်း ကိုယ်ဝန်ဆောင်မိခင်တွင် ဝက်သက်ပေါက်ခြင်း၊ အာဟာရချို့တဲ့ခြင်း၊ လိမ့်ကျခြင်း၊ စိတ်ဖိစီးမှုများခြင်း နှင့် သန္ဓေသားကိုထိခိုက်စေနိုင်သော ပဋိဇီဝဆေးများ သုံးစွဲခြင်း၊ ဆေးလိပ်၊ အရက်သောက်သုံးခြင်းများကြောင့်လဲ ဖြစ်နိုင်ပါတယ်။

 

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲရောဂါ ဟာကုသ၍ပျောက်ကင်းနိုင်ပါတယ်။ စောစီးစွာ ကုသမှုခံယူလေ ပိုမိုကောင်းမွန်လေဖြစ်ပါတယ်။ သို့မဟုတ်ပါက ကလေးတွင် အစာစားရခက်ခဲခြင်း၊ တခြားလူမှုရေးပြဿနာများ နှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများဖြစ်ပေါ်လာနိုင်ပါတယ်။

 

ယေဘူယျအားဖြင့် ကလေးရဲ့ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး အသက် (၁၀ ပတ်) အရွယ်တွင် နှုတ်ခမ်းကွဲရောဂါကို စတင်ပြုပြင်နိုင်ပြီး (၅ နှစ်) အရွယ်မှာတော့ အာခေါင်ကွဲရောဂါကို ကုသနိုင်ပါတယ်။

 

ဒေါက်တာဉာဏ်

 

[Zawgyi]

 

ႏႈတ္ခမ္းကြဲ အာေခါင္ကြဲေရာဂါအေၾကာင္း သိေကာင္းစရာ

 

ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲေရာဂါက ေမြးရာပါ ခ်ိဳ႕ယြင္းခ်က္ေရာဂါမ်ိဳးျဖစ္ပါတယ္။
မ်ိဳး႐ိုးလိုက္၍ ျဖစ္ပြါးတတ္ၿပီးေတာ့ အသက္ ၃၅ ႏွစ္အထက္ ကိုယ္ဝန္ေဆာင္မိခင္ေတြရဲ႕ ကေလးေတြမွာလဲ ေတြ႕ရတတ္ပါတယ္။

 

ထို႔အျပင္ ကိုယ္ဝန္ ပထမ (၃) လအတြင္း ကိုယ္ဝန္ေဆာင္မိခင္တြင္ ဝက္သက္ေပါက္ျခင္း၊ အာဟာရခ်ိဳ႕တဲ့ျခင္း၊ လိမ့္က်ျခင္း၊ စိတ္ဖိစီးမႈမ်ားျခင္း ႏွင့္ သေႏၶသားကိုထိခိုက္ေစႏိုင္ေသာ ပဋိဇီဝေဆးမ်ား သုံးစြဲျခင္း၊ ေဆးလိပ္၊ အရက္ေသာက္သုံးျခင္းမ်ားေၾကာင့္လဲ ျဖစ္ႏိုင္ပါတယ္။

 

ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲေရာဂါ ဟာကုသ၍ေပ်ာက္ကင္းႏိုင္ပါတယ္။ ေစာစီးစြာ ကုသမႈခံယူေလ ပိုမိုေကာင္းမြန္ေလျဖစ္ပါတယ္။ သို႔မဟုတ္ပါက ကေလးတြင္ အစာစားရခက္ခဲျခင္း၊ တျခားလူမႈေရးျပႆနာမ်ား ႏွင့္ စိတ္ပိုင္းဆိုင္ရာထိခိုက္မႈမ်ားျဖစ္ေပၚလာႏိုင္ပါတယ္။

 

ေယဘူယ်အားျဖင့္ ကေလးရဲ႕ က်န္းမာေရးအေျခအေနေပၚမူတည္ၿပီး အသက္ (၁၀ ပတ္) အ႐ြယ္တြင္ ႏႈတ္ခမ္းကြဲေရာဂါကို စတင္ျပဳျပင္ႏိုင္ၿပီး (၅ ႏွစ္) အ႐ြယ္မွာေတာ့ အာေခါင္ကြဲေရာဂါကို ကုသႏိုင္ပါတယ္။

 

ေဒါက္တာဉာဏ္

Leave a Reply

Your email address will not be published. Required fields are marked *