ရင်သားကင်ဆာကုထုံးခံယူပြီးသော အမျိုးသမီးများဟာ နှလုံးရောဂါဖြစ်ပွားရန်အလွန်နီးစပ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်မှုအရ ရင်သားကင်ဆာဟာ အမျိုးသမီးတွေထဲ မှာ အဖြစ်အများဆုံးကင်ဆာ အဖြစ် မှတ်တမ်းတင်ခံထားရပါတယ်။ တဆက်ထဲမှာပဲ ရင်သားကင်ဆာဟာ ကုသလို့ရသော ကင်ဆာအမျိုးအစားထဲမှာ ထိပ်ဆုံးကပါဝင်ခဲ့ပြီး ခွဲစိတ်ကုသပြီး အောင်မြင်မှု ၉၁% အထိ ရရှိခဲ့ပါတယ်။ တစ်ဖက်မှာ ရင်သားကင်ဆာကို ထိရောက်စွာကုသနိုင်မှုဟာ အမျိုးသမီးထု အတွက် ဖြေသိမ့်စရာဖြစ်ခဲ့ပေမယ့် ကုသမှုရဲ့နောက်ဆုံးတွဲ ပြဿနာတွေကတော့ တစ်ဖက်မှာ ရှိနေပါတယ်။

 ကုသမှုရဲ့နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ အရိုးပွခြင်း၊ ကျိုးလွယ်ခြင်း၊ အရွယ်မတိုင်ခင် သွေးဆုံးတိုင်ခြင်း၊ နှလုံးကျန်းမာရေးကိုပါ ထိခိုက်ခြင်း စတဲ့ ဆိုးကျိုးတွေပါ ခံစားရပါတယ်။ Botucatu Medical School မှ လေ့လာတွေ့ရှိချက် အသစ်အရ ၄၅ နှစ်အထက် ရင်သားကင်ဆာကုထုံးခံယူ ထားဖူးသူ အမျိုးသမီးများဟာ နောက်ပိုင်းမှာ နှလုံးသွေးကြောနှင့် နောက်ဆက်တွဲပြဿနာတွေ ခံစားရဖို့ အတော်လေး အခွင့်အလမ်းများလာတာကို တွေ့ရပါတယ်။

 အကြောင်းကတော့ ကင်ဆာရောဂါကုထုံးမှာ ပါဝင်တဲ့ estrogen ဟော်မုန်းကို တားဆီးတဲ့ ဆေးများဟာ သွေးထဲမှာ အဆီဓာတ်တွေ များပြားလာစေနိုင်ပြီး နှလုံးကျန်းမာရေးကို ထိခိုက်လာနိုင် ပါတယ်လို့ Dr.Joann Pinkerton က ပြောပါတယ်။ လေ့လာစမ်းသပ်ချက်အရ အသက် ၄၅ နှစ် အထက် အမျိုးသမီး ဦးရေ ၂၈၈ ယောက်ကို အသုံးပြုပြီးစမ်းသပ်ခဲ့ရာ ယင်းတို့အနက်မှ ၉၆ ဦးဟာ ရင်သားကင်ဆာ ကုထုံးခံယူထားဖူး သူများဖြစ်ပြီး ၁၉၂ ယောက်ကတော့ ပကတိကျန်းမာသူများ ဖြစ်ကြပါတယ်။ ယင်းလေ့လာမှုတွင် ရင်သားကင်ဆာ ကုထုံးမခံယူဖူးသူနှင့် ကုထုံးခံယူဖူးသူများကို နှိုင်းယှဉ်လေ့လာခဲ့ရာ ခံယူဖူးသူအမျိုးသမီးများတွင် ဆီးချိုရောဂါများ၊ သွေးကြောကျွတ်ဆတ်ရောဂါ များ၊ သွေးတွင်းအဆီများသော ရောဂါများ၊ အဝလွန်ခြင်း စတဲ့ အခြင်းအရာတွေဟာ ရင်သားကင်ဆာ ကုထုံးမခံယူဖူးသူ အမျိုးသမီးများထက် များစွာ ပိုမို ဖြစ်လေ့ရှိတာကို သိသာထင်ရှားစွာ တွေ့ရပါတယ်။ ဒါ့ကြောင့်ရင်သားကင်ဆာ ကုထုံးခံယူဖူးသူ အမျိုးသမီးများအနေနဲ့ နောက်ဆက်တွဲ နှလုံးကျန်းမာရေး ကိုပါ စနစ်တကျ ဂရုစိုက်ကြဖို့ အကြံပေးချင်ပါတယ်။

https://www.medicalnewstoday.com/articles/325520.php

Dr.Steven

[Zawgyi]

 

ရင္သားကင္ဆာကုထုံးခံယူၿပီးေသာ အမ်ိဳးသမီးမ်ားဟာ ႏွလုံးေရာဂါျဖစ္ပြားရန္အလြန္နီးစပ္

 

ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ၏ ထုတ္ျပန္မႈအရ ရင္သားကင္ဆာဟာ အမ်ိဳးသမီးေတြထဲ မွာ အျဖစ္အမ်ားဆုံးကင္ဆာ အျဖစ္ မွတ္တမ္းတင္ခံထားရပါတယ္။ တဆက္ထဲမွာပဲ ရင္သားကင္ဆာဟာ ကုသလို႔ရေသာ ကင္ဆာအမ်ိဳးအစားထဲမွာ ထိပ္ဆုံးကပါဝင္ခဲ့ၿပီး ခြဲစိတ္ကုသၿပီး ေအာင္ျမင္မႈ ၉၁% အထိ ရရွိခဲ့ပါတယ္။ တစ္ဖက္မွာ ရင္သားကင္ဆာကို ထိေရာက္စြာကုသႏိုင္မႈဟာ အမ်ိဳးသမီးထု အတြက္ ေျဖသိမ့္စရာျဖစ္ခဲ့ေပမယ့္ ကုသမႈရဲ႕ေနာက္ဆုံးတြဲ ျပႆနာေတြကေတာ့ တစ္ဖက္မွာ ရွိေနပါတယ္။

ကုသမႈရဲ႕ေနာက္ဆက္တြဲ ဆိုးက်ိဳးအေနနဲ႔ အ႐ိုးပြျခင္း၊ က်ိဳးလြယ္ျခင္း၊ အ႐ြယ္မတိုင္ခင္ ေသြးဆုံးတိုင္ျခင္း၊ ႏွလုံးက်န္းမာေရးကိုပါ ထိခိုက္ျခင္း စတဲ့ ဆိုးက်ိဳးေတြပါ ခံစားရပါတယ္။ Botucatu Medical School မွ ေလ့လာေတြ႕ရွိခ်က္ အသစ္အရ ၄၅ ႏွစ္အထက္ ရင္သားကင္ဆာကုထုံးခံယူ ထားဖူးသူ အမ်ိဳးသမီးမ်ားဟာ ေနာက္ပိုင္းမွာ ႏွလုံးေသြးေၾကာႏွင့္ ေနာက္ဆက္တြဲျပႆနာေတြ ခံစားရဖို႔ အေတာ္ေလး အခြင့္အလမ္းမ်ားလာတာကို ေတြ႕ရပါတယ္။

အေၾကာင္းကေတာ့ ကင္ဆာေရာဂါကုထုံးမွာ ပါဝင္တဲ့ estrogen ေဟာ္မုန္းကို တားဆီးတဲ့ ေဆးမ်ားဟာ ေသြးထဲမွာ အဆီဓာတ္ေတြ မ်ားျပားလာေစႏိုင္ၿပီး ႏွလုံးက်န္းမာေရးကို ထိခိုက္လာႏိုင္ ပါတယ္လို႔ Dr.Joann Pinkerton က ေျပာပါတယ္။ ေလ့လာစမ္းသပ္ခ်က္အရ အသက္ ၄၅ ႏွစ္ အထက္ အမ်ိဳးသမီး ဦးေရ ၂၈၈ ေယာက္ကို အသုံးျပဳၿပီးစမ္းသပ္ခဲ့ရာ ယင္းတို႔အနက္မွ ၉၆ ဦးဟာ ရင္သားကင္ဆာ ကုထုံးခံယူထားဖူး သူမ်ားျဖစ္ၿပီး ၁၉၂ ေယာက္ကေတာ့ ပကတိက်န္းမာသူမ်ား ျဖစ္ၾကပါတယ္။ ယင္းေလ့လာမႈတြင္ ရင္သားကင္ဆာ ကုထုံးမခံယူဖူးသူႏွင့္ ကုထုံးခံယူဖူးသူမ်ားကို ႏႈိင္းယွဥ္ေလ့လာခဲ့ရာ ခံယူဖူးသူအမ်ိဳးသမီးမ်ားတြင္ ဆီးခ်ိဳေရာဂါမ်ား၊ ေသြးေၾကာကြၽတ္ဆတ္ေရာဂါ မ်ား၊ ေသြးတြင္းအဆီမ်ားေသာ ေရာဂါမ်ား၊ အဝလြန္ျခင္း စတဲ့ အျခင္းအရာေတြဟာ ရင္သားကင္ဆာ ကုထုံးမခံယူဖူးသူ အမ်ိဳးသမီးမ်ားထက္ မ်ားစြာ ပိုမို ျဖစ္ေလ့ရွိတာကို သိသာထင္ရွားစြာ ေတြ႕ရပါတယ္။ ဒါ့ေၾကာင့္ရင္သားကင္ဆာ ကုထုံးခံယူဖူးသူ အမ်ိဳးသမီးမ်ားအေနနဲ႔ ေနာက္ဆက္တြဲ ႏွလုံးက်န္းမာေရး ကိုပါ စနစ္တက် ဂ႐ုစိုက္ၾကဖို႔ အႀကံေပးခ်င္ပါတယ္။

 

https://www.medicalnewstoday.com/articles/325520.php

 

By
Dr.Steven

Leave a Reply

Your email address will not be published. Required fields are marked *