ကော်ဖီသောက်သုံးခြင်းနင့် ကိုယ်အလေးချိန်ကို ကျဆင်းစေခြင်း။

 

ဇွန်လ ၂၄ ရက်နေ့ တနလာၤနေ့ Health day သတင်းများအရ အမေရိကန်နိုင်ငံတွေရဲ့ အသည်းစွဲ မနက်စာတစ်ခုဖြစ်တဲ့ ကော်ဖီသောက်သုံးခြင်းက အဝလွန်ခြင်းကို တိုက်ဖျက်နိုင်မလား ဆိုတဲ့ Health issue ပါ။ ဗြိတိန်ပညာရှင်များရဲ့ လေ့လာစမ်းသပ်မှုအရ ကော်ဖီသောက်ခြင်းဟာ ကိုယ်ခန္ဒာအတွင်းမျာ brown fat လို့ခေါ်တဲ့ အညိုရောင်အဆီကို ထုတ်လုပ်ပေးပါတယ်။ အညိုရောင် အဆီဆိုတာကတော့ အပူထုတ်လုပ်ပေးနိုင်တဲ့ အဆီတစ်မျိုးဖြစ်ပြီး အဆီတွေကို လောင်ကျွမ်း စေပါတယ်။

 

လေ့လာစမ်းသပ်မှုအရ တစ်ရက်ကို ကော်ဖီတစ်ခွက်သောက်သုံးခြင်းက အညိုရောင်အဆီ Brown Fat လုပ်ငန်းစဉ်အပေါ် တိုက်ရိုက်သက်ရောက်မှု ရှိတယ်လို့ University of Nottingham မှ ခေါင်းဆောင် Micheal Symonds ကဆိုပါတယ်။ လက်ရှိကမ္ဘာ့ကျန်းမာရေးကို အဓိက စိန်ခေါ်နေတဲ့ အချက်ဖြစ်တဲ့ အဝလွန်ခြင်း (Obesity) ဟာ ဆီးချို၊ သွေးတိုးရောဂါများအပေါ်များစွာ လွှမ်းမိုးမှု ရှိနေပြီး ပညာရှင်များအနေနဲ့ အတော်လေး ကိုင်တွယ် ဖြေရှင်းရ ခက်ခဲတဲ့ အခြေအနေတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် လူတွေလဲ အတော်လေးနှစ်ခြိုက်တဲ့ အလေ့အထဖြစ်တဲ့ ကော်ဖီသောက်သုံး ခြင်းကသာ ကိုယ်အလေးချိန်လျော့ကျစေတယ်ဆိုရင်တော့ အတော်လေး ကျေနပ်ဖွယ်ကောင်းတဲ့ ရလာဒ်ကို ပိုင်ဆိုင်ရနိုင်ပါတယ်။

 

ဒါပေမယ့် အမေရိကန်နိုင်ငံမှာ အစားသောက်ဗေဒ ပညာရှင်များကတော့ ကော်ဖီသောက် သုံးခြင်းဟာ ကိုယ်အလေးချိန်လျော့နေသော သူများအတွက် အကောင်းဆုံးမိတ်ဆွေဖြစ်တယ်ဆိုတာ ကတော့ ပြောဖို့ စောလွန်းပါသေးတယ်။ Brown fat က အဆီတွေကို ချေဖျက်နိုင်တာ မှန်ပေးမယ့် ဝနေတဲ့သူကို ပိန်သွားစေနိုင်လောက်တဲ့ အထိတော့ ထိရောက်မှု မရှိဘူးလို့ဆိုပါတယ်။ ဒါပေမယ့် သူရဲ့ အဆီကို လောင်ကျွမ်းစေနိုင်တဲ့ ဂုဏ်သတ္တိဟာ အပူကို ထုတ်လွှတ်ခြင်းအားဖြင့် သကြားဓာတ်၊ အဆီဓာတ်တွေကို လောင်ကျွမ်းစေနိုင်တာဖြစ်လို့ သွေးထဲမှာ သကြားဓာတ်ကို ကျဆင်းစေပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ဓာတ်ကို ကျဆင်းစေနိုင်ပါတယ်။

 

ပညာရှင်များက ကော်ဖီမှာ ပါဝင်တဲ့ ဘယ်အပိုင်းက brown fat ကို လှုံဆော်ပြီး အဆီတွေကို လောင်ကျွမ်းစေလဲ ဆိုတဲ့ မေးခွန်းကို ဖြေရှင်းကြရာ ကဖင်းဓာတ်ပိုမိုပါဝင်သော ကော်ဖီများက broun fat ကို ပိုမိုလှုံဆော် နိုင်ကြောင်းတွေ့ရေပါတယ်။ ဒါပေမယ့် ကဖင်းဓာတ်ဟာ နှလုံးခုန်မြန်စေခြင်း ၊အစာအိမ်နှင့် အူလမ်းကြောင်းအတွင်း အက်စစ်များ များပြားစေနိုင်ခြင်းတို့ကြောင့် ပညာရှင်များက ကော်ဖီအလွန်အကျွံသောက်သုံးခြင်းကို အားမပေးထားပါဘူး။ တစ်နေ့တစ်ခွက် သောက်သုံးခြင်းက အဆီတွေကိုလောာင်ကျွမ်းစေနိုင်တာမှန်ပေမယ့် ကိုယ်လက်လှုပ်ရှားမှု နှင့်ယှဉ်တွဲလုပ်ဆောင်မှသာ ကိုယ်အလေးချိန်ကို ထိရောက်စွာ ကျဆင်းစေနိုင်မယ်လို့ အကြံပေးထားပါတယ်။

 

https://www.webmd.com/diet/news/20190625/could-coffee-be-a-help-in-weight-loss#1

 

By
Steven

 

[Zawgyi]

 

ေကာ္ဖီေသာက္သံုးျခင္းနင့္ ကိုယ္အေလးခ်ိန္ကို က်ဆင္းေစၿခင္း။

 

ဇြန္လ ၂၄ ရက္ေန႔ တနလာၤေန႔ Health day သတင္းမ်ားအရ အေမရိကန္ႏိုင္ငံေတြရဲ႔ အသည္းစြဲ မနက္စာတစ္ခုျဖစ္တဲ႔ ေကာ္ဖီေသာက္သံုးျခင္းက အဝလြန္ျခင္းကို တိုက္ဖ်က္ႏုိင္မလား ဆိုတဲ႔ Health issue ပါ။ ျဗိတိန္ပညာရွင္မ်ားရဲ႔ ေလ့လာစမ္းသပ္မႈအရ ေကာ္ဖီေသာက္ျခင္းဟာ ကိုယ္ခႏၵာအတြင္းမ်ာ brown fat လုိ႔ေခၚတဲ႔ အညိဳေရာင္အဆီကို ထုတ္လုပ္ေပးပါတယ္။ အညိဳေရာင္ အဆီဆိုတာကေတာ့ အပူထုတ္လုပ္ေပးႏိုင္တဲ႔ အဆီတစ္မ်ိဳးျဖစ္ျပီး အဆီေတြကို ေလာင္ကၽြမ္း ေစပါတယ္။

 

ေလ့လာစမ္းသပ္မႈအရ တစ္ရက္ကို ေကာ္ဖီတစ္ခြက္ေသာက္သံုးျခင္းက အညိဳေရာင္အဆီ Brown Fat လုပ္ငန္းစဥ္အေပၚ တိုက္ရိုက္သက္ေရာက္မႈ ရွိတယ္လို႔ University of Nottingham မွ ေခါင္းေဆာင္ Micheal Symonds ကဆိုပါတယ္။ လက္ရွိကမၻာ့က်န္းမာေရးကို အဓိက စိန္ေခၚေနတဲ႔ အခ်က္ျဖစ္တဲ႔ အဝလြန္ျခင္း (Obesity) ဟာ ဆီးခ်ိဳ၊ ေသြးတိုးေရာဂါမ်ားအေပၚမ်ားစြာ လႊမ္းမိုးမႈ ရွိေနျပီး ပညာရွင္မ်ားအေနနဲ႔ အေတာ္ေလး ကိုင္တြယ္ ေျဖရွင္းရ ခက္ခဲတ႔ဲ အေျခအေနတစ္ရပ္ပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ လူေတြလဲ အေတာ္ေလးႏွစ္ျခိဳက္တဲ့ အေလ့အထျဖစ္တဲ႔ ေကာ္ဖီေသာက္သံုး ျခငး္ကသာ ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစတယ္ဆိုရင္ေတာ့ အေတာ္ေလး ေက်နပ္ဖြယ္ေကာင္းတဲ႔ ရလာဒ္ကို ပုိင္ဆိုင္ရႏိုင္ပါတယ္။

 

ဒါေပမယ့္ အေမရိကန္ႏိုင္ငံမွာ အစားေသာက္ေဗဒ ပညာရွင္မ်ားကေတာ့ ေကာ္ဖီေသာက္ သံုးျခင္းဟာ ကိုယ္အေလးခ်ိန္ေလ်ာ့ေနေသာ သူမ်ားအတြက္ အေကာင္းဆံုးမိတ္ေဆြျဖစ္တယ္ဆိုတာ ကေတာ့ ေျပာဖို႔ ေစာလြန္းပါေသးတယ္။ Brown fat က အဆီေတြကို ေခ်ဖ်က္ႏိုင္တာ မွန္ေပးမယ့္ ဝေနတဲ့သူကို ပိန္သြားေစႏိုင္ေလာက္တဲ႔ အထိေတာ့ ထိေရာက္မႈ မရွိဘူးလို႔ဆိုပါတယ္။ ဒါေပမယ့္ သူရဲ႔ အဆီကို ေလာင္ကၽြမ္းေစႏိုင္တဲ႔ ဂုဏ္သတၱိဟာ အပူကို ထုတ္လႊတ္ျခင္းအားျဖင့္ သၾကားဓာတ္၊ အဆီဓာတ္ေတြကို ေလာင္ကၽြမ္းေစႏိုင္တာျဖစ္လို႔ ေသြးထဲမွာ သၾကားဓာတ္ကို က်ဆင္းေစျပီး ေသြးထဲမွာရွိတဲ႔ ကိုလက္စထေရာ ဓာတ္ကို က်ဆင္းေစႏိုင္ပါတယ္။

 

ပညာရွင္မ်ားက ေကာ္ဖီမွာ ပါဝင္တဲ႔ ဘယ္အပိုင္းက brown fat ကုိ လံႈေဆာ္ျပီး အဆီေတြကို ေလာင္ကၽြမ္းေစလဲ ဆိုတဲ႔ ေမးခြန္းကို ေျဖရွင္းၾကရာ ကဖင္းဓာတ္ပိုမိုပါဝင္ေသာ ေကာ္ဖီမ်ားက broun fat ကို ပိုမိုလံႈေဆာ္ ႏိုင္ေၾကာင္းေတြ႔ေရပါတယ္။ ဒါေပမယ့္ ကဖင္းဓာတ္ဟာ ႏွလံုးခုန္ျမန္ေစျခင္း ၊အစာအိမ္ႏွင့္ အူလမ္းေၾကာင္းအတြင္း အက္စစ္မ်ား မ်ားျပားေစႏိုင္ျခင္းတို႕ေၾကာင့္ ပညာရွင္မ်ားက ေကာ္ဖီအလြန္အကၽြံေသာက္သံုးျခင္းကို အားမေပးထားပါဘူး။ တစ္ေန႔တစ္ခြက္ ေသာက္သံုးျခင္းက အဆီေတြကိုေလာာင္ကၽြမ္းေစႏိုင္တာမွန္ေပမယ့္ ကိုယ္လက္လႈပ္ရွားမႈ ႏွင့္ယွဥ္တြဲလုပ္ေဆာင္မွသာ ကိုယ္အေလးခ်ိန္ကို ထိေရာက္စြာ က်ဆင္းေစႏိုင္မယ္လို႔ အၾကံေပးထားပါတယ္။

 

https://www.webmd.com/diet/news/20190625/could-coffee-be-a-help-in-weight-loss#1

 

By
Steven

Leave a Reply

Your email address will not be published. Required fields are marked *