မိခင်နို့တိုက်ကျွေးခြင်း၏အကျိုးကျေးဇူးများ

 

၁။ ကလေးငယ်ရရှိသော အကျိုးကျေးဇူးများ
• ပထမဦးဆုံးရရှိသော ရောဂါကာကွယ်ဆေးဖြစ်သည်။
• အသက်(၆)လပြည့်သည်အထိ မိခင်နို့တမျိုးတည်းကိုသာ စံနှုန်းပြည့်အာဟာရအဖြစ်တိုက်ကျွေးနိုင်သည်။
• အစာကြေလွယ်သည်။
• ဓာတ်မတည့်မှု (Allergy)များ မဖြစ်စေပါ။
• ကလေးငယ်၏စိတ်ဓာတ်လုံခြုံမှုရရှိစေပြီး မိခင်အား သံယောဇဉ်ပိုတွယ်စေသည်။

 

၂။မိခင်ရရှိသော အကျိုးကျေးဇူးများ
• မွေးဖွားပြီးစ သွေးသွန်ခြင်းမှကာကွယ်နိုင်သည်။
• သားမြတ်၊ သားဥအိမ်၊ သားအိမ်ကင်ဆာများ ဖြစ်ပွါးမှု လျော့နည်းစေသည်။
• သားဆက်ခြားစေရန် အထောက်အကူပြုသည်။
• ကိုယ်၀န်မဆောင်မီကိုယ်အလေးချိန်ကို ပြန်လည်ရရှိစေရန် အထောက်အကူ ဖြစ်စေသည်။

 

၃။မိသားစုမှရရှိသော အကျိုးကျေးဇူးများ
• မိသားစုကုန်ကျစရိတ်သက်သာသည်။
• မိသားစုအတွက် အချိန်ပိုပေးနိုင်သည်။
• ကျန်းမာ၍ ဉာဏ်ရည်မြင့်မားသောကလေးများကို ပျိုးထောင်နိုင်သည်။

 

၄။နိုင်ငံတော်မှရရှိသော အကျိုးကျေးဇူးများ
• နို့မှုန့်ဘူး ၀ယ်ရန်မလိုခြင်း၊ ဆေးရုံတက်နှုန်း လျော့နည်းလာသဖြင့် ဆေးရုံအသုံးစရိတ်များလျော့နည်းစေခြင်းကြောင့် နိုင်ငံတော်အတွက်
ကုန်ကျစရိတ်သက်သာသည်။
• နိုင်ငံတော်အတွက် စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်သောကလေးများ ရရှိနိုင်ပါမည်။

 

#မိခင်နို့
#စောစောတိုက်ပါ။
#ဆာတိုင်းတိုက်ပါ။
#နေ့ရောညပါတိုက်ပါ။

 

Source:MOHS(ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန)

 

[Zawgyi]

 

မိခင္ႏို႔တိုက္ေကြၽးျခင္း၏အက်ိဳးေက်းဇူးမ်ား
****************************************

 

၁။ ကေလးငယ္ရရွိေသာ အက်ိဳးေက်းဇူးမ်ား
• ပထမဦးဆုံးရရွိေသာ ေရာဂါကာကြယ္ေဆးျဖစ္သည္။
• အသက္(၆)လျပည့္သည္အထိ မိခင္ႏို႔တမ်ိဳးတည္းကိုသာ စံႏႈန္းျပည့္အာဟာရအျဖစ္တိုက္ေကြၽးႏိုင္သည္။
• အစာေၾကလြယ္သည္။
• ဓာတ္မတည့္မႈ (Allergy)မ်ား မျဖစ္ေစပါ။
• ကေလးငယ္၏စိတ္ဓာတ္လုံၿခဳံမႈရရွိေစၿပီး မိခင္အား သံေယာဇဥ္ပိုတြယ္ေစသည္။

 

၂။မိခင္ရရွိေသာ အက်ိဳးေက်းဇူးမ်ား
• ေမြးဖြားၿပီးစ ေသြးသြန္ျခင္းမွကာကြယ္ႏိုင္သည္။
• သားျမတ္၊ သားဥအိမ္၊ သားအိမ္ကင္ဆာမ်ား ျဖစ္ပြါးမႈ ေလ်ာ့နည္းေစသည္။
• သားဆက္ျခားေစရန္ အေထာက္အကူျပဳသည္။
• ကိုယ္၀န္မေဆာင္မီကိုယ္အေလးခ်ိန္ကို ျပန္လည္ရရွိေစရန္ အေထာက္အကူ ျဖစ္ေစသည္။

 

၃။မိသားစုမွရရွိေသာ အက်ိဳးေက်းဇူးမ်ား
• မိသားစုကုန္က်စရိတ္သက္သာသည္။
• မိသားစုအတြက္ အခ်ိန္ပိုေပးႏိုင္သည္။
• က်န္းမာ၍ ဉာဏ္ရည္ျမင့္မားေသာကေလးမ်ားကို ပ်ိဳးေထာင္ႏိုင္သည္။

 

၄။ႏိုင္ငံေတာ္မွရရွိေသာ အက်ိဳးေက်းဇူးမ်ား
• ႏို႔မႈန္႔ဘူး ၀ယ္ရန္မလိုျခင္း၊ ေဆး႐ုံတက္ႏႈန္း ေလ်ာ့နည္းလာသျဖင့္ ေဆး႐ုံအသုံးစရိတ္မ်ားေလ်ာ့နည္းေစျခင္းေၾကာင့္ ႏိုင္ငံေတာ္အတြက္
ကုန္က်စရိတ္သက္သာသည္။
• ႏိုင္ငံေတာ္အတြက္ စိတ္ေရာကိုယ္ပါ က်န္းမာႀကံ့ခိုင္ေသာကေလးမ်ား ရရွိႏိုင္ပါမည္။

 

#မိခင္ႏို႔
#ေစာေစာတိုက္ပါ။
#ဆာတိုင္းတိုက္ပါ။
#ေန႔ေရာညပါတိုက္ပါ။

 

Source:MOHS(က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန)

Leave a Reply

Your email address will not be published. Required fields are marked *