တစ်ရက်တစ်ခါ ခေါင်းလျှော်နေတာဟာ သင့်အတွက်သင့်တော်ရဲ့လား… ❔

 

နေ့တိုင်းခေါင်းလျှော်နေတာဟာ မကောင်းဘူး ဆံပင်ပျက်စီးလိမ့်မယ် ဆိုတဲ့စကားမျိုး လူကြီးတွေတော်တော်များများပြောတာကြားဖူးကြမှာပါ။ နေ့စဉ် နေ့တိုင်းခေါင်းလျှော်တာဟာ
ကျွန်မတို့ ဦးရေပြားမှာရှိတဲ့ ဆံသားကိုလှပအောင်၊ ကျန်းမာအောင်လုပ်ပေးတဲ့ သဘာဝအဆီတွေကိုဖယ်ရှားပေးသလိုဖြစ်စေပြီး ဆံသား
ခြောက်သွေ့မှုတွေကိုဖြစ်စေပါတယ်။ ဆံသား
ခြောက်သွေ့လွန်းလာတဲ့အခါ ဆံပင်တွေဟာ
ကျိုးကြေပျက်စီးလွယ်တာ၊ ဆံပင် ၂ ခွဖြစ်တာတွေဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် ဒီနေ့တိုင်း
ခေါင်းလျှော်တာ သင့်မသင့်ဆိုတာကိုဆုံးဖြတ်ဖို့က ဆံသားအခြေအနေ၊ ဦးရေပြားအခြေအနေ
ပေါ်မှာလည်း မူတည်ပါသေးတယ်။

 

တချို့သောလူတွေမှာတော့ နေ့တိုင်းခေါင်းလျှော်
တာဟာ သင့်တော်တာလည်းရှိပါတယ်။

 

1)အဆီပြန်တဲ့ဦးရေပြားရှိတဲ့သူတွေ
ဦးရေပြားက အဆီအရမ်းပြန်တဲ့အခါ အရမ်းယားပြီး အဖတ်တွေကွာတတ်တဲ့ မှိုကပ်စွဲတာမျိုး
တွေဖြစ်တတ်ပါတယ်။ ဒီလူတွေမှာတော့ နေ့စဉ်
ခေါင်းလျှော်ပေးတာက သင့်တော်နိုင်ပါတယ်။

 

2)ချွေးထွက်အရမ်းလွန်တဲ့သူတွေ
လေ့ကျင့်ခန်းတွေအပြင်းအထန်လုပ်ပြီး ချွေးထွက်လွန်တဲ့သူတွေမှာ ဦးရေပြားအဆီစုတာကိုပိုများစေပါတယ်။

 

3)စိုထိုင်းတဲ့ရာသီဥတုရှိတဲ့နေရာမှာနေတဲ့သူတွေ
ဒီလူတွေမှာလည်း ချွေးထွက်လွန်တဲ့သူတွေလိုပဲ ဦးရေပြားအဆီစုများတာ ပိုဖြစ်တတ်ပါတယ်။

 

♂‍ ဒီဖော်ပြထားတဲ့လူအုပ်စုကတော့ နေ့တိုင်း
ခေါင်းလျှော်ပေးတာက သင့်တော်နိုင်ပါတယ်။

 

သာမန်လူတွေနဲ့ ဆံသားခြောက်သွေ့တဲ့သူတွေအနေနဲ့ကတော့ ၂ ရက်တစ်ခါ၊ ၃ ရက်တစ်ခါ
လောက်မှ လျှော်ပေးတာက သင့်တော်နိုင်ပါတယ်။ ဒါပေမယ့် ၂ ပတ်ကျော်အောင်ထိခေါင်း
မလျှော်တာမျိုးတော့မလုပ်မိပါစေနဲ့။ ဒီလိုအချိန်ထိကြာအောင် ခေါင်းမလျှော်တာဟာ သင့်ဆံပင် ဦးရေပြားအတွက် နှစ်မြို့စရာမရှိသလို အနံ့
အသက်လည်းမကောင်းစေနိုင်ပါဘူး။ခေါင်း
လျှော်ခြင်းက ဆံသားကြီးထွားဖို့ဟန့်တားနေတဲ့ ဆဲလ်သေတွေကိုဖယ်ရှာပေးပြီး သင့်ဦးရေပြားမှာလည်း သွေးလည်ပတ်မှုကောင်းလာစေပါတယ်။ ဒါကြောင့် ခေါင်းလျှော်ဖို့ကို မပျင်းပါနဲ့…။

 

ဒေါက်တာသက်လွှာ

 

တစ္ရက္တစ္ခါ ေခါင္းေလွ်ာ္ေနတာဟာ သင့္အတြက္သင့္ေတာ္ရဲ႕လား…

 

[Zawgyi]

 

ေန႔တိုင္းေခါင္းေလွ်ာ္ေနတာဟာ မေကာင္းဘူး ဆံပင္ပ်က္စီးလိမ့္မယ္ ဆိုတဲ့စကားမ်ိဳး လူႀကီးေတြေတာ္ေတာ္မ်ားမ်ားေျပာတာၾကားဖူးၾကမွာပါ။ ေန႔စဥ္ ေန႔တိုင္းေခါင္းေလွ်ာ္တာဟာ
ကြၽန္မတို႔ ဦးေရျပားမွာရွိတဲ့ ဆံသားကိုလွပေအာင္၊ က်န္းမာေအာင္လုပ္ေပးတဲ့ သဘာဝအဆီေတြကိုဖယ္ရွားေပးသလိုျဖစ္ေစၿပီး ဆံသား
ေျခာက္ေသြ႕မႈေတြကိုျဖစ္ေစပါတယ္။ ဆံသား
ေျခာက္ေသြ႕လြန္းလာတဲ့အခါ ဆံပင္ေတြဟာ
က်ိဳးေၾကပ်က္စီးလြယ္တာ၊ ဆံပင္ ၂ ခြျဖစ္တာေတြျဖစ္လာတတ္ပါတယ္။ ဒါေပမယ့္ ဒီေန႔တိုင္း
ေခါင္းေလွ်ာ္တာ သင့္မသင့္ဆိုတာကိုဆုံးျဖတ္ဖို႔က ဆံသားအေျခအေန၊ ဦးေရျပားအေျခအေန
ေပၚမွာလည္း မူတည္ပါေသးတယ္။

 

တခ်ိဳ႕ေသာလူေတြမွာေတာ့ ေန႔တိုင္းေခါင္းေလွ်ာ္
တာဟာ သင့္ေတာ္တာလည္းရွိပါတယ္။

 

1)အဆီျပန္တဲ့ဦးေရျပားရွိတဲ့သူေတြ
ဦးေရျပားက အဆီအရမ္းျပန္တဲ့အခါ အရမ္းယားၿပီး အဖတ္ေတြကြာတတ္တဲ့ မႈိကပ္စြဲတာမ်ိဳး
ေတြျဖစ္တတ္ပါတယ္။ ဒီလူေတြမွာေတာ့ ေန႔စဥ္
ေခါင္းေလွ်ာ္ေပးတာက သင့္ေတာ္ႏိုင္ပါတယ္။

 

2)ေခြၽးထြက္အရမ္းလြန္တဲ့သူေတြ
ေလ့က်င့္ခန္းေတြအျပင္းအထန္လုပ္ၿပီး ေခြၽးထြက္လြန္တဲ့သူေတြမွာ ဦးေရျပားအဆီစုတာကိုပိုမ်ားေစပါတယ္။

 

3)စိုထိုင္းတဲ့ရာသီဥတုရွိတဲ့ေနရာမွာေနတဲ့သူေတြ
ဒီလူေတြမွာလည္း ေခြၽးထြက္လြန္တဲ့သူေတြလိုပဲ ဦးေရျပားအဆီစုမ်ားတာ ပိုျဖစ္တတ္ပါတယ္။

 

♂‍ ဒီေဖာ္ျပထားတဲ့လူအုပ္စုကေတာ့ ေန႔တိုင္း
ေခါင္းေလွ်ာ္ေပးတာက သင့္ေတာ္ႏိုင္ပါတယ္။

 

သာမန္လူေတြနဲ႔ ဆံသားေျခာက္ေသြ႕တဲ့သူေတြအေနနဲ႔ကေတာ့ ၂ ရက္တစ္ခါ၊ ၃ ရက္တစ္ခါ
ေလာက္မွ ေလွ်ာ္ေပးတာက သင့္ေတာ္ႏိုင္ပါတယ္။ ဒါေပမယ့္ ၂ ပတ္ေက်ာ္ေအာင္ထိေခါင္း
မေလွ်ာ္တာမ်ိဳးေတာ့မလုပ္မိပါေစနဲ႔။ ဒီလိုအခ်ိန္ထိၾကာေအာင္ ေခါင္းမေလွ်ာ္တာဟာ သင့္ဆံပင္ ဦးေရျပားအတြက္ ႏွစ္ၿမိဳ႕စရာမရွိသလို အနံ႔
အသက္လည္းမေကာင္းေစႏိုင္ပါဘူး။ေခါင္း
ေလွ်ာ္ျခင္းက ဆံသားႀကီးထြားဖို႔ဟန္႔တားေနတဲ့ ဆဲလ္ေသေတြကိုဖယ္ရွာေပးၿပီး သင့္ဦးေရျပားမွာလည္း ေသြးလည္ပတ္မႈေကာင္းလာေစပါတယ္။ ဒါေၾကာင့္ ေခါင္းေလွ်ာ္ဖို႔ကို မပ်င္းပါနဲ႔…။

 

ေဒါက္တာသက္လႊာ

Leave a Reply

Your email address will not be published. Required fields are marked *