ခံတွင်းအနံ့ဆိုးခြင်း (Halitosis)

 

ခံတွင်းအနံ့ဆိုးခြင်း (Halitosis) သည် လူတိုင်းမှာဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။
ခံတွင်းနံ့ဆိုးခြင်းကြောင့် လူမှုပတ်ဝန်းကျင်တွင် ပေါင်းသင်းဆက်ဆံရာတွင် လည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု နည်းလာပါတယ်။
အချို့က တကယ်ခံတွင်းနံ့မဆိုးပဲ စိတ်ထဲကခံတွင်းနံ့ဆိုးတယ်လို့ ထင်နေတတ်ပါတယ်။ အချို့ကတော့ ဆရာဝန်နဲ့ check upလုပ်မှ ခံတွင်းနံ့ဆိုးခြင်းကိုသတိထားမိတာလဲ ရှိပါတယ်။
သွားနှင့်ခံတွင်းကျန်းမာရေးကိုဂရုစိုက်မှုများလာတာနဲ့အမျှ လူတွေဟာ ခံတွင်းနံ့ဆိုးခြင်းကို ကုသပျောက်ကင်းရန်လဲ အလေးထားလာကြပါတယ်။

 

ခံတွင်းနံ့ဆိုးခြင်းဖြစ်စေတဲ့ အကြောင်းများကတော့
> ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ကွမ်းစားခြင်း၊
> ပါးစပ်နှင့်အသက်ရှူတတ်တဲ့အကျင့်ရှိခြင်း
> ခံတွင်းသန့်ရှင်းမှုမရှိခြင်း၊
> သွားဖုံးရောဂါများရှိခြင်း(သွားဖုံးယောင်ရောဂါ၊ သွားကျောက်တည်၍ရေစီးကမ်းပြိုရောဂါများရှိခြင်း)
> သွားပိုးပေါက်ရှိခြင်း၊ သွားကျဲ၍ အစာများဝင်နေခြင်းကြောင့် အနံ့ဆိုးထွက်ခြင်း
> လျှာတွင် အစာကြွင်းကျန်များရှိ၍ ခံတွင်းနံ့ထွက်ခြင်း
> အံကပ်များသန့်ရှင်းမှုမရှိခြင်း
> အနံ့ပြင်းသောအစားအစာများ စားသုံးခြင်း(ကော်ဖီ၊ အချိုရည်၊ ကြက်သွန်ဖြူ)
> cancerရောဂါ၊ ဆီးချိုရောဂါ ဆေးသောက်သုံးသူများတွင် တံတွေးအထွက်နည်းခြင်းဖြစ်စေသောကြောင့် ခံတွင်းနံ့ဆိုးခြင်း
> အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊
> အစာအိမ်လမ်းကြောင်းဆိုင်ရာရောဂါများ
> စိတ်ဖိစီးမှုများသောကြောင့် ခံတွင်းခြောက်၍ ခံတွင်းနံ့ဆိုးခြင်း
> ကျောက်ကပ်ရောဂါ၊ အသည်းရောဂါများရှိခြင်း
> အမျိုးသမီးများဓမ္မတာလာချိန်တွင် estrogen ဟော်မုန်းမြင့်တက်သောကြောင့်လည်း ခံတွင်းနံ့ဆိုးခြင်းကို ဖြစ်စေပါတယ်။
> အသက်ကြီးတဲ့သူတွေမှာ တံတွေးအထွက်နည်းတာကြောင့် ခံတွင်းနံ့ဆိုးခြင်းပိုဖြစ်တတ်ပါတယ်။
သွားနှင့်ခံတွင်းရောဂါကြောင့်ဖြစ်သောခံတွင်းနံ့ဆိုးခြင်းကို ပျောက်ကင်းနိုင်မယ့်နည်းလမ်းများကတော့
> သွားနှင့်ခံတွင်းကိုသန့်ရှင်းစွာထားခြင်း ( တနေ့၂ကြိမ် စနစ်မှန်သွားတိုက်ခြင်း၊ သွားတိုက်ရာတွင် လျှာကိုပါ တိုက်ပေးခြင်း)
> အစာစားပြီးတိုင်း ပါးလုတ်ကျင်းခြင်း၊ သွားကြားပွတ်ကြိုးအသုံးပြုခြင်း)
> သွားကျောက်များရှိပါက သွားဆရာဝန်ထံတွင်သွားကျောက်ခြစ်ခြင်း
> လိုအပ်ပါက mouth rinse ကိုသုံးခြင်း(အချိန်ကြာမြင့်စွာ စွဲမသုံးသင့်ပါဘူး)
> စီးကရက်တွင်ပါဝင်သော နီကိုတင်းသည် Vit C ကိုဖျက်ဆီးပစ်သောကြောင့် ဆေးလိပ်သောက်သူများ Vit C supplement သောက်သုံးခြင်း
> တံတွေးအထွက်နဲပြီးခံတွင်းခြောက်သူများအတွက် ရေများများသောက်ခြင်း၊ sugerless chewing gumနှင့် candy စားခြင်း၊ အမျှင်ဓာတ်ပေါများသောဟင်းသီးဟင်းရွက်စားသုံးပေးခြင်းများပြုလုပ်ပေးရပါမယ်။

 

သွားနှင့်ခံတွင်းရောဂါကြောင့်မဟုတ်ပဲ မိမိ၏အခြားရောဂါကြောင့် ခံတွင်းနံ့ဆိုးလျှင် physician ၊ medical specialist များနှင့် ပြသရပါမယ်။

 

ဒေါက်တာဉာဏ်

 

[Zawgyi]

 

ခံတွင်းအနံ့ဆိုးခြင်း (Halitosis)

 

ခံတြင္းအနံ႔ဆိုးျခင္း (Halitosis) သည္ လူတိုင္းမွာျဖစ္ေလ့ရွိတဲ့ ျပႆနာတစ္ခု ျဖစ္ပါတယ္။
ခံတြင္းနံ႔ဆိုးျခင္းေၾကာင့္ လူမႈပတ္ဝန္းက်င္တြင္ ေပါင္းသင္းဆက္ဆံရာတြင္ လည္း ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈ နည္းလာပါတယ္။
အခ်ိဳ႕က တကယ္ခံတြင္းနံ႔မဆိုးပဲ စိတ္ထဲကခံတြင္းနံ႔ဆိုးတယ္လို႔ ထင္ေနတတ္ပါတယ္။ အခ်ိဳ႕ကေတာ့ ဆရာဝန္နဲ႔ check upလုပ္မွ ခံတြင္းနံ႔ဆိုးျခင္းကိုသတိထားမိတာလဲ ရွိပါတယ္။
သြားႏွင့္ခံတြင္းက်န္းမာေရးကိုဂ႐ုစိုက္မႈမ်ားလာတာနဲ႔အမွ် လူေတြဟာ ခံတြင္းနံ႔ဆိုးျခင္းကို ကုသေပ်ာက္ကင္းရန္လဲ အေလးထားလာၾကပါတယ္။

 

ခံတြင္းနံ႔ဆိုးျခင္းျဖစ္ေစတဲ့ အေၾကာင္းမ်ားကေတာ့
> ေဆးလိပ္ေသာက္ျခင္း၊ အရက္ေသာက္ျခင္း၊ ကြမ္းစားျခင္း၊
> ပါးစပ္ႏွင့္အသက္ရႉတတ္တဲ့အက်င့္ရွိျခင္း
> ခံတြင္းသန႔္ရွင္းမႈမရွိျခင္း၊
> သြားဖုံးေရာဂါမ်ားရွိျခင္း(သြားဖုံးေယာင္ေရာဂါ၊ သြားေက်ာက္တည္၍ေရစီးကမ္းၿပိဳေရာဂါမ်ားရွိျခင္း)
> သြားပိုးေပါက္ရွိျခင္း၊ သြားက်ဲ၍ အစာမ်ားဝင္ေနျခင္းေၾကာင့္ အနံ႔ဆိုးထြက္ျခင္း
> လွ်ာတြင္ အစာႂကြင္းက်န္မ်ားရွိ၍ ခံတြင္းနံ႔ထြက္ျခင္း
> အံကပ္မ်ားသန႔္ရွင္းမႈမရွိျခင္း
> အနံ႔ျပင္းေသာအစားအစာမ်ား စားသုံးျခင္း(ေကာ္ဖီ၊ အခ်ိဳရည္၊ ၾကက္သြန္ျဖဴ)
> cancerေရာဂါ၊ ဆီးခ်ိဳေရာဂါ ေဆးေသာက္သုံးသူမ်ားတြင္ တံေတြးအထြက္နည္းျခင္းျဖစ္ေစေသာေၾကာင့္ ခံတြင္းနံ႔ဆိုးျခင္း
> အသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါမ်ား၊
> အစာအိမ္လမ္းေၾကာင္းဆိုင္ရာေရာဂါမ်ား
> စိတ္ဖိစီးမႈမ်ားေသာေၾကာင့္ ခံတြင္းေျခာက္၍ ခံတြင္းနံ႔ဆိုးျခင္း
> ေက်ာက္ကပ္ေရာဂါ၊ အသည္းေရာဂါမ်ားရွိျခင္း
> အမ်ိဳးသမီးမ်ားဓမၼတာလာခ်ိန္တြင္ estrogen ေဟာ္မုန္းျမင့္တက္ေသာေၾကာင့္လည္း ခံတြင္းနံ႔ဆိုးျခင္းကို ျဖစ္ေစပါတယ္။
> အသက္ႀကီးတဲ့သူေတြမွာ တံေတြးအထြက္နည္းတာေၾကာင့္ ခံတြင္းနံ႔ဆိုးျခင္းပိုျဖစ္တတ္ပါတယ္။
သြားႏွင့္ခံတြင္းေရာဂါေၾကာင့္ျဖစ္ေသာခံတြင္းနံ႔ဆိုးျခင္းကို ေပ်ာက္ကင္းႏိုင္မယ့္နည္းလမ္းမ်ားကေတာ့
> သြားႏွင့္ခံတြင္းကိုသန႔္ရွင္းစြာထားျခင္း ( တေန႔၂ႀကိမ္ စနစ္မွန္သြားတိုက္ျခင္း၊ သြားတိုက္ရာတြင္ လွ်ာကိုပါ တိုက္ေပးျခင္း)
> အစာစားၿပီးတိုင္း ပါးလုတ္က်င္းျခင္း၊ သြားၾကားပြတ္ႀကိဳးအသုံးျပဳျခင္း)
> သြားေက်ာက္မ်ားရွိပါက သြားဆရာဝန္ထံတြင္သြားေက်ာက္ျခစ္ျခင္း
> လိုအပ္ပါက mouth rinse ကိုသုံးျခင္း(အခ်ိန္ၾကာျမင့္စြာ စြဲမသုံးသင့္ပါဘူး)
> စီးကရက္တြင္ပါဝင္ေသာ နီကိုတင္းသည္ Vit C ကိုဖ်က္ဆီးပစ္ေသာေၾကာင့္ ေဆးလိပ္ေသာက္သူမ်ား Vit C supplement ေသာက္သုံးျခင္း
> တံေတြးအထြက္နဲၿပီးခံတြင္းေျခာက္သူမ်ားအတြက္ ေရမ်ားမ်ားေသာက္ျခင္း၊ sugerless chewing gumႏွင့္ candy စားျခင္း၊ အမွ်င္ဓာတ္ေပါမ်ားေသာဟင္းသီးဟင္း႐ြက္စားသုံးေပးျခင္းမ်ားျပဳလုပ္ေပးရပါမယ္။

 

သြားႏွင့္ခံတြင္းေရာဂါေၾကာင့္မဟုတ္ပဲ မိမိ၏အျခားေရာဂါေၾကာင့္ ခံတြင္းနံ႔ဆိုးလွ်င္ physician ၊ medical specialist မ်ားႏွင့္ ျပသရပါမယ္။

 

ေဒါက္တာဉာဏ္

Leave a Reply

Your email address will not be published. Required fields are marked *