စောစီးစွာသိဖို့လိုတဲ့ကလေးကင်ဆာ

ကမ္ဘာနဲ့အဝှမ်းမှာရှိတဲ့ အသက်၁နှစ်မှ၁၄နှစ်တွင်းရှိ ကလေးငယ်များနဲ့ဆယ်ကျော်သက် ၃သိန်းခန့်ဟာ နှစ်စဉ်ကင်ဆာရောဂါ ဝေဒနာခံစားနေကြရတာဖြစ်ပါတယ်။ ကလေးငယ်များမှာကင်ဆာရောဂါများရှိမရှိကို အစောပိုင်းကာလ ကတည်းက တိတိကျကျနဲ့ရှာဖွေကုသထားကြဖို့လိုအပ်ပါတယ်။

 

သွေးကင်ဆာဟာ ကလေးဘဝမှာဖြစ်ပွားမှုအများဆုံးကင်ဆာဖြစ်ပြီးတော့ ဦးနှောက်နဲ့ကျောရိုးအကျိတ်ကင်ဆာ၊ အာရုံကြောကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ပြန်ရည်ကျိတ်ကင်ဆာ၊ တစ်ရှူးပျော့ဆာကိုမာကင်ဆာ၊ မျက်လုံးကင်ဆာနဲ့ အရိုးကင်ဆာများဟာလည်းကလေးဘဝတည်း ကဖြစ်တတ်တဲ့ ကင်ဆာရောဂါတွေပဲဖြစ်ပါတယ်။ မိမိရဲ့ကလေးမှာကင်ဆာရောဂါရှိမရှိကို လေ့လာသိရှိနိုင်မယ့်အကြောင်းတရားတွေရှိလို့နေပါတယ်။

 

အဲ့ဒီထဲကတစ်ချက်ကတော့ အကြောင်းရင်းမရှိဘဲကိုယ်အလေးချိန်ကျဆင်းလာတာမျိုးဖြစ်ပါတယ် ။ ကင်ဆာရောဂါဟာ အစားအသောက်ပျက်ခြင်းနဲ့အတူ ကိုယ်အလေးချိန်ရုတ်တရက်ကျဆင်းခြင်းကိုဖြစ်စေပါတယ်။ နောက်တစ်ချက်ကတော့ မနက်စောစောနဲ့ ညနေပိုင်းတွေမှာ ခေါင်းကိုက်တာပျို့အန်တာတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် အထက်လန်အောက်လျှောဝမ်းရောဂါလိုမျိုးနဲ့လည်းမှားတတ်တဲ့အတွက် သေချာကုသပေးဖို့လိုပါတယ်
နောက်တစ်ချက်ကတော့ အရိုးအဆစ်များရောင်ရမ်းနာကြဉ်လာတာမျိုးဖြစ်ပါတယ်။ ကလေးငယ်အနေနဲ့ အရိုးအဆစ်များရောင်ရမ်းလာတာ၊ အထိမခံနိုင်တာ၊ နည်းနည်းကစားရုံနဲ့ အရိုးအဆစ်နာလာတာမျိုးတွေရှိရင် သတိထားပြီးဆရာဝန်နဲ့ပြသသင့်ပါတယ်။ ဝမ်းဗိုက်၊လည်ပင်း၊ ရင်ခေါင်း၊တင်ပဆုံ၊ ဂျိုင်းနဲ့ခြေလက်တို့မှာ အလုံးအကျိတ်များ ပေါ်လာတာမျိုးဆိုရင်လည်းသတိပြုသင့်ပါတယ်။

 

ကလေးငယ်အနေနဲ့ နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးသွေးယိုခြင်း၊ ကိုယ်ခန္ဓာအနှံ့သွေးခြေဥခြင်း၊ ဝမ်းအမဲရောင်သွားခြင်းများဖြစ်ရင်လည်းသက်ဆိုင်ရာဆရာဝန်နဲ့ပြသကုသသင့်ပါတယ်။ကလေးငယ်များဖျားနာတ့အခါ ရက်ရှည်ဖျားနာနေတာမျိုးဆိုရင်လည်း ကင်ဆာရောဂါအတွက်သတိပြုသင့်သလို ကလေးငယ်အနေနဲ့ မျက်စိစွေတာ၊ မျက်လုံးမှာအဖြူစက်ပေါ်တာမျိုးနဲ့ မျက်စိအလိုလျောက်နီရဲလာမျိုးဆိုရင်လည်း မျက်စိဆရာဝန်ထံချက်ချင်းပြသသင့်ပါတယ်။

 

ကလေးမှာဖြစ်တတ်တဲ့ကင်ဆာရောဂါကိုကာကွယ်ဖို့ မိဘတွေအနေနဲ့ဆင်ခြင်သင့်တဲ့အချက်တွေကတေ့ာ ကလေးတွေရဲ့အနားမှာ ဆေးလိပ်သောက်တာ၊ အာဟာရကြွယ်ဝတဲ့သီးနှံသားငါးမျှတအောင်ကျွေးတာ၊ ကိုယ်အလေးချိန်မျှတအောင်ထိန်းသိမ်းပေးတာ
ငယ်ရွယ်စဉ်ကတည်းက လေ့ကျင့်ခန်းလုပ်ဖို့တိုက်တွန်းအားပေးတာမျိုးတွေလုပ်ဆောင်ပေးသင့်ပါတယ်။

 

ဒေါက်တာနိုင်း(ဆေး၁)

 

[Zawgyi]

 

ေစာစီးစြာသိဖို႕လိုတ့ဲကေလးကင္ဆာ

 

ကမၻာနဲ႕အ၀ွမ္းမွာရွိတဲ့ အသက္၁ႏွစ္မွ၁၄ႏွစ္တြင္းရွိ ကေလးငယ္မ်ားနဲ႕ဆယ္ေက်ာ္သက္ ၃သိန္းခန္႕ဟာ ႏွစ္စဥ္ကင္ဆာေရာဂါ ေ၀ဒနာခံစားေနၾကရတာျဖစ္ပါတယ္။ ကေလးငယ္မ်ားမွာကင္ဆာေရာဂါမ်ားရွိမရွိကို အေစာပိုင္းကာလ ကတည္းက တိတိက်က်နဲ႕ရွာေဖြကုသထားၾကဖို႕လိုအပ္ပါတယ္။

 

ေသြးကင္ဆာဟာ ကေလးဘ၀မွာျဖစ္ပြားမွုအမ်ားဆုံးကင္ဆာျဖစ္ျပီးေတာ့ ဦးေႏွာက္နဲ႕ေက်ာရိုးအက်ိတ္ကင္ဆာ၊ အာရုံေၾကာကင္ဆာ၊ ေက်ာက္ကပ္ကင္ဆာ၊ျပန္ရည္က်ိတ္ကင္ဆာ၊ တစ္ရွဴးေပ်ာ့ဆာကိုမာကင္ဆာ၊ မ်က္လုံးကင္ဆာနဲ႕ အရိုးကင္ဆာမ်ားဟာလည္းကေလးဘ၀တည္း ကျဖစ္တတ္တဲ့ ကင္ဆာေရာဂါေတြပဲျဖစ္ပါတယ္။ မိမိရ့ဲကေလးမွာကင္ဆာေရာဂါရွိမရွိကို ေလ့လာသိရွိနုိင္မယ့္အေၾကာင္းတရားေတြရွိလို႕ေနပါတယ္။

 

အဲ့ဒီထဲကတစ္ခ်က္ကေတာ့ အေၾကာင္းရင္းမရွိဘဲကိုယ္အေလးခ်ိန္က်ဆင္းလာတာမ်ိဳးျဖစ္ပါတယ္ ။ ကင္ဆာေရာဂါဟာ အစားအေသာက္ပ်က္ျခင္းနဲ႕အတူ ကိုယ္အေလးခ်ိန္ရုတ္တရက္က်ဆင္းျခင္းကိုျဖစ္ေစပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ မနက္ေစာေစာနဲ႕ ညေနပိုင္းေတြမွာ ေခါင္းကိုက္တာပ်ိဳ႕အန္တာေတြပဲျဖစ္ပါတယ္။ ဒါေပမယ့္ အထက္လန္ေအာက္ေလွ်ာ၀မ္းေရာဂါလိုမ်ိဳးနဲ႕လည္းမွားတတ္တ့ဲအတြက္ ေသခ်ာကုသေပးဖို႕လိုပါတယ္
ေနာက္တစ္ခ်က္ကေတာ့ အရိုးအဆစ္မ်ားေရာင္ရမ္းနာၾကဥ္လာတာမ်ိဳးျဖစ္ပါတယ္။ ကေလးငယ္အေနနဲ႕ အရိုးအဆစ္မ်ားေရာင္ရမ္းလာတာ၊ အထိမခံနုိင္တာ၊ နည္းနည္းကစားရုံနဲ႕ အရိုးအဆစ္နာလာတာမ်ိဳးေတြရွိရင္ သတိထားျပီးဆရာ၀န္နဲ႕ျပသသင့္ပါတယ္။ ၀မ္းဗိုက္၊လည္ပင္း၊ ရင္ေခါင္း၊တင္ပဆံု၊ ဂ်ိဳင္းနဲ႕ေျခလက္တုိ႕မွာ အလုံးအက်ိတ္မ်ား ေပၚလာတာမ်ိဳးဆိုရင္လည္းသတိျပဳသင့္ပါတယ္။

 

ကေလးငယ္အေနနဲ႕ ႏွာေခါင္းေသြးလွ်ံျခင္း၊ သြားဖုံးေသြးယိုျခင္း၊ ကိုယ္ခႏၶာအႏွံ႕ေသြးေျခဥျခင္း၊ ၀မ္းအမဲေရာင္သြားျခင္းမ်ားျဖစ္ရင္လည္းသက္ဆုိင္ရာဆရာ၀န္နဲ႕ျပသကုသသင့္ပါတယ္။ကေလးငယ္မ်ားဖ်ားနာတ့အခါ ရက္ရွည္ဖ်ားနာေနတာမ်ိဳးဆုိရင္လည္း ကင္ဆာေရာဂါအတြက္သတိျပဳသင့္သလို ကေလးငယ္အေနနဲ႕ မ်က္စိေစြတာ၊ မ်က္လုံးမွာအျဖဴစက္ေပၚတာမ်ိဳးနဲ႕ မ်က္စိအလိုေလ်ာက္နီရဲလာမ်ိဳးဆိုရင္လည္း မ်က္စိဆရာ၀န္ထံခ်က္ခ်င္းျပသသင့္ပါတယ္။

 

ကေလးမွာျဖစ္တတ္တ့ဲကင္ဆာေရာဂါကိုကာကြယ္ဖို႕ မိဘေတြအေနနဲ႕ဆင္ျခင္သင့္တဲ့အခ်က္ေတြကေတ့ာ ကေလးေတြရဲ့အနားမွာ ေဆးလိပ္ေသာက္တာ၊ အာဟာရၾကြယ္၀တဲ့သီးႏွံသားငါးမွ်တေအာင္ေကြ်းတာ၊ ကိုယ္အေလးခ်ိန္မွ်တေအာင္ထိန္းသိမ္းေပးတာ
ငယ္ရြယ္စဥ္ကတည္းက ေလ့က်င့္ခန္းလုပ္ဖို႕တိုက္တြန္းအားေပးတာမ်ိဳးေတြလုပ္ေဆာင္ေပးသင့္ပါတယ္။

 

ေဒါက္တာႏိုင္း(ေဆး၁)

Leave a Reply

Your email address will not be published. Required fields are marked *