အစာအိမ်ကင်ဆာကာကွယ်ဖို့သိကောင်းစရာ

 

ကျွန်တော်တို့နေ့စဉ်စားသောက်နေထိုင်မှူဘဝပုံစံဟာ ကျွန်တော်တို့ရဲ့ ကျန်းမာရေးနဲ့တိုက်ရိုက် အချိုးကျနေပါတယ်။ တနေ့တာစားသောက်နေထိုင်မှုပုံစံဟာ အချိန်ကြာလာတဲ့အခါ လူ့ခန္ဓာကိုယ်ကို သက်ရောက်စေပါတယ်။ အစာအိမ်ကင်ဆာဆိုတာမြန်မာနိုင်ငံနှင့်အာရှနိုင်ငံတွေမှာအဖြစ်များပါတယ်။ အပူအစပ်အစားများတဲ့သူတွေ၊ အကင်နှင့်ယမ်းစိမ်းပါသော အစားအစာစာစားတဲ့သူတွေရေရှည်မှာ ခံစားရ နိုင်ပါတယ်။ ဆေးလိပ်သောက်သူတွေ နဲ့ Aသွေးအမျိုးအစား ရှိတဲ့သူတွေ၊ မျိုးရိုးမှာ အစာအိမ်ကင်ဆာရှိသူတွေမှာဖစ်ဖို့အခွင့်အလမ်းရှိကြပါတယ်။ဆေးရွက်ကြီးသုံးစွဲသူတွေ အငန်လွန်ကဲတဲ့ အစာစားသူတွေမှာအဖြစ်များပါတယ်။ အစာအိမ်အနာပိုး(H.Pylori) ကိုသေချာမကုသပဲ ထားရင်လည်း နာတာရှည်ဖြစ်ကာကြာရင် အစာအိမ်ကင်ဆာကို ပြောင်းလဲသွားတတ်ကြပါတယ်။ အရက်ဘီယာနဲ့ ကွမ်းတို့ကို ရေရှည်စားသောက်တာမျိူးကလည်း အစာအိမ်ကိုထိခိုက်စေပီးကင်ဆာရောဂါကိုခံစားရစေ ပါတယ်။

 

သွေးအားနည်းခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ ဗိုက်မှာအလုံးအကျိတ်စမ်းမိခြင်း၊ နာတာရှည်အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်ခြင်းတွေက အစာအိမ်ကင်ဆာရဲ့ လက္ခဏာတွေပါ။ ထို့အပြင် အစားအသောက်ပျက် ကိုယ်အလေးချိန် ကျလာခြင်း၊ ဗိုက်မှာရေဖျဉ်းစွဲခြင်း၊ အသားဝါတာတွေကကင်ဆာရောဂါရဲ့ ယေဘုယျ လက္ခဏာတွေ ဖြစ်ပါတယ်။

 

ရောဂါကိုသိရှိနိုင်ဖို့ အစာအိမ်မှန်ပြောင်းကြည့်ခြင်း (Endoscopy)၊ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း နှင့် Barium Meal ဆေးမျိုးနဲ စစ်ဆေးရပါတယ်။ အထူးသဖြင့် နာတာရှည် ရင်ပြည့်ရင်ကယ် ခံစားရသူတွေ သွေးအန်ပီးဝမ်းမည်းမည်းသွားတဲ့သူတွေ နဲ့ အသက်၅၀ကျော်ပီး အစာမကြေရောဂါ ခံစားရသူတွေအနေနဲ့ အစာအိမ်မှန်ပြောင်း (Endoscopy) ကြည့်ကာ သေချာစစ်ဆေး ကုသ သင့်ပါတယ်။ ကုသရာမှာ ရောဂါအခြေအနေပေါ်မူတည်ပီး ခွဲစိတ်ကုသခြင်း၊ ဓာတ်ကင်ကုသခြင်း နဲ့ ကင်ဆာဆေး ပေးပီးကုသရပါတယ်။

 

ရောဂါကိုကာကွယ်ဖို့အဓိကက အရက်၊ ဆေးလိပ်၊ ကွမ်း၊ အပူအစပ်၊ အကင် စသည်ဖြင့် အစာအိမ်ကို ထိခိုက်စေတဲ့ အရာတွေကို တတ်နိုင်သမျှရှောင်ရပါမယ်။ မျိုးရိုးရှိရင် ရောဂါဖစ်နိုင်ဖို့အခွင့်အလမ်းရှိ ပေမယ့် အသီးအရွက်တွေကိုပိုမိုစားသုံးကာ ကိုယ်လက်လှုပ်ရှားမှူပုံမှန်ပြုလုပ်ခြင်း၊ အစာအိမ်အနာပိုး(H.Pylori) ခံစားရပါက သေချာကုသခြင်းဖြင့် အစာအိမ်ကင်ဆာရောဂါ ဖြစ်ပွားမှူနှုန်း ကို လျော့ချပေးနိုင်ပါတယ်။

 

ဒေါက်တာနိုင်း(ဆေး၁)

 

[Zawgyi]

 

အစာအိမ္ကင္ဆာကာကြယ္ဖို႔သိေကာင္းစရာ

 

ကြၽန္ေတာ္တို႔ေန႔စဥ္စားေသာက္ေနထိုင္မႉဘဝပုံစံဟာ ကြၽန္ေတာ္တို႔ရဲ႕ က်န္းမာေရးနဲ႔တိုက္႐ိုက္ အခ်ိဳးက်ေနပါတယ္။ တေန႔တာစားေသာက္ေနထိုင္မႈပုံစံဟာ အခ်ိန္ၾကာလာတဲ့အခါ လူ႕ခႏၶာကိုယ္ကို သက္ေရာက္ေစပါတယ္။ အစာအိမ္ကင္ဆာဆိုတာျမန္မာႏိုင္ငံႏွင့္အာရွႏိုင္ငံေတြမွာအျဖစ္မ်ားပါတယ္။ အပူအစပ္အစားမ်ားတဲ့သူေတြ၊ အကင္ႏွင့္ယမ္းစိမ္းပါေသာ အစားအစာစာစားတဲ့သူေတြေရရွည္မွာ ခံစားရ ႏိုင္ပါတယ္။ ေဆးလိပ္ေသာက္သူေတြ နဲ႔ Aေသြးအမ်ိဳးအစား ရွိတဲ့သူေတြ၊ မ်ိဳး႐ိုးမွာ အစာအိမ္ကင္ဆာရွိသူေတြမွာဖစ္ဖို႔အခြင့္အလမ္းရွိၾကပါတယ္။ေဆး႐ြက္ႀကီးသုံးစြဲသူေတြ အငန္လြန္ကဲတဲ့ အစာစားသူေတြမွာအျဖစ္မ်ားပါတယ္။ အစာအိမ္အနာပိုး(H.Pylori) ကိုေသခ်ာမကုသပဲ ထားရင္လည္း နာတာရွည္ၿဖစ္ကာၾကာရင္ အစာအိမ္ကင္ဆာကို ေျပာင္းလဲသြားတတ္ၾကပါတယ္။ အရက္ဘီယာနဲ႔ ကြမ္းတို႔ကို ေရရွည္စားေသာက္တာမ်ိဴးကလည္း အစာအိမ္ကိုထိခိုက္ေစပီးကင္ဆာေရာဂါကိုခံစားရေစ ပါတယ္။

 

ေသြးအားနည္းျခင္း၊ ဝမ္းမည္းမည္းသြားျခင္း၊ ဗိုက္မွာအလုံးအက်ိတ္စမ္းမိျခင္း၊ နာတာရွည္အစာမေၾကရင္ျပည့္ရင္ကယ္ျဖစ္ျခင္းေတြက အစာအိမ္ကင္ဆာရဲ႕ လကၡဏာေတြပါ။ ထို႔အျပင္ အစားအေသာက္ပ်က္ ကိုယ္အေလးခ်ိန္ က်လာျခင္း၊ ဗိုက္မွာေရဖ်ဥ္းစြဲျခင္း၊ အသားဝါတာေတြကကင္ဆာေရာဂါရဲ႕ ေယဘုယ် လကၡဏာေတြ ျဖစ္ပါတယ္။

 

ေရာဂါကိုသိရွိႏိုင္ဖို႔ အစာအိမ္မွန္ေျပာင္းၾကည့္ျခင္း (Endoscopy)၊ ကြန္ပ်ဴတာဓာတ္မွန္႐ိုက္ျခင္း ႏွင့္ Barium Meal ေဆးမ်ိဳးနဲ စစ္ေဆးရပါတယ္။ အထူးသျဖင့္ နာတာရွည္ ရင္ျပည့္ရင္ကယ္ ခံစားရသူေတြ ေသြးအန္ပီးဝမ္းမည္းမည္းသြားတဲ့သူေတြ နဲ႔ အသက္၅၀ေက်ာ္ပီး အစာမေၾကေရာဂါ ခံစားရသူေတြအေနနဲ႔ အစာအိမ္မွန္ေျပာင္း (Endoscopy) ၾကည့္ကာ ေသခ်ာစစ္ေဆး ကုသ သင့္ပါတယ္။ ကုသရာမွာ ေရာဂါအေျခအေနေပၚမူတည္ပီး ခြဲစိတ္ကုသျခင္း၊ ဓာတ္ကင္ကုသျခင္း နဲ႔ ကင္ဆာေဆး ေပးပီးကုသရပါတယ္။

 

ေရာဂါကိုကာကြယ္ဖို႔အဓိကက အရက္၊ ေဆးလိပ္၊ ကြမ္း၊ အပူအစပ္၊ အကင္ စသည္ျဖင့္ အစာအိမ္ကို ထိခိုက္ေစတဲ့ အရာေတြကို တတ္ႏိုင္သမွ်ေရွာင္ရပါမယ္။ မ်ိဳး႐ိုးရွိရင္ ေရာဂါဖစ္ႏိုင္ဖို႔အခြင့္အလမ္းရွိ ေပမယ့္ အသီးအ႐ြက္ေတြကိုပိုမိုစားသုံးကာ ကိုယ္လက္လႈပ္ရွားမႉပုံမွန္ျပဳလုပ္ျခင္း၊ အစာအိမ္အနာပိုး(H.Pylori) ခံစားရပါက ေသခ်ာကုသျခင္းျဖင့္ အစာအိမ္ကင္ဆာေရာဂါ ျဖစ္ပြားမႉႏႈန္း ကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။

 

ေဒါက္တာႏိုင္း(ေဆး၁)

Leave a Reply

Your email address will not be published. Required fields are marked *