ကလေးတွေ နှင့် ကားမူးရောဂါ

 

ကားမူးရောဂါ ဆိုတာ ရွေ့ပြောင်းရင် မူးအန်တတ်တဲ့ ရောဂါတစ်မျိုးပါ။ ဦးနှောက်ဆိုတာ ခန္ဓာကိုယ်နေရာအနှံ့ကပေးပို့တဲ့ သတင်းအချက်အလက်တွေကို လက်ခံရာ ဌာနေတစ်ခုဖြစ်ပါတယ်။ မျက်စိ၊အတွင်းနား၊ အဆစ်တွေနဲ့ ကြွက်သားတွေမှာရှိတဲ့အာရုံကြောလေးတွေက ဦးနှောက်ဆီကို ပုံမှန်မဟုတ်၊ကွဲလွဲတဲ့ သတင်းအချက်အလက်တွေ ပို့ပေးတဲ့အခါ ရွေ့ပြောင်းရင် မူးအန်ချင်လာတဲ့ ရောဂါလက္ခဏာ ခံစားလာရပါတယ်။

 

စိတ်ကူးထဲမှာ ကားနောက်ခန်း ထိုင်နေတဲ့ကလေးယောက်က ကားစီးနေတဲ့ တောက်လျောက် ဘေးဘီဝဲယာတွေကို မကြည့်ပဲ စာအုပ်ကိုအာရုံစူးစိုက်ဖတ်နေတာ (ဒါမှမဟုတ်) ပြတင်းပေါက်အလုံပိတ်ထားတဲ့ကားကို စီးနေတာတို့ကို ခဏမြင်ယောင်ကြည့်ပါ။ အဲ့ဒီအခြေအနေတွေမှာ ကလေးငယ်မှာ ရှိတဲ့ အတွင်းနားက သူရဲ့ဦးနှောက်ဆီကို ရွေ့လျားနေတဲ့ခံစားမှု အသိအာရုံကို ပို့ပေးနေပါတယ်။ ဒါပေမယ့် မျက်စိနဲ့ခန္ဓာကိုယ်ဆီမှ (စာအုပ်ထဲအာရုံရောက်နေတဲ့အချိန်) ဘေးဘီဝဲယာက လှုပ်ရှားမှု အာရုံတွေ ဦးနှောက်ဆီရောက်မလာပါဘူး။ အဲ့လိုနဲ့ဘာဖြစ်လာလဲဆိုတော့ အစာမကြေရင်ပြည့်သလိုဖြစ်လာပြီး၊အေးစက်စက်ချွေးတွေထွက်လာတယ်၊မောပန်းလာတယ်၊အစားစားချင်စိတ်ပျောက်လာတယ်၊ ပြီးတော့ အန်လာတယ်။

 

ကားစီးရင်မူးတတ်တဲ့ရောဂါက ဘာလို့ကလေးတွေမှာ ပိုအဖြစ်များလဲဆိုတာ သေချာမသိရသေးပါဘူး။ မွေးကင်းစကလေးများနဲ့ တစ်နှစ်အောက်ကလေးငယ်တွေမှာ ကားစီးရင် မူးတဲ့ပြဿနာကိုမတွေ့ရပေမယ့်၊ အသက် ၂နှစ် မှ ၁၂ နှစ်အောက်ကလေးတွေမှာ ကားမူးတဲ့ပြဿနာကို ပိုတွေ့ရလေ့ရှိပါတယ်။

 

ကလေးငယ်များတွင် ဖြစ်လေ့ရှိသော ကားစီးရင် မူတတ်တဲ့ရောဂါကို ကာကွယ်ဖို့အတွက် အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေသုံးလို့ရပါတယ်။

 

• အာရုံတွေကို လျော့ချထားပါ။

 

ကလေးတွေကို ကားစီးနေတဲ့အချိန် ဖုန်း၊စာအုပ်၊ဂိမ်း တို့ကိုမကြည့်စေဘဲ ကားအပြင်ဘက်မှာ ရှိတဲ့ ပတ်ဝန်းကျင်ရှုခင်းလေးတွေကို ကြည့်ဖို့တိုက်တွန်းပါ။ ကလေးငယ်အိပ်နေတဲ့အချိန်မှ ကားစီး၊ခရီးသွား လာတာက ကားမူးဒဏ်ကို ကာကွယ်ပေးပါတယ်။

 

• ကားမစီးခင် ဘာကျွေးရမလဲဆိုတာ စီစဉ်ထားပါ။

 

ကလေးကို ကားမစီးခင် (သို့) ကားစီးနေတဲ့အချိန် တွေမှာ အစာအများကြီးမကျွေးလိုက်ပါနဲ့။ ကားကလည်းအကြာကြီးစီးရမယ်၊ ကလေးကို အစာကျွေးဖို့လည်းလိုတယ်ဆို ကားမစီးခင် အစာပြေစားလို့ရမယ် ဘီစကွတ်မုန့်လေးတွေ၊ ကလေးသောက်တဲ့ အချိုရည်လေးတွေ တိုက်ထားလို့ရပါတယ်။

 

• လေဝင်လေထွက်ကောင်းအောင်လုပ်ထားပါ။

 

ပြတင်းပေါက်တွေကို ဖွင့်ထားပြီး လေဝင်လေထွက်ကောင်းအောင်လုပ်ထားပေးရင် ကားမူးတာ သက်သာစေပါတယ်။

 

• အာရုံလွှဲပေးပါ။

 

သင့်ကလေးက ကားမူးတတ်တယ်ဆို ကားစီးနေတဲ့တောက်လျောက် စကားပြောပေးခြင်း၊ သီးချင်းနားထောင်စေခြင်း၊ သီးချင်းဆိုပြပေးခြင်း တို့ဖြင့် သူ့ရဲ့အာရုံကို လွှဲထားပေးပါ။

 

• ဆေးကြိုသောက်သွားပါ။

 

သင့်ကလေးက ကားမူးတတ်တယ်ဆိုပါက ကားမစီးခင် ဘာဆေးသောက်တိုက်ရမလဲဆိုတာကို ဆရာဝန်နှင့်တိုင်ပင်ပြီး ကြိုတိုက်သွားပါ။၏

 

ကားမူးလာရင် ဘယ်လိုလုပ်ရမလဲ?

 

တကယ်လို့ကလေးက ကားမူးလာပြီဆိုရင် ချက်ချင်းကားကို ရပ်လိုက်ပါ။ ကလေးကို ကားအပြင်ခဏထွက်စေပြီး လမ်းခဏလျောက်ခိုင်းပါ။ ဒါမှမဟုတ်ကလေးကို ကားခုံပေါ်မှာ မျက်လုံးမှိတ်၍ကျောမှီထားခိုင်းပြီး အသက်ဝဝရှူစေပါ။ ကလေးရဲ့နဖူးပေါ်မှာ အဝတ်အေးအေးလေး တင်ထားပေးတာလည်း အကူအညီဖြစ်စေနိုင်ပါတယ်။

 

အခုပြောပြပေးသွားတဲ့ အချက်တွေဟာ ဘာမှမထူးဘဲ၊အကယ်၍ကလေးကားမူးတာကြောင့် ကားစီးသွားလာရတာ အခက်အခဲတွေရှိလာရင် ကလေးဆရာဝန်နှင့် တိုင်ပင်ကြည့်ပြီး ပြသကြည့်ပါ။

 

Reference : What causes car sickness in children and how can I prevent it?( https://www.mayoclinic.org/healthy-lifestyle/childrens-health/expert-answers/car-sickness-in-children/faq-20057876)

 

ဇာနည်ထွန်း (ဆေး-၂)

 

[Zawgyi]

 

ကေလးေတြ ႏွင့္ ကားမူးေရာဂါ

 

ကားမူးေရာဂါ ဆိုတာ ေရြ႕ေၿပာင္းရင္ မူးအန္တတ္တဲ့ ေရာဂါတစ္မ်ိဳးပါ။ ဦးေႏွာက္ဆိုတာ ခႏၶာကိုယ္ေနရာအႏွံ႔ကေပးပို႔တဲ့ သတင္းအခ်က္အလက္ေတြကို လက္ခံရာ ဌာေနတစ္ခုၿဖစ္ပါတယ္။ မ်က္စိ၊အတြင္းနား၊ အဆစ္ေတြနဲ႔ ႀကြက္သားေတြမွာရွိတဲ့အာရံုေႀကာေလးေတြက ဦးေႏွာက္ဆီကို ပံုမွန္မဟုတ္၊ကြဲလြဲတဲ့ သတင္းအခ်က္အလက္ေတြ ပို႔ေပးတဲ့အခါ ေရြ႕ေၿပာင္းရင္ မူးအန္ခ်င္လာတဲ့ ေရာဂါလကၡဏာ ခံစားလာရပါတယ္။

 

စိတ္ကူးထဲမွာ ကားေနာက္ခန္း ထိုင္ေနတဲ့ကေလးေယာက္က ကားစီးေနတဲ့ ေတာက္ေလ်ာက္ ေဘးဘီဝဲယာေတြကို မႀကည့္ပဲ စာအုပ္ကိုအာရံုစူးစိုက္ဖတ္ေနတာ (ဒါမွမဟုတ္) ၿပတင္းေပါက္အလံုပိတ္ထားတဲ့ကားကို စီးေနတာတို႔ကို ခဏၿမင္ေယာင္ႀကည့္ပါ။ အဲ့ဒီအေၿခအေနေတြမွာ ကေလးငယ္မွာ ရွိတဲ့ အတြင္းနားက သူရဲ႕ဦးေႏွာက္ဆီကို ေရြ႕လ်ားေနတဲ့ခံစားမႈ အသိအာရံုကို ပို႔ေပးေနပါတယ္။ ဒါေပမယ့္ မ်က္စိနဲ႔ခႏၶာကိုယ္ဆီမွ (စာအုပ္ထဲအာရံုေရာက္ေနတဲ့အခ်ိန္) ေဘးဘီဝဲယာက လႈပ္ရွားမႈ အာရံုေတြ ဦးေႏွာက္ဆီေရာက္မလာပါဘူး။ အဲ့လိုနဲ႔ဘာၿဖစ္လာလဲဆိုေတာ့ အစာမေႀကရင္ၿပည့္သလိုၿဖစ္လာၿပီး၊ေအးစက္စက္ေခြ်းေတြထြက္လာတယ္၊ေမာပန္းလာတယ္၊အစားစားခ်င္စိတ္ေပ်ာက္လာတယ္၊ ၿပီးေတာ့ အန္လာတယ္။

 

ကားစီးရင္မူးတတ္တဲ့ေရာဂါက ဘာလို႔ကေလးေတြမွာ ပိုအၿဖစ္မ်ားလဲဆိုတာ ေသခ်ာမသိရေသးပါဘူး။ ေမြးကင္းစကေလးမ်ားနဲ႔ တစ္ႏွစ္ေအာက္ကေလးငယ္ေတြမွာ ကားစီးရင္ မူးတဲ့ၿပႆနာကိုမေတြ႔ရေပမယ့္၊ အသက္ ၂ႏွစ္ မွ ၁၂ ႏွစ္ေအာက္ကေလးေတြမွာ ကားမူးတဲ့ၿပႆနာကို ပိုေတြ႔ရေလ့ရွိပါတယ္။

 

ကေလးငယ္မ်ားတြင္ ၿဖစ္ေလ့ရွိေသာ ကားစီးရင္ မူတတ္တဲ့ေရာဂါကို ကာကြယ္ဖို႔အတြက္ အခုေဖာ္ၿပေပးမယ့္ နည္းလမ္းေလးေတြသံုးလို႔ရပါတယ္။

 

• အာရံုေတြကို ေလ်ာ့ခ်ထားပါ။

 

ကေလးေတြကို ကားစီးေနတဲ့အခ်ိန္ ဖုန္း၊စာအုပ္၊ဂိမ္း တို႔ကိုမႀကည့္ေစဘဲ ကားအၿပင္ဘက္မွာ ရွိတဲ့ ပတ္ဝန္းက်င္ရႈခင္းေလးေတြကို ႀကည့္ဖို႔တိုက္တြန္းပါ။ ကေလးငယ္အိပ္ေနတဲ့အခ်ိန္မွ ကားစီး၊ခရီးသြား လာတာက ကားမူးဒဏ္ကို ကာကြယ္ေပးပါတယ္။

 

• ကားမစီးခင္ ဘာေကြ်းရမလဲဆိုတာ စီစဥ္ထားပါ။

 

ကေလးကို ကားမစီးခင္ (သို႔) ကားစီးေနတဲ့အခ်ိန္ ေတြမွာ အစာအမ်ားႀကီးမေကြ်းလိုက္ပါနဲ႔။ ကားကလည္းအႀကာႀကီးစီးရမယ္၊ ကေလးကို အစာေကြ်းဖို႔လည္းလိုတယ္ဆို ကားမစီးခင္ အစာေၿပစားလို႔ရမယ္ ဘီစကြတ္မုန္႔ေလးေတြ၊ ကေလးေသာက္တဲ့ အခ်ိဳရည္ေလးေတြ တိုက္ထားလို႔ရပါတယ္။

 

• ေလဝင္ေလထြက္ေကာင္းေအာင္လုပ္ထားပါ။

 

ၿပတင္းေပါက္ေတြကို ဖြင့္ထားၿပီး ေလဝင္ေလထြက္ေကာင္းေအာင္လုပ္ထားေပးရင္ ကားမူးတာ သက္သာေစပါတယ္။

 

• အာရံုလႊဲေပးပါ။

 

သင့္ကေလးက ကားမူးတတ္တယ္ဆို ကားစီးေနတဲ့ေတာက္ေလ်ာက္ စကားေၿပာေပးၿခင္း၊ သီးခ်င္းနားေထာင္ေစၿခင္း၊ သီးခ်င္းဆိုၿပေပးၿခင္း တို႔ၿဖင့္ သူ႔ရဲ႕အာရံုကို လႊဲထားေပးပါ။

 

• ေဆးႀကိဳေသာက္သြားပါ။

 

သင့္ကေလးက ကားမူးတတ္တယ္ဆိုပါက ကားမစီးခင္ ဘာေဆးေသာက္တိုက္ရမလဲဆိုတာကို ဆရာဝန္ႏွင့္တိုင္ပင္ၿပီး ႀကိဳတိုက္သြားပါ။၏

 

ကားမူးလာရင္ ဘယ္လိုလုပ္ရမလဲ?

 

တကယ္လို႔ကေလးက ကားမူးလာၿပီဆိုရင္ ခ်က္ခ်င္းကားကို ရပ္လိုက္ပါ။ ကေလးကို ကားအၿပင္ခဏထြက္ေစၿပီး လမ္းခဏေလ်ာက္ခုိင္းပါ။ ဒါမွမဟုတ္ကေလးကို ကားခံုေပၚမွာ မ်က္လံုးမွိတ္၍ေက်ာမွီထားခိုင္းၿပီး အသက္ဝဝရွဴေစပါ။ ကေလးရဲ႕နဖူးေပၚမွာ အဝတ္ေအးေအးေလး တင္ထားေပးတာလည္း အကူအညီၿဖစ္ေစႏိုင္ပါတယ္။

 

အခုေၿပာၿပေပးသြားတဲ့ အခ်က္ေတြဟာ ဘာမွမထူးဘဲ၊အကယ္၍ကေလးကားမူးတာေႀကာင့္ ကားစီးသြားလာရတာ အခက္အခဲေတြရွိလာရင္ ကေလးဆရာဝန္ႏွင့္ တိုင္ပင္ႀကည့္ၿပီး ၿပသႀကည့္ပါ။

 

Reference : What causes car sickness in children and how can I prevent it?( https://www.mayoclinic.org/healthy-lifestyle/childrens-health/expert-answers/car-sickness-in-children/faq-20057876)

 

ဇာနည္ထြန္း (ေဆး-၂)

Leave a Reply

Your email address will not be published. Required fields are marked *