ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းကျောက်တည်ခြင်းအကြောင်းသိကောင်းစရာများ

 

ဆီးကျောက်ဖြစ်ပေါ်လာပုံ

 

ကိုယ်ခန္တာ အတွင်းရှိ ဆားဓာတ်နှင့် အခြား သတ္တုဓာတ်များ(calcium,uric acid,etc) ကျောက်ကပ်နှင့်ဆီးလမ်းကြောင်း အတွင်း အနည်ထိုင်
ပြီး အစိုင်အခဲ ဖြစ်ပေါ်ခြင်းကို ကျောက်တည်ခြင်း (stone) လို့ခေါ်ပါတယ်။

 

ကျောက်တည်စေသော အချက်များ(Risk factors)

 

1) ထုံးဓာတ်နှင့် ,uric acid များသော အစားအသောက်များ စားခြင်း
2) အဝလွန်ခြင်း
3) အချို့သောဆေးဝါးများ
4) ဖြည့်စွက် ဆေးဝါးတချို့
5) လတ်တလော ခွဲစိတ်ထားသူများ ,
6) နာတာရှည်ဝမ်းလျှောခြင်း(chronic diarrhoea)
7) ရေသောက်နည်း သူများ(dehydration)
8) မျိုးရိုးလိုက်ခြင်း(family history) အစရှိသည်တို့ကြောင့်ဖြစ်ပါတယ်။

 

ဆီးလမ်းကြောင်း ကျောက်တည်ခြင်း ရောဂါ လက္ခဏာများ

 

ပုံမှန်အားဖြင့် ကျောက်ကပ် အတွင်း ကျောက်ရှိနေခြင်း(renal stone) သည် ရောဂါလက္ခဏာ မပြတတ်ပါ။သို့သော် ကျောက်ကပ်နှင့် ဆီးအိမ် ဆက်ထားသော လမ်းကြောင်း (ureteric stone) တွင်ကျောက်ပိတ်နေပါက အောက်ပါလက္ခာများ ခံစားရနိုင်ပါတယ်။

 

1)ခါးဘေးဖက် နှင့် ခါးနောက်ဖက်တွင်
မခံမရပ်နိုင်အောင်စူးပြီးအောင့်ခြင်း(severe sharp pain)
2) ဆီးခုံ နားနှင့် ပေါင်ခြံနား အောင့်ခြင်း
3) ဆီးသွားလျှင် ဆီးပူ,ဆီးကျဉ် လက္ခဏာများ ခံစားရခြင်း
4) ဆီး အရောင် ရင့်ခြင်း(လက်ဖက်ရည်ကြမ်းအရောင် သို့မဟုတ် ကိုကာကိုလာ အရောင်)
5)ဆီး အမြုပ်ထခြင်း ၊ အနံ့ဆိုးဆိုးဝါးဝါးနံခြင်း
6) ဆီးခဏခဏ သွားချင်သလိုဖြစ်ခြင်း
7) ပျို့အန်ခြင်း
8) ချမ်းတုန်း ပြီး အဖျားတက်ခြင်း အစရှိသည်တို့ ဖြစ်ပါတယ်။

 

ထို့ကြောင့် ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းတလျှောက် ကျောက်တည် ခြင်းမှ ကာကွယ်ရန်

 

1) ရေဓာတ် မခမ်းခြောက်အောင် ရေများများသောက်ပါ။
2) ထုံးဓာတ် နှင့် uric acid ဓာတ် များသော အစားအသောက်၊ ဆေးဝါးများ ရှောင်ပါ။
3) ကိုယ်အလေးချိန်လျော့ပါ။
4) အဆီအဆိမ့်၊ အငန်လျှော့ပါ။

 

ဆီးကျောက်တည်တိုင်း စိုးရိမ်ရသလား။

 

ဆီးလမ်းကြောင်း ကျောက်တည်ခြင်းဟာ အဖြစ်များသောရောဂါတမျိုးပါ။ဒါ့ကြောင့် ကျောက်ပမာဏသေးလျှင် နာကျင်မှု ဝေဒနာ အရမ်းမခံစားရရင် ရေများများသောက် ခြင်းဖြင်း ဆီးထဲ ကျောက်ပါ သွားနိုင်ပါတယ်။

 

သို့သော်…

 

1)ဘယ်လိုနေနေ အောင့်တာ မသက်သာ လျှင်
2) စူးအောင့်ပြီး ပျို့အန်ခြင်း
3) ချမ်းတုန်ဖျားခြင်း
4) ဆီးထဲ သွေးပါခြင်း
5) ဆီးသွားရခက်ခဲခြင်း အစရှိတဲ့ လက္ခဏာများ ရှိပါက တတ်ကျွမ်းသော ဆရာဝန်နှင့် ရက်ချိန်းယူပြီး ပြသသင့်ပါတယ်။

 

Reference: www. Mayo clinic .org

 

Dr Thazin Htet (ဆေ: ၂)

 

[Zawgyi]

 

ေက်ာက္ကပ္ႏွင့္ ဆီးလမ္းေၾကာင္းေက်ာက္တည္ျခင္းအေၾကာင္းသိေကာင္းစရာမ်ား

 

ဆီးေက်ာက္ျဖစ္ေပၚလာပုံ

 

ကိုယ္ခႏၲာ အတြင္းရွိ ဆားဓာတ္ႏွင့္ အျခား သတၱဳဓာတ္မ်ား(calcium,uric acid,etc) ေက်ာက္ကပ္ႏွင့္ဆီးလမ္းေၾကာင္း အတြင္း အနည္ထိုင္
ၿပီး အစိုင္အခဲ ျဖစ္ေပၚျခင္းကို ေက်ာက္တည္ျခင္း (stone) လို႔ေခၚပါတယ္။

 

ေက်ာက္တည္ေစေသာ အခ်က္မ်ား(Risk factors)

 

1) ထုံးဓာတ္ႏွင့္ ,uric acid မ်ားေသာ အစားအေသာက္မ်ား စားျခင္း
2) အဝလြန္ျခင္း
3) အခ်ိဳ႕ေသာေဆးဝါးမ်ား
4) ျဖည့္စြက္ ေဆးဝါးတခ်ိဳ႕
5) လတ္တေလာ ခြဲစိတ္ထားသူမ်ား ,
6) နာတာရွည္ဝမ္းေလွ်ာျခင္း(chronic diarrhoea)
7) ေရေသာက္နည္း သူမ်ား(dehydration)
8) မ်ိဳး႐ိုးလိုက္ျခင္း(family history) အစရွိသည္တို႔ေၾကာင့္ျဖစ္ပါတယ္။

 

ဆီးလမ္းေၾကာင္း ေက်ာက္တည္ျခင္း ေရာဂါ လကၡဏာမ်ား

 

ပုံမွန္အားျဖင့္ ေက်ာက္ကပ္ အတြင္း ေက်ာက္ရွိေနျခင္း(renal stone) သည္ ေရာဂါလကၡဏာ မျပတတ္ပါ။သို႔ေသာ္ ေက်ာက္ကပ္ႏွင့္ ဆီးအိမ္ ဆက္ထားေသာ လမ္းေၾကာင္း (ureteric stone) တြင္ေက်ာက္ပိတ္ေနပါက ေအာက္ပါလကၡာမ်ား ခံစားရႏိုင္ပါတယ္။

 

1)ခါးေဘးဖက္ ႏွင့္ ခါးေနာက္ဖက္တြင္
မခံမရပ္ႏိုင္ေအာင္စူးၿပီးေအာင့္ျခင္း(severe sharp pain)
2) ဆီးခုံ နားႏွင့္ ေပါင္ၿခံနား ေအာင့္ျခင္း
3) ဆီးသြားလွ်င္ ဆီးပူ,ဆီးက်ဥ္ လကၡဏာမ်ား ခံစားရျခင္း
4) ဆီး အေရာင္ ရင့္ျခင္း(လက္ဖက္ရည္ၾကမ္းအေရာင္ သို႔မဟုတ္ ကိုကာကိုလာ အေရာင္)
5)ဆီး အျမဳပ္ထျခင္း ၊ အနံ႔ဆိုးဆိုးဝါးဝါးနံျခင္း
6) ဆီးခဏခဏ သြားခ်င္သလိုျဖစ္ျခင္း
7) ပ်ိဳ႕အန္ျခင္း
8) ခ်မ္းတုန္း ၿပီး အဖ်ားတက္ျခင္း အစရွိသည္တို႔ ျဖစ္ပါတယ္။

 

ထို႔ေၾကာင့္ ေက်ာက္ကပ္ႏွင့္ ဆီးလမ္းေၾကာင္းတေလွ်ာက္ ေက်ာက္တည္ ျခင္းမွ ကာကြယ္ရန္

 

1) ေရဓာတ္ မခမ္းေျခာက္ေအာင္ ေရမ်ားမ်ားေသာက္ပါ။
2) ထုံးဓာတ္ ႏွင့္ uric acid ဓာတ္ မ်ားေသာ အစားအေသာက္၊ ေဆးဝါးမ်ား ေရွာင္ပါ။
3) ကိုယ္အေလးခ်ိန္ေလ်ာ့ပါ။
4) အဆီအဆိမ့္၊ အငန္ေလွ်ာ့ပါ။

 

ဆီးေက်ာက္တည္တိုင္း စိုးရိမ္ရသလား။

 

ဆီးလမ္းေၾကာင္း ေက်ာက္တည္ျခင္းဟာ အျဖစ္မ်ားေသာေရာဂါတမ်ိဳးပါ။ဒါ့ေၾကာင့္ ေက်ာက္ပမာဏေသးလွ်င္ နာက်င္မႈ ေဝဒနာ အရမ္းမခံစားရရင္ ေရမ်ားမ်ားေသာက္ ျခင္းျဖင္း ဆီးထဲ ေက်ာက္ပါ သြားႏိုင္ပါတယ္။

 

သို႔ေသာ္…

 

1)ဘယ္လိုေနေန ေအာင့္တာ မသက္သာ လွ်င္
2) စူးေအာင့္ၿပီး ပ်ိဳ႕အန္ျခင္း
3) ခ်မ္းတုန္ဖ်ားျခင္း
4) ဆီးထဲ ေသြးပါျခင္း
5) ဆီးသြားရခက္ခဲျခင္း အစရွိတဲ့ လကၡဏာမ်ား ရွိပါက တတ္ကြၽမ္းေသာ ဆရာဝန္ႏွင့္ ရက္ခ်ိန္းယူၿပီး ျပသသင့္ပါတယ္။

 

Reference: www. Mayo clinic .org

 

Dr Thazin Htet (ေဆ: ၂)

Leave a Reply

Your email address will not be published. Required fields are marked *