အံဆုံးသွားဆိုတာ ဘာလဲ?
အံဆုံးသွား (wisdom teeth) ဆိုတာ အသက် ၁၆-၂၁နှစ်ကြားမှာပေါက်တဲ့ နောက်ဆုံးသွား ဖြစ်ပါတယ်။ အပေါ်၂ချောင်း အောက်၂ချောင်းစုစုပေါင်း၄ချောင်းပေါက်ပြီးတော့ ကြီးသွား၃၂စုံသွားပါတယ်။
လူတွေသည် diet pattern တွေပြောင်းလဲလာတာကြောင့် မေးရိုးကျဉ်းပြီး အချို့တွင် အံဆုံးသွား မပါလာဘဲ missing ဖြစ်တာလဲရှိတတ်ပါတယ်။
ထိုသို့ မေးရိုးကျဉ်းသောကြောင့် အချို့အံဆုံးသွားများသည် ပေါက်ဖို့ နေရာမလုံလောက်၍စောင်းပြီးပေါက်တတ်ပါတယ်။
အချို့အံဆုံးများသည် အပြည့်မပေါက်နိုင်ဘဲ တဝက်ပေါက်၍ သွားဖုံးထဲတွင် စောင်း၍ မြုပ်နေတတ်ပါသည်။ ထိုအခါမျိုးတွင် သွားဖုံးရောင်ခြင်း၊ပြည်တည်ခြင်း၊ သွားနှင့်သွားဖုံးကြားတွင် အစာညက်ခြင်း၊ သွားပိုးစားခြင်းများဖြစ်တတ်ပါတယ်။
အချို့စောင်းပေါက်သောအံဆုံးသွားသည် ရှေ့အံသွားအမြစ်ကို ထိုး၍ပေါက်သောကြောင့် ရှေ့အံသွား အမြစ်ပြုန်းခြင်း၊ ထိုသွားနှစ်ချောင်းကြားတွင် အစာဝင်၍ သွားပိုးစားခြင်းကြောင့် ရှေ့အံသွားပါ ဆုံးရှုံးရတတ်ပါတယ်။
အစားအစာများ ကြိတ်ချေဝါးရာတွင်ရှေ့အံသွား၂ချောင်းအထိသာအသုံးပြုသောကြောင့် အံဆုံးသွားများသည် အစားစားရာတွင်လည်း အသုံးမဝင်ပါ။
အံဆုံးသွားများ အတည့်အတိုင်းပေါက်ရင်တော့ ပြဿနာမရှိပေမဲ့ စောင်းပြီး ပေါက်ရင်တော့ သွားဆရာဝန်ထံသွားရောက်ပြသ၍နှုတ်ပစ်သင့်ပါတယ်။
ဒေါက်တာဉာဏ်
[Zawgyi]
အံဆုံးသြားဆိုတာ ဘာလဲ?
ဒေါက်တာဉာဏ်
Leave a Reply
Your email address will not be published. Required fields are marked *