သားအိမ်ခေါင်းကင်ဆာအကြောင်းသိကောင်းစရာများ

 

သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုအခြေအနေ

 

သားအိမ်ခေါင်းကင်ဆာသည် ကမ္ဘာတဝှမ်းတွင် အမျိုးသမီးများ၌ စတုတ္ထမြောက်အဖြစ်အများဆုံးကင်ဆာဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများမှ အမျိုးသမီးများတွင် ဒုတိယမြောက်အဖြစ်အများဆုံး ကင်ဆာဖြစ်ပါသည်။

 

(၂၀၁၈)ခုနှစ် စာရင်းများအရ ကမ္ဘာတဝှမ်းလုံး၌ နှစ်စဉ်အမျိုးသမီး (၆)သိန်းခန့်တွင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားခဲ့၍ ၎င်းတို့အနက် (၃)သိ်န်းကျော် သေဆုံးခဲ့ပါသည်။
သားအိမ်ခေါင်းကင်ဆာသည် မြန်မာနိုင်ငံ၌ အမျိုးသမီးများ(အသက်အရွယ်အားလုံး)တွင် ဖြစ်လေ့ရှိသော ကင်ဆာအားလုံး၏(၂၃.၅)ရာခိုင်နှုန်းဖြစ်ပါသည်။ ၎င်းသားအိမ်ခေါင်းကင်ဆာသည်ပင် အသက် (၁၅) နှစ်မှ (၄၄)နှစ် အမျိုးသမီးများတွင် အဖြစ်အများဆုံးကင်ဆာဖြစ်သည့်အပြင် ကင်ဆာကြောင့် သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် (၂၀၁၆)ခုနှစ်က ပြုလုပ်သော စစ်တမ်းအရ သားအိမ်ခေါင်းကင်ဆာလူနာများတွင် DNA GeneXpert HPV Assay စစ်ဆေးရာ (၈၆)ရာခိုင်နှုန်းသောလူများတွင် အန္တရာယ်များသောအမျိုးအစားဖြစ်သည့် (၁၆)နှင့် (၁၈) ကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့ပါသည်။

 

အိတ်ချ်ပီဗီပိုး(Human Papillomavirus) နှင့် သားအိမ်ခေါင်းကင်ဆာ

 

အိတ်ချိပီဗီပိုးသည် မျိုးပွားလမ်းကြောင်းတွင် အဓိကကူးစက်တတ်သော ရောဂါပိုးဖြစ်၍ အမျိုးအစား(၁၀၀) ကျော်ရှိပြီး ၎င်းတို့အနက်(၁၄)မျိုးသည် အန္တရာယ်များသောဗိုင်းရပ်စ်ပိုးများဖြစ်ပါသည်။ သားအိမ်ခေါင်းကင်ဆာအများစုသည် အန္တရာယ်များသော အိတ်ချ်ပီဗီပိုးနှင့် ဆက်စပ်မှုရှိပါသည်။အိတ်ချ်ပီဗီပိုးသည်လိင်ဆက်ဆံခြင်းနှင့် အရေပြားထိတွေ့ခြင်းများမှတဆင့်ကူးစက်ပြီး (မည်သူမဆို) လူ့သက်တမ်းဘဝတလျောက်လုံးတွင် အချိန်မရွေးရောဂါပိုးဝင်ရောက်နိုင်ပါသည်။

 

သားအိမ်ခေါင်းကင်ဆာရောဂါလက္ခဏာများ

 

သားအိမ်ခေါင်းကင်ဆာသည် ရှေ့ပြေးကင်ဆာအဆင့်တွင် လက္ခဏာမပြတတ်ပါ။ကင်ဆာရောဂါအဆင့်ရောက်မှသာ အောက်ပါရောဂါလက္ခဏာများပြတတ်ပါသည်။
ကင်ဆာဖြစ်ခါစတွင် တွေ့ရသောလက္ခဏာများ
• မူမမှန်သွေးဆင်းခြင်း၊
• ရာသီသွေးပေါ်ပြီး/ရာသီတကြိမ်နှင့်တကြိမ်အကြားသွေးဆင်းခြင်း၊
• မိန်းမကိုယ်မှ အရိအရွဲများဆင်းခြင်း(တခါတရံအပုပ်နံ့ထွက်ခြင်း)၊
• ရာသီသွေးဆုံးပြီးနောက် သွေးပြန်ဆင်းခြင်း၊
• လိင်ဆက်ဆံပြီးနောက် သွေးဆင်းခြင်း၊

 

ကင်ဆာနောက်ဆုံးအဆင့်တွင် တွေ့ရသော လက္ခဏာများ

 

• ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ခံတွင်းပျက်ခြင်း၊
• တင်ပဆုံခွက်၊ ခါးနှင့် ခြေထောက်တလျှောက်နာခြင်း၊
• အင်္ဂါများတွင် အပေါက်များဖြစ်သော ဗရင်ဂျီနာ (Fistula)တို့ဖြစ်ပါသည်။

 

သားအိမ်ခေါင်းကင်ဆာ၏ နောက်ဆက်တွဲပြဿနာများ

 

ကင်ဆာရောဂါအဆင့်လွန်သောအခါအောက်ပါနောက်ဆက်တွဲပြဿနာများ ဖြစ်လာနိုင်ပါသည်။ အခြားကိုယ်ခန္ဓာအစိတ်အပိုင်းများထံပျံ့နှံ့ခြင်း(ဆီးအိမ်၊မိန်းမကိုယ်၊အူမကြီးနှင့် နောက်ပိုင်းတွင် အူသိမ်၊ဆီးပြွန်၊အသည်းနှင့်ကျောက်ကပ်သို့ကင်ဆာဆဲလ်များ ပျံ့နှံ့ခြင်းဖြစ်၍ သေဆုံးနိုင်ပါသည်။)

 

အိတ်ချ်ပီဗီကာကွယ်ဆေးအကြောင်းသိကောင်းစရာ

 

မြန်မာနိုင်ငံတွင်အသုံးပြုမည့် အိတ်ချ်ပီဗီကာကွယ်ဆေးသည် လေမျိုးစပ်အိတ်ချ်ပီဗီကာကွယ်ဆေးဖြစ်ပြီး (၂၀၁၉) ခုနှစ်၊ ဇူလိုင်လအထိ ကမ္ဘာ့နိုင်ငံပေါင်း (၁၀၀)ကျော်၏ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ထည့်သွင်းထိုးနှံနေပြီဖြစ်ပါသည်။ အဆိုပါနိုင်ငံများတွင် လိင်အင်္ဂါကြွက်နို့နှင့် သားအိမ်ခေါင်းရှေ့ပြေးကင်ဆာဖြစ်ပွားမှုနှုန်းလျော့ကျလာသည်ကို တွေ့ရှိရပါသည်။ အိတ်ချ်ပ်ပီဗီကာကွယ်ဆေးသည် အိတ်ချ်ပီဗီပိုးနှင့် စတင်ထိတွေ့ခြင်းမရှိမီထိုးနှံပေးမှသာ ရောဂါပိုးကူးစက်ခံရခြင်းမှ ထိရောက်စွာကာကွယ်နိုင်မည်ဖြစ်၍ သတ်မှတ်ထားသောအရွယ်တွင် လွှမ်းခြုံမှုနှုန်းအမြင့်မားဆုံးထိုးနှံနိုင်ရန်အရေးကြီးပါသည်။

 

သားအိမ်ခေါင်းကင်ဆာကာကွယ်ခြင်းနှင့်ကုသခြင်း

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ပြီးပြည့်စုံသောသားအိမ်ခေါင်းကင်ဆာ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ပဏာမအဆင့်ကာကွယ်ခြင်း၊ဒုတိယအဆင့်ကာကွယ်ခြင်း၊ တတိယအဆင့်ကာကွယ်ခြင်းများပါဝင်ပါသည်။ သားအိမ်ခေါင်းကင်ဆာအများစုသည် ပဏာမအဆင့်ကာကွယ်ခြင်း ဖြစ်သည့် အိတ်ချ်ပီဗီကာကွယ်ဆေးထိုးခြင်း၊ ဒုတိယအဆင့်ကာကွယ်ခြင်းဖြစ်သည့် သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် စစ်ဆေးခြင်းနှင့် တတိယအဆင့်ကာကွယ်ခြင်းဖြစ်သည့် လိုအပ်သောကုသခြင်းတို့ကိုတပြိုင်နက် လုပ်ဆောင်ခြင်းတို့ဖြင့် ထိရောက်စွာကာကွယ်နိုင်ပါသည်။

 

SOURCE – ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

 

[Zawgyi]

 

သားအိမ်ခေါင်းကင်ဆာအကြောင်းသိကောင်းစရာများ

 

သားအိမ္ေခါင္းကင္ဆာျဖစ္ပြားမႈအေျခအေန

 

သားအိမ္ေခါင္းကင္ဆာသည္ ကမာၻတဝွမ္းတြင္ အမ်ိဳးသမီးမ်ား၌ စတုတၳေျမာက္အျဖစ္အမ်ားဆုံးကင္ဆာျဖစ္ၿပီး ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားမွ အမ်ိဳးသမီးမ်ားတြင္ ဒုတိယေျမာက္အျဖစ္အမ်ားဆုံး ကင္ဆာျဖစ္ပါသည္။
(၂၀၁၈)ခုႏွစ္ စာရင္းမ်ားအရ ကမာၻတဝွမ္းလုံး၌ ႏွစ္စဥ္အမ်ိဳးသမီး (၆)သိန္းခန႔္တြင္ သားအိမ္ေခါင္းကင္ဆာ ျဖစ္ပြားခဲ့၍ ၎တို႔အနက္ (၃)သိ္န္းေက်ာ္ ေသဆုံးခဲ့ပါသည္။
သားအိမ္ေခါင္းကင္ဆာသည္ ျမန္မာႏိုင္ငံ၌ အမ်ိဳးသမီးမ်ား(အသက္အ႐ြယ္အားလုံး)တြင္ ျဖစ္ေလ့ရွိေသာ ကင္ဆာအားလုံး၏(၂၃.၅)ရာခိုင္ႏႈန္းျဖစ္ပါသည္။ ၎သားအိမ္ေခါင္းကင္ဆာသည္ပင္ အသက္ (၁၅) ႏွစ္မွ (၄၄)ႏွစ္ အမ်ိဳးသမီးမ်ားတြင္ အျဖစ္အမ်ားဆုံးကင္ဆာျဖစ္သည့္အျပင္ ကင္ဆာေၾကာင့္ ေသဆုံးရျခင္း၏ အဓိကအေၾကာင္းရင္းျဖစ္ပါသည္။
ျမန္မာႏိုင္ငံတြင္ (၂၀၁၆)ခုႏွစ္က ျပဳလုပ္ေသာ စစ္တမ္းအရ သားအိမ္ေခါင္းကင္ဆာလူနာမ်ားတြင္ DNA GeneXpert HPV Assay စစ္ေဆးရာ (၈၆)ရာခိုင္ႏႈန္းေသာလူမ်ားတြင္ အႏၲရာယ္မ်ားေသာအမ်ိဳးအစားျဖစ္သည့္ (၁၆)ႏွင့္ (၁၈) ကူးစက္ခံထားရေၾကာင္းေတြ႕ရွိခဲ့ပါသည္။

 

အိတ္ခ်္ပီဗီပိုး(Human Papillomavirus) ႏွင့္ သားအိမ္ေခါင္းကင္ဆာ

 

အိတ္ခ်ိပီဗီပိုးသည္ မ်ိဳးပြားလမ္းေၾကာင္းတြင္ အဓိကကူးစက္တတ္ေသာ ေရာဂါပိုးျဖစ္၍ အမ်ိဳးအစား(၁၀၀) ေက်ာ္ရွိၿပီး ၎တို႔အနက္(၁၄)မ်ိဳးသည္ အႏၲရာယ္မ်ားေသာဗိုင္းရပ္စ္ပိုးမ်ားျဖစ္ပါသည္။ သားအိမ္ေခါင္းကင္ဆာအမ်ားစုသည္ အႏၲရာယ္မ်ားေသာ အိတ္ခ်္ပီဗီပိုးႏွင့္ ဆက္စပ္မႈရွိပါသည္။အိတ္ခ်္ပီဗီပိုးသည္လိင္ဆက္ဆံျခင္းႏွင့္ အေရျပားထိေတြ႕ျခင္းမ်ားမွတဆင့္ကူးစက္ၿပီး (မည္သူမဆို) လူ႔သက္တမ္းဘဝတေလ်ာက္လုံးတြင္ အခ်ိန္မေ႐ြးေရာဂါပိုးဝင္ေရာက္ႏိုင္ပါသည္။

 

သားအိမ္ေခါင္းကင္ဆာေရာဂါလကၡဏာမ်ား

 

သားအိမ္ေခါင္းကင္ဆာသည္ ေရွ႕ေျပးကင္ဆာအဆင့္တြင္ လကၡဏာမျပတတ္ပါ။ကင္ဆာေရာဂါအဆင့္ေရာက္မွသာ ေအာက္ပါေရာဂါလကၡဏာမ်ားျပတတ္ပါသည္။
ကင္ဆာျဖစ္ခါစတြင္ ေတြ႕ရေသာလကၡဏာမ်ား
• မူမမွန္ေသြးဆင္းျခင္း၊
• ရာသီေသြးေပၚၿပီး/ရာသီတႀကိမ္ႏွင့္တႀကိမ္အၾကားေသြးဆင္းျခင္း၊
• မိန္းမကိုယ္မွ အရိအ႐ြဲမ်ားဆင္းျခင္း(တခါတရံအပုပ္နံ႔ထြက္ျခင္း)၊
• ရာသီေသြးဆုံးၿပီးေနာက္ ေသြးျပန္ဆင္းျခင္း၊
• လိင္ဆက္ဆံၿပီးေနာက္ ေသြးဆင္းျခင္း၊

 

ကင္ဆာေနာက္ဆုံးအဆင့္တြင္ ေတြ႕ရေသာ လကၡဏာမ်ား

 

• ပင္ပန္းႏြမ္းနယ္ျခင္း၊ ကိုယ္အေလးခ်ိန္က်ဆင္းျခင္း၊ခံတြင္းပ်က္ျခင္း၊
• တင္ပဆုံခြက္၊ ခါးႏွင့္ ေျခေထာက္တေလွ်ာက္နာျခင္း၊
• အဂၤါမ်ားတြင္ အေပါက္မ်ားျဖစ္ေသာ ဗရင္ဂ်ီနာ (Fistula)တို႔ျဖစ္ပါသည္။

 

သားအိမ္ေခါင္းကင္ဆာ၏ ေနာက္ဆက္တြဲျပႆနာမ်ား

 

ကင္ဆာေရာဂါအဆင့္လြန္ေသာအခါေအာက္ပါေနာက္ဆက္တြဲျပႆနာမ်ား ျဖစ္လာႏိုင္ပါသည္။ အျခားကိုယ္ခႏၶာအစိတ္အပိုင္းမ်ားထံပ်ံ႕ႏွံ႔ျခင္း(ဆီးအိမ္၊မိန္းမကိုယ္၊အူမႀကီးႏွင့္ ေနာက္ပိုင္းတြင္ အူသိမ္၊ဆီးႁပြန္၊အသည္းႏွင့္ေက်ာက္ကပ္သို႔ကင္ဆာဆဲလ္မ်ား ပ်ံ႕ႏွံ႔ျခင္းျဖစ္၍ ေသဆုံးႏိုင္ပါသည္။)

 

အိတ္ခ်္ပီဗီကာကြယ္ေဆးအေၾကာင္းသိေကာင္းစရာ

 

ျမန္မာႏိုင္ငံတြင္အသုံးျပဳမည့္ အိတ္ခ်္ပီဗီကာကြယ္ေဆးသည္ ေလမ်ိဳးစပ္အိတ္ခ်္ပီဗီကာကြယ္ေဆးျဖစ္ၿပီး (၂၀၁၉) ခုႏွစ္၊ ဇူလိုင္လအထိ ကမာၻ႔ႏိုင္ငံေပါင္း (၁၀၀)ေက်ာ္၏ ပုံမွန္ကာကြယ္ေဆးထိုးအစီအစဥ္တြင္ ထည့္သြင္းထိုးႏွံေနၿပီျဖစ္ပါသည္။ အဆိုပါႏိုင္ငံမ်ားတြင္ လိင္အဂၤါႂကြက္ႏို႔ႏွင့္ သားအိမ္ေခါင္းေရွ႕ေျပးကင္ဆာျဖစ္ပြားမႈႏႈန္းေလ်ာ့က်လာသည္ကို ေတြ႕ရွိရပါသည္။ အိတ္ခ်္ပ္ပီဗီကာကြယ္ေဆးသည္ အိတ္ခ်္ပီဗီပိုးႏွင့္ စတင္ထိေတြ႕ျခင္းမရွိမီထိုးႏွံေပးမွသာ ေရာဂါပိုးကူးစက္ခံရျခင္းမွ ထိေရာက္စြာကာကြယ္ႏိုင္မည္ျဖစ္၍ သတ္မွတ္ထားေသာအ႐ြယ္တြင္ လႊမ္းၿခဳံမႈႏႈန္းအျမင့္မားဆုံးထိုးႏွံႏိုင္ရန္အေရးႀကီးပါသည္။

 

သားအိမ္ေခါင္းကင္ဆာကာကြယ္ျခင္းႏွင့္ကုသျခင္း

 

ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး၏ ၿပီးျပည့္စုံေသာသားအိမ္ေခါင္းကင္ဆာ ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းစဥ္မ်ားတြင္ ပဏာမအဆင့္ကာကြယ္ျခင္း၊ဒုတိယအဆင့္ကာကြယ္ျခင္း၊ တတိယအဆင့္ကာကြယ္ျခင္းမ်ားပါဝင္ပါသည္။ သားအိမ္ေခါင္းကင္ဆာအမ်ားစုသည္ ပဏာမအဆင့္ကာကြယ္ျခင္း ျဖစ္သည့္ အိတ္ခ်္ပီဗီကာကြယ္ေဆးထိုးျခင္း၊ ဒုတိယအဆင့္ကာကြယ္ျခင္းျဖစ္သည့္ သားအိမ္ေခါင္းကင္ဆာအႀကိဳအဆင့္ စစ္ေဆးျခင္းႏွင့္ တတိယအဆင့္ကာကြယ္ျခင္းျဖစ္သည့္ လိုအပ္ေသာကုသျခင္းတို႔ကိုတၿပိဳင္နက္ လုပ္ေဆာင္ျခင္းတို႔ျဖင့္ ထိေရာက္စြာကာကြယ္ႏိုင္ပါသည္။

 

SOURCE – က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန

Leave a Reply

Your email address will not be published. Required fields are marked *