မေမေတို့နို့ထွက်များအောင် ဘယ်လိုလုပ်ကြမလဲ?

 

နို့သိပ်မထွက်ဘူးဖြစ်နေတယ်၊ကလေးက နို့ဝမှဝပါ့မလား လို့စိုးရိမ်နေတဲ့ မေမေတွေအတွက် မှာချင်တာက မေမေတို့အများကြီးမစိုးရိမ်ကြပါနဲ့လို့။ မေမေတို့နို့ထွက်များအောင်လုပ်နိုင်တဲ့နည်းလမ်းတွေ ရှိပါသေးတယ်။ အခုဖော်ပြပေးသွားမယ့်နည်းလမ်းတွေက အတွေ့အကြုံရှိတဲ့မိခင်များ၊ တိချသေချာသည့်လေ့လာမှုများဖြင့် တွေ့ရှိလာရသည့် နည်းလမ်းများကို ဖော်ပြပေးသွားမှာပါ။
ဆက်ဖတ်ကြည့်ရအောင်…

 

၁။နို့ထွက်တာနည်းနေပေမယ့်လည်း ကလေးကိုနို့ဆက်တိုက်နေပါ။

 

နို့တိုက်ရင် ကလေးစို့နေတာ ရပ်သွားတဲ့အထိတိုက်ပါ။ နို့မထွက်ဘူးဆိုပြီး မရပ်လိုက်ပါနဲ့။
ကလေးက နို့သီးခေါင်းကို စို့လိုက်ပြီဆိုတာနဲ့ ခန္ဓာကိုယ်ထဲမှာ နို့ထွက်များအောင် လုပ်ပေးမယ့် ဟော်မုန်းတွေ ထွက်လာပါတယ်။ အဲ့ဒီဟော်မုန်းတွေက နို့များများထုတ်ဖို့အတွက်လှုံ့ဆော်ပေးကာ၊နို့ချောင်းတွေကို ကျယ်စေပြီး၊ နို့ထွက်ကျလာဖို့ နို့အုံရှိကြွက်သားများကိုလည်း ညှစ်ထုတ်ပေးပါတယ်။ အဲ့ဒါကို နို့ထွက်လာသည့်အလိုအလျောက်တုံ့ပြန်မှုလို့ခေါ်ပါတယ်။ တခါတလေ ကလေးငိုသံကြားမိရင်၊ကလေးအကြောင်းစဉ်းစားမိရင်တောင် အဲ့လိုတုံပြန်မှုကို တွေ့ကြုံရတတ်ပါတယ်။

 

မိခင်နို့ကို တနေ့ ၈ကြိမ်မှ ၁၂ကြိမ်ထိ တိုက်ပေးပါက နို့မှန်မှန်ထွက်စေဖို့ ကူညီပေးပါတယ်။ ကလေကို ဆာရင် ဆာသလောက် တိုက်ကျွေးလို့ရပါတယ်။

 

၂။ နို့ကို ညှစ်ညှစ်ပေးပါ။

 

နို့ကိုညှစ်ပေးတဲ့ စုပ်ခွက်လေးတွေ ဈေးကွက်ထဲမှာ အလွယ်တကူဝယ်လို့ရပါတယ်။ နို့တိုက်ပြီး ခဏနားနေတဲ့အချိန်တွေမှာ စုပ်ခွက်လေးနဲ့ ညှစ်ညှစ်ပေးရင် နို့ထွက်များစေပါတယ်။ စုပ်ခွက်နဲ့မညှစ်ခင် နို့အံကိုနွေးလာအောင် လက်ဖြင့် အရင်ပွတ်သတ်ပေးပါ။ အဲ့ဒီလိုပွတ်သတ်ပေးတာက စုပ်ခွက်ဖြင့် နို့ညှစ်သည့်အခါ ပိုအဆင်ပြေစေပါတယ်။အဲ့ဒီ ညှစ်ခွက်နဲ့ဆို နို့ကို ညှစ်ပြီး သိမ်းထားလို့လည်း ရတယ်။

 

နို့ကို ကလေးနို့မတိုက်ခင် ကြိုညှစ်ထားပါ။
နို့တိုက်ဖို့မေ့သွားရင် ညှစ်ပါ။
နို့စုပ်ခွက်က နို့ကို ညှစ်ပြီး သိမ်းထားလို့လည်းရတဲ့အတွက် မေမေတို့အတွက် အဆင်ပြေစေမှာပါ။

 

၃။ နို့ကို ဘယ်တလှည့်၊ညာတလှည့် ညီအောင် တိုက်ပေးပါ။

 

သင်နို့တိုက်ရင် ဘယ်ညာ နှစ်ဖက်စလုံး တိုက်ရဲ့လား? နို့တိုက်ရင် ဘယ်ညာ နှစ်ဖက်လုံးတိုက်ပေးတဲ့ အကျင့်လုပ်ပေးပါ။ ညာဘက်နို့စို့နေလို့ နို့ထွက်တာ နည်းလာတယ်ခံစားရရင် ဘယ်ဘက်နို့ပြောင်းတိုက်ပါ။ အဲ့လို နို့နှစ်ဖက်လုံးကို တိုက်သည့်အတွက် နို့ပိုထွက်စေပါတယ်။ စုပ်ခွက်ဖြင့် နို့ညှစ်ရင်လည်း နှစ်ဖက်စလုံးဆက်တိုက်ညှစ်ပေးခြင်းက နို့ထွက်ပိုများစေပါတယ်။

 

၄။ နို့ထွက်များစေတဲ့ သဘာဝဆေးဖက်ဝင်အပင်များ၊အားဆေးများ

 

Canadian Breastfeeding Foundation က တချို့ဆေးဖက်ဝင် အပင်တွေက နို့ထွက်များစေပါတယ်လို့ဆိုထားပါတယ်။ အဲ့ဒီ သဘာဝဆေးဖက်ဝင်ပစ္စည်းများကတော့

 

ပဲနံ့သာ (fenugreek)
ဂျင်းကြက်သွန်ဖြူ
စမုန်စပါးမျိုး (fennel)
လူဆန်ပဲပင် (alfalfa)
စပီရူလိုင်းနား (Spirulina)
ဆူးပန်းလုံ (blessed thistle) စသည်တို့ပဲဖြစ်ပါတယ်။
နို့တိုက်မိခင်များ သဘာဝဆေးဖက်ဝင်အပင်နှင့် အားဆေးများ မသောက်သုံးခင် ဆရာဝန်ဖြင့်ကြိုတင်တိုင်ပင်ဆွေးနွေးပါ။ ဘေးထွက်ဆိုးကျိုးများရှိနိုင်၍ဖြစ်ပါတယ်။

 

၅။နို့ထွက်နည်းစေမည့် အရာများကို ရှောင်ကြဉ်ပါ။

 

အိပ်ရေးဝဝအိပ်ပါ။
စိတ်ဖိစီးမှု၊စိုးရိမ်ပူပန်နေမှုများကို အတတ်နိုင်ဆုံးလျှော့ချပါ။
ဆေးလိပ်၊အရက်ရှောင်ကြဉ်ပါ။

 

Reference – www.healthine.com

 

ဇာနည်ထွန်း (ဆေး-၂)

 

[Zawgyi]

 

မေမေတို့နို့ထွက်များအောင် ဘယ်လိုလုပ်ကြမလဲ?

 

ႏို႔သိပ္မထြက္ဘူးၿဖစ္ေနတယ္၊ကေလးက ႏို႔ဝမွဝပါ့မလား လို႔စိုးရိမ္ေနတဲ့ ေမေမေတြအတြက္ မွာခ်င္တာက ေမေမတို႔အမ်ားႀကီးမစိုးရိမ္ၿကပါနဲ႔လို႔။ ေမေမတို႔ႏို႔ထြက္မ်ားေအာင္လုပ္ႏိုင္တဲ့နည္းလမ္းေတြ ရွိပါေသးတယ္။ အခုေဖာ္ၿပေပးသြားမယ့္နည္းလမ္းေတြက အေတြ႔အႀကံဳရွိတဲ့မိခင္မ်ား၊ တိခ်ေသခ်ာသည့္ေလ့လာမႈမ်ားၿဖင့္ ေတြ႔ရွိလာရသည့္ နည္းလမ္းမ်ားကို ေဖာ္ၿပေပးသြားမွာပါ။
ဆက္ဖတ္ႀကည့္ရေအာင္…

 

၁။ႏို႔ထြက္တာနည္းေနေပမယ့္လည္း ကေလးကိုႏို႔ဆက္တိုက္ေနပါ။

 

ႏို႔တိုက္ရင္ ကေလးစို႔ေနတာ ရပ္သြားတဲ့အထိတိုက္ပါ။ ႏို႔မထြက္ဘူးဆိုၿပီး မရပ္လိုက္ပါနဲ႔။
ကေလးက ႏို႔သီးေခါင္းကို စို႔လိုက္ၿပီဆိုတာနဲ႔ ခႏၶာကိုယ္ထဲမွာ ႏို႔ထြက္မ်ားေအာင္ လုပ္ေပးမယ့္ ေဟာ္မုန္းေတြ ထြက္လာပါတယ္။ အဲ့ဒီေဟာ္မုန္းေတြက ႏို႔မ်ားမ်ားထုတ္ဖို႔အတြက္လႈ႔ံေဆာ္ေပးကာ၊ႏို႔ေခ်ာင္းေတြကို က်ယ္ေစၿပီး၊ ႏို႔ထြက္က်လာဖို႔ ႏို႔အံုရွိႀကြက္သားမ်ားကိုလည္း ညွစ္ထုတ္ေပးပါတယ္။ အဲ့ဒါကို ႏို႔ထြက္လာသည့္အလိုအေလ်ာက္တံု႔ၿပန္မႈလို႔ေခၚပါတယ္။ တခါတေလ ကေလးငိုသံႀကားမိရင္၊ကေလးအေႀကာင္းစဥ္းစားမိရင္ေတာင္ အဲ့လိုတံုၿပန္မႈကို ေတြ႔ႀကံဳရတတ္ပါတယ္။

 

မိခင္ႏို႔ကို တေန႔ ၈ႀကိမ္မွ ၁၂ႀကိမ္ထိ တုိက္ေပးပါက ႏို႔မွန္မွန္ထြက္ေစဖို႔ ကူညီေပးပါတယ္။ ကေလကို ဆာရင္ ဆာသေလာက္ တိုက္ေကြ်းလို႔ရပါတယ္။

 

၂။ ႏို႔ကို ညႇစ္ညႇစ္ေပးပါ။

 

ႏို႔ကိုညႇစ္ေပးတဲ့ စုပ္ခြက္ေလးေတြ ေစ်းကြက္ထဲမွာ အလြယ္တကူဝယ္လို႔ရပါတယ္။ ႏို႔တိုက္ၿပီး ခဏနားေနတဲ့အခ်ိန္ေတြမွာ စုပ္ခြက္ေလးနဲ႔ ညႇစ္ညႇစ္ေပးရင္ ႏို႔ထြက္မ်ားေစပါတယ္။ စုပ္ခြက္နဲ႔မညႇစ္ခင္ ႏို႔အံကိုုေႏြးလာေအာင္ လက္ၿဖင့္ အရင္ပြတ္သတ္ေပးပါ။ အဲ့ဒီလိုပြတ္သတ္ေပးတာက စုပ္ခြက္ၿဖင့္ ႏို႔ညႇစ္သည့္အခါ ပိုအဆင္ေၿပေစပါတယ္။အဲ့ဒီ ညႇစ္ခြက္နဲ႔ဆို ႏို႔ကို ညႇစ္ၿပီး သိမ္းထားလို႔လည္း ရတယ္။

 

ႏို႔ကို ကေလးႏို႔မတိုက္ခင္ ႀကိဳညႇစ္ထားပါ။
ႏို႔တိုက္ဖို႔ေမ့သြားရင္ ညႇစ္ပါ။
ႏို႔စုပ္ခြက္က ႏုိ႔ကို ညႇစ္ၿပီး သိမ္းထားလို႔လည္းရတဲ့အတြက္ ေမေမတို႔အတြက္ အဆင္ေၿပေစမွာပါ။

 

၃။ ႏို႔ကို ဘယ္တလွည္႔၊ညာတလွည္႔ ညီေအာင္ တိုက္ေပးပါ။

 

သင္ႏို႔တိုက္ရင္ ဘယ္ညာ ႏွစ္ဖက္စလံုး တိုက္ရဲ႕လား? ႏို႔တိုက္ရင္ ဘယ္ညာ ႏွစ္ဖက္လံုးတိုက္ေပးတဲ့ အက်င့္လုပ္ေပးပါ။ ညာဘက္ႏို႔စို႔ေနလို႔ ႏို႔ထြက္တာ နည္းလာတယ္ခံစားရရင္ ဘယ္ဘက္ႏို႔ေၿပာင္းတိုက္ပါ။ အဲ့လို ႏို႔ႏွစ္ဖက္လံုးကို တိုက္သည့္အတြက္ ႏို႔ပိုထြက္ေစပါတယ္။ စုပ္ခြက္ၿဖင့္ ႏို႔ညႇစ္ရင္လည္း ႏွစ္ဖက္စလံုးဆက္တိုက္ညႇစ္ေပးၿခင္းက ႏို႔ထြက္ပိုမ်ားေစပါတယ္။

 

၄။ ႏို႔ထြက္မ်ားေစတဲ့ သဘာဝေဆးဖက္ဝင္အပင္မ်ား၊အားေဆးမ်ား

 

Canadian Breastfeeding Foundation က တခ်ိဳ႕ေဆးဖက္ဝင္ အပင္ေတြက ႏို႔ထြက္မ်ားေစပါတယ္လို႔ဆိုထားပါတယ္။ အဲ့ဒီ သဘာဝေဆးဖက္ဝင္ပစၥည္းမ်ားကေတာ့

 

ပဲနံ႔သာ (fenugreek)
ဂ်င္း
ႀကက္သြန္ၿဖဴ
စမုန္စပါးမ်ိဳး (fennel)
လူဆန္ပဲပင္ (alfalfa)
စပီရူလိုင္းနား (Spirulina)
ဆူးပန္းလုံ (blessed thistle) စသည္တို႔ပဲၿဖစ္ပါတယ္။
ႏို႔တိုက္မိခင္မ်ား သဘာဝေဆးဖက္ဝင္အပင္ႏွင့္ အားေဆးမ်ား မေသာက္သံုးခင္ ဆရာဝန္ၿဖင့္ႀကိဳတင္တိုင္ပင္ေဆြးေႏြးပါ။ ေဘးထြက္ဆုိးက်ိဳးမ်ားရွိႏိုင္၍ၿဖစ္ပါတယ္။

 

၅။ႏို႔ထြက္နည္းေစမည့္ အရာမ်ားကို ေရွာင္ႀကဥ္ပါ။

 

အိပ္ေရးဝဝအိပ္ပါ။
စိတ္ဖိစီးမႈ၊စိုးရိမ္ပူပန္ေနမႈမ်ားကို အတတ္ႏိုင္ဆံုးေလွ်ာ့ခ်ပါ။
ေဆးလိပ္၊အရက္ေရွာင္ႀကဥ္ပါ။

 

Reference – www.healthine.com

 

ဇာနည္ထြန္း (ေဆး-၂)

Leave a Reply

Your email address will not be published. Required fields are marked *