ဒါတွေကို သိပြီးရင်ရော… သင်ဆေးလိပ်ဆက်သောက်နေဦးမှာလား?

 

ဆေးလိပ်သောက်ခြင်းကြောင့် ကိုယ်တွင်းရှိကလီစာ အားလုံးကိုထိခိုက်နိုင်ပါသည်။ ဆေးလိပ်သောက်ခြင်းကြောင့် သင်၏ကျန်းမာရေးကိုများစွာ ထိခိုက်စေပြီး၊ ရောဂါပေါင်းစုံ ဝင်ရောက်စေနိုင်ပါတယ်။ အမေရိကန်လူမျိုး ၁၆သန်း နီးပါးက ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်လာတဲ့ ရောဂါဝေဒနာတွေကို ခံစားနေကြရပါတယ်။

 

ဆေးလိပ်မသောက်ပေမယ့်လည်း တဆင့်ခံဆေးလိပ်အငွေ့ရှူမိတာကြောင့် နှစ်စဉ် လူကြီး 41,000၊ ကလေး 400 နီးပါးက သေဆုံးကြနေရပါတယ်။ ကလေးငယ်တွေမှာ တဆင့်ခံဆေးလိပ်အငွေ့ရှူမိရင် Sudden Infant Death Syndrome လို့ခေါ်တဲ့ တစ်နှစ်အောက် ကလေးငယ် ရုတ်တရက် မမျှော်လင့်ဘဲ သေဆုံးရခြင်း ရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ နား အလယ်ပိုင်းအတွင်း ရောဂါဖြစ်ခြင်း၊ ပြင်းထန်ပန်းနာရင်ကြပ်ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာများနှင့် အဆုတ်ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း တို့ကို တွေ့ကြုံခံစားရနိုင်ပါတယ်။

 

ဆေးလိပ်သောက်ခြင်းက သင့်ကျန်းမာရေးကို ဘယ်လိုထိခိုက်စေတာလဲ?

 

  • ကင်ဆာ

ဆေးလိပ်သောက်ခြင်းကြောင့် ကင်ဆာဆဲလ်တွေဖြစ်ပေါ်လာနိုင်ပြီး ခန္ဓာကိုယ်က ကင်ဆာဆဲလ်တွေကို ပြန်တိုက်တဲ့ ဖြစ်စဉ်ကိုပါသူက တားလိုက်ပါတယ်။

စီးကရက်တွေမှာပါတဲ့ အဆိပ်အတောက်တွေက ခန္ဓာကိုယ်ခုခံအားစနစ်ကို အားနည်းစေပြီး ဖြစ်ပေါ်လာတဲ့ ကင်ဆာဆဲလ်တွေကို ပြန်တိုက်ဖို့ခက်လာစေပါတယ်။ အဲ့ဒီလိုသာဖြစ်လာခဲ့ရင် ကင်ဆာဆဲလ်တွေဟာ မရပ်တန့်တော့ဘဲ ဆက်လက်ပွားများလာနိုင်ပါတယ်

ဆေးရွက်ကြီးနှင့် ဆေးလိပ်တွေမှာပါဝင်တဲ့ အဆိပ်အတောက်တွေက ဆဲလ်ရဲ့ ဒီအန်အေ(DNA) ကိုပျက်စီးစေပါတယ်။ cell တလုံးပုံမှန်အတိုင်းဆက်လက်ကြီးထွားမှုကို ထိန်းပေးတဲ့ DNA ပျက်စီးသွားတဲ့အခါ သဘာဝမဟုတ်၊ပုံမှန်မဟုတ်တွေ ဆဲလ်(cell) တွေကြီးထွားလာပြီး ကင်ဆာအကျိတ်တွေ၊အလုံးတွေ ထွက်လာပါတော့တယ်။

ဆေးလိပ်သောက်ခြင်းကြောင့် ခန္ဓာကိုယ်နေရာအနှံ့နီးပါး ကင်ဆာတွေဖြစ်လာနိုင်ပါတယ်။

 

ကင်ဆာဖြစ်နိုင်တဲ့နေရာတွေက…

သွေး

ဆီးအိတ်

သားအိမ်ခေါင်း

အူမကြီးနှင့်စအို

အစာပြွန်

ကျောက်ကပ်

လည်ချောင်း

အသည်း

အဆုတ်

ပါးစပ်နှင့်လည်မျို

ပန်ကရိယက်စ်

လေပြွန်၊အဆုတ်နှင့်အဆုတ်လေပြွန် စသည်တို့ဖြစ်ပါတယ်။

 

  • နှလုံးရောဂါနှင့်လေဖြတ်ခြင်း

နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများ ကိုဖြစ်စေသည့် အဓိကအကြောင်းရင်းက ဆေးလိပ်သောက်ခြင်းကြောင့်ပဲဖြစ်ပါတယ်။

ဆေးလိပ်သောက်ခြင်းက သွေးတွင်း အဆီဓာတ်(Triglycerides) ကိုများလာစေပါတယ်။

မကောင်းတဲ့ ကိုလက်စ်ထရော (LDL Cholesterol)ကိုနည်းစေပါတယ်။

သွေးကိုစေးကပ်သွားစေပြီး သွေးခဲတွေဖြစ်လာနိုင်ကာ၊အဲ့ဒီသွေးခဲတွေက ဦးနှောက်နဲ့ နှလုံးဆီသို့သွားမယ့်လမ်းကြောင်းတွေကို ပိတ်လာနိုင်ပါတယ်။

သွေးကြောထဲမှာ plaque လို့ခေါ်တဲ့ သွေးကြောကျဉ်းစေတဲ့ အဖတ်လေးတွေ များလာစေပါတယ်။

ဒီလိုနဲ့ သွေးကြောတွေက ကျဉ်းလာနိုင်ပြီး တဖြည်းဖြည်းနဲ့ သွေးတိုးရောဂါ၊နှလုံးရောဂါ၊လေဖြတ်ခြင်း တွေဖြစ်လာနိုင်ပါတယ်။

 

  • နာတာရှည်အသက်ရှူလမ်းပိတ်ရောဂါ(COPD)

နာတာရှည်အသက်ရှူလမ်းပိတ်ရောဂါဟာ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်လာတာပါ။

ငယ်ရွယ်စဉ်အသက်အရွယ်၊ဆယ်ကျော်သက်အရွယ်ကတည်းက ဆေးလိပ်သောက်လာခဲ့တဲ့သူတွေဟာ အသက်ကြီးလာတဲ့အခါကျရင် နာတာရှည် အသက်ရှူလမ်းပိတ်ရောဂါ(COPD) ဖြစ်နိုင်ချေပိုများပါတယ်။

 

  • ကိုယ်ဝန်ဆောင်ချိန်ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းကြောင့် အမျိုးသမီးများ ကိုယ်ဝန်ရနိုင်ချေ နည်းပါးလာနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်ဆေးလိပ်သောက်ပါက ကိုယ်ဝန်ဆောင်ခြင်းနှင့်သက်ဆိုင်သောရောဂါများ (Pregnancy Complications) ဖြစ်ပွားနိုင်ချေကိုပိုမိုမြင့်မားစေပါတယ်။

ဆေးရွက်ကြီးနှင့်ဆေးလိပ်သောက်ခြင်းတို့ကြောင့် သန္ဓေသားလေးဟာ မမွေးခင်အချိန်နှင့်မွေးဖွားပြီးအချိန်မှာပါ ထိခိုက်နိုင်ပါတယ်။

 

Reference : cdc.gov

 

ဇာနည်ထွန်း(ဆေ-၂)

 

[Zawgyi]

 

ေဆးလိပ္ေသာက္ၿခင္းေႀကာင့္ ကိုယ္တြင္းရွိကလီစာ အားလံုးကိုထိခိုက္ႏိုင္ပါသည္။ ေဆးလိပ္ေသာက္ၿခင္းေႀကာင့္ သင္၏က်န္းမာေရးကိုမ်ားစြာ ထိခိုက္ေစၿပီး၊ ေရာဂါေပါင္းစံု ဝင္ေရာက္ေစႏိုင္ပါတယ္။ အေမရိကန္လူမ်ိဳး ၁၆သန္း နီးပါးက ေဆးလိပ္ေသာက္ၿခင္းေႀကာင့္ၿဖစ္လာတဲ့ ေရာဂါေဝဒနာေတြကို ခံစားေနႀကရပါတယ္။

 

ေဆးလိပ္မေသာက္ေပမယ့္လည္း တဆင့္ခံေဆးလိပ္အေငြ႕ရွဴမိတာေႀကာင့္ ႏွစ္စဥ္ လူႀကီး 41,000၊ ကေလး 400 နီးပါးက ေသဆံုးႀကေနရပါတယ္။ ကေလးငယ္ေတြမွာ တဆင့္ခံေဆးလိပ္အေငြ႔ရွဴမိရင္ Sudden Infant Death Syndrome လို႔ေခၚတဲ့ တစ္ႏွစ္ေအာက္ ကေလးငယ္ ႐ုတ္တရက္ မေမွ်ာ္လင့္ဘဲ ေသဆုံးရျခင္း ေရာဂါ၊ ရုတ္တရက္ အသက္ရွဴလမ္းေႀကာင္းဆိုင္ရာေရာဂါ၊ နား အလယ္ပိုင္းအတြင္း ေရာဂါၿဖစ္ၿခင္း၊ ၿပင္းထန္ပန္းနာရင္ႀကပ္ေရာဂါ၊ အသက္ရွဴလမ္းေႀကာင္းဆိုင္ရာေရာဂါလကၡဏာမ်ားႏွင့္ အဆုတ္ဖြံ႔ၿဖိဳးမႈေႏွာင့္ေႏွးၿခင္း တို႔ကို ေတြ႕ႀကံဳခံစားရႏိုင္ပါတယ္။

 

ေဆးလိပ္ေသာက္ၿခင္းက သင့္က်န္းမာေရးကို ဘယ္လိုထိခိုက္ေစတာလဲ?

 

  • ကင္ဆာ
    ေဆးလိပ္ေသာက္ၿခင္းေႀကာင့္ ကင္ဆာဆဲလ္ေတြၿဖစ္ေပၚလာႏိုင္ၿပီး ခႏၶာကိုယ္က ကင္ဆာဆဲလ္ေတြကို ၿပန္တိုက္တဲ့ ၿဖစ္စဥ္ကိုပါသူက တားလိုက္ပါတယ္။

စီးကရက္ေတြမွာပါတဲ့ အဆိပ္အေတာက္ေတြက ခႏၶာကိုယ္ခုခံအားစနစ္ကို အားနည္းေစၿပီး ၿဖစ္ေပၚလာတဲ့ ကင္ဆာဆဲလ္ေတြကို ၿပန္တိုက္ဖို႔ခက္လာေစပါတယ္။ အဲ့ဒီလိုသာၿဖစ္လာခဲ့ရင္ ကင္ဆာဆဲလ္ေတြဟာ မရပ္တန္႔ေတာ့ဘဲ ဆက္လက္ပြားမ်ားလာႏိုင္ပါတယ္

ေဆးရြက္ႀကီးႏွင့္ ေဆးလိပ္ေတြမွာပါဝင္တဲ့ အဆိပ္အေတာက္ေတြက ဆဲလ္ရဲ႕ ဒီအန္ေအ(DNA) ကိုပ်က္စီးေစပါတယ္။ cell တလံုးပံုမွန္အတိုင္းဆက္လက္ႀကီးထြားမႈကို ထိန္းေပးတဲ့ DNA ပ်က္စီးသြားတဲ့အခါ သဘာဝမဟုတ္၊ပံုမွန္မဟုတ္ေတြ ဆဲလ္(cell) ေတြႀကီးထြားလာၿပီး ကင္ဆာအက်ိတ္ေတြ၊အလံုးေတြ ထြက္လာပါေတာ့တယ္။

 

ေဆးလိပ္ေသာက္ၿခင္းေႀကာင့္ ခႏၶာကိုယ္ေနရာအႏွ႔ံနီးပါး ကင္ဆာေတြၿဖစ္လာႏိုင္ပါတယ္။
ကင္ဆာၿဖစ္ႏိုင္တဲ့ေနရာေတြက…
ေသြး
ဆီးအိတ္
သားအိမ္ေခါင္း
အူမႀကီးႏွင့္စအို
အစာၿပြန္
ေက်ာက္ကပ္
လည္ေခ်ာင္း
အသည္း
အဆုတ္
ပါးစပ္ႏွင့္လည္မ်ိဳ
ပန္ကရိယက္စ္
ေလၿပြန္၊အဆုတ္ႏွင့္အဆုတ္ေလၿပြန္ စသည္တို႔ၿဖစ္ပါတယ္။

 

  • ႏွလံုးေရာဂါႏွင့္ေလၿဖတ္ၿခင္း

 

ႏွလံုးႏွင့္ေသြးေႀကာဆိုင္ရာေရာဂါမ်ား ကိုၿဖစ္ေစသည့္ အဓိကအေႀကာင္းရင္းက ေဆးလိပ္ေသာက္ၿခင္းေႀကာင့္ပဲၿဖစ္ပါတယ္။

ေဆးလိပ္ေသာက္ၿခင္းက ေသြးတြင္း အဆီဓာတ္(Triglycerides) ကိုမ်ားလာေစပါတယ္။

မေကာင္းတဲ့ ကိုလက္စ္ထေရာ (LDL Cholesterol)ကိုနည္းေစပါတယ္။

ေသြးကိုေစးကပ္သြားေစၿပီး ေသြးခဲေတြၿဖစ္လာႏိုင္ကာ၊အဲ့ဒီေသြးခဲေတြက ဦးေႏွာက္နဲ႔ ႏွလံုးဆီသို႕သြားမယ့္လမ္းေႀကာင္းေတြကို ပိတ္လာႏိုင္ပါတယ္။

ေသြးေႀကာထဲမွာ plaque လို႔ေခၚတဲ့ ေသြးေႀကာက်ဥ္းေစတဲ့ အဖတ္ေလးေတြ မ်ားလာေစပါတယ္။

ဒီလိုနဲ႔ ေသြးေႀကာေတြက က်ဥ္းလာႏိုင္ၿပီး တၿဖည္းၿဖည္းနဲ႔ ေသြးတိုးေရာဂါ၊ႏွလံုးေရာဂါ၊ေလၿဖတ္ၿခင္း ေတြၿဖစ္လာႏိုင္ပါတယ္။

  • နာတာရွည္အသက္ရွဴလမ္းပိတ္ေရာဂါ(COPD)

နာတာရွည္အသက္ရွဴလမ္းပိတ္ေရာဂါဟာ ေဆးလိပ္ေသာက္ၿခင္းေႀကာင့္ၿဖစ္လာတာပါ။
ငယ္ရြယ္စဥ္အသက္အရြယ္၊ဆယ္ေက်ာ္သက္အရြယ္ကတည္းက ေဆးလိပ္ေသာက္လာခဲ့တဲ့သူေတြဟာ အသက္ႀကီးလာတဲ့အခါက်ရင္ နာတာရွည္ အသက္ရွဴလမ္းပိတ္ေရာဂါ(COPD) ၿဖစ္ႏိုင္ေခ်ပိုမ်ားပါတယ္။

 

  • ကို္ယ္ဝန္ေဆာင္ခ်ိန္ေဆးလိပ္ေသာက္ၿခင္း

ေဆးလိပ္ေသာက္ၿခင္းေႀကာင့္ အမ်ိဳးသမီးမ်ား ကို္ယ္ဝန္ရႏိုင္ေခ် နည္းပါးလာႏိုင္ပါတယ္။

ကိုယ္ဝန္ေဆာင္ခ်ိန္ေဆးလိပ္ေသာက္ပါက ကိုယ္ဝန္ေဆာင္ၿခင္းႏွင့္သက္ဆိုင္ေသာေရာဂါမ်ား (Pregnancy Complications) ၿဖစ္ပြားႏိုင္ေခ်ကိုပိုမိုၿမင့္မားေစပါတယ္။

ေဆးရြက္ႀကီးႏွင့္ေဆးလိပ္ေသာက္ၿခင္းတို႕ေႀကာင့္ သေႏၶသားေလးဟာ မေမြးခင္အခ်ိန္ႏွင့္ေမြးဖြားၿပီးအခ်ိန္မွာပါ ထိခိုက္ႏိုင္ပါတယ္။

 

Reference : cdc.gov

 

ဇာနည္ထြန္း(ေဆ-၂)

Leave a Reply

Your email address will not be published. Required fields are marked *