ကလမိုင်းဒီယားလို့ခေါ်တဲ့ လိင်မှတဆင့်ကူးစက်စေတဲ့ရောဂါ

 

ကလမိုင်းဒီးယား(Chlamydia trachomatis) ဟာ အတွေ့များတဲ့ လိင်မှတဆင့် ကူးစက်စေတတ်သော ရောဂါတမျိုးပဲဖြစ်ပါတယ်။ တချို့တွေက ရောဂါကူးစက်နေမှန်း တောင်မသိကြပါဘူး။ ဘာလို့လဲဆိုတော့ ကလမိုင်းဒီယားရောဂါကူးစက်ခံထားရပေမယ့် သူတို့မှာ ရောဂါလက္ခဏာတွေမပြကြလို့ပဲဖြစ်ပါတယ်။

 

ကလမိုင်းဒီယား ရောဂါဟာ အသက်ငယ်ရွယ်တဲ့အမျိုးသမီးတွေမျာ အဖြစ်များကြပါတယ်။ ကျား၊မ မရွေး၊ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ကလမိုင်းဒီယား ဖြစ်လာပြီဆို ဆေးကုသရတာမခက်ပါဘူး။ ဒါပေမယ့် ဆေးကုသမှုမခံယူခဲ့ရင် ကလမိုင်းဒီယားရောဂါဟာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်စေပါတယ်။

 

ဘယ်လိုလူတွေမှာ ရောဂါကူးစက်နိုင်ချေပိုများသလဲ?

 

အပျော်အပါးလိုက်စားလေ့ရှိတဲ့ အသက် ၂၅နှစ်အောက်လူငယ်တွေ၊
လိင်ဆက်ဆံဖော်များတဲ့သူတွေ၊
လိင်ဆက်ဆံရာတွင် ကွန်ဒုံးမသုံးတဲ့သူတွေ၊
အရင်က လိင်မှတဆင့်ကူးတတ်တဲ့ရောဂါခံစားဖူးတဲ့သူတွေ။

 

ရောဂါလက္ခဏာများ

ကလမိုင်းဒီယား ရောဂါဖြစ်ကာစမှာ ရောဂါလက္ခဏာအနည်းငယ်ပဲပြတတ်ပါတယ်။ တချို့ဆို ရောဂါလက္ခဏာတောင်မပြကြပါဘူး။
သူရဲ့ရောဂါလက္ခဏာတွေကတော့…

 

ဆီးသွားရာတွင် နာကျဉ်ခြင်း၊

 

မိန်းမကိုယ်မှ အနံ့မကောင်းသော ဝါပျစ်ပျစ်အရည်များဆင်းခြင်း၊

 

လိင်တံထိပ်မှ ညစ်ညစ်အရည်များစိမ့်ထွက်လာခြင်း၊

 

အမျိုးသမီးများလိင်ဆက်ဆံတဲ့အခါနာကျဉ်ခြင်း၊

 

အမျိုးသမီးများလိင်ဆက်ဆံပြီးနောက် သွေးဆင်းလာခြင်း၊

 

ရာသီလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်း၊

 

ဝှေးစေ့နာခြင်း။

 

စအိုမှာ ကူးစက်ခံရရင် စအိုဝမှနာကျဉ်ခြင်း၊သွေးထွက်ခြင်း၊အရည်များထွက်ခြင်း စသည်ရောဂါလက္ခဏာများ တွေ့ကြုံရပါတယ်။
ခန္ဓာကိုယ်က ပုံမှန်မဟုတ်ဘဲထွက်လာတဲ့ အရည်များကို ထိတွေ့ထားသည့်လက်ဖြင့် မတော်တဆမျက်လုံးကိုပွတ်မိတာတို့၊ထိမိတာတို့ ပြုမိပါက ကလမိုင်းဒီယားရောဂါပိုးဟာ မျက်လုံးထဲဝင်ပြီး မျက်လုံးတွင် ရောဂါဖြစ်စေပါတယ်။
ရောဂါပိုးကူးစက်ခံထားရတဲ့ကိုယ်ဝန်ဆောင်မိခင်၏မွေးလမ်းကြောင်းမှ ထွက်လာသော အရည်များဟာ ကလေးမွေးဖွားနေစဉ်အတွင်း ကလေးမျက်လုံးသို့ဝင်နိုင်ပြီး ကလေးရဲ့မျက်လုံးကို ရောဂါကူးစက်စေပါတယ်။

 

 

ဘယ်အချိန်ဆရာဝန်ဖြင့် တိုင်ပင်ဆွေးနွေးရမလဲ?

 

မိန်းမကိုယ်၊လိင်တံ၊စအိုမှ ပုံမှန်မဟုတ်သော အရည်များဆင်းလာသောအခါ၊ ဆီးသွားရတဲ့အခါနာကျဉ်သောအခါ ဆရာဝန်ဖြင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ သင့်ရဲ့လိင်ဆက်ဆံဖော်မှာ ကလမိုင်းဒီယား ရောဂါရှိနေပြီဟုသိထားပါကလည်း ဆရာဝန်ဖြင့်တွေ့ဆုံပြီး ဆေးကုသမှုခံယူသင့်ပါတယ်။

 

ဘယ်လိုကာကွယ်ကြမလဲ?

 

လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးသုံးပါ။
လိင်ဆက်ဆံဖော် လျော့ချပါ။အပျော်အပါးလိုက်စားတာ ရှောင်ကြဉ်ပါ။
သင်ဟာ အပျော်အပါးလိုက်စားမိသူတယောက်ဆိုရင် ရောဂါပိုးကူးစက်ခံထားခြင်းရှိ၊မရှိ ပုံမှန်ဆေးစစ်ပေးပါ။

 

ဇာနည်ထွန်း (ဆေး-၂)

 

[Zawgyi]

 

ကလမိုင္းဒီယားလို႔ေခၚတဲ့ လိင္မွတဆင့္ကူးစက္ေစတဲ့ေရာဂါ

 

ကလမိုင္းဒီးယား(Chlamydia trachomatis) ဟာ အေတြ႔မ်ားတဲ့ လိင္မွတဆင့္ ကူးစက္ေစတတ္ေသာ ေရာဂါတမ်ိဳးပဲၿဖစ္ပါတယ္။ တခ်ိဳ႕ေတြက ေရာဂါကူးစက္ေနမွန္း ေတာင္မသိႀကပါဘူး။ ဘာလို႔လဲဆိုေတာ့ ကလမိုင္းဒီယားေရာဂါကူးစက္ခံထားရေပမယ့္ သူတို႔မွာ ေရာဂါလကၡဏာေတြမၿပႀကလို႔ပဲၿဖစ္ပါတယ္။

 

ကလမိုင္းဒီယား ေရာဂါဟာ အသက္ငယ္ရြယ္တဲ့အမ်ိဳးသမီးေတြမ်ာ အၿဖစ္မ်ားႀကပါတယ္။ က်ား၊မ မေရြး၊ အသက္အရြယ္မေရြး ၿဖစ္ႏိုင္ပါတယ္။ ကလမိုင္းဒီယား ၿဖစ္လာၿပီဆို ေဆးကုသရတာမခက္ပါဘူး။ ဒါေပမယ့္ ေဆးကုသမႈမခံယူခဲ့ရင္ ကလမိုင္းဒီယားေရာဂါဟာ ဆိုးရြားတဲ့ က်န္းမာေရးၿပႆနာေတြ ၿဖစ္ေစပါတယ္။

 

ဘယ္လိုလူေတြမွာ ေရာဂါကူးစက္ႏိုင္ေခ်ပိုမ်ားသလဲ?

 

အေပ်ာ္အပါးလိုက္စားေလ့ရွိတဲ့ အသက္ ၂၅ႏွစ္ေအာက္လူငယ္ေတြ၊
လိင္ဆက္ဆံေဖာ္မ်ားတဲ့သူေတြ၊
လိင္ဆက္ဆံရာတြင္ ကြန္ဒံုးမသံုးတဲ့သူေတြ၊
အရင္က လိင္မွတဆင့္ကူးတတ္တဲ့ေရာဂါခံစားဖူးတဲ့သူေတြ။

 

ေရာဂါလကၡဏာမ်ား

 

ကလမိုင္းဒီယား ေရာဂါၿဖစ္ကာစမွာ ေရာဂါလကၡဏာအနည္းငယ္ပဲၿပတတ္ပါတယ္။ တခ်ိဳ႕ဆို ေရာဂါလကၡဏာေတာင္မၿပႀကပါဘူး။
သူရဲ႕ေရာဂါလကၡဏာေတြကေတာ့…

 

ဆီးသြားရာတြင္ နာက်ဥ္ၿခင္း၊

 

မိန္းမကိုယ္မွ အနံ႔မေကာင္းေသာ ဝါပ်စ္ပ်စ္အရည္မ်ားဆင္းၿခင္း၊

 

လိင္တံထိပ္မွ ညစ္ညစ္အရည္မ်ားစိမ့္ထြက္လာၿခင္း၊

 

အမ်ိဳးသမီးမ်ားလိင္ဆက္ဆံတဲ့အခါနာက်ဥ္ၿခင္း၊

 

အမ်ိဳးသမီးမ်ားလိင္ဆက္ဆံၿပီးေနာက္ ေသြးဆင္းလာၿခင္း၊

 

ရာသီလာခ်ိန္မဟုတ္ဘဲ ေသြးဆင္းၿခင္း၊

 

ေဝွးေစ့နာၿခင္း။

 

စအိုမွာ ကူးစက္ခံရရင္ စအိုဝမွနာက်ဥ္ၿခင္း၊ေသြးထြက္ၿခင္း၊အရည္မ်ားထြက္ၿခင္း စသည္ေရာဂါလကၡဏာမ်ား ေတြ႔ႀကံဳရပါတယ္။
ခႏၶာကိုယ္က ပံုမွန္မဟုတ္ဘဲထြက္လာတဲ့ အရည္မ်ားကို ထိေတြ႔ထားသည့္လက္ၿဖင့္ မေတာ္တဆမ်က္လံုးကိုပြတ္မိတာတို႔၊ထိမိတာတို႔ ၿပဳမိပါက ကလမိုင္းဒီယားေရာဂါပုိးဟာ မ်က္လံုးထဲဝင္ၿပီး မ်က္လံုးတြင္ ေရာဂါၿဖစ္ေစပါတယ္။
ေရာဂါပိုးကူးစက္ခံထားရတဲ့ကိုယ္ဝန္ေဆာင္မိခင္၏ေမြးလမ္းေႀကာင္းမွ ထြက္လာေသာ အရည္မ်ားဟာ ကေလးေမြးဖြားေနစဥ္အတြင္း ကေလးမ်က္လံုးသို႔ဝင္ႏိုင္ၿပီး ကေလးရဲ႕မ်က္လံုးကို ေရာဂါကူးစက္ေစပါတယ္။

 

ဘယ္အခ်ိန္ဆရာဝန္ၿဖင့္ တိုင္ပင္ေဆြးေႏြးရမလဲ?

 

မိန္းမကိုယ္၊လိင္တံ၊စအိုမွ ပံုမွန္မဟုတ္ေသာ အရည္မ်ားဆင္းလာေသာအခါ၊ ဆီးသြားရတဲ့အခါနာက်ဥ္ေသာအခါ ဆရာဝန္ၿဖင့္တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။ သင့္ရဲ႕လိင္ဆက္ဆံေဖာ္မွာ ကလမိုင္းဒီယား ေရာဂါရွိေနၿပီဟုသိထားပါကလည္း ဆရာဝန္ၿဖင့္ေတြ႔ဆံုၿပီး ေဆးကုသမႈခံယူသင့္ပါတယ္။

 

ဘယ္လိုကာကြယ္ႀကမလဲ?

 

လိင္ဆက္ဆံတဲ့အခါ ကြန္ဒံုးသံုးပါ။
လိင္ဆက္ဆံေဖာ္ ေလ်ာ့ခ်ပါ။အေပ်ာ္အပါးလိုက္စားတာ ေရွာင္ႀကဥ္ပါ။
သင္ဟာ အေပ်ာ္အပါးလိုက္စားမိသူတေယာက္ဆုိရင္ ေရာဂါပိုးကူးစက္ခံထားၿခင္းရွိ၊မရွိ ပံုမွန္ေဆးစစ္ေပးပါ။

 

ဇာနည္ထြန္း (ေဆး-၂)

Leave a Reply

Your email address will not be published. Required fields are marked *