ခန္တာကိုယ်က မလိုချင်တဲ့ အမွှေးတွေကို ဖယ်ရှားနိုင်မယ့်နည်းလမ်းများ…

 

မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျာ်းလေးပဲဖြစ်ဖြစ် ခန္တာကိုယ်တချို့နေရာတွေမှာ အမွှေးပေါက်တာကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူတွေလည်းရှိပါတယ်။ ယောကျာ်းလေးတချို့ကတော့ ဖယ်ရှားလေ့မရှိကြပေမယ့် မိန်းကလေး
တွေကတော့ မကြိုက်လို့ ရိတ်တာ၊ နှုတ်တာမျိုးတွေပြုလုပ်တတ်ကြပါတယ်။ အခုပြောပြချင်တာကတော့ ဒီ ချိုင်းကြား၊ လက်၊ခြေထောက်၊ Bikini area တွေမှာ ရှိတတ်တဲ့ မလိုချင်တဲ့အမွှေး
အမျှင်တွေကိုဖယ်ရှားနိုင်ဖို့ နည်းလမ်းတွေပါပဲ..။

 

1)ရိတ်တာ

♂‍ ရိတ်တာကတော့ စက်နဲ့ရိတ်တာရှိသလို Cream အသုံးပြုပြီး အမွှေးအမျှင်တွေကိုဖယ်ရှားပစ်တာမျိုးရှိပါတယ်။ ၂ ခုလုံးကတော့
အမွှေးရဲ့အမြစ်ပါ မပါသွားတဲ့အတွက် အမွှေးပြန်ရှည်လာတာမြန်တတ်ပါတယ်။ နှုတ်တာမျိုးလိုတော့ မနာကျင်တတ်ပါဘူး။ Cream နဲ့မတည့်ရင် allergic ဖြစ်ပြီး အကွက်ထလာတာမျိုးတွေရှိတတ်ပါတယ်။

 

2) နှုတ်တာ

 

အခုဆိုရင် အမွှေးနှုတ်စက် (epilator)တွေ
တော်တော်များများခေတ်စားလာကြပါတယ်။
ရိတ်တာက အမွှေးပြန်ထွက်တာမြန်တတ်ပေမယ့်
နှုတ်တာကတော့ တစ်လလောက်ထိ အမွှေးပြန်
မထွက်အောင်ပြုလုပ်ပေးနိုင်ပါတယ်။ စစချင်း
နှုတ်တဲ့အခါမှာတော့ နာနိုင်ပေမယ့် ကြာရင်အသားကျသွားတတ်ပါတယ်။

 

3) Waxing လုပ်တာ

 

♂‍ Waxing ကတော့ ဖယောင်းကပ်ခွာပြားအသုံးပြုပြီးတော့ အမွှေးအမျှင်တွေကိုဖယ်ရှားပစ်တာပါ။ Sugar Wax အသုံးပြုကြတာလည်းရှိပါတယ်။ Waxing လုပ်တာကလည်း အမွှေးအမြစ်ပါပါလာတဲ့အတွက် ပြန်ထွက်တာနှေးတတ်ပါတယ်။ နှုတ်တာလိုမျိုး အနည်းငယ်တော့ နာတတ်ပါတယ်။

 

4) IPL နည်းလမ်းအသုံးပြုတာ

 

IPL ကတော့ အလင်းတန်းအသုံးပြုပြီး အမွှေးပြန်မထွက်လာအောင်ပြုလုပ်ပေးတာပါ။
တစ်ခါတည်းနဲ့ အပြီးသတ်မဖယ်ရှားနိုင်သလို ခဏခဏလုပ်ရတတ်ပါတယ်။ တစ်ခေါက် တစ်ခေါက်လုပ်ရတဲ့ ဈေးကလည်းကြီးတတ်ပါတယ်။ လုပ်ရတာမြန်ပြီး နာကျင်မှုမရှိတတ်ပေ
မယ့် လုပ်ပြီးတဲ့အခါ နေရောင်ခြည်ကိုတော်တော်
သတိထားရပါတယ်။ ဒါကတော့ အရေပြားဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ ပြုလုပ်သင့်ပါတယ်။

 

ဒေါက်တာသံစဉ်

 

 

[Zawgyi]

 

ခႏၲာကိုယ္က မလိုခ်င္တဲ့ အေမႊးေတြကို ဖယ္ရွားႏိုင္မယ့္နည္းလမ္းမ်ား…

 

မိန္းကေလးပဲျဖစ္ျဖစ္၊ ေယာက်ာ္းေလးပဲျဖစ္ျဖစ္ ခႏၲာကိုယ္တခ်ိဳ႕ေနရာေတြမွာ အေမႊးေပါက္တာႀကိဳက္တဲ့သူရွိသလို မႀကိဳက္တဲ့သူေတြလည္းရွိပါတယ္။ ေယာက်ာ္းေလးတခ်ိဳ႕ကေတာ့ ဖယ္ရွားေလ့မရွိၾကေပမယ့္ မိန္းကေလး
ေတြကေတာ့ မႀကိဳက္လို႔ ရိတ္တာ၊ ႏႈတ္တာမ်ိဳးေတြျပဳလုပ္တတ္ၾကပါတယ္။ အခုေျပာျပခ်င္တာကေတာ့ ဒီ ခ်ိဳင္းၾကား၊ လက္၊ေျခေထာက္၊ Bikini area ေတြမွာ ရွိတတ္တဲ့ မလိုခ်င္တဲ့အေမႊး
အမွ်င္ေတြကိုဖယ္ရွားႏိုင္ဖို႔ နည္းလမ္းေတြပါပဲ..။

 

1)ရိတ္တာ

 

♂‍ ရိတ္တာကေတာ့ စက္နဲ႔ရိတ္တာရွိသလို Cream အသုံးျပဳၿပီး အေမႊးအမွ်င္ေတြကိုဖယ္ရွားပစ္တာမ်ိဳးရွိပါတယ္။ ၂ ခုလုံးကေတာ့
အေမႊးရဲ႕အျမစ္ပါ မပါသြားတဲ့အတြက္ အေမႊးျပန္ရွည္လာတာျမန္တတ္ပါတယ္။ ႏႈတ္တာမ်ိဳးလိုေတာ့ မနာက်င္တတ္ပါဘူး။ Cream နဲ႔မတည့္ရင္ allergic ျဖစ္ၿပီး အကြက္ထလာတာမ်ိဳးေတြရွိတတ္ပါတယ္။

 

2) ႏႈတ္တာ

 

အခုဆိုရင္ အေမႊးႏႈတ္စက္ (epilator)ေတြ
ေတာ္ေတာ္မ်ားမ်ားေခတ္စားလာၾကပါတယ္။
ရိတ္တာက အေမႊးျပန္ထြက္တာျမန္တတ္ေပမယ့္
ႏႈတ္တာကေတာ့ တစ္လေလာက္ထိ အေမႊးျပန္
မထြက္ေအာင္ျပဳလုပ္ေပးႏိုင္ပါတယ္။ စစခ်င္း
ႏႈတ္တဲ့အခါမွာေတာ့ နာႏိုင္ေပမယ့္ ၾကာရင္အသားက်သြားတတ္ပါတယ္။

 

3) Waxing လုပ္တာ

 

♂‍ Waxing ကေတာ့ ဖေယာင္းကပ္ခြာျပားအသုံးျပဳၿပီးေတာ့ အေမႊးအမွ်င္ေတြကိုဖယ္ရွားပစ္တာပါ။ Sugar Wax အသုံးျပဳၾကတာလည္းရွိပါတယ္။ Waxing လုပ္တာကလည္း အေမႊးအျမစ္ပါပါလာတဲ့အတြက္ ျပန္ထြက္တာေႏွးတတ္ပါတယ္။ ႏႈတ္တာလိုမ်ိဳး အနည္းငယ္ေတာ့ နာတတ္ပါတယ္။

 

4) IPL နည္းလမ္းအသုံးျပဳတာ

 

IPL ကေတာ့ အလင္းတန္းအသုံးျပဳၿပီး အေမႊးျပန္မထြက္လာေအာင္ျပဳလုပ္ေပးတာပါ။
တစ္ခါတည္းနဲ႔ အၿပီးသတ္မဖယ္ရွားႏိုင္သလို ခဏခဏလုပ္ရတတ္ပါတယ္။ တစ္ေခါက္ တစ္ေခါက္လုပ္ရတဲ့ ေဈးကလည္းႀကီးတတ္ပါတယ္။ လုပ္ရတာျမန္ၿပီး နာက်င္မႈမရွိတတ္ေပ
မယ့္ လုပ္ၿပီးတဲ့အခါ ေနေရာင္ျခည္ကိုေတာ္ေတာ္
သတိထားရပါတယ္။ ဒါကေတာ့ အေရျပားဆရာဝန္နဲ႔တိုင္ပင္ၿပီးမွသာ ျပဳလုပ္သင့္ပါတယ္။

 

ေဒါက္တာသံစဥ္

 

Leave a Reply

Your email address will not be published. Required fields are marked *