နှာခေါင်းပိတ်ပိတ်နေပြီး အမြဲနှာစေးနေတတ်တဲ့ နာတာရှည် လေအိတ်ရောင်ခြင်းအကြောင်း

 

နှာခေါင်းနဲ့ခေါင်းအတွင်းပိုင်းမှာရှိတဲ့ လေအိတ်အခန်းငယ်လေးတွေ ဖောင်းပြီးရောင်ရမ်းလာတာကို ဆေးကုသမှုမခံယူခဲ့ဘူးဆိုရင် ၃လလောက်ကြာလာတဲ့အခါ နာတာရှည်ရောဂါလိုဖြစ်လာပြီး အဲ့ဒါကို နာတာရှည်လေအိတ်ရောင်ခြင်း လို့ခေါ်ပါတယ်။

 

အဲ့လိုမျိုးလေအိတ်တွေရောင်လာရင် နှာခေါင်းကအချွဲစီးဆင်းတဲ့လမ်းကြောင်းတွေကို သွားနှောင့်ယှက်ပြီး နှာပိတ်နေတတ်ပါတယ်။ နှာခေါင်းနဲ့အသက်ရှုရတာခက်ခဲလာပြီး မျက်စိနားတဝိုက်မှာ လည်းဖောင်းပြီး ဖိရင် နာ နေတတ်ပါတယ်။

 

ရောဂါပိုးဝင်ရောက်ခြင်း၊ နှာခေါင်းတွင်းလေအိတ်တွင်အသားပိုထွက်ခြင်း (nasal polyps)၊ လေအိတ်နံရံလေးတွေ ဖောင်းလာခြင်းကြောင့် နာတာရှည်လေအိတ်ရောင်ရမ်းခြင်းဖြစ်တတ်ပါတယ်။ အဲ့ဒီရောဂါက ကလေးတွေရော၊ လူကြီးတွေရော ဖြစ်နိုင်ပါတယ်။

 

ရောဂါလက္ခဏာများ

 

အဖြစ်များတဲ့ရောဂါလက္ခဏာများကတော့

နှာခေါင်းတွင်း ရောင်ရမ်းခြင်း

နှာခေါင်းမှ ထူထူပျစ်ပျစ် အရည်များထွက်ခြင်း

နှာခေါင်းရှိအရည်များ လည်ချောင်းတွင်းမှ စီးကျခြင်း(နှာခေါင်းနောက်မှစီးခြင်း)

နှာခေါင်းပိတ်ပြီးနေပြီး နှာခေါင်းဖြင့်အသက်ရှူရတာခက်ခဲနေခြင်း

မျက်စိ၊ပါးစောင်၊နှာခေါင်း၊နဖူး တဝိုက်ဖိလိုက်ရင်နာနေတတ်ပြီး ရောင်နေခြင်း

အနံ့၊အရသာ ခံစားမှုအာရုံ လျော့ကျလာခြင်း စသည်တို့ဖြစ်ပါတယ်။

တခြားဘာတွေခံစားရသေးလဲဆိုတော့

နားရွက်နာခြင်း

အပေါ်မေးရိုးနှင့်သွားနာကျဉ်ခြင်း

လည်ချောင်းရှိ စီးကျလာသောအရည်များကို ချောင်းဟန့်ရှင်းနေရခြင်း

လည်ချောင်းနာခြင်း

အနံ့ဆိုးရနေခြင်း

ပင်ပန်းနွမ်းနယ်ခြင်း စသည်တို့ခံစားရနိုင်ပါသေးတယ်။

ရိုးရိုးလေအိတ်ရောင်တာက အဖျားနဲ့တွဲနေတတ်ပြီး နာတာရှည်ရောဂါဖြစ်လာရင် အဖျားနဲ့မတွဲတတ်တော့ပါဘူး။

 

ဘာကြောင့်ဖြစ်တာလဲ?

 

နာတာရှည်လေအိတ်ရောင်ခြင်းကို ဖြစ်စေတဲ့အကြာင်းရင်းတွေကတော့

နှာခေါင်းတွင်းအသားပိုပေါက်ခြင်း

နှာခေါင်းနှာနုရိုးနေရာလွဲခြင်း

အခြားရောဂါအခြေအနေများ

အသက်ရှူလမ်းကြောင်းထဲပိုးဝင်ခြင်း

နှာစေးခြင်းကိုဖြစ်စေသော ဓာတ်မတည့်မှုများ စသည်တို့ပဲဖြစ်ပါတယ်။

 

ဘယ်သူတွေ နာတာရှည်လေအိတ်ရောင် နိုင်သလဲ?

 

နှာခေါင်းနှာနုရိုးနေရာလွဲသွားတဲ့သူ
နှာခေါင်းတွင်းအသားပိုပေါက်တဲ့သူ
ပန်းနာရင်ကြပ်ရောဂါအခံရှိတဲ့သူ
အက်စ်ပရင်ဆေးနဲ့မတည့်တဲ့သူ
သွားပိုးစားတဲ့သူ
ခုခံအားမကောင်းတဲ့သူ
ဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့ရောဂါခံစားနေရသူ
စက်ရုံမီးခိုးနှင့်လေထုညစ်ညမ်းစေသော အငွေ့များ အမြဲရှူနေရသူတွေဟာ
နာတာရှည်လေအိတ်ရောင် ရောဂါဖြစ်နိုင်ချေပိုများကြပါတယ်။

 

မကုဘဲထားရင်နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လဲ?

 

ဆိုးဆိုးရွားရွားဖြစ်တာတော့ရှားပါတယ်။ ဒါပေမယ့်ဘာတွေဖြစ်လာနိုင်လဲဆိုတော့

အမြင်အာရုံဝေဝါးလာတာ၊ ရောဂါပိုးဝင်ရောက်လာတာတွေ ဖြစ်လာနိုင်ပါတယ်။

 

ဘယ်လိုကာကွယ်လို့ရမလဲ?

 

အောက်ပါအချက်တွေကို လိုက်နာပြီး နာတာရှည်လေအိတ်ရောင်တဲ့ရောဂါ မဖြစ်ရအောင် ကြိုတင်ကာကွယ်ကြရအောင်။

အသက်ရှူလမ်းကြောင်း(အပေါ်ပိုင်း)ဆိုင်ရာရောဂါတွေကူးစက်မခံရအောင်နေပါ။ဖျားနာသူတွေနဲ့ထိတွေ့မှုနည်းအောင်နေပါ။ ရေနှင့်ဆပ်ပြာကို အသုံးပြုပြီး လက်ကို မကြာခဏဆေးပေးပါ။

ဓာတ်မတည့်မှုဝေဒနာခံစားနေရပါက ကုသမှုခံယူပါ။

ဆေးလိပ်ငွေ့နှင့် အခြားလေထုညစ်ညမ်းစေသော အငွေ့များကို မရှူမိအောင်အတတ်နိုင်ဆုံးရှောင်ပါ။

အိမ်တွင် လေထုစိုထိုင်းမှုထိန်းစက်(Humidifier) ကိုအသုံးပြုပေးပါ။

 

ဘယ်လိုအခြေအနေဆို ဆေးကုသမှုခံယူသင့်သလဲ ?

 

လေအိတ်ရောင်ဖူးတဲ့ အကြိမ်အရေအတွက်များလာတဲ့အခါ၊

လေအိတ်ရောင်တဲ့ရောဂါလက္ခဏာတွေက ၁၀ ရက်ကျော်လာတဲ့အထိ မသက်သာလာဖူးဆိုရင် စတဲ့အခြေအနေတွေမှာ ဆရာဖြင့်ပြသပြီး ဆေးကုသမှုခံယူသင့်ပါတယ်။

ဖျားခြင်း၊မျက်စိတဝိုက်နီပြီးရောင်ရမ်းခြင်း၊ မခံမရပ်နိုင်အောင်ခေါင်းကိုက်ခြင်း၊ နဖူးရောင်လာခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အမြင်နှစ်ထပ်ဖြစ်ခြင်း၊ လည်ပင်းတောင့်တင်းခြင်း စတဲ့အခြေအနေတွေကြုံတွေ့နေရပြီဆို ချက်ချင်းဆရာဝန်ဖြင့်ပြသပြီးဆေးကုသမှုခံယူပါ။

 

အားလုံးပဲကျန်းမာကြပါစေ။

 

Reference : Chronic Sinusitis (https://www.mayoclinic.org/diseases-conditions/chronic-sinusitis/symptoms-causes/syc-20351661)

 

ဇာနည်ထွန်း (ဆေး-၂)

 

 

[Zawgyi]

 

ႏွာေခါင္းပိတ္ပိတ္ေနၿပီး အၿမဲႏွာေစးေနတတ္တဲ့နာတာရွည္ ေလအိတ္ေရာင္ၿခင္းအေႀကာင္း

 

ႏွာေခါင္းနဲ႔ေခါင္းအတြင္းပိုင္းမွာရွိတဲ့ ေလအိတ္အခန္းငယ္ေလးေတြ ေဖာင္းၿပီးေရာင္ရမ္းလာတာကို ေဆးကုသမႈမခံယူခဲ့ဘူးဆိုရင္ ၃လေလာက္ႀကာလာတဲ့အခါ နာတာရွည္ေရာဂါလိုၿဖစ္လာၿပီး အဲ့ဒါကို နာတာရွည္ေလအိတ္ေရာင္ၿခင္း လို႔ေခၚပါတယ္။

 

အဲ့လိုမ်ိဳးေလအိတ္ေတြေရာင္လာရင္ ႏွာေခါင္းကအခၽြဲစီးဆင္းတဲ့လမ္းေႀကာင္းေတြကို သြားေႏွာင့္ယွက္ၿပီး နွာပိတ္ေနတတ္ပါတယ္။ ႏွာေခါင္းနဲ့အသက္ရႈရတာခက္ခဲလာၿပီး မ်က္စိနားတဝိုက္မွာ လည္းေဖာင္းၿပီး ဖိရင္ နာ ေနတတ္ပါတယ္။

 

ေရာဂါပိုးဝင္ေရာက္ၿခင္း၊ ႏွာေခါင္းတြင္းေလအိတ္တြင္အသားပိုထြက္ၿခင္း (nasal polyps)၊ ေလအိတ္နံရံေလးေတြ ေဖာင္းလာၿခင္းေႀကာင့္ နာတာရွည္ေလအိတ္ေရာင္ရမ္းၿခင္းၿဖစ္တတ္ပါတယ္။ အဲ့ဒီေရာဂါက ကေလးေတြေရာ၊ လူႀကီးေတြေရာ ၿဖစ္ႏိ္ုင္ပါတယ္။

 

ေရာဂါလကၡဏာမ်ား

 

အၿဖစ္မ်ားတဲ့ေရာဂါလကၡဏာမ်ားကေတာ့

ႏွာေခါင္းတြင္း ေရာင္ရမ္းၿခင္း

ႏွာေခါင္းမွ ထူထူပ်စ္ပ်စ္ အရည္မ်ားထြက္ၿခင္း

ႏွာေခါင္းရွိအရည္မ်ား လည္ေခ်ာင္းတြင္းမွ စီးက်ၿခင္း(ႏွာေခါင္းေနာက္မွစီးၿခင္း)

ႏွာေခါင္းပိတ္ၿပီးေနၿပီး ႏွာေခါင္းၿဖင့္အသက္ရႉရတာခက္ခဲေနၿခင္း

မ်က္စိ၊ပါးေစာင္၊ႏွာေခါင္း၊နဖူး တဝိုက္ဖိလိုက္ရင္နာေနတတ္ၿပီး ေရာင္ေနၿခင္း

အနံ႔၊အရသာ ခံစားမႈအာရံု ေလ်ာ့က်လာၿခင္း စသည္တို႔ၿဖစ္ပါတယ္။

တၿခားဘာေတြခံစားရေသးလဲဆိုေတာ့

နားရြက္နာၿခင္း

အေပၚေမးရိုးႏွင့္သြားနာက်ဥ္ၿခင္း

လည္ေခ်ာင္းရွိ စီးက်လာေသာအရည္မ်ားကို ေခ်ာင္းဟန္႔ရွင္းေနရၿခင္း

လည္ေခ်ာင္းနာၿခင္း

အနံ႔ဆိုးရေနၿခင္း

ပင္ပန္းႏြမ္းနယ္ၿခင္း စသည္တို႔ခံစားရႏိုင္ပါေသးတယ္။

 

ရိုးရိုးေလအိတ္ေရာင္တာက အဖ်ားနဲ႔တြဲေနတတ္ၿပီး နာတာရွည္ေရာဂါၿဖစ္လာရင္ အဖ်ားနဲ႔မတြဲတတ္ေတာ့ပါဘူး။

 

ဘာေႀကာင့္ၿဖစ္တာလဲ?

 

နာတာရွည္ေလအိတ္ေရာင္ၿခင္းကို ၿဖစ္ေစတဲ့အႀကာင္းရင္းေတြကေတာ့

ႏွာေခါင္းတြင္းအသားပိုေပါက္ၿခင္း

ႏွာေခါင္းႏွာႏုရိုးေနရာလြဲၿခင္း

အၿခားေရာဂါအေၿခအေနမ်ား

အသက္ရႉလမ္းေႀကာင္းထဲပိုးဝင္ၿခင္း

ႏွာေစးၿခင္းကိုၿဖစ္ေစေသာ ဓာတ္မတည္႔မႈမ်ား စသည္တို႔ပဲၿဖစ္ပါတယ္။

 

ဘယ္သူေတြ နာတာရွည္ေလအိတ္ေရာင္ ႏိုင္သလဲ?

 

ႏွာေခါင္းႏွာႏုရိုးေနရာလြဲသြားတဲ့သူ
ႏွာေခါင္းတြင္းအသားပိုေပါက္တဲ့သူ
ပန္းနာရင္ႀကပ္ေရာဂါအခံရွိတဲ့သူ
အက္စ္ပရင္ေဆးနဲ႔မတည့္တဲ့သူ
သြားပိုးစားတဲ့သူ
ခုခံအားမေကာင္းတဲ့သူ
ဝတ္မႈန္နဲ႔ ဓာတ္မတည့္တဲ့ေရာဂါခံစားေနရသူ
စက္ရံုမီးခိုးႏွင့္ေလထုညစ္ညမ္းေစေသာ အေငြ႔မ်ား အၿမဲရႉေနရသူေတြဟာ
နာတာရွည္ေလအိတ္ေရာင္ ေရာဂါၿဖစ္ႏို္င္ေခ်ပိုမ်ားႀကပါတယ္။

 

မကုဘဲထားရင္ေနာက္ဆက္တြဲဘာေတြၿဖစ္လာႏိုင္လဲ?

 

ဆိုးဆိုးရြားရြားၿဖစ္တာေတာ့ရွားပါတယ္။ ဒါေပမယ့္ဘာေတြၿဖစ္လာႏိုင္လဲဆိုေတာ့

အၿမင္အာရံုေဝဝါးလာတာ၊ ေရာဂါပိုးဝင္ေရာက္လာတာေတြ ၿဖစ္လာႏိုင္ပါတယ္။

 

ဘယ္လိုကာကြယ္လို႔ရမလဲ?

 

ေအာက္ပါအခ်က္ေတြကို လိုက္နာၿပီး နာတာရွည္ေလအိတ္ေရာင္တဲ့ေရာဂါ မၿဖစ္ရေအာင္ ႀကိဳတင္ကာကြယ္ႀကရေအာင္။

အသက္ရႉလမ္းေႀကာင္း(အေပၚပိုင္း)ဆိုင္ရာေရာဂါေတြကူးစက္မခံရေအာင္ေနပါ။ဖ်ားနာသူေတြနဲ႔ထိေတြ႔မႈနည္းေအာင္ေနပါ။ ေရႏွင့္ဆပ္ၿပာကို အသံုးၿပဳၿပီး လက္ကို မႀကာခဏေဆးေပးပါ။

ဓာတ္မတည့္မႈေဝဒနာခံစားေနရပါက ကုသမႈခံယူပါ

ေဆးလိပ္ေငြ႔ႏွင့္ အၿခားေလထုညစ္ညမ္းေစေသာ အေငြ႔မ်ားကို မရႉမိေအာင္အတတ္ႏိုင္ဆံုးေရွာင္ပါ။

အိမ္တြင္ ေလထုစိုထိုင္းမႈထိန္းစက္(Humidifier) ကိုအသံုးၿပဳေပးပါ။

ဘယ္လိုအေၿခအေနဆို ေဆးကုသမႈခံယူသင့္သလဲ ?

ေလအိတ္ေရာင္ဖူးတဲ့ အႀကိမ္အေရအတြက္မ်ားလာတဲ့အခါ၊

ေလအိတ္ေရာင္တဲ့ေရာဂါလကၡဏာေတြက ၁၀ ရက္ေက်ာ္လာတဲ့အထိ မသက္သာလာဖူးဆိုရင္ စတဲ့အေၿခအေနေတြမွာ ဆရာၿဖင့္ၿပသၿပီး ေဆးကုသမႈခံယူသင့္ပါတယ္။

 

ဖ်ားၿခင္း၊မ်က္စိတဝိုက္နီၿပီးေရာင္ရမ္းၿခင္း၊ မခံမရပ္ႏိုင္ေအာင္ေခါင္းကိုက္ၿခင္း၊ နဖူးေရာင္လာၿခင္း၊ စိတ္ရႈပ္ေထြးၿခင္း၊ အၿမင္ႏွစ္ထပ္ၿဖစ္ၿခင္း၊ လည္ပင္းေတာင့္တင္းၿခင္း စတဲ့အေၿခအေနေတြႀကံဳေတြ႔ေနရၿပီဆို ခ်က္ခ်င္းဆရာဝန္ၿဖင့္ၿပသၿပီးေဆးကုသမႈခံယူပါ။

 

အားလံုးပဲက်န္းမာႀကပါေစ။

 

Reference : Chronic Sinusitis (https://www.mayoclinic.org/diseases-conditions/chronic-sinusitis/symptoms-causes/syc-20351661)

 

ဇာနည္ထြန္း (ေဆး-၂)

Leave a Reply

Your email address will not be published. Required fields are marked *