ဝမ်းချုပ်နေတာကြာပြီလား?

 

ကျွန်တော်တို့ပတ်ဝန်းကျင်မှာဝမ်းအကျင့်တွေမတူညီတာကြောင့်ဝမ်းချုပ်ခြင်းကိုခံစားရပြီး နောက်ဆက်တွဲ ရောဂါဘယများရရှိလာသူတွေကို အများကြီးတွေ့ဖူးကြမယ်လို့ထင်ပါတယ်။ ဝမ်းချုပ်ခြင်းဟာ ရောဂါတစ်ခု မဟုတ်ဘဲရောဂါလက္ခဏာတစ်ခုဖြစ်ပြီးအကြောင်းရင်းများစွာကြောင့်ဖြစ်ပေါ်နိုင်ပါတယ်။ အဖြစ်အများဆုံး အကြောင်းကတော့ အစားစားသုံးမှုမမှန်ကန်ခြင်းနဲ့လေ့ကျင့်ခန်းမှန်မှန်မလုပ်ခြင်း တို့ကြောင့်ဖြစ်ပါတယ်။

 

တခြားအကြောင်းရင်းများမှာအူသိမ်အူမရောဂါ၊ ကိုယ်ဝန်ဆောင်ခြင်း၊ မူးယစ်ဆေးဝါးအလွဲသုံးခြင်း၊ ခရီးသွားခြင်း၊ ဟော်မုန်းရောဂါများ၊ ကိုယ်ခန္ဓာဓာတ်ဆားများဆုံးရှုံးခြင်းနဲ့အာရုံကြောပျက်စီးခြင်းများ ကြောင့်ပဲဖြစ်ပါတယ်။ ဝမ်းချုပ်တယ်ဆိုတာကတော့ တစ်နေ့တာသွားရမယ့် ပမာဏထက်အနည်းငယ်သာသွားတာမျိုး တပတ်ကို ငါးကြိမ်ထက်နည်းပြီးသွားတာမျိုးဆိုရင်ဝမ်းချုပ်တယ်လို့ဆိုနိုင်ပါတယ်။

 

ဝမ်းချုပ်တတ်သူတွေအနေနဲ့ ဖိုင်ဘာအမျှင်ဓာတ်အလုံအလောက်ရရှိဖို့လိုအပ်ပါတယ်။ အရွယ်ရောက်ပြီးသူတွေ အနေနဲ့ တစ်နေ့ကို ဖိုင်ဘာအမျှင်ဓာတ် ၂၅ဂရမ်မှ ၃၁ဂရမ် အတွင်းစားသုံးပေးသင့်ပါတယ်။ အမျှင်ဓာတ် ရစေတဲ့ အစားအစာတွေ အနေနဲ့ ဂျုံစေ့ပေါင်မုန့်နှင့်ခေါက်ဆွဲ၊ အုတ်ဂျုံ၊ Prebiotic ခေါ်တဲ့ ကုလားပဲ၊ငှက်ပျောသီး၊ ကြက်သွန်အဖြူ၊ ကြက်သွန်နီများ၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း၊ ပဲစိမ်းစေ့ နဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက် အသီးအနှံအမျိုးမျိုး၊ အခွံမာသီးအမျိုးမျိုးတို့ကဝမ်းချုပ်သူတွေစားသုံးသင့်တဲ့ အစားအစာတွေပဲဖြစ်ပါတယ်။ ဒိန်ချဉ်၊ကင်ချီလို အချဉ်ဖောက်ထားတဲ့ အစားအစာတွေကလည်း Probiotics ပါဝင်လို့ ဝမ်းချုပ်သူတွေစားသုံးပေး သင့်ပါတယ်။ဒါ့အပြင်လူတိုင်းသိကြတဲ့ ရေဓာတ်ပဲဖြစ်ပါတယ်။ အိပ်ယာထကာစမှာရေသောက်တဲ့ အလေ့အထလေး လုပ်ဆောင်ထားသင့်ပါတယ်။ တစ်နေ့ကိုရေ(၈)ဖန်ခွက် လောက် သောက်ပေးသင့်ပါတယ်။

 

ဝမ်းချုပ်စေတဲ့အစားအစာတွေအနေနဲ့တော့ အမျှင်ဓာတ်နည်းပါးတဲ့ အစားအစာတွေနဲ့ Fast Foodဆိုင်များမှာရောင်းချတဲ့ ဘာဂါ၊ဟော့ဒေါ့လို အစားအစာများ၊ ဆီနဲ့ကြော်ထားတဲ့ အစားအစာများ၊ အေးခဲထားတဲ့အစားအစာများ၊ ရေခဲမုန့်များ၊ ကောက်ညှင်းလိုမျိုးမာတဲ့ အစားအစာများ၊ အရက်ဘီယာများ၊ နို့နဲ့နို့ထွက်ပစ္စည်းများ၊ အနီရောင်အသားများ၊ကစီဓာတ်ကြွယ်ဝတဲ့ အစားအစာများ ကို ရှောင်ကြဉ်သင့်ပါတယ်။

 

လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးခြင်းဟာလည်း ဝမ်းချုပ်ခြင်းနဲ့ပတ်သက်လို့ ကောင်းမွန် စေသလို၊ ဝမ်းနှုတ်ဆေး တွေကို မကြာခဏသောက်တတ်တဲ့ အလေ့အထတွေကိုလည်း ရှောင်ရှားသင့်ပါတယ်။

 

အထိုင်များတဲ့အလေ့အထတွေကလည်း ဝမ်းချုပ်ခြင်းကို ဖြစ်ပေါ်စေသလို နောက်ဆက်တွဲရောဂါတွေအနေနဲ့ လိပ်ခေါင်းရောဂါ၊ စအိုကွဲပြီးသွေးထွက်တဲ့ ရောဂါ၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ အူမကြီးကင်ဆာ လိုဝေဒနာတွေ ရှိနေတတ်တာကြောင့် ဝမ်းစချုပ်ကတည်းက ဂရုစိုက်ဆင်ခြင်တာ အကောင်းဆုံးဖြစ်ပလတယ်။

 

ဒေါက်တာနိုင်း (ဆေး-၁)

 

[Zawgyi]

ဝမ္းခ်ဳပ္ေနတာၾကာၿပီလား

 

ကြၽန္ေတာ္တို႔ပတ္၀န္းက်င္မွာ၀မ္းအက်င့္ေတြမတူညီတာေၾကာင့္၀မ္းခ်ဳပ္ျခင္းကိုခံစားရၿပီး ေနာက္ဆက္တြဲ ေရာဂါဘယမ်ားရရွိလာသူေတြကို အမ်ားႀကီးေတြ႕ဖူးၾကမယ္လို႔ထင္ပါတယ္။ ဝမ္းခ်ဳပ္ျခင္းဟာ ေရာဂါတစ္ခု မဟုတ္ဘဲေရာဂါလကၡဏာတစ္ခုျဖစ္ၿပီးအေၾကာင္းရင္းမ်ားစြာေၾကာင့္ျဖစ္ေပၚႏိုင္ပါတယ္။ အျဖစ္အမ်ားဆုံး အေၾကာင္းကေတာ့ အစားစားသုံးမႈမမွန္ကန္ျခင္းနဲ႔ေလ့က်င့္ခန္းမွန္မွန္မလုပ္ျခင္း တို႔ေၾကာင့္ျဖစ္ပါတယ္။

 

တျခားအေၾကာင္းရင္းမ်ားမွာအူသိမ္အူမေရာဂါ၊ ကိုယ္ဝန္ေဆာင္ျခင္း၊ မူးယစ္ေဆးဝါးအလြဲသုံးျခင္း၊ ခရီးသြားျခင္း၊ ေဟာ္မုန္းေရာဂါမ်ား၊ ကိုယ္ခႏၶာဓာတ္ဆားမ်ားဆုံးရႈံးျခင္းနဲ႔အာ႐ုံေၾကာပ်က္စီးျခင္းမ်ား ေၾကာင့္ပဲျဖစ္ပါတယ္။ ၀မ္းခ်ဳပ္တယ္ဆိုတာကေတာ့ တစ္ေန႔တာသြားရမယ့္ ပမာဏထက္အနည္းငယ္သာသြားတာမ်ိဳး တပတ္ကို ငါးႀကိမ္ထက္နည္းၿပီးသြားတာမ်ိဳးဆိုရင္၀မ္းခ်ဳပ္တယ္လို႔ဆိုႏိုင္ပါတယ္။

 

၀မ္းခ်ဳပ္တတ္သူေတြအေနနဲ႔ ဖိုင္ဘာအမွ်င္ဓာတ္အလုံအေလာက္ရရွိဖို႔လိုအပ္ပါတယ္။ အ႐ြယ္ေရာက္ၿပီးသူေတြ အေနနဲ႔ တစ္ေန႔ကို ဖိုင္ဘာအမွ်င္ဓာတ္ ၂၅ဂရမ္မွ ၃၁ဂရမ္ အတြင္းစားသုံးေပးသင့္ပါတယ္။ အမွ်င္ဓာတ္ ရေစတဲ့ အစားအစာေတြ အေနနဲ႔ ဂ်ဳံေစ့ေပါင္မုန႔္ႏွင့္ေခါက္ဆြဲ၊ အုတ္ဂ်ဳံ၊ Prebiotic ေခၚတဲ့ ကုလားပဲ၊ငွက္ေပ်ာသီး၊ ၾကက္သြန္အျဖဴ၊ ၾကက္သြန္နီမ်ား၊ မုန္လာဥနီ၊ ပန္းေဂၚဖီစိမ္း၊ ပဲစိမ္းေစ့ နဲ႔ အစိမ္းေရာင္ဟင္းသီးဟင္း႐ြက္ အသီးအႏွံအမ်ိဳးမ်ိဳး၊ အခြံမာသီးအမ်ိဳးမ်ိဳးတို႔က၀မ္းခ်ဳပ္သူေတြစားသုံးသင့္တဲ့ အစားအစာေတြပဲျဖစ္ပါတယ္။ ဒိန္ခ်ဥ္၊ကင္ခ်ီလို အခ်ဥ္ေဖာက္ထားတဲ့ အစားအစာေတြကလည္း Probiotics ပါ၀င္လို႔ ၀မ္းခ်ဳပ္သူေတြစားသုံးေပး သင့္ပါတယ္။ဒါ့အျပင္လူတိုင္းသိၾကတဲ့ ေရဓာတ္ပဲျဖစ္ပါတယ္။ အိပ္ယာထကာစမွာေရေသာက္တဲ့ အေလ့အထေလး လုပ္ေဆာင္ထားသင့္ပါတယ္။ တစ္ေန႔ကိုေရ(၈)ဖန္ခြက္ ေလာက္ ေသာက္ေပးသင့္ပါတယ္။

 

၀မ္းခ်ဳပ္ေစတဲ့အစားအစာေတြအေနနဲ႔ေတာ့ အမွ်င္ဓာတ္နည္းပါးတဲ့ အစားအစာေတြနဲ႔ Fast Foodဆိုင္မ်ားမွာေရာင္းခ်တဲ့ ဘာဂါ၊ေဟာ့ေဒါ့လို အစားအစာမ်ား၊ ဆီနဲ႔ေၾကာ္ထားတဲ့ အစားအစာမ်ား၊ ေအးခဲထားတဲ့အစားအစာမ်ား၊ ေရခဲမုန႔္မ်ား၊ ေကာက္ညႇင္းလိုမ်ိဳးမာတဲ့ အစားအစာမ်ား၊ အရက္ဘီယာမ်ား၊ ႏို႔နဲ႔ႏို႔ထြက္ပစၥည္းမ်ား၊ အနီေရာင္အသားမ်ား၊ကစီဓာတ္ႂကြယ္၀တဲ့ အစားအစာမ်ား ကို ေရွာင္ၾကဥ္သင့္ပါတယ္။

 

ေလ့က်င့္ခန္းမွန္မွန္လုပ္ေပးျခင္းဟာလည္း ၀မ္းခ်ဳပ္ျခင္းနဲ႔ပတ္သက္လို႔ ေကာင္းမြန္ ေစသလို၊ ၀မ္းႏႈတ္ေဆး ေတြကို မၾကာခဏေသာက္တတ္တဲ့ အေလ့အထေတြကိုလည္း ေရွာင္ရွားသင့္ပါတယ္။

 

အထိုင္မ်ားတဲ့အေလ့အထေတြကလည္း ၀မ္းခ်ဳပ္ျခင္းကို ျဖစ္ေပၚေစသလို ေနာက္ဆက္တြဲေရာဂါေတြအေနနဲ႔ လိပ္ေခါင္းေရာဂါ၊ စအိုကြဲၿပီးေသြးထြက္တဲ့ ေရာဂါ၊ အစာအိမ္အူလမ္းေၾကာင္းဆိုင္ရာ ေရာဂါမ်ား၊ အူမႀကီးကင္ဆာ လိုေဝဒနာေတြ ရွိေနတတ္တာေၾကာင့္ ၀မ္းစခ်ဳပ္ကတည္းက ဂ႐ုစိုက္ဆင္ျခင္တာ အေကာင္းဆုံးျဖစ္ပလတယ္။

 

ေဒါက္တာႏိုင္း (ေဆး-၁)

Leave a Reply

Your email address will not be published. Required fields are marked *