မိန်းကလေးကိုယ်ဝန်ပါလို့ပြောနေတဲ့ ယုံတမ်းစကားတွေအပေါ် သိပ္ပံနည်းကျဖြေရှင်းချက်

 

ကိုယ်ဝန်မိန်းကလေးဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတွေကဘာတွေလဲ?

 

အက်ထရာစောင်း(Ultrasound) ရိုက်ပြီး ဆရာဝန်တွေရဲ့ထင်မြင်ချက်ကိုယူခြင်းအပြင် ကိုယ်ဝန်ဘာလေးလဲဆိုတာ ခန့်မှန်းလို့ရလား။

 

သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ က ဒီလိုမျိုးအချက်တွေဆိုမိန်းကလေးကိုယ်ဝန်ဖြစ်နိုင်ပြီး ဟိုလိုမျိုးအချက်တွေဆိုယောက်ျားလေးကိုယ်ဝန်ဖြစ်နိုင်တယ်ဆိုပြီး လက္ခဏာတွေကို ထောက်ထောက်ပြလေ့ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီအချက်တော်တော်များများက သိပ္ပံနည်းကျ အယူအဆတွေထက် ရှေးရိုးစဉ်လာဓလေ့အယူအဆတွေပေါ် အခြေခံထားတာဖြစ်ပါတယ်။

 

ကိုယ်ဝန်ရက်သတ္တပတ် (၂၀)ပတ်[၄လကျော်] မှာရိုက်တဲ့ အက်ထရာစောင်းအဖြေ (ultrasound result)ကပဲ ကိုယ်ဝန်ဘာလေးလဲ ဆိုတာ ဖော်ပြပေးတဲ့ ယုံကြည်စိတ်ချရသော နည်းလမ်းဖြစ်ပါတယ်။

 

ယခုဆောင်းပါးမှာတော့ ကိုယ်ဝန်မိန်းကလေးဆိုပြီးယူဆတဲ့ ရှေးရိုးစဉ်လာဓလေ့အယူအဆတွေအပေါ် သိပ္ပံနည်းကျ အထောက်အထားရှိမရှိဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။

 

၁။ ကိုယ်ဝန်ဆောင်ချိန် ပို၍ပျို့ချင်အန်ချင်ခြင်း

 

တချို့လူတွေက ကိုယ်ဝန်ဆောင်ချိန် ပျို့ချင်အန်ချင်ခြင်းပိုဆိုးဆိုးရွားရွားခံစားရလျှင် အဲ့ဒီကိုယ်ဝန်က မိန်းကလေးဖြစ်နိုင်တယ်ဆိုပြီး ပြောကြပါတယ်။ တကယ်တော့ မကြာသေးမီကပြုလုပ်ထားတဲ့ သုတေသနပြုချက်များအရ ကိုယ်ဝန်ဆောင်ချိန် ဖျားနာခြင်းသည် မွေးလာမယ့်ကလေးရဲ့ လိင်နဲ့ဆက်စပ်နေပါတယ်လို့ဆိုထားပါတယ်။

 

၂၀၁၇ ခုနှစ်ကလုပ်ထားတဲ့လေ့လာချက်များအရ မိန်းကလေးကိုယ်ဝန်လွယ်ထားရတဲ့ခန္ဓာကိုယ်က ယောက်ျားလေးကိုယ်ဝန်လွယ်ထားရတဲ့ ခန္ဓာကိုယ်ထက် ရောဂါပိုးကူးစက်ခံရတဲ့အခါ ရောင်ရမ်းမှု(inflammation)ပိုဖြစ်တတ်တယ်လို့ ဆိုထားပါတယ်။

 

အဲ့ဒီအချက်က မိန်းကလေးကိုယ်ဝန်လွယ်ထားရရင် ကိုယ်ဝန်ဆောင်ချိန်ပျို့ချင်အိန်ချင်စိတ်ပိုများလာတယ်ဆိုတာကို သက်ရောက်မှုရှိပါတယ်။ သူတို့တွေက ယောက်ျားလေးကိုယ်ဝန်ဆောင်ထားရတဲ့သူတွေထက် ပိုမသက်မသာခံစားရလေ့ရှိပါတယ်။

 

မွေးလာမယ့်ကလေးရဲ့လိင်နဲ့ ကိုယ်ဝန်ဆောင်ချိန် ပျို့ချင်အန်တဲ့အကြောင်းရဲ့ဆက်စပ်မှုတွေကို ဒီထက်ပိုပြီး သုတေသနပြုဖို့လိုအပ်နေပါသေးတယ်။

 

၂။ စိတ်အပြောင်းအလဲမြန်ခြင်း

 

ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းဆိုင်ရာ အပြောင်းအလဲများကြောင့် စိတ်အပြောင်းအလဲမြန်တတ်ပါတယ်။ တချို့လူတွေက မိန်းကလေးကိုယ်ဝန်လွယ်ထားရရင် အီစတိုဂျင် ဟော်မုန်းပိုများတဲ့အတွက် စိတ်အပြောင်းအလဲပိုမြန်ကြတယ်လို့ဆိုပါတယ်။ သို့သော် သိပ္ပံနည်းကျ သုတေသန အရာ ဤ အချက်ကို မထောက်ခံပါ။

 

ကိုယ်ဝန်သည် မိန်းကလေးဖြစ်စေ၊ယောက်ျားလေးဖြစ်စေ ကိုယ်ဝန်ဆောင်ချိန်ဟော်မုန်းများလာနိုင်ပြီး မွေးဖွားပြီးချိန် ပြန်ကျသွားနိုင်ပါတယ်။

 

၃။ ကိုယ်ဝန်သက်တမ်းအလယ်လောက်မှာ ကိုယ်အလေးချိန်တက်လာခြင်း

 

ကိုယ်ဝန်သက်တမ်းအလယ်လောက်မှာ ကိုယ်အလေးချိန်တက်လာရင် အဲ့ဒီကိုယ်ဝန်က မိန်းကလေးလို့တချို့တွေပြောကြပါတယ်။

 

သိပ္ပံနည်းကျအထောက်အထားတွေကအရတော့ အဲ့ဒီအချက်ကို မထောက်ခံပါဘူး။ ကိုယ်ဝန်ဆောင်ချိန်ကိုယ်ကလေးချိန်တက်လာတာက ကိုယ်ဝန်ဆောင်မိခင်ရဲ့ခန္ဓာကိုယ်အမျိုးအစားပေါ်ပဲမူတည်နေပါတယ်။

 

၄။ ဗိုက်ပုံစံ

 

ကိုယ်ဝန်လွယ်ထားရတဲ့ ဗိုက်က ခပ်မြင့်မြင့်လေးဆို မိန်းကလေးကိုယ်ဝန်လို့ဆိုကြပါတယ်။ အဲ့လိုမျိုးလူတော်တော်များများက ပြောနေကြပေမယ့် အဲ့ဒီအချက်ဟာ သိပ္ပံနည်းကျတဲ့အချက်အလက်တွေအပေါ်အခြေခံထားတာမဟုတ်ပါဘူး။

 

၅။ အချိုဓာတ်ကိုပို၍ ချဉ်ခြင်းတပ်ခြင်း

 

မိန်းကလေးကိုယ်ဝန်လွယ်ထားရရင် အချိုဓာတ်ကို ပိုပြီးတော့ ချဉ်ခြင်းတပ်လေ့ရှိတယ်လို့ဆိုကြပါတယ်။ အငန်ကိုချဉ်ခြင်းတပ်ရင် ယောက်ျားလေးတဲ့။

 

ကိုယ်ဝန်ဆောင်ချိန် ချဉ်ခြင်းတပ်ခြင်းကို လိုက်၍ မွေးလာမယ့်ကလေးရဲ့လိင်ကို ခန့်မှန်းလို့ရတယ်ဆိုတဲ့အချက်ကို သိပ္ပံနည်းကျ သက်သေပြထားတာတော့ မရှိသေးပါဘူး။

 

၆။ စိတ်ဖိစီးမှု

 

ကိုယ်ဝန်မဆောင်ခင်ရှိနေတဲ့ အမျိုးသမီးတစ်ဦးရဲ့စိတ်ဖိစီးမှုပမာဏဟာ မွေးလာမယ့်ကလေးရဲ့လိင်အမျိုးအစားကို သက်ရောက်နိုင်ပါတယ်။ ၂၀၁၂ ခုနှစ်တုန်းက လေ့လာတွေ့ရှိချက်အရာ စိတ်ဖိစီးမှုများတဲ့အခါထွက်လာတဲ့ ကော်တီစော(cortisol)ဟော်မုန်းနဲ့ မိန်းကလေး၊ယောက်ျားလေးမွေးဖွားမှုနှုန်းနဲ့ဆက်စပ်နေပါတယ်လို့ဆိုထားပါတယ်။

 

အဲ့ဒီလေ့လာတွေ့ရှိချက်အရ ကော်တီစော(cortisol)ဟော်မုန်းများနေပါက သမီးလေး မွေးနိုင်တယ်လို့ဆိုထားပါတယ်။

 

၂၀၁၃ ခုနှစ်တုန်းက ဘာကိုတွေ့ရှိခဲကြသလဲဆိုတော့ ဂရိကျွန်းဆွယ်ဒေသ ဇာကင်းန်သို့စ်ကျွန်း(Zakynthos)ပေါ်မှာ ငလျင်လှုပ်ပြီးနောက်ပိုင်းမှာ ယောက်ျားလေးမွေးဖွားမှုနှုန်းတွေ ကျသွားပါတယ်။ သုတေသနပညာရှင်တွေက ဒါဟာ ကျွန်းမှာနေတဲ့ပြည်သူလူထုရဲ့စိတ်ဖိစီးမှုများလာတာကြောင့်လို့ဆိုပါတယ်။

 

စိတ်ဖိစီးမှုနဲ့မွေးလာမယ့်ကလေးရဲ့လိင်အမျိုးအစားဆက်စပ်နေမှုကို ဆက်လက်လေ့လာဖို့လိုအပ်ပါနေပါသေးတယ်။

 

၇။ အသားအရေအဆီပြန်ခြင်းနှင့် မွဲခြောက်ခြင်း

 

တချို့လူတွေက ကိုယ်ဝန်ဆောင်ချိန် အသားအရေ အဆီပြန်ပြီး ဆံပင်တွေ မွဲခြောက်လာရင် အဲ့ဒီကိုယ်ဝန်ဟာ မိန်းကလေးလို့ဆိုကြပါတယ်။

 

အဲ့ဒါ သိပ္ပံနည်းကျ တဲ့ အချက်တော့မဟုတ်ပါဘူး

 

၈။ ကလေးနှလုံးခုန်နှုန်းမြန်ခြင်း

 

တချို့လူတွေက ကလေးရဲ့နှလုံးခုန်နှုန်းက မြန်နေရင် အဲ့ဒါ သမီးလေးဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။

 

ဒါပေမယ့် သုတေသီများက မိန်းကလေးနဲ့ယောက်ျားလေးရဲ့နှလုံးခုန်နှုန်းဟာ သိသိသာသာ ကွာခြားလေ့မရှိပါဘူးဆိုပြီး လေ့လာတွေ့ရှိချက်များဖြင့် အဲ့ဒီယုံတမ်းစကားကို ဖော်ထုတ်ပေးခဲ့ပါတယ်။

 

ဆရာဝန်တွေက ကလေးရဲ့လိင်အမျိုးအစားကို ဘယ်လိုစမ်းသပ်ကြသလဲ?

 

မိမိလွယ်ထားရတဲ့ကိုယ်ဝန်က ဘာလေးလဲဆိုတာကို သိရှိဖို့အတွက် အကောင်းဆုံးနည်းလမ်းမှာ ဆရာဝန်က ကိုယ်ဝန်သက်တမ်း ၂၀ ပတ်အကြာတွင် ultrasound ဖြင့် scan ဖတ်၍ကြည့်ခြင်းပင်ဖြစ်ပါသည်။

 

ဆရာဝန်တွေက ultrasound ပုံရိပ်များဖြင့် ကလေးရဲ့ လိင်အင်္ဂါကို ကြည့်ပြီး ကလေးတွေရဲ့လိင်အမျိုးအစားကို အဆုံးအဖြတ်ပေးကြတာဖြစ်ပါတယ်။ ultrasound ရလဒ်က တော်တော်လေးတိကျပါတယ်။ ဒါပေမယ့်တစ်ခါတစ်လေ ပုံရိပ်မသဲကွဲတဲ့အခါ လွဲတတ်ပါတယ်။

 

ကိုယ်ဝန်ဘာလေးလဲဆိုတာကို သိရဖို့အကောင်းဆုံးနည်းလမ်းကတော့ ရက်သတ္တပတ်(၂၀)ပတ်မှာ Ultrasound ရိုက်ပြီး ဆရာဝန်၏ထင်မြင်ချက်ကို တောင်းခံခြင်းပင်ဖြစ်ပါတယ်။

 

Reference :Myths vs. Facts: Signs You’re Having a Baby Girl

(https://www.healthline.com/health/pregnancy/signs-of-having-baby-girl)

ဇာနည်ထွန်း (ဆေး-၂)

 

 

[Zawgyi]

 

 

မိန္းကေလးကိုယ္ဝန္ပါလို႔ေၿပာေနတဲ့
ယံုတမ္းစကားေတြအေပၚ သိပၸံနည္းက်ေၿဖရွင္းခ်က္

 

ကုိယ္ဝန္မိန္းကေလးဆိုတာကို ေဖာ္ၿပေနတဲ့ လကၡဏာေတြကဘာေတြလဲ?

 

အက္ထရာေစာင္း(Ultrasound) ရိုက္ၿပီး ဆရာဝန္ေတြရဲ႕ထင္ၿမင္ခ်က္ကိုယူၿခင္းအၿပင္ ကိုယ္ဝန္ဘာေလးလဲဆိုတာ ခန္႔မွန္းလို႔ရလား။

 

သူငယ္ခ်င္းေတြ၊ မိသားစုဝင္ေတြ က ဒီလိုမ်ိဳးအခ်က္ေတြဆိုမိန္းကေလးကိုယ္ဝန္ၿဖစ္ႏိုင္ၿပီး ဟိုလိုမ်ိဳးအခ်က္ေတြဆိုေယာက္်ားေလးကိုယ္ဝန္ၿဖစ္ႏိုင္တယ္ဆိုၿပီး လကၡဏာေတြကို ေထာက္ေထာက္ၿပေလ့ရွိပါတယ္။ ဒါေပမယ့္ အဲ့ဒီအခ်က္ေတာ္ေတာ္မ်ားမ်ားက သိပၸံနည္းက် အယူအဆေတြထက္ ေရွးရိုးစဥ္လာဓေလ့အယူအဆေတြေပၚ အေၿခခံထားတာၿဖစ္ပါတယ္။

 

ကိုယ္ဝန္ရက္သတၱပတ္ (၂၀)ပတ္[၄လေက်ာ္] မွာရိုက္တဲ့ အက္ထရာေစာင္းအေၿဖ (ultrasound result)ကပဲ ကိုယ္ဝန္ဘာေလးလဲ ဆိုတာ ေဖာ္ၿပေပးတဲ့ ယံုႀကည္စိတ္ခ်ရေသာ နည္းလမ္းၿဖစ္ပါတယ္။

 

ယခုေဆာင္းပါးမွာေတာ့ ကုိယ္ဝန္မိန္းကေလးဆိုၿပီးယူဆတဲ့ ေရွးရိုးစဥ္လာဓေလ့အယူအဆေတြအေပၚ သိပၸံနည္းက် အေထာက္အထားရွိမရွိေဆြးေႏြးသြားမွာပဲၿဖစ္ပါတယ္။

 

၁။ ကိုယ္ဝန္ေဆာင္ခ်ိန္ ပို၍ပ်ိဳ႕ခ်င္အန္ခ်င္ၿခင္း

 

တခ်ိဳ႕လူေတြက ကိုယ္ဝန္ေဆာင္ခ်ိန္ ပ်ိဳ႕ခ်င္အန္ခ်င္ၿခင္းပိုဆိုးဆိုးရြားရြားခံစားရလွ်င္ အဲ့ဒီကိုယ္ဝန္က မိန္းကေလးၿဖစ္ႏုိင္တယ္ဆိုၿပီး ေၿပာႀကပါတယ္။ တကယ္ေတာ့ မႀကာေသးမီကၿပဳလုပ္ထားတဲ့ သုေတသနၿပဳခ်က္မ်ားအရ ကိုယ္ဝန္ေဆာင္ခ်ိန္ ဖ်ားနာၿခင္းသည္ ေမြးလာမယ့္ကေလးရဲ႕ လိင္နဲ႔ဆက္စပ္ေနပါတယ္လို႔ဆိုထားပါတယ္။

 

၂၀၁၇ ခုႏွစ္ကလုပ္ထားတဲ့ေလ့လာခ်က္မ်ားအရ မိန္းကေလးကိုယ္ဝန္လြယ္ထားရတဲ့ခႏၶာကိုယ္က ေယာက္်ားေလးကိုယ္ဝန္လြယ္ထားရတဲ့ ခႏၶာကိုယ္ထက္ ေရာဂါပိုးကူးစက္ခံရတဲ့အခါ ေရာင္ရမ္းမႈ(inflammation)ပိုၿဖစ္တတ္တယ္လို႔ ဆိုထားပါတယ္။

 

အဲ့ဒီအခ်က္က မိန္းကေလးကိုယ္ဝန္လြယ္ထားရရင္ ကိုယ္ဝန္ေဆာင္ခ်ိန္ပ်ိဳ႕ခ်င္အိန္ခ်င္စိတ္ပိုမ်ားလာတယ္ဆိုတာကို သက္ေရာက္မႈရွိပါတယ္။ သူတို႔ေတြက ေယာက္်ားေလးကိုယ္ဝန္ေဆာင္ထားရတဲ့သူေတြထက္ ပိုမသက္မသာခံစားရေလ့ရွိပါတယ္။

 

ေမြးလာမယ့္ကေလးရဲ႕လိင္နဲ႔ ကိုယ္ဝန္ေဆာင္ခ်ိန္ ပိ်ဳ႕ခ်င္အန္တဲ့အေႀကာင္းရဲ႕ဆက္စပ္မႈေတြကို ဒီထက္ပိုၿပီး သုေတသနၿပဳဖို႕လိုအပ္ေနပါေသးတယ္။

 

၂။ စိတ္အေၿပာင္းအလဲၿမန္ၿခင္း

 

ကို္ယ္ဝန္ေဆာင္ခ်ိန္ ေဟာ္မုန္းဆိုင္ရာ အေၿပာင္းအလဲမ်ားေႀကာင့္ စိတ္အေၿပာင္းအလဲၿမန္တတ္ပါတယ္။ တခ်ိဳ႕လူေတြက မိန္းကေလးကိုယ္ဝန္လြယ္ထားရရင္ အီစတိုဂ်င္ ေဟာ္မုန္းပိုမ်ားတဲ့အတြက္ စိတ္အေၿပာင္းအလဲပိုၿမန္ႀကတယ္လို႔ဆိုပါတယ္။ သို႔ေသာ္ သိပၸံနည္းက် သုေတသန အရာ ဤ အခ်က္ကို မေထာက္ခံပါ။

 

ကိုယ္ဝန္သည္ မိန္းကေလးၿဖစ္ေစ၊ေယာက္်ားေလးၿဖစ္ေစ ကိုယ္ဝန္ေဆာင္ခ်ိန္ေဟာ္မုန္းမ်ားလာႏိုင္ၿပီး ေမြးဖြားၿပီးခ်ိန္ ၿပန္က်သြားႏိုင္ပါတယ္။

 

၃။ ကိုယ္ဝန္သက္တမ္းအလယ္ေလာက္မွာ ကိုယ္အေလးခ်ိန္တက္လာၿခင္း

 

ကိုယ္ဝန္သက္တမ္းအလယ္ေလာက္မွာ ကိုယ္အေလးခ်ိန္တက္လာရင္ အဲ့ဒီကိုယ္ဝန္က မိန္းကေလးလို႔တခ်ိဳ႕ေတြေၿပာႀကပါတယ္။

 

သိပၸံနည္းက်အေထာက္အထားေတြကအရေတာ့ အဲ့ဒီအခ်က္ကို မေထာက္ခံပါဘူး။ ကိုယ္ဝန္ေဆာင္ခ်ိန္ကိုယ္ကေလးခ်ိန္တက္လာတာက ကိုယ္ဝန္ေဆာင္မိခင္ရဲ႕ခႏၶာကိုယ္အမ်ိဳးအစားေပၚပဲမူတည္ေနပါတယ္။

 

၄။ ဗိုက္ပံုစံ

 

ကိုယ္ဝန္လြယ္ထားရတဲ့ ဗိုက္က ခပ္ၿမင့္ၿမင့္ေလးဆို မိန္းကေလးကို္ယ္ဝန္လို႔ဆိုႀကပါတယ္။ အဲ့လိုမ်ိဳးလူေတာ္ေတာ္မ်ားမ်ားက ေၿပာေနႀကေပမယ့္ အဲ့ဒီအခ်က္ဟာ သိပၸံနည္းက်တဲ့အခ်က္အလက္ေတြအေပၚအေၿခခံထားတာမဟုတ္ပါဘူး။

 

၅။ အခ်ိဳဓာတ္ကိုပို၍ ခ်ဥ္ၿခင္းတပ္ၿခင္း

 

မိန္းကေလးကိုယ္ဝန္လြယ္ထားရရင္ အခ်ိဳဓာတ္ကို ပိုၿပီးေတာ့ ခ်ဥ္ၿခင္းတပ္ေလ့ရွိတယ္လို႔ဆိုႀကပါတယ္။ အငန္ကိုခ်ဥ္ၿခင္းတပ္ရင္ ေယာက္်ားေလးတဲ့။

 

ကိုယ္ဝန္ေဆာင္ခ်ိန္ ခ်ဥ္ၿခင္းတပ္ၿခင္းကို လိုက္၍ ေမြးလာမယ့္ကေလးရဲ႕လိင္ကို ခန္႔မွန္းလို႔ရတယ္ဆိုတဲ့အခ်က္ကို သိပၸံနည္းက် သက္ေသၿပထားတာေတာ့ မရွိေသးပါဘူး။

 

၆။ စိတ္ဖိစီးမႈ

 

ကိုယ္ဝန္မေဆာင္ခင္ရွိေနတဲ့ အမ်ိဳးသမီးတစ္ဦးရဲ႕စိတ္ဖိစီးမႈပမာဏဟာ ေမြးလာမယ့္ကေလးရဲ႕လိင္အမ်ိဳးအစားကို သက္ေရာက္ႏိုင္ပါတယ္။ ၂၀၁၂ ခုႏွစ္တုန္းက ေလ့လာေတြ႔ရွိခ်က္အရာ စိတ္ဖိစီးမႈမ်ားတဲ့အခါထြက္လာတဲ့ ေကာ္တီေစာ(cortisol)ေဟာ္မုန္းနဲ႔ မိန္းကေလး၊ေယာက္်ားေလးေမြးဖြားမႈႏႈန္းနဲ႔ဆက္စပ္ေနပါတယ္လို႔ဆိုထားပါတယ္။

 

အဲ့ဒီေလ့လာေတြ႔ရွိခ်က္အရ ေကာ္တီေစာ(cortisol)ေဟာ္မုန္းမ်ားေနပါက သမီးေလး ေမြးႏိုင္တယ္လို႔ဆိုထားပါတယ္။

 

၂၀၁၃ ခုႏွစ္တုန္းက ဘာကိုေတြ႔ရွိခဲႀကသလဲဆိုေတာ့ ဂရိကၽြန္းဆြယ္ေဒသ ဇာကင္းန္သို႔စ္ကၽြန္း(Zakynthos)ေပၚမွာ ငလ်င္လႈပ္ၿပီးေနာက္ပိုင္းမွာ ေယာက္်ားေလးေမြးဖြားမႈႏႈန္းေတြ က်သြားပါတယ္။ သုေတသနပညာရွင္ေတြက ဒါဟာ ကြ်န္းမွာေနတဲ့ၿပည္သူလူထုရဲ႕စိတ္ဖိစီးမႈမ်ားလာတာေႀကာင့္လို႔ဆိုပါတယ္။

 

စိတ္ဖိစီးမႈနဲ႔ေမြးလာမယ့္ကေလးရဲ႕လိင္အမ်ိဳးအစားဆက္စပ္ေနမႈကို ဆက္လက္ေလ့လာဖို႔လိုအပ္ပါေနပါေသးတယ္။

 

၇။ အသားအေရအဆီၿပန္ၿခင္းႏွင့္ မြဲေၿခာက္ၿခင္း

 

တခ်ိဳ႕လူေတြက ကိုယ္ဝန္ေဆာင္ခ်ိိန္ အသားအေရ အဆီၿပန္ၿပီး ဆံပင္ေတြ မြဲေၿခာက္လာရင္ အဲ့ဒီကိုယ္ဝန္ဟာ မိန္းကေလးလို႔ဆိုႀကပါတယ္။

 

အဲ့ဒါ သိပၸံနည္းက် တဲ့ အခ်က္ေတာ့မဟုတ္ပါဘူး

 

၈။ ကေလးႏွလံုးခုန္ႏႈန္းၿမန္ၿခင္း

 

တခ်ိဳ႕လူေတြက ကေလးရဲ႕ႏွလံုးခုန္ႏႈန္းက ၿမန္ေနရင္ အဲ့ဒါ သမီးေလးၿဖစ္ႏုိင္တယ္လို႔ဆိုႀကပါတယ္။

 

ဒါေပမယ့္ သုေတသီမ်ားက မိန္းကေလးနဲ႔ေယာက္်ားေလးရဲ႕ႏွလံုးခုန္ႏႈန္းဟာ သိသိသာသာ ကြာၿခားေလ့မရွိပါဘူးဆိုၿပီး ေလ့လာေတြ႔ရွိခ်က္မ်ားၿဖင့္ အဲ့ဒီယံုတမ္းစကားကို ေဖာ္ထုတ္ေပးခဲ့ပါတယ္။

 

ဆရာဝန္ေတြက ကေလးရဲ႕လိင္အမ်ိဳးအစားကို ဘယ္လိုစမ္းသပ္ႀကသလဲ?

 

မိမိလြယ္ထားရတဲ့ကိုယ္ဝန္က ဘာေလးလဲဆိုတာကို သိရွိဖို႔အတြက္ အေကာင္းဆံုးနည္းလမ္းမွာ ဆရာဝန္က ကိုယ္ဝန္သက္တမ္း ၂၀ ပတ္အႀကာတြင္ ultrasound ၿဖင့္ scan ဖတ္၍ႀကည့္ၿခင္းပင္ၿဖစ္ပါသည္။

 

ဆရာဝန္ေတြက ultrasound ပံုရိပ္မ်ားၿဖင့္ ကေလးရဲ႕ လိင္အဂၤါကို ႀကည့္ၿပီး ကေလးေတြရဲ႕လိင္အမ်ိဳးအစားကို အဆံုးအၿဖတ္ေပးႀကတာၿဖစ္ပါတယ္။ ultrasound ရလဒ္က ေတာ္ေတာ္ေလးတိက်ပါတယ္။ ဒါေပမယ့္တစ္ခါတစ္ေလ ပံုရိပ္မသဲကြဲတဲ့အခါ လြဲတတ္ပါတယ္။

 

ကိုယ္ဝန္ဘာေလးလဲဆိုတာကို သိရဖို႔အေကာင္းဆံုးနည္းလမ္းကေတာ့ ရက္သတၱပတ္(၂၀)ပတ္မွာ Ultrasound ရိုက္ၿပီး ဆရာဝန္၏ထင္ၿမင္ခ်က္ကို ေတာင္းခံၿခင္းပင္ၿဖစ္ပါတယ္။

 

Reference :Myths vs. Facts: Signs You’re Having a Baby Girl

(https://www.healthline.com/health/pregnancy/signs-of-having-baby-girl)

ဇာနည္ထြန္း (ေဆး-၂)

Leave a Reply

Your email address will not be published. Required fields are marked *