သွားတုစိုက်နည်းဘယ်နှစ်မျိုးရှိသလဲ

 

သွားပြန်စိုက်တဲ့အခါမှာ

 

သွားအမြစ်တုစိုက်ခြင်း (Dental implant)
သွားအသေစိုက်ခြင်း (Dental bridge)
သွားအရှင်စိုက်ခြင်း (Denture) ဆိုပြီးသုံးမျိုးရှိပါတယ်

 

Dental implant ဆိုတာ Biocompactable သတ္တုဖြင့်ပြုလုပ်ထားတဲ့ သွားအမြစ်ကိုထည့်ပြီး 3လ ကြာတဲ့အခါ Crown ကိုထည့်ရတဲ့အမျိုးအစားဖြစ်ပါတယ်
Dental implant က နဂိုသွားရဲ့ လုပ်အား နီးပါးအတိုင်းပြန်ရပြီး ကမ္ဘာပေါ်မှာ လက်ရှိ အကောင်းဆုံးသွားစိုက်ခြင်းဖြစ်ပါတယ်

 

Dental bridge ဆိုတာ ဘေးသွားနှစ်ဖက်ကို အနည်းငယ်စားကာ အမှီပြုပြီး နဂိုသွားပုံစံအတိုင် ရအောင်ပြန်စိုက်တဲ့နည်းဖြစ်ပြီးတော့ အသေစိုက်တဲ့သွားစိုက်နည်း Fixed Type တစ်ခုဖြစ်ပါတယ်

 

Denture ဆိုတာက ဘေးသွားကိုလည်းစားစရာမလိုပဲ သွားဖုံး နဲ့ ဘေးသွားတွေကို တွယ်ကုပ်ပြီး ဖြုတ်ရတပ်ရပြုလုပ်ပေးရတဲ့အရှင်သွားစိုက်နည်းတစ်ခု Removable Type ဖြစ်ပါတယ်
Fully edentulous သွားမရှိတော့တဲ့အနေအထားမှာ ဆိုရင်တော့ Dental Bridge ကို အသုံးပြုလို့မရတော့ဘဲ Denture သီးသန့်သာအသုံးပြုနိုင်မှာဖြစ်ပါတယ်
တပ်ဆင်အသုံးပြုတဲ့ Denture ကို ပိုမိုကောင်းမွန်တဲ့ ခိုင်မြဲမှုရအောင် Dental Implant နဲ့ရော ပူးတွဲ အသုံးပြုလို့ပါရနိုင်ပါတယ်

 

ဒေါက်တာဉာဏ်

 

[Zawgyi]

 


 


 


 


 


 


 

ဒေါက်တာဉာဏ်

Leave a Reply

Your email address will not be published. Required fields are marked *